Burma Democratic Concern’s statement on Mr Gambari’s visit to Burma

UN Special Envoy Mission Must Be Time Bound & Must Have Bench Marks Ma Zin Zin Myo Thant from Burma Democratic Concern(BDC) Mr Gambari will visit Burma on Jan 31 which will be his seventh visit after previous unsuccessful trips since he began his assignment in mid-2006. Mr Gambari reconfirmed that the good offices were… Continue reading Burma Democratic Concern’s statement on Mr Gambari’s visit to Burma

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူတရပ်လုံးအတွက် "ထောင်ချောက်"

Burma Democratic Concern(UK) မှ ကိုမောင်ကောင်း နှင့် မဇင်ဇင်မျိုးသန့် တို့၏ ၂၀၁၀ ရွေးကောက်ပွဲအမြင် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူအားလုံးတို့အတွက် အကြီးမားဆုံးသော ပရိယာယ်ထောင်ချောက် ဖြစ်ကြောင်းကို ကမ္ဘာတဝှမ်းလုံးရှိ ပြည်သူများအားလုံးအား သိရှိစေရန် နိုးဆော်တင်ပြထားပြီး လက်ရှိစစ်အာဏာရှင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံရေးသည် မည်သို့မျှ ပြောင်းလွဲ ကောင်းမွန်လာဖွယ်ရာ မရှိပုံများကို မီးမောင်းထိုး ရှင်းလင်းတင်ပြထားပါသည်။

Published
Categorized as Uncategorized Tagged

A mission to Burma

<!– A mission to Burma Boston Globe The United Nations special envoy to Burma visits the benighted land again this week; we urge him not to be seduced by the junta’s phony offer to hold elections. January 30, 2009 –> THE UNITED NATIONS special envoy for Burma, Ibrahim Gambari, is now en route for his… Continue reading A mission to Burma

Published
Categorized as News Tagged

ဒေါ်စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ NLD တိုက်တွန်း

ဒေါ်စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်) NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။ လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ… Continue reading ဒေါ်စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ NLD တိုက်တွန်း

Published
Categorized as News Tagged

လက်ခုပ်တီးမလား၊ ဒါမှမဟုတ် လက်ဖျောက်တီးမလား

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဟာ နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆိုပြီး နအဖစစ်အစိုးရနဲ့ အကျိုးရှိရှိ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုတာ၊ ကမ်းလှမ်းတာ၊ တိုက်တွန်းတာ၊ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချပေးတာ စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပမှာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြပါတယ်။ ဒါကိုကြည့်လိုက်ရင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ရှိသူတွေ သက်ဆိုင်သူတွေအားလုံးမှာ တွေ့ဆုံဆွေးနွေးဖို့လမ်းကလွဲပြီး အခြားမရှိဘူး။ ဒါမှ မဟုတ် အဆင်သင့်မဖြစ်သေးဘူး ဆိုတာ အတိအလင်း ဖော်ပြနေပါတယ်။ ဘယ်လိုပဲ ကြိုးပမ်းနေခဲ့ပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်ရသေးတာကတော့ “နအဖ”လို့ အမည်တပ်ထားတဲ့ စစ်အာဏာရှင်လူတစုကြောင့် ဖြစ်တယ်လို့ ရာနှုန်းပြည့် လက်ညှိုးထိုးလို့ရတဲ့အထိ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။ တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့… Continue reading လက်ခုပ်တီးမလား၊ ဒါမှမဟုတ် လက်ဖျောက်တီးမလား

Published
Categorized as Uncategorized Tagged

(၂၀၀၉)၊ ဂမ်ဘာရီနှင့် အနာဂါတ် ဒီမိုကရေစီ

လူထုအသံ ဆောင်းပါးသရုပ်ဖေါ် (၂၀၀၉) ခုနှစ်အတွင်း ချဉ်းနင်း ၀င်ရောက် လာသည်မှာတလပင် ပြည့်လုလု ရှိပြီ။ မြန်မာ ပြည်သူများ အနေနှင့်လောကငရဲ ကို ကျခံ နေရသည့် ကာလမှ လည်း (၂၀၀၈) ခုနှစ်မှ နောက်ထပ် တနှစ် တိုးလာခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင် တို့၏ နိုင်ငံတော် အာဏာ ကို အာသာ ငမ်းငမ်း ဆုပ်ကိုင် ရယူထားမှု၊ နိုင်ငံရေး အကျဉ်းသားများ အား ဖမ်းဆီး ချုပ်နှောင်ပြီး မတရား ထောင်ဒါဏ်များ ချမှတ် နေမှုတို့သည် မမြင်ချင်၊ မကြားချင်မှ အဆုံး ဆက်လက် အရှိန်ကောင်း နေဆဲသာ ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး မစ္စတာ… Continue reading (၂၀၀၉)၊ ဂမ်ဘာရီနှင့် အနာဂါတ် ဒီမိုကရေစီ

