ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော 2012-03-08 မြန်မာအစိုးရက ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာကိုကြည့်ပြီး ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းသင့်မသင့် စဉ်းစားသွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘဲ့ဒ် (John Baird) က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ညနေက အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာတွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုပါတယ်။ “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီတွေပေးဖို့ ကနေဒါအနေနဲ့ လိုလားပါတယ်။ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူထားတာကိုလည်း စတင်ရုပ်သိမ်းဖို့ကို လိုလားနေပါတယ်။ ကနေဒါအနေနဲ့ တစ်ခုပဲကြည့်မှာက ရွေးကောက်ပွဲမှာ… Continue reading ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော

ပုဂ္ဂိုလ်စွဲ အုပ်စုစွဲမထားဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

ပုဂ္ဂိုလ်စွဲ အုပ်စုစွဲမထားဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြား 2012-03-08 ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးချယ်ခံမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲတွေကို ဘေးဖယ်ပြီး အင်တိုက်အားတိုက် အလုပ်လုပ်ကြဖို့နဲ့ မဲစာရင်းတွေမှာ အမှားများနေတာကို အမြန်ဆုံးပြုစုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၄၇ ဦးနဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့တို့ ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။ “ကျွန်မတို့က ဒီမိုကရေစီအဖွဲ့ကြီးဖြစ်လို့ကို ဘယ်လိုပဲ ကွဲခြားမှု ရှိပါစေ ရှိပါစေ၊ နောက်ဆုံးတော့ အများရဲ့ဆုံးဖြတ်ချက်အရ မူပေါ်မှာ အခြေခံပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတာ ကျွန်မတို့ အဓိက ကိုင်စွဲထားတဲ့ စည်းမျဉ်းစည်းကမ်း… Continue reading ပုဂ္ဂိုလ်စွဲ အုပ်စုစွဲမထားဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ

မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ 2012-03-07 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။ ဒီဆုကို လက်ခံဖို့ မဇင်မာအောင်ဟာ အခု ဝါရှင်တန်ဒီစီမြို့ကိုရောက်နေပါတယ်။ ဆုရရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မဇင်မာအောင်က အခုလို ပြောပြပါတယ်။ “လတ်တလော ဖြစ်နေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စ၊ အဲဒီကိစ္စအပေါ်မှာ ပြည်သူလူထုက ပိုပြီး စိတ်အားထက်သန်လာအောင်လို့၊ အဲဒီမှာ အများစု ဒုက္ခရောက်တာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်၊ peace process မှာ အမျိုးသမီးတွေ အများစု… Continue reading မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ

Untitled

Burma Democratic Concern (BDC) is organising the Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK. Burma’s Human Rights Day Last 23 years ago, Burmese people spearheaded by the young students showed their bravery calling for change so as to restore democracy and human… Continue reading Untitled

Burma Democratic Concern (BDC) is organi

Burma Democratic Concern (BDC) is organising the Burma’s Human Rights Day Demonstration on 13 March 2012 from 12:30-13:30 in front of the Burmese embassy in London, UK. Burma’s Human Rights Day Last 23 years ago, Burmese people spearheaded by the young students showed their bravery calling for change so as to restore democracy and human… Continue reading Burma Democratic Concern (BDC) is organi