Home » Myo Yan Naung Thein » Myo Yan Naung Thein Meeting with the U.S Senator PAUL C. GROVE, the chairman of the Senate Appropriation Committee

Myo Yan Naung Thein Meeting with the U.S Senator PAUL C. GROVE, the chairman of the Senate Appropriation Committee

The following is the Myo Yan Naung Thein’s original message reporting his Meeting with the U.S Senator PAUL C. GROVE, the chairman of the Senate Appropriation Committee.

https://www.facebook.com/myoyannaung.thein.9?fref=ts

Dear friends

I met with the U.S Senator PAUL C. GROVE , the chairman of the Senate Appropriation Committee at 8.30 am today at the U.S embassy teak house. . We discussed on the current situation in Myanmar.He asked us
how things are happening ,if the changes are real , the situation of
former political prisoners, on which matters they should support .

He came to Myanmar as I understand to check if Myanmar government is
doing well in order that U.S senate can approve the budget for Burma
/Myanmar.

I said we are now in the transition , the process is slow , but I
believe it is irreversible .The changes are happening as manged by the
former dictators , and still controlled by former generals transformed
into civilians

But , I am positive about the changes as compared to three years ago .
He asked us about the situation when we were in prison and the
situation when we were outside .

I said the first time I was released from prison , I was followed by
Military Intelligence always . I always lived in fear that I would be
arrested again . I was arrested again , the second time I was released
I was followed by Special Branch of Police and New Military
Intelligence . After 2012 there is less surveillance compared to past
years , still they are asking me on phone what we are doing .

During last year , no significant political improvement happened . The
military is trying to control the process of democratization. But , I
encourage him to make more engagement with Myanmar . As I am a
pro-engagement of U.S with Myanmar.I believe isolation of Myanmar is
not fruitful for Myanmar

The meeting lasted for more than a hour , at 9.40 am , we finished the
conversation.

Two leaders from 88 generation peace and open society and one Karen
ethnic leader joined the meeting together with me .

This is my brief report on my meeting with U.S. senator today.

Myo Yan Naung Thein

ဒီနေ့မနက် ၈ နာရီခွဲ အချိန်မှာ အမေရိကန် ဆီးနိတ်အထက်လွတ်တော်အမတ် Mr.Paul
C. GROVE နှင့် အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ပါတယ် ။ သူဟာ အမေရိကန်
အထက်လွတ်တော် ဘဏ္ဍာရေး ကော်မတီမှ ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး
ဆိုင်ရာဘက်မှပဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် အထက်လွှတ်တော်ရဲ့ စီစစ်
အတည်ပြုကော်မတီရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

အထက်လွှတ်တော် အမတ် နှင့် ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ ရဲ့ လက်ရှိ
နိုင်ငံရေး အခြေအနေအကြောင်း ဆွေးနွေး ခဲ့ကြပါတယ်။ အထက်လွှတ်တော်အမတ်က
လက်ရှိမြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ဖြစ်နေလား၊ ဘယ်လို အခြေအနေတွေ
ကြုံတွေ့နေရလဲ၊ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ဘယ်လိုဆက်ဆံနေလဲ၊
သာမန်ပြည်သူတွေရဲ့ဘ၀ ဘယ်လိုရှိနေလဲ၊ စတဲ့ အချက်တွေကို သိချင်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြောကြားခဲ့တာကတော့ ယနေ့မြန်မာနိုင်ငံမှာ
အပြောင်းအလဲတွေ တကယ်ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ အပြောင်းအလဲများမှာ
စစ်အစိုးရ စီမံထားတဲ့အတိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊
လက်ရှိအာဏာရအစိုးရက အပြောင်းအလဲများကို ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း
ပြောကြားခဲ့ပါတယ်။ အပြောင်းအလဲဖြစ်စဉ်တွေက အလွန်နှေးကွေး လွန်းပါတယ်၊
အစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာနေသူတွေ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ
အပြောင်းအလဲတွေက နောက်ပြန်မလှည့်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ နောက်ပြန်လှည့်ခြင်းဟာ လက်ရှိအစိုးရ အတွက်ရော
ပြည်သူတွေအတွက်ရော ဘယ်သူ့အတွက်မှ အကျိုးမရှိပါ။ ဒါကြောင့် ဒါကိုအားလုံးက
သိတဲ့ အတွက် နောက်ပြန် မလှည့်ဘူးလို့ ယုံကြည်တာပါ။