Published
Categorized as Uncategorized Tagged

Six million Burmese need food

By Jonathan Head Some rural areas of Burma have been plagued by rats The United Nations has warned of acute food shortages in parts of Burma, despite a better than expected rice harvest over the past year. Its World Food Programme has issued a report warning that six million people in Burma are now in… Continue reading Six million Burmese need food

Published
Categorized as Uncategorized Tagged

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

(NEJ) – စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။ ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့်… Continue reading ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

Published
Categorized as News Tagged

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်

(မဇ္ဈိမ)။ ။ အကျယ်ချုပ်နှင့် ပတ်သက်ပြီး လျှောက်လှဲချက်အပေါ် ဆွေးနွေးလိုပါသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံးသို့ အင်္ဂါနေ့တွင် လာရောက်ပါရန် ရန်ကုန် သတင်းရဲတပ်ဖွဲ့က ဦးကြည်ဝင်းကို လွန်ခဲ့သည့် စနေနေ့တွင် အကြောင်းကြားခဲ့သည်။ နေထိုင်မကောင်းဖြစ်နေသော ဦးကြည်ဝင်းမှာ သွားရောက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်ကို ကိုယ်စားလွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဦးလှမျိုးမြင့်က ခရီးထွက်ရန် ဘူတာရုံသို့ အဆင်းတွင် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရဲတပ်ဖွဲ့ အရာရှိများက အကြောင်းကြားခဲ့သည်။ “တင်္နလာနေ့မှာ (ဦး) လှမျိုးမြင့်က နေပြည်တော်သွားဖို့ ရထားပေါ် တက်မလို့ လုပ်တုံး အက်စ်ဘီအရာရှိတွေ ရောက်လာပြီး မသွားတော့ဖို့ တားတယ်” ဟု… Continue reading ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်

Published
Categorized as News Tagged

NCGUB appoints three new ministers

DVB 26 Jan 2009 Jan 26, 2009 (DVB)–The exiled Members of Parliament Union of Burma has appointed three new ministers to the National Coalition Government of Burma and reappointed Sein Win as prime minister at its fourth conference in Dublin. The new appointments on 24 January bring the number of cabinet ministers in the government… Continue reading NCGUB appoints three new ministers

Published
Categorized as News Tagged

ကြိုး

ကြိုး ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။ ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။ အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က မြင်နေကျ မြစ်ကြီးကို အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။ မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။ လူဆိုတဲ့ စက်တွေကို နှိုးဖို့  စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။ ယဉ်ပါးသွားတဲ့ ရောဂါဟာ ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့  ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။ ငါ့လက်ချောင်းတွေကိုကွေး မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။ ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။ ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့ အမှောင်ရက်ကြီးစိုးတဲ့ ခုလိုတောင်တက် ခရီးမျိုးမှာ တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်… Continue reading ကြိုး

Published
Categorized as Uncategorized Tagged

ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်

ရိုဟင်ဂျာ ပြဿနာများကို ဖြေရှင်းရန် အတွက် မြန်မာ စစ်အစိုးရက ထိုင်းအစိုးရကို အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ထိုင်းဘုရင့် တပ်မတော် စစ်သေနာပတိချုပ် Songkitt Jaggabatara က ယနေ့ ပြောကြား လိုက်သည်။ မြန်မာစစ်သားများ လက်ချက်ဖြင့် ဒဏ်ရာရလာသော ရိုဟင်ဂျာများကို ထိုင်းသူနာပြုများက ကုသပေးနေစဉ် (ဓာတ်ပုံ – အေပီ) ထိုင်း စစ်သေနာ ပတိချုပ်သည် မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ ၂၆ ရက်နေ့က နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ရိုဟင်ဂျာ ကိစ္စများကို ဖြေရှင်းရာတွင် မြန်မာ စစ်အစိုးရက ပါဝင်ကူညီမည်ဟု အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် ရိုဟင်ဂျာများမှာ တရားဝင် မြန်မာတိုင်းရင်းသား မျိုးနွယ်စု ၁၂၀… Continue reading ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်

Published
Categorized as News Tagged

ဒီချုပ်တွင် ဟောပြောပွဲလုပ်

ကိုဝိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။ သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က “မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ” ဆိုသည့် ခေါင်းစဉ်နှင့် ဦးသိန်းညွန့် ဦးဆောင်ဟောပြော ဆွေးနွေးနေစဉ် သွားခဲ့သည်။ ရှေ့နေ ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရားဥပဒေဘောင်အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေအကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ဗဟိုအလုပ်… Continue reading ဒီချုပ်တွင် ဟောပြောပွဲလုပ်

Published
Categorized as News Tagged

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။ “မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့… Continue reading မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို

Published
Categorized as News Tagged

အာဏာပိုင်များ တာဝန်ယူဖြေရှင်းသင့်

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။ ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို……..တဲ့ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့ ဒီလိုပြောပါတယ်.. သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ… Continue reading အာဏာပိုင်များ တာဝန်ယူဖြေရှင်းသင့်

