ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ 2012-03-31 ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့ နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ NLD ပါတီရဲ့  စည်းရုံးရေးနဲ့ ဖျော်ဖြေရေး အလှပြမော်တော်ယာဉ်ဟာ စည်းရုံးရေး နောက်ဆုံးနေ့ အဖြစ် အောင်နိုင်ရေး သီချင်းတွေနဲ့  မင်္ဂလာတောင်ညွန့် မြို့ နယ်မှာ မဲဆန္ဒနယ် ၆ ခုကို လှည့်လည် စည်းရုံး ခဲ့ပါတယ်။ အလားတူပဲ တခြား နိုင်ငံရေးပါတီတွေကလည်း သူတို့ ပါဝင်ယှဉ်ပြိုင်မယ့် နယ်မြေတွေမှာ လှည့်လည်စည်းရုံးနေပါတယ်။ တနိုင်ငံလုံး လက်ရှိ… Continue reading ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ

နိုင်ငံတကာက လေ့လာသူများ

နိုင်ငံတကာက လေ့လာသူများ 2012-03-31 မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေလျ၊ အိန္ဒိယနဲ့ အာဆီယံက ကိုယ်စားလှယ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာသူ ၁၅၀ လောက် လာရောက်လေ့လာမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ပါလီမန်ရုံးကလာတဲ့ ကိုယ်စားလှယ် ၃ ဦးကတော့ ရွေးကောက်ပွဲအထိ မစောင့်တော့ဘဲ ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းသတင်းမီဒီယာ အဖွဲ့တွေကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို စောင့်ကြည့် သတင်းယူဖို့ ကျန်ရစ်ခဲ့ပါတယ်။ သြစတြေလျက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီဒေသကို သွားရောက်မှာဖြစ်ပြီး၊ သြစတြေလျ သံအရာရှိ တစ်ဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှုး မစ္စတာ စူရင်းပစ်ဆူဝမ်ကလည်း မြန်မာကြားဖြတ် ရွေးကောက်ပွဲကို… Continue reading နိုင်ငံတကာက လေ့လာသူများ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ 2012-03-31 မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။ နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။ “စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။” ကိုအောင်ကျော်ဝင်းဟာ… Continue reading မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ 2012-03-30 မဲဆွယ်စည်းရုံးရေးတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအရ အခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အ၀မရှိဘူးလို့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမှု အစစ်အမှန်ရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှု မရှိတာတွေဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေပါတယ်။ ခြိမ်းခြောက်မှုပေါင်းများစွာ အပါအ၀င် အန်အယ်လ်ဒီ ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်နဲ့ သွေဖည်နေပါတယ်။ ဒါပေမယ့် အခြေအနေတွေကို သည်းခံပြီး ပြည်သူလူထု လိုလားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို… Continue reading ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

အာစီယံ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံ

အာစီယံ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံ 2012-03-30 လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ ရောက်ရှိနေတဲ့ အာစီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို သိလိုတဲ့အတွက် လာရောက်မေးမြန်း စုံစမ်းတာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။ အာစီယံ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းတွေအတွက် ပြင်ဆင်ဖို့ အချိန်မလုံလောက်တာကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ကိုင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကနေ အကူအညီတွေ ရယူနိုင်ဖို့ကိုလည်း အဲဒီ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။… Continue reading အာစီယံ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ဆုံ

မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ်

မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ် 2012-03-29 မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှာ ရွေးကောက်ပွဲ ဆန္ဒမဲထည့်တဲ့အခါ နံမည်ရှာရတာ လွယ်ကူအောင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ထုတ်ပေးထားတဲ့ ကတ်ပြားလေးတွေကို ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်း ပြန်လည်သိမ်းယူနေတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီကပဲ အမြန်ဆုံးရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ မန္တလေး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။ “လူနံမည်ပါမယ်။ မဲရုံနံပါတ်၊ မဲစာရင်းနံပါတ်၊ မှတ်ပုံတင်ပါမယ်။ မဲကြိုလက်မှတ် ပေးထားတယ်ဆိုတာက မဲရုံရောက်တဲ့အခါ မဲစာရင်းနံပါတ် အလွယ်တကူရှာလို့ရအောင်ဗျာ။ အဲဒါပေးထားတဲ့ ရပ်ကျေးကော်မရှင်က အခုပြန်သိမ်းတယ်။ အဲဒီကတ်ပြားလေးနဲ့အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားလေးနဲ့ တပါတည်း ယူလာပါဆိုပြီး ကတ်ပြားမှာရေးထားတာ၊ မဲရုံလာမယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့ ဒီကတ်ပြားလေးမှာရှိတဲ့ နံပတ်လေးကို မဲရုံမှာ မဲစာရင်းကိုင်တဲ့လူက ရှာပြီး ချက်ခြင်း… Continue reading မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ်

Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

  Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ဖိတ်ကြားချက် ဘန်ကီမွန်းကြိုဆို

ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ဖိတ်ကြားချက် ဘန်ကီမွန်းကြိုဆို 2012-03-23 လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိ မရှိ စောင့်ကြည့်လေ့လာနိုင်ဖို့ အတွက် အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို မြန်မာအစိုးရက ဖိတ်ကြားလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုကြောင်း မနေ့က ပြောလိုက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ် Najib Razak နဲ့ ကွာလာလမ်ပူမှာ တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ဘန်ကီမွန်းက ပြောခဲ့တာပါ။ မစ္စတာ ဘန်ကီမွန်းပြောတာက “သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာနေပါတယ်။ ပိုပြီး လွတ်လပ်မှုတွေ တွေ့လာရသလို လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရရှိနေတဲ့အတွက် ၀မ်းမြောက်မိကြောင်း၊ ဒီလို တိုးတက်မှုတွေကနေ အနာဂတ် မြန်မာ့နိုင်ငံရေးဟာ ပိုကောင်းလာမယ့်… Continue reading ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ဖိတ်ကြားချက် ဘန်ကီမွန်းကြိုဆို

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ အရေးယူပေးဖို့ NLD တောင်းဆို

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ အရေးယူပေးဖို့ NLD တောင်းဆို 2012-03-23 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေတဲ့ အကြောင်းအရာတွေ၊ အထက်မြန်မာနိုင်ငံနဲ့ ရန်ကုန်တဝိုက်မှာ ဖြန့်ဝေနေတာကို တာဝန်ရှိသူတွေက ဟန့်တားအရေးယူခြင်း မရှိတာဟာ ဒီလုပ်ရပ်ကို အားပေးရာ ရောက်နေတယ်လို့ NLD က ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။ “အဓိက ကတော့ ဒီကာလမှာ ဒါတွေ ဖြစ်နေတယ်ဆိုတာ ပြည်သူတွေကို အသိပေးတဲ့ သဘောပါ။ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တာပေါ့။ တရားဥပဒေစိုးမိုးရေးပေါ့။ တရားဥပဒေ ကိုင်တွယ်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အများကြီးတာဝန်ရှိတာပေါ့။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့တောင်မှ ဒါမျိုး မသင့်တော်ဘူး… Continue reading ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ အရေးယူပေးဖို့ NLD တောင်းဆို

ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ယက်ဖွဲ့စည်း

ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ယက်ဖွဲ့စည်း 2012-03-23 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးစီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကွန်ယက် တစ်ခု ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ ဘက်လိုက်မှုမရှိပဲ၊ ဆောင်ရွက်သွားဖို့ ရည်ရွယ်တာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကိုပြောပါတယ်။ “ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့ အတွေ့အကြုံ ယူချင်တယ်။ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ ဖော်ထုတ်၊ မြှင့်တင်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ အတတ်နိုင်ဆုံး လွတ်လပ်တဲ့၊ ဘက်မလိုက်တဲ့ စောင့်ကြည့်လေ့လာမှုမျိုး ပွဲဦးထွက် တည်နိုင်ပြီဆိုရင်၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်းပဲ ရွေးကောက်ပွဲတွေရဲ့ အရည်အသွေး၊ မဲပေးနိုင်သူ… Continue reading ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ယက်ဖွဲ့စည်း

မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော 2012-03-22 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့ကို ဒုတိယအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိသွားပြီး၊ ကော့မှုးမြို့က မဟာဝိဇောဓရ ကျောင်းတိုက်မှာ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၃ တိုက်က ဆရာတော် ၁၃ ပါးကို ဖူးမြော်ပြီးနောက် လူထုကို မိန့်ခွန်းပြောကြားပါတယ်။ RFA ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောနေစဉ်။ ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ မှန်ကန်စွာရွေးချယ် မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေး… Continue reading မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု 2012-03-21 လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။ RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလားမသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက… Continue reading မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည် 2012-03-21 လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို နိုင်ငံတကာစံချိန်နဲ့ ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ဖိတ်ခေါ်ချက်အရ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အမေရိကန်အစိုးရက စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။ ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ အညီ၊ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အားပေး တိုက်တွန်းပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။ ဒါအပြင် စံနှုန်းပြည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့နေရာမှာ ကြိုတင်… Continue reading ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

Untitled

Education starts at home and we truly believe that it is the essential part of the nation building process to educate families with parenting skills, child development and nurturing children. Since Buddhist monasteries and Buddhist monks are essential vital part of the Burmese society and accordingly Burma must work to promote monastery education and support… Continue reading Untitled

ဒေါ်အောင်ဆန်းစုကြည်ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပြည်သူ သောင်းနဲ့ချီကြိုဆို

ဒေါ်အောင်ဆန်းစုကြည်ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပြည်သူ သောင်းနဲ့ချီကြိုဆို 2012-03-21 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ညနေက ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ကို သွားရောက်ပြီး၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဒေသခံတွေကို စည်းရုံးဟောပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် အကျင့်တွေပျက်နေတာ ကြာပြီ၊ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံမှာ ပြုပြင်ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ယုံကြည်တယ်။ ကျွန်မတို့ ပြည်သူဟာ သန့်သန့်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်မယ်လို့… Continue reading ဒေါ်အောင်ဆန်းစုကြည်ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပြည်သူ သောင်းနဲ့ချီကြိုဆို

BURMA: LET’S STAND UP TOGETHER FOR OUR MOTHERLAND

Divided we lost. Burmese are deeply saddened to learn the decision over the maritime dispute between Burma and Bangladesh and we must object this verdict. After studyingthe statement, Burmese do not believe that it is a fair decision. Above all, Burmese are totally upset to learn that the decision cannot be appealed and so it is a sham.… Continue reading BURMA: LET’S STAND UP TOGETHER FOR OUR MOTHERLAND

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ 2012-03-20 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ရှပ်ပြေးရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ်ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။ “ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင်ဆိုပြီးတော့ ရှပ်ပြေးတစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ… Continue reading ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

“”” ကြားဖြတ်ရွေးကောက်ပွဲနီးလာသည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်ကြိုတင်ရည်ရွယ်လုပ်ကြံမှုသတင်းများ။”””

“”” ကြားဖြတ်ရွေးကောက်ပွဲနီးလာသည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်ကြိုတင်ရည်ရွယ်လုပ်ကြံမှုသတင်းများ။””” NLD ပါတီကိုယ်စားလှယ်ရဲ့ ပိုစတာတွေ ဖျက်ဆီးခံရ 2012-03-19 ပုသိမ်ခရိုင် မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မြောင်းမြမြို့နယ်က ယှဉ်ပြိုင်အရွေးခံမယ့် NLD ပါတီကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ပုံ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရကြောင်း သိရှိရပါတယ်။ အခုလို ပိုစတာတွေ ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို မြောင်းမြမြို့နယ် NLD ပါတီက တိုင်ကြားထားတယ်လို့ ဧရာဝတီတိုင်း NLD လူငယ်အဖွဲ့ ဝင် ကိုစခင်ဇော်လင်းက ပြောပါတယ်။ NLD ပါတီအနေနဲ့  ဧရာဝတီတိုင်းမှာ စည်းရုံးရေးအခြေအနေ အားရစရာ ကောင်းတယ်လို့လည်း သူကပြောပါတယ်။ ဧရာဝတီတိုင်း လူငယ်အဖွဲ့တွေကလည်း စည်းရုံးရေး အထောက်အကူအနေနဲ့  NLD ကို မဲပေးကြဖို့… Continue reading “”” ကြားဖြတ်ရွေးကောက်ပွဲနီးလာသည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်ကြိုတင်ရည်ရွယ်လုပ်ကြံမှုသတင်းများ။”””

စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ

စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ 2012-03-19 နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ဦးအောင်မြင့်ရဲ့အမှုကိစ္စဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။ ဦးအောင်မြင့်ကို လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ မှုခင်းဆောင်မှာ ထားရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ တာဝန်ရှိဆရာဝန်တွေက ဒီကနေ့ ဦးအောင်မြင့်ကို ဆေးစစ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဆရာဝန်မစုံလင်တဲ့အတွက် ဆေးစစ်မယ့် အစီအစဉ် ပျက်သွားရကြောင်း မနှင်းထက်ထက်အောင်က ပြောပါတယ်။ ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၃ ရက်ကစပြီး အပြာရောင်ထောင်ဝတ်စုံကို… Continue reading စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ

Untitled

Burma must educate her citizens of their rights, responsibilities and necessity of taking responsibilities in order to lay the concrete democratic foundation for future generations of Burma bearing in mind that Burma has gone through nearly half the century of successive various dictatorships and military dictatorships together with armed conflicts. http://www.bdcburma.org Burma Democratic Concern (BDC)… Continue reading Untitled

Burma must educate her citizens of their

Burma must educate her citizens of their rights, responsibilities and necessity of taking responsibilities in order to lay the concrete democratic foundation for future generations of Burma bearing in mind that Burma has gone through nearly half the century of successive various dictatorships and military dictatorships together with armed conflicts. http://www.bdcburma.org Burma Democratic Concern (BDC)… Continue reading Burma must educate her citizens of their

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို 2012-03-18 မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် နှစ်ဦးနှစ်ဘက် နစ်နာဆုံးရှုံးမှု မရှိစေတဲ့ မူဝါဒကို NLD အနေနဲ့ ချမှတ်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည်သူတွေရဲ့အကျိုးကို ဦးစားပေး လုပ်ဆောင်တဲ့နေရာမှာ NLD အနေနဲ့ တခြား နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ထိခိုက် နစ်နာစေတာမျိုးကို ရှောင်ရှားမှာဖြစ်ကြောင်း မနေ့က လူထုဟောပြောပွဲမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်။ အသံဖိုင်ယူရန် NLD အနိုင်ရရင် တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရဲ့ အကျိုးစီးပွား ထိခိုက်သွားလိမ့်မယ် ဆိုတဲ့ ခြိမ်းခြောက်စကားတွေဟာ… Continue reading NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ

ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ 2012-03-18 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့  ပူးပေါင်းပြီး ဒေသခံတွေနဲ့  ၀န်ထမ်းတွေဆီက ကြိုတင်မဲတွေ အဓမ္မကောက်ယူနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့ တဲ့  ၁၇ ရက်နေ့က လောင်းလုံပညာရေးရေးမှုးရုံးကို ထားဝယ်မှာ သင်တန်းတက်ရမယ့် ဆရာဆရာမ ၇၀ ခန့်ကို သင်တန်းတက်ရမယ့် ရက်ရွှေ့ဆိုင်းပြီး ကြိုတင်မဲထည့်ခိုင်းတယ်လို့  လောင်လုံမြို့  နယ် NLD အောင်နိုင်ရေးအဖွဲ့ ဝင် ကိုဇော်ကြီးက ပြောပါတယ်။ အလားတူပဲ ဒီလ ၁၅ ရက်နေ့ ကလဲ ထားဝယ်ပညာရေး ကောလိပ် ပထမ နဲ့ ဒုတိယနှစ် ကျောင်းသူ… Continue reading ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် စတင်

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် စတင် 2012-03-17 မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ စုံပြီး လူဦးရေ များတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရပါမယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို နိုင်ငံရေး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ရန်တိုင်းအောင် ဘုရားကြီးဝင်းမှာ ထောင်သောင်းချီတဲ့ လူထုပရိသတ်ကို မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်း ပြောကြားတာပါ။ လာရောက်ကြည့်ရှု နားထောင်တဲ့ ပရိသတ် ၈ သောင်းနီးပါး ရှိမယ်လို့ ဒီခရီးစဉ်မှာ အတူ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တိုင်းလိုလို သတင်းလိုက်ယူတဲ့ သတင်းထောက်တွေကတော့ ဒီကနေ့မိန့်ခွန်းဟာ နယ်တွေမှာ ပြောခဲ့သမျှ မိန့်ခွန်းတွေအနက်… Continue reading NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် စတင်