အထက်လွှတ်တော်အမတ်က ထောင်တွင်း အခြေအနေများနှင့် ထောင်အပြင်ရောက်တဲ့
နိုင်ငံရေး အကျဉ်သားများရဲ့ဆက်ဆံခံတဲ့ အခြေအနေတွေကို မေးတဲ့အခါ –
ကျွန်တော်က ပထမအကြိမ် ထောင်ကျစဉ်က အခြေအနေအလွန်ဆိုးကြောင်း ဒုတိယအကြိမ်
ထောင်ကျတဲ့အခါမှာ နှိုင်းရအားဖြင့် ပထမအကြိမ်ထက် ပိုမိုကောင်းမွန်ကြောင်း
ပထမအကြိမ် ထောင်ကလွတ်စဉ်က စစ်ထောက်လှမ်းရေးတွေက
မပြတ်စောင့်ကြည့်နေကြောင်း ဘ၀က မလုံခြုံခဲ့ကြောင်း၊ ဘယ်အကြိမ်
ထပ်အဖမ်းခံရမလဲ အမြဲတမ်း စိုးရိမ်နေရကြောင်း၊ မကြာခဏ ရှောင်တိမ်း
နေရကြောင်း နောက်တစ်ခေါက် ထောင်ကလွတ်တဲ့အခါမှာ ၂၀၁၀-၂၀၁၁ ခုနှစ်များမှာ
အထူးစောင့်ကြည့် ခံခဲ့ရကြောင်း SB စအဖ က မပြတ်စောင့်ကြည့်နေကြောင်း၊ ၂၀၁၂
နောက်ပိုင်း စောင့်ကြည့်မှု အလွန်မဆိုးဝါးတော့ကြောင်း၊ သို့သော်
စောင့်ကြည့်ခံနေရဆဲဖြစ်ကြောင်း၊ မကြာခဏ ဖုန်းနဲ့ဆက်၍
မေးမြန်းလေ့ရှိကြောင်း၊ ကျွန်တော်ကပြောကြားခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံကို မည်သည့်နေရာများတွင် ကူညီပေးသင့်သလဲဟု
မေးသည့်အခါမှာ ကျွန်တော်တို့က ပြည်သူများထံ တိုက်ရိုက်ရောက်သည့်
အကူအညီများကိုသာ ပေးသင့်ကြောင်း၊ ပြည်သူများနိုင်ငံရေးတွင်
ပိုမိုတတ်ကြွစွာ ပါဝင်နိုင်ရေးအတွက် ကူညီပေးသင့်ကြောင်း၊
လက်ရှိအပြောင်းအလဲမှာ နိုင်ငံရေးခေါင်းဆောင်များမှ တွန်းသော
အပြောင်းအလဲဖြစ်ကြောင်း ပြည်သူများ ပိုမိုပါဝင်လာနိုင်ရန် အကူအညီ
ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ နိုင်ငံရေးတိုးတတ်မှု
မရှိသလောက်ဖြစ်ကြောင်း အခြေအနေများလည်း ပိုမိုရှုပ်ထွေးလာကြောင်း၊
သို့သော် လွန်ခဲ့သည့်နှစ်များနှင့်စာလျှင် အခြေအနေအလွန်မဆိုးကြောင်း
နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများကို ပုဒ်မများတက်၍ ဖမ်းဆီး
နေဆဲဖြစ်ကြောင်း ကျွန်တော်က ဆွေးနွေး ခဲ့ပါတယ်။
မည်သို့ပင်ဆိုစေ အမေရိကန်အစိုးရအနေနှင့် မြန်မာနိုင်ငံကို
ပိုမိုနီးကပ်စွာ ဆက်ဆံသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို
အထီးကျန်ထားခြင်း အားဖြင့် အခြေအနေ ပိုကောင်းမလာနိုင် ဟု ယုံကြည်ကြောင်း
ကျွန်တော်ကဆွေးနွေးခဲ့ပါတယ်။
ကျွန်တော်တို့ဆွေးနွေးချိန် ၁ နာရီကျော်ကြာမြင့်ပါတယ်။
အမေရိကန် ဆီးနိတ် လွှတ်တော်အမတ်ဟာ မြန်မာနိုင်ငံအကြောင်း သူကိုယ်တိုင်
လာရောက်သုံးသပ်ပြီး မြန်မာနိုင်ငံကို အကူအညီပေးရေးကိစ္စ အမေရိကန်
အထက်လွှတ်တော်မှာ ဆွေးနွေးဖို့ လာရောက် စီစစ်သုံးသပ်ခြင်း ဖြစ်ကြောင်း
ကျွန်တော်သိရှိထားပါတယ်။ ဒါကြောင့် သူ့ရဲ့ခရီးစဉ်ဟာ အရေးကြီးပါတယ်။

ကျွန်တော်ကတော့အမေရိကန်နှင့် မြန်မာပိုမိုဆက်ဆံရေးကို
ထောက်ခံသူတစ်ယောက်ပါ။ မြန်မာနှင့်တရုတ် ပိုမိုဆက်ဆံသည်ကို မလိုလားပါ။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ကိုသာ ပိုမို ဆက်ဆံစေလိုပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ်နှင့် တွေ့ဆုံပွဲကို ကျွန်တော်နှင့်အတူ ၈၈
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်နှစ်ဦး၊
ကရင်အမျိုးသားခေါင်းဆောင် တစ်ဦးတို့လည်း ပါဝင်ပါတယ်။
ဒီနေ့ကျွန်တော်၏ အမေရိကန် အထက်လွှတ်တော်အမတ်နှင့် တွေ့ဆုံမှု့ကို
အကျဉ်းချုပ်၍ တင်ပြခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်လျှက်

မျိုးရန်နောင်သိန်း
ဒါရိုက်တာ( BAYDA institute )
ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်

https://www.facebook.com/myoyannaung.thein.9?fref=ts

mynt+2


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: