Untitled

သူငယ်ချင်းတို့ရေ၂၄ နှစ်မြောက် ကိုဘုန်းမော်ကျဆုံးခြင်း ( မြန်မာပြည် လူ့အခွင့်ရေးနေ့ ) အထိမ်းအမှတ် ဆန္ဒပြပွဲကို Burma Democratic Concern ( BDC) မှ ကြီးမှူး၍ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ရက်စွဲ။ ။ ၁၃၊ ၀၃၊ ၂၀၁၂။ ( အင်္ဂါနေ့) အချိန်။ ။ ၁၂း၃၀ မှ ၁၃း၃၀။ နေရာ။ ။ မြန်မာသံရုံးရှေ့။ 19A Charles Street Mayfair, London W1J 5DX http://ping.fm/pd9Ey

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ 2012-03-12 အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့သလို၊ မနက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်တွင်း ဘယ်လို ဆွေးနွေးကြသလဲ ဆိုတာကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ မနက်ပိုင်း ပြည်သူ့လွှတ်တော် မစခင် သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီး ပြည်သူ့လွှတ်တော် ကျင်းပနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် လာလေ့လာသွားတယ်လို့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးရွှေမန်းက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီရဲ့မူဝါဒ သဘောထား၊ ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်ဖို့ ရိုက်ကူး အသံသွင်းရေးအတွက် နေပြည်တော်ကို… Continue reading ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ

မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်

မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ် 2012-03-12 ကုလသမဂ္ဂက ပြဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးလာစေဖို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒီကနေ့ ကြေညာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန်မှာကျရောက်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကြေညာထုတ်ပြန် ရာမှာ လူ့အခွင့်အရေးကင်းမဲ့တဲ့ အမှောင်ခေတ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေး လူမှုရေး ပညာရေး အစစအရာရာ နိမ့်ကျခဲ့ရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။ “မတ်လ ၁၃ ရက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတာဟာ မြန်မာနိုင်ငံကို အမှောင်ခေတ်ကနေပြီးတော့ အလင်း ခေတ်ဆီကို ကူးပြောင်းဖို့အတွက် နှိုးဆော်လိုက်တဲ့ ခေါင်းလောင်းထိုးသံ တစ်ခုပဲပေါ့ဗျာ။ အဲဒီတော့ ကျောင်းသား သပိတ်တွေကနေ လူထုတိုက်ပွဲအထိ… Continue reading မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ၈၈တို့ ကြေညာချက်ထုတ်

Ko Min Ko Naing Speech for 24th Anniversary of Ko Phone Maw.

Daw Aung San Suu Kyi TV Speech 12.March 2012.