သန်းခေါင်စာရင်းကိစ္စ RNDP လက်မခံ

Win Maw Shwethanzin https://www.facebook.com/winmaw.shwethanzin

about an hour ago
.

Aung Than Tun’s status.

ဗြိတိသျှသံအဖွဲ့ နှင့် RNDP နိုင်ငံခြားဆက်ဆံရေးကော်မီတီတို့ တွေ့ဆုံကာ သန်းခေါင်စာရင်းကိစ္စအား ဆွေးနွေး၊ ကုလားများကြိုက်ရာနာမည်ထည့်ရေးကို ဗြိတိသျှတို့ လိုလားသော်လည်း RNDP လက်မခံ
==================

By Nyo Nyo Win

စစ်တွေ ၊ ၂၀ မတ်လ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့နံနက် ဆယ့်တစ်နာရီခွဲ အချိန်က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦး နှင့် ဗြိတိသျှ သံအမတ်ကြီး Andrew Patrick တို့ ဦးဆောင်သော သံအဖွဲ့နှင့် RNDP ၏ နိုင်ငံခြား ဆက်ဆံရေးကော်မီတီတို့ စစ်တွေမြို့ RNDP ဌာနချုပ်တွင် တွေ့ဆုံကာ လာမည့် သန်းခေါင်စာရင်းကောက်ခံမည့် ကိစ္စကို ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

လာမည့်သန်းခေါင်စာရင်းတွင် စာရင်းအကောက်ခံရသူများအနေဖြင့် မိမိတို့စိတ်ကြိုက်လူမျိုးနာမည်ကို ရေးထည့်ပိုင်ခွင့်ရှိသည် ဆိုသောအချက်ကို ဗြိတိသျှတို့ဘက်မှ တင်ပြခဲ့ကြပြီး၊ RNDP ဘက်ကမူ ခိုးဝင်ဘင်္ဂါလီများကိစ္စသည် အမျိုးသား လုံခြုံရေးရှုထောင့် လူဝင်မှုကြီးကြပ်ရေးပြဿနာ ရှုထောင့်မှချဉ်းကပ်ကိုင်တွယ်ရမည့် ကိစ္စသာ ဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည် ဟု သိရသည်။

ဘင်္ဂါလီတွေအဖို့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ကို သူတို့ကြိုက်တဲ့ လူမျိုးနာမည်ကို ထည့်တာ ဟာ သူတို့အတွက် လူ့အခွင့်အရေးဖြစ်တယ် ဆိုရင် အဲသလိုကြိုက်တဲ့နာမည်ကို ထည့်တာဟာ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေကို ထိခိုက်နိုင်တဲ့အတွက် ရခိုင်တွေက အဲသလို ထည့်ရေးခွင့်ကို လက်မခံဘဲ ငြင်းပယ်တာဟာ ရခိုင်တွေရဲ့ လူ့အခွင့်အရေး ဖြစ်တယ် ဟု RNDP ဘက်မှ ဦးခင်မောင်ကြီးက ချေပခဲ့သည် ဟု ဆိုသည်။

ဗြိတိသျှ နိုင်ငံခြားရေး နှင့် ဓနသဟာယ ရုံး၊ အာရှ ပစိဖိတ် ဌာနခွဲ ဒါရိုက်တာ စတီဖင်လီလီ (Stephen Lillie) က သန်းခေါင်စာရင်း ကောက်သည့်အခါ အကောက်ခံရသူ စိတ်ကြိုက် လူမျိုးနာမည်ထည့်ပိုင်ခွင့်ရှိခြင်းသည် နိုင်ငံတကာ စံနှုန်းဖြစ်သည် ဟု တင်ပြရာ၊ RNDP ၏ နိုင်ငံခြားဆက်ဆံရေးကော်မီတီ တာဝန်ခံ ဦးကျော်ဇောဦးက ရခိုင်အခြေအနေမှာ နိုင်ငံတကာစံနှုန်းအတိုင်း တသမတ်တည်း သတ်မှတ်ကိုင်တွယ် မရနိုင်သော အထူးအခြေအနေဖြစ်သည် ဟု ပြန်လည်ဆွေးနွေးခဲ့သည် ဟု ဆိုသည်။

အဘယ်ကြောင့်အထူးအခြေအနေဖြစ်ရသနည်း ဟု ဗြိတိသျှတို့ဘက်က မေးမြန်းရာ၊ မြန်မာနိုင်ငံ၏ သုံးပုံတစ်ပုံမျှသာ ကျယ်ဝန်းသော အိမ်နီးချင်းနိုင်ငံတွင် လူဦးရေမှာ မြန်မာနိုင်ငံလူဦးရေ၏ သုံးဆဖြစ်နေကြောင်း၊ လူဦးရေတိုးနှုန်းလည်း မြန်မာနိုင်ငံထက်များကြောင်း၊ ကုန်းမြေမှာလည်း ပင်လယ်ရေမျက်နှာပြင် အောက်သို့ တဖြည်းဖြည်းနိမ့်ကျ ပျောက်ဆုံးနေကြောင်း၊ တစ်ချိန်တည်းတွင် ထိုနိုင်ငံမှ လျှံထွက်ကျလာသော လူဦးရေသည် နိုင်ငံတကာသို့ရောက်လျှင် ရိုဟင်ဂျာ ဟု နာမည်ခံနေကြကြောင်း၊ အကယ်၍ ရိုဟင်ဂျာ ဟူသော နာမည်ဖြင့်သာ ထိုဘင်္ဂါလီများက မြန်မာနိုင်ငံတွင် လှုပ်ရှားသွားလာနေထိုင်နိုင်ရေးအတွက် လမ်းစပေါက်လာခဲ့လျှင် ဘင်္ဂါလာဒေ့ရှ်မှ နောက်ထပ်တိုးဝင်လာမည့် ဘင်္ဂါလီများအတွက် ဒီကနေကြိုစောင့် လက်ခံပေးသည့် အသိုက်အ၀န်း (host communities) ဖြစ်လာနိုင်ကြောင်း၊ ထိုအချက်သည်ပင်လျှင် ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတကာစံနှုန်းပေတံဖြင့် အခါခပ်သိမ်း တိုင်းထွာကာ ကိုင်တွယ်ဆောင်ရွက်ရန် မသင့်သည့် အထူး အခြေအနေဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည် ဟု ဦးကျော်ဇောဦးက Coral Arakan News အား ပြောကြားသည်။

၎င်းက “ခင်ဗျားတို့ ပြောတဲ့အတိုင်း ဆိုရင် ခရိုင်းမီးယားမှာ ရှိတဲ့လူတွေ ကိုယ့်ကိုယ်ကို ရုရှားလို့ခံယူတာကို လူ့အခွင့်အရေးလို့သတ်မှတ်တာနဲ့ အတူတူဘဲပေါ့လို့ ကျွန်တော်က ထောက်ပြခဲ့တယ်။ ဒီတော့ ဗြိတိသျှသံအမတ်ကြီးက ပြန်ဖြေတာက ကိုယ့်ကိုယ်ကို ရုရှားလူမျိုးတွေအဖြစ် သတ်မှတ်ပိုင်ခွင့်ကို သူ ထောက်ခံပါတယ်၊ ဒါပေမဲ့ အခုလို ယူကရိန်းကနေ ခွဲထွက်တာကိုတော့ မထောက်ခံဘူး လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော်က ပြန်ပြောခဲ့တာက အခု ဒီကရခိုင်နိုင်ငံရေးသမားတွေက ကြိုပြီးမြင်နေတာလည်း ဒီအချက်ပဲ။ လူမျိုးနာမည် အသစ် တစ်ခုခံတီထွင်ခံယူပြီးတဲ့နောက်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော်တို့ သိနေတယ် လို့ပြောခဲ့တယ်” ဟု Coral Arakan News အား ပြောကြားသည်။

