Untitled
ဂဒါဖီ ကမ်းလှမ်းချက် နေတိုးပယ်ချ စနေ, 30 ဧပြီ 2011 လစ်ဗျားနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးအတွက် လစ်ဗျားခေါင်းဆောင် ဂဒါဖီရဲ့ ကမ်းလှမ်းချက်ကို နေတိုး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့လုပ်ပြတာပဲ လိုချင်တယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။ လစ်ဗျားပြည်သူတွေကို ခြိမ်းခြောက်နေသ၍ နေတိုးတပ်ဖွဲ့ကလည်း စစ်ပွဲ ဆင်နွှဲနေမှာပဲလို့လည်း ပြောပါတယ်။ ဆွေးနွေးရမယ့်အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မစ္စတာ ဂဒါဖီအပေါ်မှာ ယုံကြည်စိတ်ချရမှု လုံးဝ မရှိဘူးလို့လည်း လစ်ဗျားသူပုန်တွေက ဆိုပါတယ်။ စနေနေ့ အစောပိုင်းကတော့ ၁ နာရီခွဲကြာ ပြောကြားခဲ့တဲ့ မစ္စတာ ဂဒါဖီရဲ့ မိန့်ခွန်းထဲမှာ နေတိုး တပ်ဖွဲ့ကသာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ အသင့်ပဲလို… Continue reading Untitled
မီဇိုးရမ်းမှာ မြန်မာတွေ ဆက်ဖမ်း
မီဇိုးရမ်းမှာ မြန်မာတွေ ဆက်ဖမ်း By ကိုဇော်ဝင်းလှိုင်  စနေ, 30 ဧပြီ 2011 အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းပြည်နယ်မှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို ပြည်နယ်အစိုးရက ဒီကနေ့ စနေနေ့အထိ ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ်နေတုန်း ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေအကြား မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေ၊ လက်နက်ရောင်းဝယ်သူတွေ စတဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်သူတွေ များနေလာနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဇိုးရမ်း ပြည်နယ်အစိုးရ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်မှာ ရောက်နေကြတဲ့ တရားမ၀င် မြန်မာအလုပ်သမားတွေထဲက ၁၃ ယောက်ကို သင်္ကြန်အတွင်း ဧပြီလ ၁၅ ရက်နေ့မှာ တရားဝင်… Continue reading မီဇိုးရမ်းမှာ မြန်မာတွေ ဆက်ဖမ်း
Untitled
စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဥပဒေမူကြမ်းတင်ရန် အမေရိကန်ကို တိုက်တွန်း 2011-04-30 မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် တရပ် ဖွဲ့စည်း စေလွှတ်နိုင်ရေးအတွက် အမေရိကန် အစိုးရ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ဥပဒေမူကြမ်းတရပ် အဆိုပြု တင်သွင်းဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၃ ဖွဲ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စာရေးသား တောင်းဆိုလိုက်ပါတယ်။ (UN Photo/Jean-Marc Ferré) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်နေစဉ်။ (UN Photo/Jean-Marc Ferré) မြန်မာနိုင်ငံပေါ် အရေးယူ ဆောင်ရွက်နိုင်ဖို့ မေလ ၃ဝ ရက်နေ့ကနေ ဇွန်လ ၁၇… Continue reading Untitled
Untitled
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ကလေးများအဖွဲ့ နာယက ခန့်အပ် 2011-04-30 ကလေးများ အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ဆု ရွေးချယ်ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကလေးများအဖွဲ့ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့နာယကအဖြစ် ဂုဏ်ပြုခန့်အပ်လိုက်ပါတယ်။ Photo: Sofia Marcetic/World’s Children’s Prize မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆွီဒင်အခြေစိုက် ကမ္ဘာ့ကလေးများအဖွဲ့ နာယကအဖြစ် ဂုဏ်ပြုခန့်အပ်သည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ပြည်ပရောက် မြန်မာကလေးငယ်တဦးကို ဆွီဒင်ဘုရင်မ Silvia က ဖန်သားကမ္ဘာလုံးရုပ် ပေးအပ်နေပုံ ဖြစ်ပါသည်။(Photo: Sofia Marcetic/World’s Children’s Prize) ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆွီဒင်နိုင်ငံ Mariefred မြို့ Gripsholms နန်းတော်မှာ ကမ္ဘာ့ကလေးများအဖွဲ့က ကျင်းပတဲ့ ‘ကလေးအခွင့်အရေးဆိုင်ရာ… Continue reading Untitled
