BAYDA Nation Building Institute

ရပ်တည်ချက်

* ဗေဒါနိုင်ငံရေးသင်တန်းကျောင်းသည် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အစိုးရလက်အောက်ခံ မဟုတ်သော အဖွဲ့အစည်း (Non Governmental Organization) ဖြစ်သည်။

* ဗေဒါနိုင်ငံရေးသင်တန်းကျောင်းသည် ပါတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ လက်အောက်ခံမဟုတ်သော အဖွဲ့အစည်း (Non Partisan Organization) ဖြစ်သည်။

* ဗေဒါနိုင်ငံရေးသင်တန်းကျောင်းသည် အကျိုးအမြတ်ရယူသော အဖွဲ့အစည်း သို့မဟုတ် စီးပွားရေးမလုပ်သော အဖွဲ့အစည်း (Non Profit Organization) ဖြစ်သည်။

အနာဂတ်မျှော်မှန်းချက် (Vision)

* မြန်မာနိုင်ငံတော်ကို အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်း (Society of Fear) မှ ပညာထွန်းကားသော လူ့အဖွဲ့အစည်း (Society of Conscience) အဖြစ် အသွင်ကူးပြောင်းရန်။

* မြန်မာနိုင်ငံတော်ကို အမှောင်ချခံထားရသော လူ့အဖွဲ့အစည်း (Closed Society) မှ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း (Open Society) အဖြစ် အသွင်ကူးပြောင်းရန်။

* မြန်မာနိုင်ငံတော်ကို ပြည်သူလူထုအများစုဆန္ဒ လွှမ်းမိုးပြီး၊ လူနည်းစု၏ အခွင့်အရေးကို ကာကွယ်ပေးသော လူ့အဖွဲ့အစည်း (Democratic Society) အဖြစ် အသွင်ကူးပြောင်းရန်။

လမ်းစဉ်များ (Mission)

* နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေသဆိုင်ရာခေါင်းဆောင်များ၊ နိုင်ငံရေး လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ လူငယ်များကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စိတ်ဓာတ် (Value)၊ အသိဥာဏ်ပညာ (Knowledge) နှင့် လုပ်ကိုင်နိုင်မှုစွမ်းရည် (Skill) တို့ကို မြှင့်တင်ပေးခြင်း (Awareness Racing and Capacity Building)။

* အစိုးရ၏ ပေါ်လစီများ၊ မူဝါဒများ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့၏ ဥပဒေပြုမှု အဆင့်ဆင့် အပေါ်တွင် စောင့်ကြည့်သုံးသပ်၍ ပြည်သူ့ဘက်မှ ရပ်တည်ပြောဆို အကြံပြုတိုက်တွန်းခြင်း (Government and Parliamentary Watch, Analysis Advocacy)။

* ရည်မှန်းချက်၊ ဦးတည်ချက်တူညီသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ရည်မှန်းချက်၊ ဦးတည်ချက်တူညီသော အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကူညီအားပေးခြင်း (Facilitation and Networking)။

* ပြည်သူလူထု၏ အကျိုးစီးပွားကို ဆန့်ကျင်သော ပေါ်လစီများ၊ လုပ်ငန်းစဉ်များကို ကန့်ကွက်ဆန့်ကျင်ရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ ဒီမိုကရေစီစံချိန်စံညွှန်းများကို ကာကွယ်မြှင့်တင်ရန်၊ လူထုစည်းဝေးပွဲများ၊ လူထု လှုပ်ရှားမှုများ ပြုလုပ်ခြင်း (Public Meetings and Campaign)။

* ပညာပေးစာစောင်များ၊ စာအုပ်များ ထုတ်ဝေဖြန့်ချိခြင်း (Publication of Books and Booklets on Democratic Education and Political Education)။

* ပေါ်ပေါက်လာသည့် အရေးကြီးသောကိစ္စရပ်များအား စဉ်ဆက်မပြတ် လေ့လာသုံးသပ်၍ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ခြင်း။

Leave a comment