Published
Categorized as News Tagged

Eleven families to resettle in UK

Monday, 26 January 2009 Teknaf, Bangladesh: Eight families from Nayapara refugee camp (the bigger of the two authorised camps for Burmese refugees in Bangladesh’s south-eastern Cox’s Bazar district) and three families from Kutupalong camp have been selected for resettlement in the United Kingdom (UK) on January 20, a refugee from Nayapara camp said. The families… Continue reading Eleven families to resettle in UK

Published
Categorized as News Tagged

လန်ဒန် ဆန္ဒပြပွဲ

Burmese Rohingya Organisation UK (BROUK) နှင့် Burmese Muslim Association UK (BMA) တို့မှ ဦးဆောင်၍ ထိုင်း နှင့် မြန်မာ စစ်အစိုးရတို့ ၏ လူသားခြင်းစာနာမှုကင်းမဲ့စွာ ရိုဟင်ဂျာများအား ဆက်ဆံမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြပွဲများ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံးနှင့် မြန်မာသံရုံးများရှေ့တွင် ကျင်းပခဲ့ကြပါသည်။ ထိုဆန္ဒပြပွဲများကို Burma Democratic Concern(BDC) ၊ ကချင်တိုင်းရင်းသားများအစည်းအရုံး၊ B.D.M.A၊ B.C UK နှင့် ကျောင်းသားလူငယ်များတက်ရောက်၍ စည်းလုံးစွာ ဆန္ဒပြခဲ့ကြပါသည်။

Published
Categorized as News Tagged

ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ တီထွင်သူများကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

သတင်းထောက်ကူပြ ဓါတ်ပုံ – ဂူးဂဲလ်(ကွန်ပြူတာ တီထွင်သူတဦး ဖြစ်သော Eckert ) ကမ္ဘာ့ ပထမဆုံးသော ခေတ်မီ ကွန်ပြူတာတလုံးကို လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ကျော်က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ သုတေသန စမ်းသပ်ခန်း တခုတွင် အောင်မြင်စွာ တပ်ဆင် နိုင်ခဲ့သည်။ ပထမဆုံးသော Memory မှတ်ဥာဏ်စနစ် ပါရှိလာသည့် အဆိုပါ ကွန်ပြူတာသည် Program တခုကို သိမ်းဆည်း ထားနိုင်သည့် အယင် ဦးဆုံး အောင်မြင်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 128bytes ပမာဏရှိသော Memory ကို တပ်ဆင်ထားပြီး အလေးချိန် တတန်ရှိသော ကွန်ပြူတာသည် ညွှန်ကြားချက် တခုကို အောင်မြင်စွာ Run နိုင်ခဲ့သည်။ ထိုနေ့ကား ကွန်ပြူတာ သမိုင်းအတွက် အထင်ကရ… Continue reading ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ တီထွင်သူများကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

Published
Categorized as News Tagged

မြန်မာကို ကမ္ဘာသိအောင်လုပ်သည့် နအဖ၏ အစွမ်း

ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသားသီချင်း မှားဖွင့်လို့ အရှက်ရ သတင်း – ခေတ်ပြိုင်ဇန်န၀ါရီ (၂၂) ရက်နေ့က ဂျာမနီနိုင်ငံ၌ မြန်မာသံရုံးမှ လွတ်လပ်ရေးနေ့အခမ်းအနားကို ဘာလင်မြို့ ဗီယက်နမ် စားသောက်ဆိုင်တခု၌ ညနေ (၆) နာရီမှ ည (၈) နာရီထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်သီချင်းအစား နာဇီခေတ်ဂျာမန်အမျိုးသားသီချင်းကို မှားဖွင့်ခဲ့သဖြင့် ဂျာမနီနိုင်ငံခြားရေးဌာနထိ တောင်းပန်ခဲ့ရသည်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံတော်သီချင်းဖြင့် အဖွင့်အမှာစကားပြောကြားရမည့်အစား နာဇီခေတ် ဂျာမနီနိုင်ငံ၏ အမျိုးသားသီချင်းကို မှားယွင်းဖွင့်မိခဲ့သည့်အတွက် မြန်မာသံရုံးမှတာဝန်ရှိသူများက ဂျာမန်နိုင်ငံခြားရေးဌာနသို့ လိုက်လံတောင်းပန်ခဲ့ရသည်ဟု သိရသည်။ ၎င်းတို့ဖွင့်ခဲ့သောသီချင်းသည် နာဇီခေတ်က အဖနိုင်ငံတော်ဟု အမည်ပေးကင်ပွန်းတပ်ထားသော သီချင်းဖြစ်ပြီး ထိုသီချင်းကို မဖွင့်ရန် တားမြစ်ထားသည်ဟု သိရသည်။ အဆိုပါပွဲအပြီးတွင် မြန်မာသံရုံးမှဝန်ထမ်းတဦး မူးယစ်ရမ်းကားသဖြင့် ကျန်ဝန်ထမ်းများနှင့် အနီးရှိ မြန်မာများက ၀င်ရောက်ဖျန်ဖြေပေးခဲ့ရသည်ဟု… Continue reading မြန်မာကို ကမ္ဘာသိအောင်လုပ်သည့် နအဖ၏ အစွမ်း