Untitled
ဆီးရီးယား ထိပ်တန်း တာဝန်ရှိသူတွေကို အမေရိကန်ဒဏ်ခတ် သောကြာ, 29 ဧပြီ 2011. ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို အင်အားသုံး နှိပ်ကွပ်နေတာကြောင့် အမေရိကန် ပြည်ထောင်စုက ဆီးရီးယား ထိပ်တန်းတာဝန်ရှိသူ ၃ ဦးကို တားဆီးပိတ်ဆို့မှုတွေလုပ်ပြီး အရေးယူလိုက်ပါပြီ။ ဆီးရီးယား ထောက်လှမ်းရေးနဲ့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်က ထိပ်ပိုင်း တာဝန်ရှိသူတွေကို အရေးယူလိုက်တာပါ။ အမေရိကန်မှာရှိတဲ့ သူတို့ပိုင်ဆိုင်တဲ့ အခြေပစ္စည်းတွေအားလုံး ချိတ်ပိတ်ဖို့နဲ့ အမေရိကန် ကုမ္ပဏီတွေအားလုံး သူတို့နဲ့ဆက်စပ်တဲ့ လုပ်ငန်းမှန်သမျှကို အကျုံးမ၀င်ကြောင်း သမ္မတအိုဘားမားက အုပ်ချုပ်မှုအာဏာအရ သောကြာနေ့က အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာပါ။ လက်တွေ့မှာတော့ ဒီပိတ်ဆို့မှုဟာ ထိရောက်တယ်လို့ ပြောလို့မရပေမဲ့ ဆီးရီးယားသမ္မတ အာဆဒ်အစိုးရက ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းနေတာကို ကန့်ကွက်တဲ့သဘောကို သရုပ်ဖေါ်လိုက်တာပဲလို့ ဆိုပါတယ်။ အခုပစ်မှတ်ထားတဲ့… Continue reading Untitled
Untitled
စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာအစိုးရ သက်ဆိုင်မှုမရှိဟု အကြံပေးပုဂ္ဂိုလ် ပြောကြား 2011-04-29 မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ပြောပါတယ်။ Photo: AFP / HO / MRTV သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP… Continue reading Untitled
Untitled
သတ်မှတ်နယ်မြေ မကျော်ဖို့ အပစ်ရပ်အဖွဲ့များကို အစိုးရစစ်တပ်သတိပေး 2011-04-29 နယ်စပ်ဒေသက အပစ်ရပ် တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အစိုးရ သတ်မှတ်ပေးထားတဲ့ နယ်မြေက ကျော်လွန်ပြီး တခြားနေရာတွေ ရောက်ရှိလို့ တစုံတရာ ဖြစ်လာရင် မြန်မာစစ်တပ်အနေနဲ့ တာဝန်မယူနိုင်ဘူးလို့ အပစ်ရပ်အဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ (Photo: AFP) တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP) အစိုးရက သတ်မှတ်ပေးထားတဲ့ နေရာမှာ ရှိမနေပဲ သတ်မှတ်နယ်မြေထက် ကျော်လွန် ရောက်ရှိနေရင် မိမိတပ်ရှိရာ မိမိပြန်ဝင်ဖို့လည်း မှာကြားထားတယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။ “နယ်စပ်ဒေသပေါ့၊ ဝ နဲ့ မုန်းလားဒေသမှာ ရှိတဲ့ သက်ဆိုင်ရာ ဗမာအစိုးရကနေပြီးတော့… Continue reading Untitled
Untitled
စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား 2011-04-29 ၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးအကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ Ad Hoc Commission on Depayin Massacre (Burma) ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ်… Continue reading Untitled
Untitled
မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို 2011-04-28 EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုခု ချမှတ် ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေမဲ့ကိစ္စမျိုးကို စဉ်းစား ဆုံးဖြတ်စေလိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီးကို ဧပြီ ၂၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။ (Photo: AFP) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈… Continue reading Untitled
Untitled
တော်ဝင်မင်္ဂလာပွဲ နဲ့ မြန်မာတော်ဝင်များ နန်းတော်ဆီ သွားတဲ့ လမ်းမ ဧပြီလ ၂၉၊ သောကြာနေ့မှာ လန်ဒန်မြို့မှာ ကျင်းပမယ့် ဗြိတိသျှ ဒုတိယ နန်းလျာ ဝီလျံ မင်းသား နဲ့ သာမန် အရပ်သူ ကိတ် မစ်ဒယ်လ်တန် တို့ရဲ့ မင်္ဂလာပွဲ ဟာ ဗြိတိသျှ နန်းတွင်း အစဉ်အလာ အတိုင်း ကျင်းပ ကြတော့မှာ ဖြစ်ပါတယ်။ သီပေါမင်းရဲ့ မြေးတော် အခု ရန်ကုန်မြို့မှာ နေတဲ့ ထိပ်စုဘုရားကြီးကလည်း ဝီလျံတို့ရဲ့ မင်္ဂလာပွဲကို ကောင်းချီးမင်္ဂလာ ဆုတောင်းပေးခဲ့ပါတယ်။ ထိပ်စုဘုရားကြီးဟာ သီပေါမင်းရဲ့ စတုတ္ထ သမီးတော်ကနေ မွေးဖွားခဲ့ပြီး အခု အသက် ၈၈ နှစ် အရွယ် ရှိပါပြီ။ အခု ဝီလျံတို့ တော်ဝင်… Continue reading Untitled
Untitled
မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့ By ဗွီအိုအေ (မြန်မာဌာန)  ကြာသပတေး, 28 ဧပြီ 2011 အမေရိကန်က ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပိတ်ပင်ဆုံး နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး ပိတ်ပင်ထားတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေဟာ အာရှမှာ ဘာသာရေးအတွက် လွတ်လပ်ခွင့် အပိတ်ပင်ဆုံး၊ အစိုးရိမ်ရဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်းမှာတော့ အီဂျစ်၊… Continue reading Untitled
Untitled
ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင် 2011-04-27 ပဲခူးတိုင်း အနောက်ဖက်ခြမ်း၊ သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။ (Photo: AFP) မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo:… Continue reading Untitled
Untitled
အမေရိကန်နိုင်ငံခြားရေးဌာန ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန် 2011-04-28 မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးရွားရွား ချိုးဖောက်နေဆဲ နိုင်ငံဖြစ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ (Photo: AFP) ဘာသာရေး ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေထိုင်နေသော ချင်းတိုင်းရင်းသား သားအမိနှစ်ဦးကို ခရစ်တော် လက်ဝါးကပ်တိုင်ပုံ ချိတ်ဆွဲထားသည့် လူနေခန်းတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ဒီကနေ့ ဧပြီလ ၂၈ ရက် နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ အခုလို ရေးသား ဖော်ပြလိုက်တာပါ။ မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ… Continue reading Untitled
Untitled
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု 2011-04-28 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။ (Photo: AFP) နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)… Continue reading Untitled
Untitled
Burma govt advisor ‘relying on Suu Kyi’ By NAY THWIN Published: 28 April 2011 Aung San Suu Kyi listens as a family member of a political prisoner talks during a ceremony to mark Human Rights Day in December 2010 (Reuters) The man appointed by Burma’s president to head a new economic advisory body says he… Continue reading Untitled
Untitled
မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဗြိတိန် ကူညီဆောင်ရွက်မည် 2011-04-27 မြန်မာနိုင်ငံက ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဟာ ကမ္ဘာ့တခြားနေရာတွေကို ကူးစက် ပြန့်ပွားသွားနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အဲဒီ မြန်မာ့ ငှက်ဖျားနှိမ်နင်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ (Photo: AFP) ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း တောတောင်များကြားတွင် ပုန်းလျှိုး တည်ရှိနေသည့် ဒုက္ခသည် စခန်းတခုတွင် ငှက်ဖျားရောဂါ ဖြစ်ပွားနေသော သမီးလေးကို ထွေးပွေ့ထားသည့် ကရင်အမျိုးသမီးတဦး ဖြစ်ပါသည်။ (Photo: AFP) ဒီနှစ်အတွက် မြန်မာပြည်က လူတသန်းကျော်ကို ကူညီနိုင်ဖို့ ဗြိတိန်နိုင်ငံနဲ့ တခြားအလှူရှင်တွေက အလှူငွေ တိုးမြှင့် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငှက်ဖျားလူနာပေါင်း ၁၆၆,၀၀၀ ကို မှန်ကန်တဲ့… Continue reading Untitled
Untitled
မြန်မာနိုင်ငံ လက်ရှိ အခြေအနေ ဂျပန်ကုန်သည်ကြီးများအသင်းကို တင်ပြ 2011-04-26 မြန်မာနိင်ငံမှာ အခုအချိန်ကာလဟာ စစ်အစိုးရက အရပ်သား အစိုးရအဖြစ် ပြောင်းလဲသွားပေမဲ့ နိင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာတစောင်ကို ဂျပန်ကုန်သည်ကြီးများအသင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဧပြီ ၂၆ ရက် ဒီကနေ့ ပေးအပ်လိုက်တဲ့အပြင် လက်ကမ်းစာစောင်တွေကိုပါ ဝေငှ ခဲ့ကြပါတယ်။ AFP ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၂၀ဝ ကျော် ၂၀ဝ၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့က ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP) မြန်မာနိင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့… Continue reading Untitled
Untitled
မြန်မာဒုက္ခသည်များ ပြန်မပို့ရေး ထိုင်းကို အမေရိကန်ပြောကြား 2011-04-27 ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ ပြန်ပို့မှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ကြောင်း လူဦးရေ ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူများအရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Eric Schwartz က ပြောကြားလိုက်ပါတယ်။ (Photo: AFP) ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP) RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဧပြီ ၂၅ ရက် တနင်္လာနေ့က အခုလိုပြောတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုမရှိနိုင်မဲ့ အခုလိုအချိန်မျိုးမှာ ထိုင်းအစိုးရက သူတို့ကို မြန်မာပြည်… Continue reading Untitled
ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦး
ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦးဆိုသူသည် ( ၂၀.၄.၁၁ ) ရက်နေ.နံနက်( ၁း၀၀ ) နာရီခန်.တွင်ပျဉ်းကတိုးသစ် တစ်တန်ခွဲခန်.တင်လာသော ဒေါ်ခင်ဝင်းဧ။်ကားကိုပဲခူးမြို.ဆေးရုံလမ်းဒေါင်.တွင် စောင်.ဖမ်းပြီး ကျပ်ငွေခုနှစ်သိန်းတောင်းခဲ.ပါသည်။ညှိနှုင်းဈေးဖြင်.  ငွေသုံးသိန်း ( ၃၀၀၀၀၀)ဖြင်.အဆင်ပြေခဲ.ပါသည်။ ၄င်းရဲအုပ်တင်ထွန်းဦးဆိုသူမှာ သူဆီးနေကျ မှောင်ခိုကား4W ဖြင်.  ဘုရားကြီးမြို.နယ်လမ်းဆုံအနီးရှိ ရွှေသံလွင် ဂိတ်တွင်လည်း မှောင်ခိုဝင်လာသောကားများကိုတစ်စီးလျှင် ငွေတစ်သိန်း နှုံးဖြင်.နေ.စဉ်လိုလိုသွားရောက်တောင်းခံခြင်းလည်းရှိပါသည် ၄င်းအပြင်ပဲခူးမြို.ပေါ်ရှိဥသာမြို.သစ်မှကေတီဗီ၊အနှိပ်ခန်းများတွင်လည်းညအချိန်တာဝန်ကိုဗန်းပြပြီးငွေကြေးတောင်ခြင်းများ၊အရက်သေစာသောက်စားခြင်းများကိုလည်းပြုလုပ်လျှက်ရှိပါသည်။ လစဉ်ကြေးအရနည်းသောလောင်းကစားဒိုင်များကိုလည်းဖမ်းဆီးမှု.များပြုလုပ်လျှက်ရှိပါသည်။သို.ပါရ။်ရဲအုပ်တင်ထွန်းဦးဧ။်ဆောင်ရွက်ချက်များသည်တရားမျှတမှု.မရှိဘဲကိုယ်ကျိုးရှာသက်သက်ဖြစ်နေသည်.အတွက် အထက်လူကြီးများသိစေရန်ယခုလို.ပြောကြားပေးပါခင်ဗျား။ ပဲခူးသား
