အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော် အမှန်တရားချစ်သူ (မြန်မာနိုင်ငံ) 30 Dec 2011 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော် ကိုဆောင်းဦးလှိုင်ရဲ့ အိုင်ဒီယာ၊ ကိုမျိုးရန်နောင်သိန်းရဲ့ အကောင်အထည်ဖော်မှုဦးဇော်ဝင်း( Metal Zone ) ရဲ့ ကြိုးပမ်းမှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့်ဈေးရောင်းပွဲတော်ဖြစ်ပေါ်လာပုံ အောက်တိုဘာလ ၃၁ရက်နေ့က ဗေဒါ နိုင်ငံရေး သိပံ သင်တန်းကျောင်း နိုင်ငံရေးသိပံ သင်တန်း အပတ်စဉ်(၈) သင်တန်းဆင်းပွဲ အခမ်းအနားနှင့် ဗေဒါစာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား တို့ကို ပြုလုပ်ခဲ့တယ်။ အဲဒီအခမ်းအနားကို အနုပညာရှင်တွေထဲက တစ်ချို့ကို… Continue reading အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ဖြစ် ပေါ် လာပုံအ ကြောင်း

by အမှန်တရားချစ်သူ (မြန်မာနိုင်ငံ) 30 December 2011 ကိုဆောင်းဦးလှိုင်ရဲ့ အိုင်ဒီယာ၊ ကိုမျိုးရန်နောင်သိန်းရဲ့ အကောင်အထည်ဖော်မှုဦးဇော်ဝင်း( Metal Zone ) ရဲ့ ကြိုးပမ်းမှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့်ဈေးရောင်းပွဲတော်ဖြစ်ပေါ်လာပုံ အောက်တိုဘာလ ၃၁ရက်နေ့က ဗေဒါ နိုင်ငံရေး သိပံ သင်တန်းကျောင်း နိုင်ငံရေးသိပံ သင်တန်း အပတ်စဉ်(၈) သင်တန်းဆင်းပွဲ အခမ်းအနားနှင့် ဗေဒါစာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား တို့ကို ပြုလုပ်ခဲ့တယ်။ အဲဒီအခမ်းအနားကို အနုပညာရှင်တွေထဲက တစ်ချို့ကို ဖိတ်ကြားခဲ့ရာမှာ ကိုဆောင်းဦးလှိုင် တက်ရောက်လာခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာဒေါ်အောင်ဆန်းစုကြည်က ကိုဆောင်းဦးလှိုင်ကို သားက ဘာတာဝန်ယူထားလဲ လို့မေးတဲ့အခါ ကိုဆောင်းဦးလှိုင်က ရန်ပုံငွေ ရှာဖွေရေးတာဝန်ယူထားလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ နောက်နေ့မှာပဲ ကိုဆောင်းဦးလှိုင်နဲ့ ကိုမျိုးရန်နောင်သိန်းတို့ ရန်ပုံငွေ… Continue reading အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရံပုံငွေ ဂီတဖျော်ဖြေပွဲ နှင့် ဈေးရောင်းပွဲတော်ဖြစ် ပေါ် လာပုံအ ကြောင်း

ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား 2011-12-28 ပါကစ္စတန်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူရမယ်လို့ သမ္မတ ဇာဒါရီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဇနီးဖြစ်သူ ၀န်ကြီးချုပ် ဘနာဇီယာ ဘူတို လုပ်ကြံခံခဲ့ရတာ လေးနှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ဘူတို ဂူဗိမာန်မှာ ကျင်းပတဲ့ နှစ်လည်ပွဲ တက်ရောက်လာသူ ပရိသတ် သုံးသိန်းကျော်ကို ပြောဆိုခဲ့တာပါ။ ဘနာဇီယာ ဘူတိုကို အကောင်းဆုံးဂုဏ်ပြုတဲ့နည်းကတော့ ဒီမိုကရေစီနဲ့တကွ တိုင်းပြည်မှာရှိနေတဲ့ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ပြီး ဖျက်လိုဖျက်ဆီး ကြံစည်နေတာတွေကို တိုက်ဖျက်ဖို့ပါပဲလို့ သမ္မတ ဇာဒါရီက ပြောပါတယ်။ ပါကစ္စတန်မှာ စစ်တပ်ကအာဏာသိမ်းတော့မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေချိန်မှာ ဇာဒါရီက အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ကို နမူနာယူသင့်ကြောင်းလည်း… Continue reading ဒေါ်အောင်ဆန်းစုကြည်ကို စံထားသင့်ကြောင်း ပါကစ္စတန်သမ္မတပြောကြား

ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း 2011-12-28 အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က ကျင်းပမဲ့ ရွေးကောက်ပွဲများမှာ မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို ပြောဆိုခဲ့တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ဆီဒိုနားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောသွာကြောင်း သတင်းထောက်တစ်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ ညနေ၃နာရီက ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တစ်နာရီနီးပါးတွေ့ဆုံခဲ့ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တော့မယ့် ခုလိုအချိန်မှာ လူ့အခွင့်အရေးဆိုင်ရာ၊ ဒီမိုကရေစီလုပ်ငန်းဆိုင်ရာတွေ ဒီထက်လုပ်ဆောင်လာအောင် အင်ဒိုနီးရှားနိုင်ငံကလည်း တွန်းအားပေးဖို့… Continue reading ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ် 2011-12-28 ဒေါ်အောင်ဆန်းစုကြည်ထုတ်လုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှပ်ရှင်ဇာတ်ကားအတွက် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို အပြီးအပိုင် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးကျော်သူက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။ ဒီကိစ္စအတွက် ဖခင် ဦးစိန်တင်ထံက သဘောတူခွင့်ပြုချက် ရထားပြီးပြီလို့လည်း သူကဆိုပါတယ်။ အမျိုးသားရုပ်ရှင်ကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်တည်ထောင်ခဲ့တာပါ။ ၂၀၀၆ခုနှစ်က မိမိ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ပြီးနောက်ပိုင်း ကုမ္ပဏီလုပ်ငန်းတွေကို ရပ်နားထားခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒါကြောင့် ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေတဲ့အတွက် မလှူခင် သက်ဆိုင်ရာကို ဒဏ်ကြေးတွေ ပေးဆောင်ရဦးမယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ… Continue reading ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း

Friday, December 23, 2011 ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း ဘယ်သူမှဘာသာမပြန်လို့ တတ်သလောက်ပြန်ပါတယ်။အမှားတွေတပုံကြီးပါ။မတတ်နိုင်ပါဘူး။ အင်္ဂလိပ်စာညံ့ပါတယ်။ဒီမိုကရေစီတော်လှန်ရေးမှာပါဝင်သူအားလုံးမမေ့သင့်တဲ့သမိုင်းတခုမို့  စာရေးသူကဗမာလို ရေးပေးနိုင် ရင်တော်တော်ကောင်းမှာပါ။ ဘာသာပြန်ကျွမ်းကျင်သူများ ဘာသာပြန်ပေးပါ။ (၂) စခန်းတခုလုံး ကိုလှမ်းပြီးမြင်နိုင်တဲ့ ဒီနေရာမှာ ကျနော်တို့ ကလွဲလို့ ဘယ်သူမှမရှိပါဘူး။ ကက်ဆက်ရီကော်ဒါကတော့ စပြီး အသံဖမ်းနေပါပြီ။ အောင်နိုင်က ထိုင်ပြီး သတင်းထောက်နဲ့ စ စကားပြော ပါတယ်။ ပထမဆုံး ရင်ဒီး က ကျနော်တို့ ရဲ့  အုပ်စုလိုက်ပုံကိုဓာတ်ပုံရိုက် တယ်။ နောက်တယောက်ပြီး တယောက် ဘယ်သူဘယ်ဝါပါဆိုပြီးမိတ်ဆက်စကားပြောကြတယ်။ သူရဲ့  ပထမဆုံးမေးခွန်းက စစ်ကြောရေးလုပ်တုန်းက နှိပ်စက်ညှင်းပန်းခံခဲ့ကြရသလား ။ တဲ့ ကျနော်တို့ ခု ကျန်းကျန်းမာမာပါပဲ ဒါကျနော့်အဖြေပါ။ မဟုတ်ဘူး။ကျမမေးတာ ရှင်တို့ … Continue reading ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း

ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူး ရဲဘော်သုံးကျိပ်မိသားစုများ အလှူလုပ်

ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူး ရဲဘော်သုံးကျိပ်မိသားစုများ အလှူလုပ် 2011-12-27 ရဲဘော်သုံးကျိပ်ထဲက ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူးပြီး ရဲဘော်သုံးကျိပ်ဝင် ၉ ဦး ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ် မိသားစုများ သာရေးနာရေးအဖွဲ့က ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ မနေ့က အလှူအတန်း ပြုခဲ့ပါတယ် ( ရဲဘော်သုံးကျိပ်ဝင် အချို့။ ။(ရှေ့တန်း)- ဗိုလ်ဇေယျ၊ ဗိုလ်အောင်၊ နဂါအိ၊ ဗိုလ်တေဇ၊ ဗိုလ်မိုးကြိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်လရောင်။ (အလယ်တန်း)- ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်စောနောင်၊ ဗိုလ်ကျော်ဇော။ (နောက်တန်း)- ဗိုလ်တာရာ၊ ဗိုလ်မင်းခေါင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ဗလ၊ ဗိုလ်ရဲထွဋ်။ ) ရဲဘော်သုံးကျိပ် သွေးဖောက် သစ္စာပြုခဲ့တဲ့ နှစ်လည် အထိမ်းအမှတ်… Continue reading ကွယ်လွန်ပြီး ၂၈ ဦးကို ရည်စူး ရဲဘော်သုံးကျိပ်မိသားစုများ အလှူလုပ်

အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း 2011-12-26 မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုးမြင့်လုပ်ဆောင်ဖို့ အပါအဝင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး က ခရစ္စမတ်နေ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။ မနေ့က ဘာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ဟောပြောတဲ့ ခရစ္စမတ် သဝဏ်လွှာမှာ ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI) က ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြီးဆုံးအောင် ဆုတောင်းခဲ့ သလို မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပိုဖြစ်ပေါ်လာဖို့၊ ထိုင်းနိုင်ငံက ရေဘေးသင့်ပြည်သူ တွေ၊ အာဖရိကဒေသက ဒုက္ခသည်တွေအရေးနဲ့ ပါလက်စတိုင်း-အစ္စရေး ဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပနိုင်ရေးတွေကိုလည်း ထည့်သွင်း ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။… Continue reading အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ 2011-12-23 အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ တာဝန်ရှိပုဂ္ဂိုလ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက်ခဲ့ကြပါတယ်။ ပါတီမှတ်ပုံတင် လျှောက်ထားတာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဒီကနေ့ လက်ခံလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့က အားနည်းချက် တွေကို တတ်နိုင်သမျှ ပြုပြင်ပြီး လာမယ့်ရွေးကောက်ပွဲကို ပိုပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း အင်န်အယ်လ်ဒီ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။ “တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ကိုင်သွားဖို့ဟာ သူတို့ရဲ့ တာဝန်ပါ… ပေါ့။ ဝင်ပြိုင်မယ့် ပါတီတွေကလည်း သူတို့နဲ့ပူးပေါင်းပြီး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့… Continue reading ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ

မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေခ်ျ့မှ ပြန်ပို့မည်

News Date:12/21/2011 မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေခ်ျ့မှ ပြန်ပို့မည် Font size: Decrease font Enlarge font မောင်အေး ———— မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရောက်ရှိပြီး ယူအန်တွင် ဒုက္ခသည်များ အဖြစ် ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ပြန်လည် ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ AFP ၏ ယမန်နေ့က သတင်း တပုဒ်တွင် မြန်မာအရာရှိတဦးအပြောကို ကိုးကားပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလာဒေခ်ျ့ ရှိတ်ဟာဆီးနာနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သဘောတူညီမူ ရရှိခဲ့ကြောင်း၊ သို့သော်လည်း ထိုအထဲတွင် ရိုဟင်ဂျာ ဆိုသူ ဒုက္ခသည်များ… Continue reading မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေခ်ျ့မှ ပြန်ပို့မည်

ODA မပေးခင် လူ့အခွင့်ရေး ဆွေးနွေးဖို့ တိုက်တွန်း

ODA မပေးခင် လူ့အခွင့်ရေး ဆွေးနွေးဖို့ တိုက်တွန်း 2011-12-22 မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက အကူညီမပေးခင်မှာ လူ့အခွင့်ရေးကိစ္စတွေ ဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ (ဂျပန်ဌာနခွဲ)က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း လိုက်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မယ့် ခရီးစဉ် မစတင်ခင်မှာ AI က ဂျပန်နိုင်ငံခြားရေးဝန်ကြီး (ကိုအိ ချိရို့ ဂမ်းဘာ)ထံ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ရာမှာ အခုလို တောင်းဆိုလိုက်တာပါ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံမှာ ပြစ်မှု တစ်စုံတစ်ရာ ကြောင့်သာ အကျဉ်းကျနေသူ ရှိတယ်လို့ မြန်မာအစိုးရက ပြောထားတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို… Continue reading ODA မပေးခင် လူ့အခွင့်ရေး ဆွေးနွေးဖို့ တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော 2011-12-22 လာမယ့် ဇန်န၀ါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။ မနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက အဲဒါကို သတင်းကောင်းအနေနဲ့ ပါးခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်ထောက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က တရုတ်နိုင်ငံ ခွေမင်မြို့ကနေ ရန်ကုန်ကို ပို့ဆောင်ခံခဲ့ရပြီး ထောင်ဒဏ် ၁၇… Continue reading နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော

နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ ရဲေ

နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ ရဲဘော်များခင်ဗျား.. ၁၉၈၈ခုနှစ်က လသားအရွယ်သားငယ်လေးကိုထားပြီး စစ်တပ်ကိုပြန်တိုက်ဖို့ တောခိုထွက်ခွာသွားခဲ့သူ ကိုစိုး သိန်း ခေါ် ကိုထင်ကျော် ကို (တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသေးတဲ့ ) အခု ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ သားက လိုက်ရှာ လျက်ရှိနေပါတယ် ။ မောင်ထွန်းမင်းထက် ဆိုတဲ့ အဲဒီကလေးဟာ မိခင်ကို အဖေနဲ့ပတ်သက်လို့ မေးမြန်းခဲ့တဲ့အကြိမ်တိုင်း မိခင်က နင့်အဖေသေပြီ ငါ့ကိုနင့်အဖေအကြောင်း ဘာမှလာမမေးနဲ့လို့ပဲပြောဆိုခဲ့တာကြောင့် သူ့အဖေနဲ့ပတ်သက်ပြီး ဘာမှများများစားစားပြောပြနိုင်တာမရှိဘူးလို့ပြောပါတယ် ။ အဖေလုပ်သူရဲ့မိဘတွေ ( သူ့အဖိုးအဖွားတွေ) ရဲ့ နာမည်တွေကိုတောင် မသိဘူးလို့ပြောပြပါတယ် ။ အဒေါ်ဖြစ်သူပြောပြထားလို့သိရတာက သူ့အဖေဟာ ပဲခူးမြို့ မှော်ကန် ၂၃ လမ်း နေအိမ်ကနေ ထွက်ခွာသွား တာဖြစ်တယ် ၊ အဲဒီအချိန်က သူ့အမေအမည်က မသန်းသန်းဆွေဖြစ်တယ် ၊… Continue reading နိုင်ငံရေးနယ်ပယ်အတွင်းမှ မိတ်ဆွေများ ရဲေ

မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့

မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့ 2011-12-21 မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ မြန်မာ အစိုးရ အဆက်ဆက် သြဇာ အာဏာကြီးတဲ့ ဆင်ဆာအဖွဲ့ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း တိုက်ရိုက် ဝေဖန်တဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ရှေ့နှစ်ဆန်း ဇန်န၀ါရီလ ၁ ရက်ကနေ ၄ ရက် အထိ ကျင်းပမယ့် အနုပညာ လွတ်လပ်ခွင့်လို့ အဓိပ္ပါယ်ရတဲ့ Freedom… Continue reading မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့

KIO နဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ၁၁ ဦးကော်မတီ မြန်မာအစိုးရ ဖွဲ့စည်း

KIO နဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ၁၁ ဦးကော်မတီ မြန်မာအစိုးရ ဖွဲ့စည်း 2011-12-20 ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အစိုးရဘက်က အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီးကြောင်း အစိုးရက KIO ကို ဒီဇင်္ဘာ ၁၈ ရက်က အကြောင်းကြားခဲ့တယ်လို့ KIO အဖွဲ့က ပြောပါတယ်။ အခု အဖွဲ့ဟာ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ဖြစ်ကြောင်း KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။ အစိုးရက ပေးပို့လာတဲ့စာမှာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် အကြောင်းကြားထားပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း လက်မှတ်ရေးထိုး ထားတယ်လို့… Continue reading KIO နဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ၁၁ ဦးကော်မတီ မြန်မာအစိုးရ ဖွဲ့စည်း

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ 2011-12-20 မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။ အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံတာပါ။ အရင်တစ်ခေါက် ခရီးစဉ်အတွင်း မတွေ့ဆုံနိုင်ခဲ့တဲ့ကိစ္စ အပါအဝင် ကိစ္စအထွေထွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပေမယ့် ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိဘူးလို့ ဆိုပါတယ်။ ဆွေးနွေးပွဲမတိုင်ခင် ဆက်သွယ်မေးမြန်းတဲ့အခါ နှစ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ ကိစ္စတွေကို အဓိက ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ပျဉ်းမနားနေပြည်တော်မှာ… Continue reading ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Zarganar Wants Sanctions to End, Won’t R

Zarganar Wants Sanctions to End, Won’t Run for Parliament BANGKOK—Burmese comedian activist Zarganar called for the lifting of Western economic sanctions against Burma, but balked at formally joining the political arena and running for the military-dominated Parliament. The lifting of sanctions would bring much-needed aid to the country’s impoverished people, particularly the garment factory workers,… Continue reading Zarganar Wants Sanctions to End, Won’t R

Burma Democratic Concern (BDC) welcomes

Burma Democratic Concern (BDC) welcomes the US Secretary of State, Hillary Clinton, visits to Burma 2nd December 2011 Burma Democratic Concern (BDC) welcomes the US Secretary of State, Hillary Clinton, visits to Burma hoping that her visits will help paving ways for more positive political development in Burma leading toward genuine national reconciliation. Burma is… Continue reading Burma Democratic Concern (BDC) welcomes

လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ 2011-12-19 နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မြေယာ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အတွက် ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးနေသူ မန္တလေးမြို့က ရှေ့နေကြီး ဦးမြင့်သွင်ကို တရားလွှတ်တော်ချုပ်က ရှေ့နေလိုက်ခွင့် သုံးနှစ် ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒီအမိန့်စာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရကြောင်း ဦးမြင့်သွင်က ပြောပါတယ်။ ၂၀၁၁ ခုနှစ် ဆယ်လပိုင်းလောက်က တရားရုံးချုပ် ရုံးချိန်းတစ်ခုမှာ နောက်ကျသွားတဲ့ အတွက် ချိန်းတဲ့နေ့မှာ လျှောက်လဲချက် မပေးနိုင်ခဲ့တာကို အကြောင်းပြပြီး အခုလို လိုင်စင် သုံးနှစ် ရပ်နားခံရတာလို့ ဦးမြင့်သွင်က ပြောပါတယ်။ ဒါပေမယ့် ဦးမြင့်သွင်ဟာ အဲဒီ… Continue reading လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ်

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ် 2011-12-19 ပြန်လည် မှတ်ပုံတင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD ဗဟို အလုပ်အမှုဆောင် ကော်မတီက ရွေးကောက် တင်မြှောက်လိုက် ပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပတဲ့ NLD ပါတီ ပြန်မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို အဆိုပြု လျှောက်ထားခဲ့သူ ၂၁ ဦးရဲ့အစည်းအဝေးမှာ ခေါင်းဆောင် ၂ ဦးကို အခုလို ရွေးချယ် တင်မြှောက်ခဲ့တာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောဆိုပါတယ်။ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ… Continue reading ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင် 2011-12-18 နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။ ဒီအစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တာဝန်ပေးချက်အရ သူ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှု စစ်ဆေးပေးနေတဲ့ ဒေါက်တာတင်မျိုးဝင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်ကနေ… Continue reading ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို 2011-12-16 ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို သိရအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကြီး မနေ့က သွားရောက် တွေ့ဆုံတာပါ လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်လာအောင် အမြဲ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ တရုတ် မြန်မာ ဆက်ဆံရေးမှာ အပြန်အလှန် လေးစားယုံကြည်မှု အခြေခံပြီး တခြားနိုင်ငံရဲ့အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ကျင့်သုံးပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံဟာ… Continue reading ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သိရအောင် တွေ့တာလို့ တရုတ် ဆို

နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်

နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင် 2011-12-15 နိုင်ငံရေးအကျဉ်းသား အရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်အောင် မြန်မာ အစိုးရအပါအဝင် မည်သည့် အဖွဲ့ အစည်းနဲ့မဆို လက်တွဲဆောင်ရွက်နိုင် တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဒီနေ့ ပြောလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆ဝဝ လောက် ရှိနေပြီး ဒီထက် ပိုမိုတိကျအောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အတွက် AAPP က ထုတ်ပြန်ထားတဲ့စာရင်းနဲ့ ၁ဝဝဝ လောက် ကွာနေတာကြောင့် AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကို အာရ်အက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောတာပါ။ ဒါ့အပြင် ဦးရေစာရင်းက အဓိက မကျဘဲ… Continue reading နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်

ဗဒါသင်တန်းကြောင်း (အထက်မြန်မာပြည်) ကျောင

ဗဒါသင်တန်းကြောင်း (အထက်မြန်မာပြည်) ကျောင်းဖွင့်ပွဲ ဖိတ်ကြားခြင်း။ 17.12.2011 ရက် စနေ့နေ့ နံနက် 9း00 နာရီတွင် ပူးတွဲဖိတ်စာပါ အစီအစဉ်အတိုင်း ဗေဒါသင်တန်းကျောင်း (အထက်မြန်မာပြည်) မန္တလေးသင်တန်းကျောင်းတွင် နိုင်ငံရေးသိပ္ပံသင်တန်း အပါတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပမည်ဖြစ်ပါသဖြင့် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ မျိုးရန်နောင်သိန်း-95973021874 Director

ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှား

ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှား 2011-12-15 နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိတဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်က ရွှေညဝါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီစာကို ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ဆရာတော်ဆီ ပို့လိုက်တယ်လို့ ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမ အသိုင်းအဝန်းကတစ်ဆင့် သိရပါတယ်။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ရွှေညဝါဆရာတော် ဦးပညာသီဟ တရားဟောတဲ့ ကိစ္စကြောင့် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယက စုံညီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြောင်း ရေးသားထားပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ၃… Continue reading ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှား

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော 2011-12-15 မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ အင်န်အယ်လ်ဒီ စာရင်းအရ ၆၀၀ နီးပါးရှိနေပြီး ပိုမိုတိကျအောင် ပြန်လည်စိစစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ အာရ်အက်ဖ်အေက အပတ်စဉ်ထုတ်လွှင့်နေတဲ့ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေ တစ်ခုနဲ့တစ်ခု အရေအတွက် ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ တခြားမေးခွန်းတစ်ခုကို ဖြေကြားရာမှာ ပါတီဝင်ဟောင်းတွေကို ဘယ်လိုမူချ ပြန်လည် စိစစ်လက်ခံမယ်ဆိုတာ အင်န်အယ်လ်ဒီက မကြာခင် ကြေညာချက် ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ Copyright © 1998-2011 Radio Free Asia. All… Continue reading နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော

UNHCR လက်ထောက်မဟာမင်းကြီး မြန်မာအခြေအနေ အကောင်းမြင်

UNHCR လက်ထောက်မဟာမင်းကြီး မြန်မာအခြေအနေ အကောင်းမြင် 2011-12-14 မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ မြန်မာပြည်ခရီးစဉ်အပြီး မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ UNHCR ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် UNHCR ဒုက္ခသည်များ အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Erika Feller က အခုလို ပြောကြားလိုက်တာပါ။ Ms. Erika Feller က ထိုင်းမြန်မာနယ်စပ် မြန်မာဒုက္ခသည်တွေအရေး လေ့လာဖို့ ထိုင်းမြန်မာနယ်စပ်ကို သွားအပြီး မြန်မာနိုင်ငံကို ရောက်ခဲ့ကြောင်း၊… Continue reading UNHCR လက်ထောက်မဟာမင်းကြီး မြန်မာအခြေအနေ အကောင်းမြင်

ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ်

ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ် 2011-12-14 ၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။ အခုလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်လိုသူ ၂၁ ဦး အစည်းအဝေးကနေ ပါတီအကြီးအကဲတွေကို ရွေးချယ်မယ်လို့ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။ “၁၉ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးခေါ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေကို ရွေးမှာဖြစ်ပါတယ်။ ” ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ပါတီဖွဲ့စည်းပုံနဲ့ ပါတီမူဝါဒ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ဖို့ရှိတယ်လို့… Continue reading ဒီဇင်ဘာ ၁၉ ရက် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်သစ် ရွေးမယ်

နိုင်ငံေရးဆက်လုပ်မည့် အကျဉ်းသားကို လွှတ်ေပးမည်

နိုင်ငံေရးဆက်လုပ်မည့် အကျဉ်းသားကို လွှတ်ေပးမည် Published on December 12, 2011 by မင်းလွင်   · ြပည်သူ့​လွှတ်ေတာ် ဥက္ကဋ္ဌ သူရဦးေရွှမန်းက ယံုြကည်ချက်ေြကာင့် အကျဉ်းကျခံေနရသူေတွကို လွှတ်ေပးဖို့ နီးလာြပီလို့ ြပီးခဲ့တဲ့အပတ်က ေြပာသွားပါတယ်။ ဒါဟာ အစိုးရနဲ့ ပူးေပါင်းေဆာင်ရွက်နိုင်မယ့် နိုင်ငံေရး အကျဉ်းသားကို လွှတ်ေပးတာ ြဖစ်နိုင်တယ်လို့ နိုင်ငံေရးအကျဉ်းသား လွတ်ေြမာက်ေရးကို ေဆာင်ရွက်ေနတဲ့ ကိုတိုးေကျာ်လှုိင်က ေြပာပါတယ်။ “ဒီမုိကေရစီနုိင်ငံ​ တည်ေထာင်ေရးမှာ အားလုံး အင်အားစုအသီးသီး လက်တွဲပါဝင်ဖုိ့ လုိတယ်ဆုိတဲ့ ပုံသဏ္ဌာန်မျုိးလည်း တရားဝင်ေနတာ ရိှတဲ့အခါကျေတာ့ ဒီမုိကေရစီနုိင်ငံ ေဖာ်ေဆာင်ေရးမှာ ပူးေပါင်းေဆာင်ရွက်မယ်လုိ့ သူတုိ့ယုံြကည်တဲ့ လူေတွဆုိရင်ေတာ့ လွှတ်ေပးမယ်ဆုိတဲ့သေဘာ ကျေနာ် ခန့်မှန်းလုိ့ ရတယ်။” တဆက်တည်းမှာ လွှတ််ေတာ်ဥက္ကဋ္ဌ သူရဦးေရွှမန်းကေနြပီးေတာ့ လွှတ်ေပးေစချင်တဲ့ အကျဉ်းသားစာရင်းကိုေပးဖို့… Continue reading နိုင်ငံေရးဆက်လုပ်မည့် အကျဉ်းသားကို လွှတ်ေပးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင် 2011-12-13 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်္ဘာ ၁၂ ရက်စွဲနဲ့ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ရက်ပေါင်း သုံးဆယ်အတွင်း မှတ်ပုံတင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကိုပြောပါတယ်။ “နေပြည်တော် မှတ်ပုံတင် သွားလျှောက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံရော၊ မူဝါဒရော၊ အဲဒီ ၂၁ ဦးကနေ ရွေးချယ်တဲ့ ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင် အဲဒါတွေ လုပ်နေရပါတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့ သွားတင်မှာပါ” ပြည်သူလူထု တစ်ရပ်လုံအတွက် တစ်ဆင့်တက် လုပ်ဆောင်ဖို့ လမ်းပွင့်သွားပြီလို့ အင်န်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ “ဆက်လုပ်တဲ့နေရာမှာ တဆင့်တက်ပြီး တိုးတက်အောင် လုပ်သွားနိုင်ဖို့အတွက်… Continue reading အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင်

အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အချို့

အမှတ်တရ   ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တခေါတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး… Continue reading အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အချို့

အင်န်အယ်လ်ဒီလူငယ် ၈ ဦး ပိုလန်ဒီမိုကရေစီစနစ် လေ့လာ

အင်န်အယ်လ်ဒီလူငယ် ၈ ဦး ပိုလန်ဒီမိုကရေစီစနစ် လေ့လာ 2011-12-12 ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ၈ ဦးဟာ ပိုလန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို တစ်ပတ်ကြာ လေ့လာဖို့ ပိုလန်နိုင်ငံကို ရောက်နေပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ဘယ်လို အခြေခံတွေ တည်ဆောက်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ဒီခရီးစဉ်အတွင်း လေ့လာပြီး မြန်မာနိုင်ငံမှာ ပြန်လည် အသုံးချနိုင်မှာပါလို့ လေ့လာရေးအဖွဲ့ဝင် မအေးအေးငြိမ်းက ဆိုပါတယ်။ ၁၉၈၉ ခုက တွေ့ဆုံဆွေးနွေးပြီး ကွန်မြူနစ် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကူးပြောင်းနိုင်ခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ အတွေ့အကြုံတွေနဲ့ အဲဒီအချိန်က ပေါ်ပေါက်ခဲ့တဲ့ ပိုလန်ပြည်သူတွေရဲ့ Solicitor ခေါ် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုအကြောင်းကို ဒီဇင်ဘာလ ၁၇… Continue reading အင်န်အယ်လ်ဒီလူငယ် ၈ ဦး ပိုလန်ဒီမိုကရေစီစနစ် လေ့လာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးခင်အောင်မြင့်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးခင်အောင်မြင့်တွေ့ဆုံ 2011-12-12 ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှာရှိတဲ့ ဦးခင်အောင်မြင့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန် တနာရီလောက် ကြာတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ အခုလို တွေ့ဆုံတဲ့သတင်းကို ကြားရတာ ရှိပေမယ့် အတည်မပြုနိုင်ကြောင်း ပြောပါတယ်။ လွှတ်တော်အကြီးအကဲ ဦးခင်မောင်မြင့်ဟာ အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ ဒါဟာ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စမဟုတ်ကြောင်း ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁… Continue reading ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးခင်အောင်မြင့်တွေ့ဆုံ

ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော

ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော 2011-12-10 တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးသွားတာနဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတခုကို ခေါ်ယူမှာဖြစ်တယ်လို့ မြန်မာအစိုးရက ကတိပေးခဲ့ကြောင်း SSA (တောင်ပိုင်း) တပ်ဖွဲ့က RFA ကို ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KNU, KNPP, CNF တို့နဲ့လည်း မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပါတယ်။ SSA (တောင်ပိုင်း) တပ်ဖွဲ့အဖြစ် လူသိများတဲ့ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၂ ရက်နေ့က ရှမ်းပြည်နယ်… Continue reading ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော

Arakan Oil Watch Press Release Date: Dec

Arakan Oil Watch Press Release Date: Dec 9, 2011 For Immediate Release: Shwe Gas Project Operator Daewoo Must Listen to the Local People’s Voices Arakan people call for 24 hours of electricity from the Shwe Gas Project in Burma’s Arakan State Arakanese anger is increasing and actions demanding 24 hours of electricity from the Daewoo-… Continue reading Arakan Oil Watch Press Release Date: Dec

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ 2011-12-08 ဗာတီကန် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့အထူးကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အမှာစကား လက်ဆောင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Martino ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေး ပွင့်လင်းလာတဲ့ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေအအတွက် Vatican က ကောင်းချီးပေးလိုက်တာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်တစ်ရာပြည့် အခမ်းအနားမှာ… Continue reading ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရိုက်ကွင်းနေရာ အသုံးပြုခွင့် ပေးမည်ဟု ပြော

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရိုက်ကွင်းနေရာ အသုံးပြုခွင့် ပေးမည်ဟု ပြော 2011-12-08 မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဇာတ်ကား ရိုက်ကူးနိုင်ဖို့ ရုပ်ရှင်ရိုက်ကွင်းနဲ့ စတူဒီယိုတွေ တည်ဆောက်ရေးမှာ အသုံးပြုနိုင်အောင် ပဲခူးတိုင်းအတွင်းက မြေဧက ၁၀၀ ကို မြန်မာအစိုးရက အသုံးပြုခွင့်ပေးမယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားကို လာမယ့် ၂၀၁၅ ခုမှာ အပြီးရိုက်ကူးနိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ရုပ်ရှင် နယ်ပယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဒီဇင်ဘာလ ၃ ရက်က တွေ့ဆုံ ဆွေးနွေးအပြီး အစိုးရဘက်က အခုလို အကူအညီ ပေးမယ်လို့ ကြားရတာပါ။ ရုပ်ရှင်ရိုက်ကွင်း နေရာ ရရှိရေးအတွက် အစိုးရထံ အကူအညီတောင်းခံရာမှာ ယခင်က နိုင်ငံခြား ရေးဝန်ကြီး၊ ယခု ပဲခူးတိုင်း… Continue reading ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ရိုက်ကွင်းနေရာ အသုံးပြုခွင့် ပေးမည်ဟု ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်လည်စိစစ်