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ 2012-03-16 ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ၀တ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဦးအောင်မြင့်ဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့ သိရပါတယ်။ မနေ့က နေ့လည်တစ်နာရီလောက်မှာ ဗဟန်းရဲစခန်းက ဦးအောင်မြင့်နဲ့ သမီးမနှင်းထက်ထက်အောင်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်လမ်းက စုပေါင်းရုံး အမှတ် ၄ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောရေးစခန်းမှာ တစ်ညလုံးစစ်ဆေးခဲ့တယ်လို့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်က ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးအောင်မြင့်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။ ဦးအောင်မြင့်ဟာ နိုင်ငံရေး… Continue reading နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ

ဆန္ဒပြခွင့်ဥပဒေ နိုင်ငံတကာစံနဲ့ မကိုက်ညီကြောင်း လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

ဆန္ဒပြခွင့်ဥပဒေ နိုင်ငံတကာစံနဲ့ မကိုက်ညီကြောင်း လူ့အခွင့်အရေးအဖွဲ့ ဝေဖန် 2012-03-15 မြန်မာအစိုးရက အတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့် ဥပဒေမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ပျက်ကွက်ရင် အပြစ်ပေး အရေးယူခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ နိုင်ငံတကာ စံညွှန်းနဲ့ မကိုက်ညီသေးဘူးလို့ HRW ခေါ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အားလုံးက စိတ်ဝင်တစား ရှိနေကြကြောင်း၊ အရင်က ဘာလွတ်လပ်ခွင့်မှ မရှိခဲ့တဲ့အတွက် အခုလိုအချိန်မှာ လွတ်လပ်ခွင့် တစ်စုံတစ်ရာရနေတဲ့အပေါ် မြန်မာအစိုးရကို ချီးကျူးဂုဏ်ပြုနေတာထက် သတ်မှတ်ထားတဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်မီဥပဒေဖြစ်အောင် ၀ိုင်းဝန်းတိုက်တွန်းဖို့ လိုအပ်ကြောင်း HRW ရဲ့ အာရှတိုက်ဆိုင်ရာ အကြီးအကဲ Brad Adams က ပြောပါတယ်။ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး… Continue reading ဆန္ဒပြခွင့်ဥပဒေ နိုင်ငံတကာစံနဲ့ မကိုက်ညီကြောင်း လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်)

ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်) by Myanmar Journal on Thursday, 15 March 2012 at 12:59 · စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့ မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။ ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။ နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။ ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန်… Continue reading ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်)

Let’s Reject Unfair Ruling Over Maritime Dispute Between Burma and Bangladesh

To All Burmese Around the World: This is the result of Burma house divided. I am deeply saddened to learn the decision over the maritime dispute between Burma and Bangladesh and I would object this verdict. After reading the statement, I do not believe that it is a fair decision. Above all, I’m totally upset… Continue reading Let’s Reject Unfair Ruling Over Maritime Dispute Between Burma and Bangladesh

အမေရိကန် အထူးကိုယ်စားလှယ် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့

အမေရိကန် အထူးကိုယ်စားလှယ် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ 2012-03-14 မစ္စတာ Derek Mitchell ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ ဆောင်ရွက်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်ချက်တွေအကြောင်း မေးမြန်းခဲ့သလို ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဟာ တစ်နာရီခန့်ကြာတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ဒဲရက်မစ်ချယ်နဲ့အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် နာယက… Continue reading ​အမေရိကန် အထူးကိုယ်စားလှယ် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့

အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ 2012-03-14 မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန်အစိုးရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲက အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေထဲမှာ အမှားအယွင်းများစွာ တွေ့နေရကြောင်း၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတာ ကြားရကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ဖို့ နိုင်ငံတကာက စောင့်ကြည့်နေဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ မစ္စတာဒဲရစ်မစ်ချဲကလည်း နေပြည်တော်က အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲတွေပါ အကျိုးရှိတဲ့ဆွေးနွေးပွဲတွေဖြစ်ကြောင်း၊ နိုင်ငံတကာက စေလွှတ်ချင်တဲ့… Continue reading အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