ရည်ရွယ်ချက်။ ။ အထင်အမြင်၊ နားလည်မှုနှင့် လွဲမှားမှုများ ပပျောက်စေရန်
ရည်ရွယ်ချက်။   ။ အထင်အမြင်၊ နားလည်မှုနှင့် လွဲမှားမှုများ ပပျောက်စေရန် ကျွန်တော် ဦးမြတ်မင်းသူသည် ( ရန်ကုန် )ရတနာ့မေတ္တာအဖွဲ့တွင် စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။  ထို့နောက် မိမိ၏ သဘောဆန္ဒအရ နူတ်ထွက်စာ တင်ခဲ့ပါသည်။ နူတ်ထွက်ရခြင်းမှာ ပြဿနာတစ်စုံတစ်ရာကြောင့် မဟုတ်ပါ။ မိမိအနေဖြင့် လူမှုရေး လုပ်ငန်းများ ( အထူးသဖြင့် ကလေးသူငယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ ) ကို စိတ်ပျော်ရွှင် ချမ်းမြေ့စွာဖြင့် ပိုမိုအကျိုးပြု  ဆောင်ရွက်လို၍ နူတ်ထွက်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်၏ ဂုဏ်သိက္ခာ ကျဆင်းစေသော အပြုအမူ၊ အပြောအဆို၊ အရေးအသားများ ကြားသိရခြင်း၊ ကြုံတွေ့ရခြင်းတို့ကို သိရှိ၊ တွေ့ရှိရပါသည်။ အထင်မြင် လွဲမှားမှုကြောင့်ဖြစ်စေ၊ ရည်ရွယ်လျှက် ဖြစ်စေ ကျွန်တော့်အနေဖြင့် ရှင်းပြပေးရန် လိုအပ်လာပါသည်။… Continue reading ရည်ရွယ်ချက်။ ။ အထင်အမြင်၊ နားလည်မှုနှင့် လွဲမှားမှုများ ပပျောက်စေရန်
ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု
ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု “စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်“ ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ သီးခြားကိုယ်ပိုင် ရပ်တည်ခွင့်… Continue reading ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု
ဦးပိုင်ရှယ်ယာ သတင်းဆိုး
ဦးပိုင်ရှယ်ယာ သတင်းဆိုး ကိုဖိုးတရုတ် ခေတ်သစ် ၂ဝ၁၁ ခုနှစ် နိုင်ငံတော် အာဏာလွှဲပြောင်းမှု ဆောင်ရွက်ပြီးတဲ့နောက် တိုင်းမှူးတွေက အာဏာ လက်မဲ့ ဘဝမှာ အလုပ်မရှိ အလုပ်ရှာကာ တပ်တွေလှည့်လည် စစ်ဆေးနေရပါတယ်။ ဦးပိုင်ရဲ့ ဖြတ်တောက်မှုအောက်မှ တပ်မတော်သားများ အနေနဲ့ မွန်းကျပ်နေရတဲ့အထဲ တပ်မတော် စည်းရုံးရေးကော်မတီ ခေါင်းစဉ်အောက်ကနေ တခါမှ မလုပ်ဘူးတာတွေ လျှောက်လုပ် နေရတာတွေကြောင့် တပ်တွေမှာ အစိုးရသစ်နဲ့ တပ်ချုပ် (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) အသစ်အောက်တွင် အတော်လေး ကိုးယိုးကားရားနိုင်သော ဖြစ်ရပ်များ ဖြစ်နေရကြောင်း စစ်ဘက် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်ချုပ် အသစ်ပြောင်းပြီ ဆိုသော်လည်း နိုင်ငံအကြီးအကဲလည်း မဟုတ်၊ တပ်ချုပ်လည်း မဟုတ်တော့တဲ့ ဗိုလ်ချုပ်မှူးကြီး အပွင့်တပ်ထားသော ဦးသန်းရွှေအား မည်ကဲ့သို့… Continue reading ဦးပိုင်ရှယ်ယာ သတင်းဆိုး
ဘင်္ဂလာဒေရှ့်  ရခိုင့် အရေး ကယ်မည့် သူဝေး
(၂၄ /၀၄/၂၀၁၁/ နံက် ၇ နာရီ   )                 ဘင်္ဂလာဒေရှ့် နိုင်ငံ ဖလံတောင် ဒေသ၌ ရခိုင်နှစ်ဆန်းတရက်နေ့  ဖြစ်ပွါးခ့ဲသော ကုလားရခိုင် အဓိကရုဏ်းတွင် ပထမဆုံး ရင်ဂွါမြို့ နယ် ဘိုရိုးဗီးလာရွာတွင် ကုလားလူမျိုး သုံးဦးသေဆုံး ပြီးသည်နှင့် ဇာတ်လီယာရွာ ကားလမ်းမ ခွဆုံတွင် နေထိုင်လျက် ရှိနေသော ကုလားများမှာ တရားဥပဒေ အရဖြေရှင်းရန် မကြိုးစားပဲ ဘာသာရေးအစွန်းရောက် တစ်စု၏ လှုံဆော်မှုကြောင်း အောက်ပါအတိုင်း ရင်နင့် ဖွယ်ရာဖြစ်ပေါ်ခဲပါတော့ သည် အခင်းဖြစ်ပွားပြီး နာရီပိုင်းအကွာ ဇာတ်လီယာရွာမှ BNPပါတီခေါင်းဆောင် ချာဇာဟန်း ၅၃ နှစ်                                                                                                                 (ယခုဘင်္ဂလာဒေရှ်… Continue reading ဘင်္ဂလာဒေရှ့်  ရခိုင့် အရေး ကယ်မည့် သူဝေး