Published
Categorized as News Tagged

ဂမ်ဘာရီ ပြန်လာမည်

သုံးသပ်ချက် – မြလူ ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။ ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို… Continue reading ဂမ်ဘာရီ ပြန်လာမည်

Published
Categorized as Uncategorized Tagged

ဦးသန့် ရာပြည့်ဂုဏ်ပြုပွဲ

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် ၏ ရာပြည့်အထိမ်းအမှတ်အား မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ရှိ NLD လွတ်မြောက်နယ်မြေရုံးခန်းတွင် သံဃာတော်အရှင်မြတ်တို့အား ပင့်ဖိတ် လှုဒါန်း တရားတော်များနာကြား၍ အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။ ပေးပို့သူ- ကိုဥာဏ်လင်း (NLD လွတ်မြောက်နယ်မြေ – မလေးရှား)

Published
Categorized as News Tagged

လူတူမရှား

#fullpost {display:none;} လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမဲ့ အိုဘားမားနဲ့တူ တဲ့အတွက် သာမန် လူတယောက်ကနေ ချက်ခြင်းလက်ငင်း တီဗွီ စတားဖြစ်လာတာကတော့ အင်ဒိုနီးရှားနိင်ငံက အသက်၃၄ နစ်ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နဲ့ စီပွားရေးလုပ်ငန်းတွေကို ကြေညာရိုက်ပေးနေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့ မအားနိင်အောင်ဖြစ်နေတယ်လို့ ဆိုတယ်။ မလေးရှားလေဆိပ် ရောက်တုံးက လူတယောက်က သူကို ခင်ဗျား အိုဘားမားလား လို့ လာမေးတာကိုတောင်ခံရဘူးတယ်လို့ ဆိုတယ်။ မဂဇင်းတစောင်အတွက် လည်း ၀တ်စုံ ၀တ် အမေရိကန်အလံကိုနောက်ခံထားပြီးဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ်ရှိပေမဲ့… Continue reading လူတူမရှား

Published
Categorized as News Tagged

Untitled

အမြစ် လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းတဲ့ အတွေးပူဖောင်း တွေထဲမှာ ပေါ်လီယာနာကိုထည့် မြေပြင်မှာ ပျံဝဲဖို့ လွှတ်လိုက်တာပဲ။ သည်းခံခြင်းတရားကိုပန် ကစားသူတိုင်း နိုင်စေမယ့် ဂိမ်းသီအိုရီကျမ်းကြီးကိုလှန်ပြီး ပိတ်ထားတဲ့ နံရံတွေကို မမြင်ချင်ယောင်ဆောင် ၀ဲလာတဲ့ ပုဒ်မတွေကို ဟိုရှောင်ဒီရှောင်နဲ့  လက်တွေကို တတ်နိုင်သမျှဆန့် တန်း ဖယောင်းတိုင်တွေ လိုက်ကမ်းကြည့်မိတယ်။ ဒွါရတစ်ပေါက်မှ မရှိတဲ့ ခန္ဓာကိုယ်ကြီးထဲ လွှတ်လိုက်တဲ့ ပူဖောင်းတွေသာကွဲ ပေါ်လီယာနာလေးသာ သွေးတွေရွှဲသွားတော့တယ်။ ရင်ထဲက ထိုးခွဲထွက်လာတဲ့ ရထားဟာ ဒီဘူတာပဲ ပြန်ဆိုက်တော့တာပဲ။ ကောင်းကင်ကို

Published
Categorized as Uncategorized Tagged

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့်

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။ ၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါကအငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။… Continue reading ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့်

Published
Categorized as News Tagged

A New Government for Burma

Exiled democrats are planning a better future By SEIN WIN | From today’s Wall Street Journal Asia DUBLIN The Burmese junta’s disgraceful nonresponse to Cyclone Nargis last year called international attention to the direct human consequences of repressive rule in the Southeast Asian country. Since then, Burma’s economic plight has only worsened. It is time… Continue reading A New Government for Burma

Published
Categorized as Uncategorized Tagged

စာရေးဆရာဦးသန့် (သို့မဟုတ်) ငြိမ်းချမ်းရေးကိုချစ်သူ

(၁၉၀၉-၂၀၀၉ ဦးသန့်နှစ်(၁၀၀)ပြည့်အမှတ်တရ…) ၂၀၀၉ ခုနှစ် ဇန်ဝါရီလ ၂၂ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ နှစ်(၁၀၀)ပြည့်မြောက်သောနေ့ ဖြစ်ပေသည်။ ဦးသန့်သည် အာရှနိုင်ငံများမှ ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယမြောက် ခန့်ထားခြင်းခံရသော မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ ဦးသန့်ရှေ့မှ ပထမဆုံးအတွင်းရေးမှူးချုပ်မှာ ထရစ်ဗီလီး (နော်ဝေနိုင်ငံသား)ဖြစ်ပြီး ဒုတိယမြောက်အတွင်းရေးမှူးချုပ်မှာ ဒက်ခ်ဟမ္မားရှိုးလ် (ဆွီဒင် နိုင်ငံသား)ဖြစ်သည်။ မြန်မာနိုင်ငံမှ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခြင်းအတွက် ကမ္ဘာ့နိုင်ငံများအားလုံးက မြန်မာနိုင်ငံကို အသိအမှတ်ပြု လေးစားလာကြသည်။ အဓိက ဦးသန့်၏ ကမ္ဘာ့နိုင်ငံရေးပြဿနာများ၊ ကမ္ဘာ့လူသားအားလုံး၏ ငြိမ်းချမ်းရေးကိစ္စများတွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အပင်ပန်းခံကာ ကြိုးစားဆောင်ရွက်မှုကြောင့်လည်းကောင်း၊ ဥာဏ်ပညာအမြော်အမြင်နှင့် စိတ်ထားမွန်မြတ်မှု၊ သဘောထားကြီးမှု၊ မေတ္တာကရုဏာတရားနှင့် ကိုယ်ချင်းစာနာမှု စသည့် အခြေခံလူ့ကျင့်သိက္ခာ၊ စာရိတ္တကောင်းများနှင့် ပြည့်စုံမှုကြောင့်လည်းကောင်း၊… Continue reading စာရေးဆရာဦးသန့် (သို့မဟုတ်) ငြိမ်းချမ်းရေးကိုချစ်သူ

Published
Categorized as Uncategorized Tagged

ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း

Sydney Morning Herald ဇန်န၀ါရီ ၂၀၊ ၂၀၀၉ သြစတေးလျနိုင်ငံ၊ ရုပ်မြင်သံကြားသတင်းအစီအစဉ်တခုတွင် တွေ့ရသော မြန်မာပြည်သား ငါးဖမ်းလှေလုပ်သား ၂ ဦး။ (ဓာတ်ပုံ-ကေအေ၀ိုင်) ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောပါနေခဲ့သော မြန်မာလူငယ် ၂ဦးက ၎င်းတို့၏ သေကံမရောက် သက်မပျောက်သည့် အတွေ့အကြုံအချို့ကို ရှင်းပြခဲ့သည်။ ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။ ကိုကိုဦးက “ပထမ ဆယ်ရက်က ဘာမှ စားစရာမရှိဘူး” ဟု Thursday Island ဆေးရုံတွင်ရှိနေစဉ် စကားပြန်မှတဆင့် ရှင်းပြသည်။ “နောက်တော့ ပင်လယ်ငှက် အကြီးကြီး ၂ကောင် ရောက်လာပြီး ငါးအသေးလေးတွေကို… Continue reading ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း

Published
Categorized as News Tagged

တော့ရက်စ် ပင်လယ်အော် ကို အံတုခဲ့ တဲ့  မြန်မာနိုင်ငံသား နှစ်ဦး

တော့ရက်စ် ပင်လယ်အော် ရေလက်ကြား မှာရေခဲပုံးထဲမှာမျော်ပါလာတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ဇန္န၀ါရီလ ၁ရ ရက်နေ့ က တွေ့ရစဉ် ( ပုံ- သြစတေးလီးယား အကောက်အခွန်ဌာန) -၀င်းအောင်-ကင်ဘာရာ၊ သြစတေးလီးယား သြစတေးလီးယားနိုင်ငံပိုင်ပင်လယ်ထဲမှာ ရေခဲပုံးထဲမှာ မျော်ပါနေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂ဦးကို သြစတေးလီးယား အာဏာပိုင်တွေက တွေ့ရှိ ပြီး ကယ်ဆယ်ခဲ့ရတယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ၁၈ ယောက် စီးလာတဲ့ သူတို့ ငါးဖမ်းသင်္ဘောလှေ နစ်မြုပ်သွားပြီးနောက် ပင်လယ်ထဲမှာ ၂၅ ရက်ကြာမျော်နေခဲ့ကြတာ ဖြစ်ပါတယ်။ကယ်ဆယ်ခံခဲ့ကြရတဲ့ သူ ၂ ဦးဟာ အသက် ၂၂ နှစ် နဲ့ ၂၄ နှစ် ရှိ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး၊ သူတို့ ကို ရဟတ်ယာဉ်… Continue reading တော့ရက်စ် ပင်လယ်အော် ကို အံတုခဲ့ တဲ့  မြန်မာနိုင်ငံသား နှစ်ဦး

Published
Categorized as News Tagged

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။ အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။ အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂… Continue reading အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်