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်လည်စိစစ် 2011-12-08 နောက်ဆုံး စုဆောင်းရရှိတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို လာမယ့် သီတင်းပတ်ထဲမှာ ထုတ်ပြန်မယ်လို့ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ကောက်ယူနေသူတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒီစာရင်း အတိအကျ ထုတ်ပြန်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လက်မှတ်များ စုဆောင်းတဲ့အဖွဲ့ (Signature Campaign) က ကြိုးပမ်းနေတာပါ။ လောလောဆယ် စိစစ်ထားပြီးစာရင်းအရ နိုင်ငံရေး အကျဉ်းသား ဦးရေ ၅၅၀ လောက်ရှိပြီး အင်းစိန်ထောင်မှာ ရှိနေတဲ့ စာရင်းကို အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေကြောင်း ဦးဆောင်စိစစ်နေသူ ကိုတိုးကျော်က ပြောပါတယ်။ အင်းစိန်ထောင်တစ်ခုတည်းမှာ နိုင်ငံရေး အကျဉ်းသားဦးရေ ၂၀၀ လောက်ရှိနိုင်ကြောင်း ဦးတိုးကျော်လှိုင်က ပြောပါတယ်။ နောက်ဆုံး စိစစ်ပြီးစာရင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ၊ အမေရိကန်… Continue reading နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်လည်စိစစ်

အစိုးရတပ် ဗျူဟာကုန်းကို ကေအိုင်အေ ၀င်ရောက်တိုက်ခိုက်

အစိုးရတပ် ဗျူဟာကုန်းကို ကေအိုင်အေ ၀င်ရောက်တိုက်ခိုက် 2011-12-07 ရှမ်းပြည်မြောက်ပိုင်း မုန်းကိုး အခြေစိုက် အစိုးရ စစ်ဗျူဟာကုန်းကို ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ၃၈ တပ်တွေက ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီလောက်က ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်သတင်းတွေ အရ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဦးလနန်ကို မေးမြန်းကြည့်တဲ့အခါ- “မုန်းကိုးဘက်မှာ ရှိတဲ့ ဗျူဟာကုန်းလို့ပဲ ကျွန်တော် အကြမ်းဖျင်း သိရတယ်ခင်ဗျ။ မနက် အစောကြီး တစ်နာရီ ညသန်းခေါင်ပေါ့။ အဲဒီမှာ မိုးနည်းနည်း ရွာတဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က သွားတိုက်ခိုက်တော့ သူတို့ဗျူဟာမှူးနဲ့ တပ်ရင်းမှူး ကတော့ တရုတ်ပြည်ကမ်းမှာ… Continue reading အစိုးရတပ် ဗျူဟာကုန်းကို ကေအိုင်အေ ၀င်ရောက်တိုက်ခိုက်

NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ 2011-12-06 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် NED National Endowment for Democracy ခေါ် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အဖွဲ့  အကြီးတန်း ညွှန်ကြားရေးမှူး Mr. Brian Joseph က မနေ့က နေ့လယ် ၁၁ နာရီခွဲမှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်၊ ဒီလို တွေ့ဆုံရာမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့လည်း တက်ရောက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း အခွင့်အရေးများနဲ့ ပတ်သက်လို့ စည်းကမ်း… Continue reading NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်

ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ် 2011-12-06 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ဆရာဦးဝင်းတင်က အမှာစကား ပြောကြားပြီး အခမ်းအနား စီစဉ်သူ ဦးဇော်ဝင်း၊ အဆိုတော် ဆောင်းဦးလှိုင်တို့ကလည်း ဂီတပွဲတော် ဖြစ်မြောက်လာပုံကို ရှင်းလင်းပြောကြားကြပါတယ်။ ဦးဇော်ဝင်းက ပြောကြားရာမှာ နိုဝင်ဘာ ၂၅ ရက်က တေးဂီတပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်က တိုင်းပြုပြည်ပြု ဇာတိသွေးဇာတိမာန် တက်ကြွစေမယ့် တေးသီချင်းတွေ၊ လူငယ်တွေ တိုင်းကျိုးပြည်ကျိုး ဆောင်ချင်စိတ် နိုးကြွစေမယ့်… Continue reading ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်