ဗြိတိသျှသံအဖွဲ့က ယခုကဲ့သို့လာရောက်ဆွေးနွေးကို စိတ်ပျက်မိကြောင်း ဦးကျော်ဇောဦး က ဆိုသည်။ “လာပြီးတော့ စော်ကားတယ် လို့ပဲ ခံစားရတယ်။ ခင်ဗျားတို့က ရခိုင်ပြည်နယ်အရေးအတွက် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ် လို့ဆိုတယ်။ ခင်ဗျားတို့ဟာ ရခိုင်ပြည်နယ်အတွက် တကယ်စိုးရိမ်ကြောင့်ကြတယ် ရခိုင်ပြည်နယ်အရေးကို တကယ်ပဲ နားလည်တယ်လို့ ကျွန်တော်တော့ မထင်ဘူး လို့၊ ခင်ဗျားတို့ ဗြိတိသျှလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ဟာ ပြည်ပက ခိုးဝင်လာသူတွေဖြစ်သွားပြီ ဆိုတော့မှ ခင်ဗျားတို့ဟာ ရခိုင်အရေးကို တကယ် ကိုယ်ချင်းစာ နားလည်နိုင်မယ် ထင်တယ် လို့ ပြောခဲ့ပါတယ်” ၄င်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်းကာ ရခိုင်အမျိုးသားပါတီ (ANP) တည်ထောင်ခွင့် ကျပြီးဖြစ်သော်လည်း နှစ်ပါတီ ပေါင်းစည်း အလုပ်လုပ်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် (၃၀) ဦး အစည်းအဝေးကို လာမည့် မတ်လ (၂၃) နှင့် (၂၄) ရက်တို့ကျမှ စစ်တွေမြို့ ရွှေသဇင် ဟိုတယ်တွင် စတင်တွေ့ဆုံ ဆွေးနွေးကာ အလုပ်လုပ်ကြမည်ဖြစ်သည်။

လာမည့် သန်းခေါင်စာရင်းတွင် လူမျိုးစာတိုင်၌ လူမျိုးသင်္ကေတ သတ်မှတ်ပြီးသားမရှိသည့်လူမျိုးများအတွက် ဖြည့်သွင်းရသော ကုဒ်နံပါတ် (914) ၏ နံဘေးတွင် ရိုဟင်ဂျာ ဟု ရေးသားခွင့်ပြုခြင်းကို ဆန့်ကျင် ကန့်ကွက်ကြောင်း RNDP ပါတီက မတ်လ (၄) ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ကြေငြာချက်ထုတ်ပြန်ပြီး နောက်နှစ်ရက်ခန့်အကြာတွင် နှစ်ပါတီ ပေါင်းစည်းရေး ခွင့်ပြုချက်ကျလာပြီး RNDP ပါတီ၏ ရပ်တည်မှုမှာ အလိုက်အလျောက် ပျက်ပြယ်ခဲ့သည်။

ထို့နောက် မတ်လ (၁၆) ရက်နေ့တွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟု ရေးသားခွင့်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများမှာ ရခိုင်ပြည်နယ်တွင်း မြို့နယ် ဆယ်မြို့နယ် ကျော်တို့၌ ဖြစ်ပေါ်ခဲ့သည်။ လာမည့် မတ်လ (၂၃) ရက်နေ့တွင် တောင်ကုတ်၊ သံတွဲ ၊ ဂွ၊ ရမ်းဗြဲ၊ မန်အောင် နှင့် တပ်တောင် တို့တွင် အလားတူ ဆန္ဒပြ ကန့်ကွက်မှုများကို တစ်ပြိုင်နက်တည်း ပြုလုပ်ကြမည် ဖြစ်သည်။

အကယ်၍ လာမည့် မတ်လ (၂၁) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်ကို နောက်ဆုံးထားပြီး အစိုးရအနေဖြင့် ရိုဟင်ဂျာ ဟု ထည့်သွင်းခြင်းကို ခွင့်မပြုကြောင်းကို ကြေငြာချက် မထုတ်ပါက ရခိုင်မျိုးနွယ်စုများအားလုံး သန်းကောင်စာရင်းအကောက်မခံဘဲ သန်းခေါင်စာရင်းကို သပိတ်မှောက်ကြမည်ဖြစ်ကြောင်း “ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေး ကော်မီတီ” က ထုတ်ပြန်ကြေငြာထားသည်။

(Coral Arakan News အတွက် ညိုညိုဝင်း ရေးသားသည်။) — with Angle Black Angle and 4 others.

Leave a comment