ဝန်ကြီးဌာနများ သိန်း ထောင်ချီ ငွေအလွဲသုံ

ဝန်ကြီးဌာနများ သိန်း ထောင်ချီ ငွေအလွဲသုံးစားမှု ပေါ်ပေါက် အစိုးရ ၀န်ကြီးဌာန ၆ ခု ၏ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုများအား ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးက ပထမဆုံး အကြိမ် ထုတ်ဖော်လိုက်သည်။ ပြန်ကြားရေး ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ အမှတ် (၁) (၂) စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်း၊ သမ၀ါယမ စသည့် ၀န်ကြီးဌာနများ၏ လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများသည် ၎င်းတို့ ဌာနများ၏ ငွေစာရင်း လိမ်လည်ဖော်ပြမှု၊ အလွဲသုံး စားမှု၊ ငွေကြေး လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စများ မလိုက်နာမှု စသည်တို့အား စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ပြန်ကြားရေးဌာန ရဲ့ငွေကြေး မသမာမှုမှာ ကျပ်သိန်းပေါင်း… Continue reading ၀န်ကြီးဌာနများ သိန်း ထောင်ချီ ငွေအလွဲသုံ

လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 2012-03-13 ကမ္ဘာ့လူသားအားလုံးမှာ ရရှိနေတဲ့ အခွင့်အရေးတွေကို မြန်မာနိုင်ငံသားတွေ ခံစားခွင့်ရအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ကိုဖုန်းမော်ကျဆုံးတဲ့ ၁ နှစ်ပြည့်နေ့မှာ နိုင်ငံရေးအင်အားစုတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကို သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။ “ပထမတစ်နှစ်မြောက် ကိုဖုန်းမော်ကျဆုံးတဲ့နေ့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ မရှိခြင်းများနဲ့ ဆက်နွယ်နေတယ် ဆိုပြီးတော့ ကျွန်မတို့ အဲဒါနဲ့ပဲ အားလုံးကလည်း သဘောတူလို့ ဆုံးဖြတ်လိုက်တယ်။ မြန်မာနိုင်ငံအတွက်… Continue reading လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Untitled

သူငယ်ချင်းတို့ရေ၂၄ နှစ်မြောက် ကိုဘုန်းမော်ကျဆုံးခြင်း ( မြန်မာပြည် လူ့အခွင့်ရေးနေ့ ) အထိမ်းအမှတ် ဆန္ဒပြပွဲကို Burma Democratic Concern ( BDC) မှ ကြီးမှူး၍ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ရက်စွဲ။ ။ ၁၃၊ ၀၃၊ ၂၀၁၂။ ( အင်္ဂါနေ့) အချိန်။ ။ ၁၂း၃၀ မှ ၁၃း၃၀။ နေရာ။ ။ မြန်မာသံရုံးရှေ့။ 19A Charles Street Mayfair, London W1J 5DX http://ping.fm/pd9Ey

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ 2012-03-12 အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့သလို၊ မနက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်တွင်း ဘယ်လို ဆွေးနွေးကြသလဲ ဆိုတာကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ မနက်ပိုင်း ပြည်သူ့လွှတ်တော် မစခင် သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီး ပြည်သူ့လွှတ်တော် ကျင်းပနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် လာလေ့လာသွားတယ်လို့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးရွှေမန်းက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီရဲ့မူဝါဒ သဘောထား၊ ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်ဖို့ ရိုက်ကူး အသံသွင်းရေးအတွက် နေပြည်တော်ကို… Continue reading ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်

မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ် 2012-03-12 ကုလသမဂ္ဂက ပြဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးလာစေဖို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒီကနေ့ ကြေညာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန်မှာကျရောက်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကြေညာထုတ်ပြန် ရာမှာ လူ့အခွင့်အရေးကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေး လူမှုရေး ပညာရေး အစစအရာရာ နိမ့်ကျခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။ “မတ်လ ၁၃ ရက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတာဟာ မြန်မာနိုင်ငံကို အမှောင်ခေတ်ကနေပြီးတော့ အလင်း ခေတ်ဆီကို ကူးပြောင်းဖို့အတွက် နှိုးဆော်လိုက်တဲ့ ခေါင်းလောင်းထိုးသံ တစ်ခုပဲပေါ့ဗျာ။ အဲဒီတော့ ကျောင်းသား သပိတ်တွေကနေ လူထုတိုက်ပွဲအထိ… Continue reading မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်

Ko Min Ko Naing Speech for 24th Anniversary of Ko Phone Maw.

Daw Aung San Suu Kyi TV Speech 12.March 2012.