Untitled
ကုန်ဈေးနှုန်းတက်လို့ ဆင်းရဲတွင်းနက်နိုင် By ဗွီအိုအေ (မြန်မာဌာန)  အင်္ဂါ, 26 ဧပြီ 2011 အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က အစားအသောက် ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်ကုန်တာကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နက်ရှိုင်းတဲ့ ဆင်းရဲတွင်းထဲကို ကျရောက်သွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ မနီလာအခြေစိုက် ငွေထုတ်ချေးတဲ့ အဖွဲ့ကြီးက ကမ္ဘာ့အစားအစာဈေး ဖောင်းပွမှုနဲ့ ဖွံ့ဖြိုးဆဲအာရှလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန်ရာမှာ ဒီနှစ် အစပိုင်းတွေထဲမှာ ဒေသတွင်း စီးပွားရေး အတော်များများမှာ ပြည်တွင်း အစားအစာဈေး ဖောင်းပွမှုနှုန်းဟာ ပျမ်းမျှခြင်းအားဖြင့် ၁၀% ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှုန်းထားအတိုင်း ဆက်တက်နေမယ် ဆိုရင်တော့ နောက်ထပ် လူသန်းပေါင်း ၆၄ သန်းရဲ့… Continue reading Untitled
Untitled
မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး By ဦးသားညွန့်ဦး  တနင်္လာ, 25 ဧပြီ 2011 ဓာတ်ပုံ state.gov မစ္စတာ အဲရစ် ရွှာ့ဇ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရမယ့်အချိန် မရောက်သေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ယူဆထားတဲ့အတွက် ဒီဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက်တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရမယ့်အချိန်… Continue reading Untitled
Untitled
စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ 2011-04-25 ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း မကြာခင် စစ်သင်တန်းတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးတာနဲ့ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတဲ့ ချင်းလူငယ် အများအပြား အနီးဆုံး အိန္ဒိယ နယ်စပ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ (RFA Map) ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပူးဗာလီယန်း က RFA ကို ပြောပါတယ်။ “ဪ ဒီမှာတော့ ဖလမ်းမှာပဲ ပြည်သူ့စစ် သင်တန်းတွေ ခေါ်တဲ့အခါကျတော့ လူငယ်တွေက ပြည်သူ့စစ် သင်တန်း ဝင်ပြီးရင်… Continue reading Untitled
Untitled
ဆက်ဆံရေး တိုးမြှင့်ဖို့ မြန်မာအစိုးရသစ်ကို အမေရိကန်တိုက်တွန်း 2011-04-26 မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခြင်းအားဖြင့် အကျိုးရှိနိုင်ကြောင်း၊ မြန်မာအစိုးရဟာ နောက်ဆုးံမှာတော့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မလွဲမသွေ ပေါင်းသင်း ဆက်ဆံရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်က ပြောဆိုလိုက်ပါတယ်။ (Photo: RFA) အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ယွန် ဖြစ်ပါသည်။ (Photo: RFA) မြန်မာ့တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့… Continue reading Untitled
Release Political Prisoners now!!!
Attn; Mr.Barack Obama President of U.S.A. Excellence sir; Now,Our global Burma’s democratic forces have act Signature’s world wide campain with Daw Aung Sann Suu Kyi’s NLD & Burma’s National Networks to release all political prisoners and to peace talk on general amnesty by showing of good policy of President of Myanmar,Mr.Thein Sein before our people’s… Continue reading Release Political Prisoners now!!!