Published
Categorized as Uncategorized Tagged

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

#fullpost {display:none;} ကိုယ်ဝန်ဆောင်တောင် မရှောင်နိုင်တဲ့ နအဖ..တရားဥပဒေဆိုတာ ဘယ်မလဲ??? ယုတ်မာမှု့က တရိစ္ဆာန်တွေထက် အောက်တန်းကျတယ် Sunday, January 18, 2009ရေးသူ..တင်ကျော်ကျော်စိုး မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မကေသီအောင်မှာ ဒီဇင်ဘာလ ၂၉ ရက် နေ့က ကိုယ်ဝန်ခြောက်လအရွယ်တွင် သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။ သူမကိုဖမ်းဆီးစဉ်က စစ်ကြောရေးမှ နှိပ်စက်မေးမြန်းသည့်ဒဏ်၊ ထောင်ဝင်စာတွေ့ခွင့် (ဒီဇင်ဘာလက) မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း မွန်ခြင်း တို့ကြောင့် ဒီဇင်ဘာလထဲတွင် ထောင်ဒဏ်ချမှတ်ခံရပြီးသည့်နောက် သွေးအားနည်းပြီး မူးမေ့ လဲကျရာမှ ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ယခုအခါတွင် ဆေးဝါးအလုံအလောက်မရှိသည့် အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု သိရသော်လည်း မကေသီအောင်၏ လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ် ပါစိုးရိမ်ရကြောင်း မန္တလေး အိုးဘို ထောင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းက Freedom News Group… Continue reading ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

Published
Categorized as News Tagged

Media Campaign where everyone can participate

Burma Democratic ConcernBurma crisis is international crisis as everyone is bond in humanity. BURMA DEMOCRATIC CONCERN (BDC) values everyone’s participation and welcome anyone who love justice, freedom and human rights. We are doing the media campaign as part of our strategy for 2009. We are compiling videos clips (3-5 minutes each) from Burma’s supporters from… Continue reading Media Campaign where everyone can participate

Published
Categorized as News Tagged

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့သူရဲကောင်း အရှင်ဂမ္ဘီရ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။ မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။ “ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။ အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက… Continue reading အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

Published
Categorized as News Tagged

ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

အပြစ်မဲ့ရှေ့နေကို စစ်ခွေးအဆွဲခံရ နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူကို နယ်မြေခံအာဏာပိုင်များက ရုံးချိန်းအပြန်တွင် ဖမ်းဆီးလိုက်သည်။ ယခုလ (၁၅) ရက်နေ့ ရုံးချိန်းအပြီး ရန်ကုန်သို့ပြန်ရန် အောင်လံမြို့မှအထွက် ကားပေါ်တွင် နယ်မြေခံ (မယက)အာဏာပိုင်များနှင့် (SB)အဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ “ကိုဖိုးဖြူက ကိုဇော်ဌေးတို့အမှုကို သက်သေထွက်ပြီး ရန်ကုန်ကိုအပြန်မှာ မကွေးကနေ ကားစီးရမှာ မလုံခြုံလို့ အောင်လံကနေ ကားကိုသွားစောင့်ပြီး စီးတာ၊ အဲဒီမှာ ကားပေါ်မှာပဲ ဖမ်းလိုက်တာ၊ မနေ့က နေ့လည် (၁၂) နာရီခွဲလောက်မှာ ကားနဲ့ မကွေးကိုခေါ်သွားတာ တွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူတဦးက ပြောသည်။ ရှေ့နေကိုဖိုးဖြူသည် စစ်တပ်လယ်မြေသိမ်းယူသည့် ကိစ္စကို (ILO) သို့ တိုင်ကြားခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးနှင့် နက်မောက်မြို့မှ ဦးလှစိုးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။ “ကိုဖိုးဖြူက… Continue reading ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

Published
Categorized as News Tagged

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်

#fullpost {display:none;} မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။ VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့… Continue reading ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်

Published
Categorized as News Tagged

ပြည်တော်ပြန်မြန်မာများကိုလေဆိပ်ကပစ္စည်းသိမ်း

သူတောင်းစားဇာတ် က နေကြသော မြန်မာရဲ နှင့် လဝကများ ရေးသူ..တင်ကျော်ကျော်စိုး အသက်၃၅နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံမှပြန်လာသူ ကိုတင်ထွန်းအောင်၏ ပြောပြချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လ၀ကမှနိုင်ငံရပ်ခြားမှ စီးပွားပျက်ကပ်ကြောင့်အလုပ်ပြုတ်၍ ပြန်လာသူများကိုလေဆိပ်တွင်သေချာစွာစိစစ်၍ ရှာဖွေမှုများပြုလုပ်ကြောင်း သိရသည်။ စင်္ကာပူတွင် ၅နှစ်ကြာအလုပ်လုပ်ခဲ့၍ ဇန်န၀ါရီလ ၈ ရက်နေ့ ကရန်ကုန်မြို့သို့ပြန်လာခဲ့သူများကို လေဆိပ်လ၀ကနှင့်ရဲများက ပါလာသည့်ပစ္စည်းများကိုမွှေနှောက်ရှာဖွေ၍ ဟန်းဆက်၊ လပ်တောပ်အစရှိသည့်ပစ္စည်းမျာကို သိမ်းယူခဲ့ကြောင်းစုံစမ်း သိရှိရသည်။ “ကျွန်မကိုင်နေကြ လပ်တောပ်အဟောင်းလေးနဲ့ ပြန်ကါနီး ဂျူရောင်းကနေ ၀ယ်ခဲ့တဲ့အသစ်လေးတစ်လုံးပါတယ်။ လေဆိပ်ရောက်တော့ ရဲကော လ၀ကကောက အကောက်ခွန်ဥပဒေနဲ့ငြိတယ်၊ လူပါဖမ်းလို့ရတယ်ဆိုပြီး သိမ်းသွားတယ်၊ သွားပြောတော့ရံပုံငွေတစ်သိန်းထည့်ခဲ့ပါ လို့ပြောလို့ထည့်ခဲ့ရတယ်” လို့စင်္ကာပူတွင် စာရင်းကိုင်လုပ်ခဲ့သည့် မနီနီဦးက Freedom News Group သို့ပြောပြသည်။ “ကျွန်တော်ဆီကတော့ Sony… Continue reading ပြည်တော်ပြန်မြန်မာများကိုလေဆိပ်ကပစ္စည်းသိမ်း