 

Dear Friends, Burma Democratic Concern (BDC) is organising the Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK. Burma’s Human Rights Day Last 23 years ago, Burmese people spearheaded by the young students showed their bravery calling for change so as to restore democracy and human rights in Burma. The then military dictator General Ne Win responded by opening fire on unarmed peaceful protesters killing thousands. Phone Maw is one of the very first students who died for the country defying military suppressions which trigger nation-wide mass uprising resulting in successfully toppling three decades long one-party dictatorship in Burma. During the mass uprising, thousands of people died as the result of violent military crack-down. Since then, Burma democracy movement has been honouring Phone Maw and fallen heroes on every March 13, as the Burma’s Human Rights Day. On this Burma’s historic day, we will be demanding seven main points: 1. To establish geniune democracy and human rights in Burma 2. To establish rule of law in Burma 3. To release all remaining political prisoners in accord with the NLD’s lists of political prisoners in Burma 4. To be holding free and fair by-election on 1st April 2012 5. To allow establishing Unions and Civil Society Organisations in Burma 6. To allow issuing passports for the former political prisoners who are still blacklisted not to issue passports and to allow them free movement and organisation 7. To restore peace in Burma ၂၄ နှစ်မြောက် ကိုဘုန်းမော်ကျဆုံးခြင်း ( မြန်မာပြည် လူ့အခွင့်ရေးနေ့ ) အထိမ်းအမှတ် ဆန္ဒပြပွဲ Burma Democratic Concern ( BDC) မှ ကြီးမှူး၍ ကိုဘုန်းမော်ကျဆုံးခြင်း ( မြန်မာပြည် လူ့အခွင့်ရေးနေ့) ဆန္ဒပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ၁။ မြန်မာပြည်တွင်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေး အပြည့်အဝရရှိရေး။ ၂။ ဘက်မလိုက်သော တရားဥပဒေစိုးမိုးမှု့ရှိရေး။ ၃။ ပြည်တွင်း NLD စာရင်းအရ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ပေးရေး။ ၄။ လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေး။ ၅။ မြန်မာပြည်တွင်း၌ သမဂ္ဂများ လူ့မူ့ရေး အသင်းအဖွဲ့အစည်းများ တရားဝင် လွတ်လပ်စွာ ဖွင့်ခွင့်ပြုရေး။ ၆။ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေး နှင့် လွတ်လပ်စွာ သွားလာစည်းရုံးခွင့်ပြုရေး။ ၇။ မြန်မာ ပြည် ငြိမ်းချမ်းရေး။ ရက်စွဲ။ ။ ၁၃၊ ၀၃၊ ၂၀၁၂။ ( အင်္ဂါနေ့) အချိန်။ ။ ၁၂း၃၀ မှ ၁၃း၃၀။ နေရာ။ ။ မြန်မာသံရုံးရှေ့။ 19A Charles Street Mayfair, London W1J 5DX Thank you very much for your unwavering support to restore democracy, human rights and rule of law in Burma and looking forward to see you all. Best regards, Myo Thein Burma Democratic Concern (BDC)

စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ပြောင်းလဲဖွဲ့စည်းမည်

စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ပြောင်းလဲဖွဲ့စည်းမည် 2012-03-11 လွတ်လပ်ပွင့်လင်းလာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ ၃ ဖွဲ့အဖြစ် ပြောင်းလဲဖွဲစည်းဖို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လာမယ့် မတ်လ ၂၄ ရက်နေ့ အရေးပေါ်ညီလာခံမှာ တင်သွင်းမှာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) က အာအက်ဖ်အေကို ပြောပါတယ်။ “မြန်မာနိုင်ငံ သတင်းစာဆရာအဖွဲ့ Myanmar Journalists’ Association ၊ မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ Myanmar Writers’ Association ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်း … ဆိုပြီး အသင်း ၃… Continue reading စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ပြောင်းလဲဖွဲ့စည်းမည်

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော 2012-03-11 မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။ စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ်… Continue reading မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK

Dear Friends, Burma Democratic Concern (BDC) is organising the Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK. Burma’s Human Rights Day Last 23 years ago, Burmese people spearheaded by the young students showed their bravery calling for change so as to restore democracy… Continue reading Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK

မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ 2012-03-09 မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကို ဇန္န၀ါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ၁… Continue reading မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ 2012-03-09 ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ… Continue reading ၀န်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