DICTATOR WATCH
DICTATOR WATCH (www.dictatorwatch.org) Contact: Roland Watson, roland@dictatorwatch.org RESPONSE TO DAVID STEINBERG April 12, 2011 Please forward. We received the following reaction from David Steinberg to our statement about the Washington SAIS conference. (Of note, Mr. Steinberg, and also Priscilla Clapp, former U.S. Charge d’Affaires to Burma, both subsequently argued at the conference that the recent… Continue reading DICTATOR WATCH
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကြေညာချက်ထုတ်ပြ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကြေညာချက်ထုတ်ပြန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ် မနေ လိုအပ်နေတဲ့အတွက် “အမျိုးသား ပြန်လည်စေ့စပ်ညှိနှိုင်း ဆွေးနွေး အဖြေရှာ ရေးကော်မတီ”တရပ်အား မဖြစ်မနေဖွဲ့စည်းပြီး တိုင်းပြည်ရဲ့ အကျပ်အတည်းမျိုးစုံ ကို အလျင်အမြန် ဖြေရှင်းကြဖို့ကို တောင်းဆိုထားပါတယ်။ ပတ္ထနိက္ကုဇ္ဇန ကံဆောင်မှုကို ဆက်လက် ပြုလုပ် ထားကြောင်း ကြေညာချက်ထဲမှာ ဖေါ်ပြ အဲဒီလို ကော်မတီဖွဲ့ရာမှာ ပြည်သူလူထု လေးစား ယုံကြည်သော ဝါရင့်နိုင်ငံရေး သမားကြီးများ၊ စာပေ အနု ပညာနယ်ပယ်မှ အသိပညာရှင်များ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီ အင်အားစုများ ပါဝင်စေဖို့ကိုဖေါ်ပြထားပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး လက်ရှိအစိုးရသစ် ဖွဲ့ထားပေမယ့်လည်း တိုင်းပြည်မှာ ငြိမ်းချမ်းမှု… Continue reading သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကြေညာချက်ထုတ်ပြ
Untitled
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာအနွယ်ဝင်များ လယ်မြေ အလုခံရ 2011-04-22 ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း၊ ခါကာဆိုးရီးခရိုင်က လူနည်းစု ဗုဒ္ဓဘာသာဝင် မရာမာ လူမျိုးစုတွေဆီကနေ လူများစု ဘင်္ဂါလီ လူမျိုးတွေက အခုလ ၁၇ ရက်နေ့က အကြမ်းဖက် လုယက်ခဲ့တဲ့ စိုက်ပျိုးမြေတွေကို အခုအခါ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခေတ္တ ထိန်းသိမ်းထားလိုက်ပြီလို့ သိရပါတယ်။ သက်ဆိုင်ရာက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပြီးမှ စိုက်ပျိုးမြေတွေကို အမှန်တကယ် ပိုင်ဆိုင်သူတွေကို ပြန်ပေးမယ်လို့ ပြောပါတယ်။ စစ်တကောင်း တောင်တန်းပေါ်ရှိ မာရမာလူမျိုးတွေ နေထိုင်ရာ ကျေးရွာတွေက စိုက်ပျိုးမြေတချို့ကို ဘင်္ဂါလီ လူမျိုးတွေက အတင်း ဝင်ရောက် နေအိမ်တွေ ဆောက်လုပ်ခဲ့လို့ ပဋိပက္ခ ဖြစ်ပွားပြီး လူတချို့ သေဆုံးကာ မာရမာ ကျေးရွာ ၄… Continue reading Untitled
Untitled
Untitled
အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန် By မသင်းသီရိ  သောကြာ, 22 ဧပြီ 2011 မြန်မာနိုင်ငံ အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှိတရားအဖြစ် ရှုမြင်ခြင်းသာဖြစ်ပြီး တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ဘူးလို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တဲ့ အကြောင်းကို ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးမှာ တခြား ဘယ်လို ကိစ္စတွေကိုပါ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို မသင်းသီရိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေအပြင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင်… Continue reading Untitled
Untitled
Time မဂ္ဂဇင်း သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြ 2011-04-22 အမေရိကန် ပြည်ထောင်စုမှာ မနေ့က ထုတ်ဝေတဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၁ ခုနှစ် အတွက် သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြလိုက်ပါတယ်။ (Photo: AFP) နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူတဦးအဖြစ် ဖော်ပြထားပြီး တရုတ်ပြည် တီယင်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့… Continue reading Untitled
Untitled
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သမ္မတထံပေးစာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး 2011-04-22 ဒီရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်ထံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ဝိုင်းဝန်း တောင်းဆိုတဲ့စာကို မိမိ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း RFA က ထုတ်လွှင့်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ (Photo: AFP) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) “ယခုရက်ပိုင်းအတွင်းက ဒီမိုကရေစီ လိုလားသူများအနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပန်ကြားလွှာ ရေးသားရာမှာ ပြည်ပရောက်… Continue reading Untitled