Published
Categorized as News Tagged

ဘလောက်ဂါဆိုဒ်ကိုဝင်မရအောင်တားပြီ

ရေးသူ..ညွန့်သက်ထားဦး(Freedom News Group) ၂၀၀၇ခုနှစ်ကုန်ပိုင်းထဲကBlogger ဆိုသည့် ဘလောက်ပို(စ်)များတင်၍ရသည့်ဆိုတ်ကို တားမြစ်ထားသော်လည်း ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် မြန်မာဘလောက်ပို(စ်) တင်သူများလှည့်ဝင်၍ရသည့် https://www2.blogger.com ကိုပါပိတ်ချလိုက်သည် ဟုရန်ကုန်အခြေစိုက် ဘလောက်ဂါတစ် ဦးထံမှကြားရသည်။၁၄ ရက်နေ့တွင် ထူးဆန်းအံ့သြဖွယ်ရာ http://www.blogger.com မှပြန်တင်၍ရသည်အထိ ဆိုက်ကိုပိတ်ဆို့ထားခြင်းများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂၄နာရီအတွင်းမှာပင် မည်သည့်ပရောက်စီနှင့်မှ ကြည့်ရှု၍မရအောင် ပြန်လည်ပိတ်ဆို့လိုက်သည်ဟုသိရသည်။မည်သူ့ဆီက ပို့မှန်းမသိသော အီမေးတစ်ခုမှနေ၍လည်း ပြည်တွင်းအခြေစိုက် ဘလောက်ဂါတစ်ချို့ထံ ဘလောက်ကို ပိတ်ပစ်ရန်ခြိမ်းခြောက်သောစာများပို့ခဲ့သည်ဟု ကြားသိရသည်။ဘလောက်ဂါတစ်ဦးလည်းဖြစ်ပရိုဂရမ်မာတစ်ဦးလည်းဖြစ်သည့်ကိုကျော်ကျော်(နာမည်ရင်းမဟုတ်ပါ) က “ကြားရတာတော့ ဘလောက်စစ်ဆင်ရေးလုပ်မယ်၊ သူတို့အခုလုပ်နေတဲ့ပုံက IP တွေကိုစောင့်ဖမ်း တဲ့ ပုံစံလုပ်နေတာ”ဟုရှင်းပြသွားသည်။http://www.blogger.com သည်မြန်မာနိုင်ငံတွင်အသုံးအများဆုံးဘလောက်ဆိုတ်တစ်ခုဖြစ်ကာမြန်မာ ဘလောက်ဂါများ၏ ၈၀ရာခိုင်နှန်းကသုံးကြသည်ဟု သိရသည်။

Published
Categorized as News Tagged

ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ

သတင်းသမားမို့ ခရီးမကြာခဏ ထွက်ဖြစ်သည်။ မြန်မာပြည်အနှံ့ မြို့တော်တော်များများ ရောက်ခဲ့ဖူးပြီ။ ရောက်ခဲ့သည့် မြို့တွေအ၀င်တိုင်း အရောင်တူ အဓိပ္ပာယ်တူ ဆိုင်းဘုတ်တခုက စိတ်အနှောက်အယှက်ပေးမြဲ။ စိတ်ဆိုးဒေါသ ထွက်ရသလို ရယ်စရာကောင်းသည့် ဟာသတခု ဖတ်ရသလို ကြိတ်ရယ်ခဲ့ရမြဲ။ မတူကွဲပြားသည့် ရသနှစ်ခုပေးစွမ်းသည့် အစိမ်းရောင်အောက်ခံအပေါ် အဖြူရောင်စာလုံးများဖြင့် ရေးသားထားသော ဆောင်ပုဒ်တခု ဖြစ်သည်။ ထိုဆောင်ပုဒ်မှာ လွန်ခဲ့သော ၁၅နှစ်ကျော်လောက်ကတည်းက ပေါ်ခဲ့သော ဆောင်ပုဒ်ဖြစ်မည်ဟု သူထင်သည်။ ဘယ်ပညာရှိက ဖော်ထုတ်ပြီး အဆိုပါ ဆောင်ပုဒ် ရေးထားသော ဆိုင်းဘုတ်ကို မြို့တိုင်းမစိုက်မနေရ စိုက်ထူစေခဲ့သော ဆိုင်းဘုတ်မှန်းတော့မသိ။ သတင်းထောက်ဖြစ်ပြီး ဒီဆိုင်းဘုတ် အကြောင်း မသိသည်ကတော့ ညံ့ရာကျမှန်း ကိုယ့်ဘာသာ ၀န်ခံရပေမည်။ မြန်မာပြည်အ၀ှမ်းမြို့တိုင်းတွင်တွေ့ကြရသည့်ထိုဆိုင်းဘုတ်ကား….. “မြို့ရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်”ဟု ကြွေးကျော်ထားသော ဆိုင်းဘုတ်တော်ကြီးပင် ဖြစ်ပါသည်။ မြို့တမြို့… Continue reading ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ

Published
Categorized as Uncategorized Tagged

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်

လာမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖက ကျင်းပလို့ပြီးသွားရင်၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို အောင်မြင်သွားရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပျက်ပြားသွားမှာလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခန်း ဘယ်လိုဖြစ်သွားမှာလဲ။ တလောက တယောက်ကမေးလာပါတယ်။ သူက လေးလေးနက်နက်နဲ့ တကယ်ကိုသိချင်လို့မေးတာပါ။ ဒီအတွက် သူပူပင်နေတယ်ဆိုတာ သေချာပါတယ်။ နောက်တော့ ဒီလိုတွေးတောပူပင်မှုဟာ သူတယောက်တည်းမှာသာ ရှိတာမဟုတ်ဘူး။ တချို့လူတွေမှာလည်း ရှိတယ်ဆိုတာ သတိထားမိလာပါတယ်။ ပြဿနာက အခြေခံစဉ်းစားနည်းဖြစ်တယ်လို့ ထင်ပါတယ်။ တခုက ဒီနေ့ နအဖလက်ထက်မှာ ဖြစ်ပျက်တည်ရှိတာတွေဟာ တရားဝင်တယ် မဝင်ဘူး၊ တရားဥပဒေနဲ့ညီတယ်၊ မညီဘူး စသ ဖြင့် ငြင်းခုန်နေကြတာတွေကို ကြားဖူးကြမှာပါ။ တကယ်ကတော့ နအဖလက်ထက် ဗမာ ပြည်မှာ ဒီဟာတွေအားလုံးဟာ နှိုင်းယှဉ်ချက်ချည်းဖြစ်ပါတယ်။ ဒီနေ့အခါမှာ လူသတ်တာ မှန်သလား… Continue reading ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်

Published
Categorized as Uncategorized Tagged

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

#fullpost {display:none;}ဘယ်လိုစကားလုံးတွေသုံးပြီး ဒီမိစ္ဆာတို့ရဲ့လုပ်ရပ်တွေကို ချေပရမလဲဆိုတာတောင် စဉ်းစားရ ကျပ်လောက်အောင် မိုက်ရိုင်းမှု့က ကမ်းကုန်လွန်းလို့ “ကြားလို့မှကောင်းကြသေးရဲ့လား” လို့သာ အော်ပြစ်လိုက်မိတယ်ဗျာ!! 14 January 2009ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။ ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။… Continue reading အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

Published
Categorized as News Tagged

ညီအကို နှစ်ဦး အဖမ်းခံရ

လူစိတ်မဲ့ နအဖ နဲ့ ၎င်းတို့ရဲ့နောက်လိုက်ခွေးတွေကတော့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးမှု့တွေကို ဆထက်တဖိုး တိုး၍ကျူးလွန်နေကြပါသည်။ ထိုကဲ့သို့ အမှုမျိုးတွေကို ရပ်တမ်းမှရပ်ရန် ပြည်သူအားလုံး ညီညီညွတ်ညွတ်ဖြင့် တိုက်ပွဲဝင်ကြပါလို့ နိုးဆော်လိုက်ပါတယ်။ မဇ္ဈိမသတင်းဌာနအင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 19:18 – မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ညီအကို နှစ်ဦးအား ရဲများက ဇန်န၀ါရီ ၁၁ ရက်နေ့ညက နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့သည်။ လူငယ်တာဝန်ခံ ( ၁ ) ထက်စိုးလင်းနှင့် ကိုသက်ပိုင်မင်း တို့ကို မြို့နယ် ရဲများနှင့် အက်စ်ဘီ ရဲ ၂၀ ခန့်က လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဖွဲ့ချုပ်… Continue reading ညီအကို နှစ်ဦး အဖမ်းခံရ

Published
Categorized as News Tagged

မပန်းဝါသို့

ပေးပို့သူ ကိုဥာဏ်လင်း(မလေးရှား)အား အထူးကျေးဇူးတင်ရှိပါသည်။

Published
Categorized as Uncategorized Tagged