BDC မှ မျိုးချစ်တပ်မတော်သားများကွန်ရက်ကို လှိုက်လှဲဝမ်းသာစွာ ကြိုဆို
Burma Democratic Concern (BDC) မြန်မာပြည်ဒီမိုကရေစီရရှိရေးဆောင်ရွက်သူများအဖွဲ့ကြီး BDC မှ မျိုးချစ်တပ်မတော်သားများကွန်ရက်ကို လှိုက်လှဲဝမ်းသာစွာ ကြိုဆိုလိုက်ကြောင်းကို ဧပြီလ ၁၈ ရက် ၂၀၁၁ ခုနှစ်မှာ ကြေငြာချက်ထုတ်ပြန် လိုက်ပါတယ် Burma Democratic Concern (BDC) အဖွဲ့ကြီးအနေဖြင့် BBC မြန်မာပိုင်းအစီအစဉ်မှာ ဖော်ပြ ပါရှိသော ၁၈ ဧပြီ၂၀၁၁ ရက်စွဲပါ မျိုးချစ်တပ်မတော်သားများကွန်ရက်ကို လှိုက်လှဲစွာ ကြိုဆိုလိုက် ပါသည်။ BBC မြန်မာပိုင်းသတင်းအရဆိုလျှင် မျိုးချစ်တပ်မတော်သားများကွန်ရက် မှာ ကြည်း၊ရေ လေ တပ်မတော်သားများဖြင့် ဖွဲ့စည်းထားပြီး တပ်သားအဆင့်မှ ဗိုလ်ချုပ်အဆင့်အထိ တပ်မတော်သား များပါဝင်ပါသည်။ ဒါနဲ့ပတ်သက်ပြီး BBC မြန်မာပိုင်းအစီအစဉ်မှာသွားရောက် ကြည့်ရှုနိုင်ပါတယ်။ BBC မြန်မာပိုင်းအစီအစဉ်သတင်းအရဆိုလျှင် မျိုးချစ်တပ်မတော်သားများကွန်ရက်မှာ အဖွဲ့ဝင်များ သည် –… Continue reading BDC မှ မျိုးချစ်တပ်မတော်သားများကွန်ရက်ကို လှိုက်လှဲဝမ်းသာစွာ ကြိုဆို
BDC-TV: Welcoming Burma’s Patriotic Military Network
Untitled
ငြိမ်းချမ်းရေးဆွေးနွေးမှု တဖွဲ့ချင်းလုပ်မည်မဟုတ်ကြောင်း UNFC ပြောဆို 2011-04-21 အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ဆွေးနွေးမှာ မဟုတ်ပဲ တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးဖို့ကိုသာ မူဝါဒချမှတ်ထားကြောင်း UNFC ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောဆိုပါတယ်။ (Photo: AFP) နာဂ တိုင်းရင်းသား ပွဲတော်မြင်ကွင်း ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပင်လုံသဘောတူညီချက်အရ လူမျိုးတိုင်း တန်းတူ အခွင့်အရေးကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို လိုလား တောင်းဆိုနေကြပါသည်။ (Photo: AFP) အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ပြီးခဲ့တဲ့ နှစ်က စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စနဲ့… Continue reading Untitled
Untitled
UNFC မှ နုတ်ထွက်သည့်သတင်း မမှန်ကြောင်း SSA မြောက်ပိုင်း ငြင်းဆို 2011-04-21 ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UNFC) က နုတ်ထွက်လိုက်တယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း SSA-N ကိုယ်စားလှယ်က ငြင်းဆိုပါတယ်။ (Photo: AFP) စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) SSA-မြောက်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အဖွဲ့ကို အခုနှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပေမဲ့ အဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရတာကြောင့် အခုလို နုတ်ထွက်လိုက်တာဖြစ်ကြောင်း SSA- တောင်ပိုင်းအဖွဲ့က… Continue reading Untitled
Untitled
Untitled
မြန်မာ အာဆီယံဥက္ကဌဖြစ်မှာ အမေရိကန်စိုးရိမ် By ကိုသားညွှန့်ဦး  အင်္ဂါ, 19 ဧပြီ 2011 မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဒေသတွင်း ဦးဆောင်မှုနေရာ ယူလာမယ့် ကိစ္စကို အမေရိကန်ပြည်ထောင်စု စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အရေးယူဒဏ်ခတ်တာအပြင် ထိစပ် ဆက်ဆံရေး မူဝါဒ နှစ်ခုလုံး ကျင့်သုံးနေပေမဲ့ အခုအချိန်အထိတော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ ရလဒ်တွေ များများစားစား မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌဖြစ်နိုင်ဖို့ မြန်မာနိုင်ငံ ကြိုးပမ်းနေတယ် ဆိုတဲ့သတင်းအပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက… Continue reading Untitled
Untitled
အစိုးရသစ် လုပ်ပိုင်ခွင့် အပြည့်အ၀ရှိပုံ မပေါ် By မသင်းသီရိ ဗုဒ္ဓဟူး, 20 ဧပြီ 2011 လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက်ပါတယ်။ လောလောဆယ် အရေးတကြီးအဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ်သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက… Continue reading Untitled
Untitled
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ဖိလစ်ပိုင်ပြောကြား 2011-04-20 မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်ကို တောင်းဆိုခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် မနေ့က ပြောကြားလိုက်ပါတယ်။ (Photo: AFP) မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP) ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့… Continue reading Untitled
Untitled