AAPP’s Statement

StatementOctober 31, 2008 November 2nd is the bi-annual anniversary of cyclone Nargis which struck Burma on 2 May and left more than 140,000 people dead or missing. The military government arrested at least 20 volunteers after they helped cyclone victims. On 4th June, U Thura alias Zargana, a well-known comedian, became the first volunteer to… Continue reading AAPP’s Statement

နာရသိန် … ည

နာရသိန်…ည တစ်ယောက်တည်း တရေးနိုးတိုင်းငါ့ညတွေဟာသိပ်သည်းစွာ မှောင်မဲလို့။ တိတ်ဆိတ်တဲ့ညကိုအချိန်ယူစားနေတုန်းအခန်းဖော်က ငြီးငြူဒီလိုနဲ့ အူတူတူနိုင်တဲ့ညတွေ …အော်ဟစ်ဆူပူသံ တဖက်ခန်းမှာဒီအချိန် ဒီအသံ ငါတို့အတွက်မဆန်းတော့ဘူး ။ ရက်ကိုလစား လကိုနှစ်စားညခါးခါးတွေကိုထွေးထုတ်အမေ့တရားတပုဒ်နဲ့နံရံတွေပေါ် တေးသွားစမ်းနေတယ် ။နံရံနှစ်ဖက်ကြားထဲမှာငါတို့အမှန်တရားကို သက်သေပြုရူးရူးမူးမူး ဖြတ်သန်းဒေါင်းအလံလေးပဲ….လွမ်းတယ် ။ အမှန်ကငါတို့မှာ မနက်ခင်း မရှိဘူးကတ္တီပါညချမ်းကိုတချို့ကလည်း အေးအေးလေးဖြတ်သန်းတချို့ကလည်း မှန်ကန်မှုသစ္စာတရားတွေထုပ်ပိုးလို့ငါကတော့ဒီအချိန် ဒီသံစဉ် ဒီတေးသွားဟာ နာကျင်စွာ တယောက်တည်းတရေးနိုးတဲ့ ညတို့ မှောင်နေဆဲ ……… ။ သျှင်ခရေးသားအိပ်မက်သည်။

BBC in Burmese

#fullpost {display:none;} ဘီဘီစီဝက်ဘ်ဆိုက်မှာ မြန်မာလိုဖတ်နိုင်ပြီ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနက ၎င်း၏ အင်တာနက်စာမျက်နှာကို မြန်မာဘာသာဖြင့် ဖော်ပြလိုက်သည်။ ယခင်က အင်္ဂလိပ်ဘာသာကိုသာ အသုံးပြုခဲ့ရာမှ ယမန်နေ့က စတင်ပြီး မြန်မာဘာသာဖြင့် ပြောင်းလဲဖော်ပြလိုက်ခြင်းဖြစ်သည်။ ယခင်ကကဲ့သို့ပင် ထိပ်တန်းရောက် မြန်မာ နှင့် ကမ္ဘာ့သတင်း အကျဉ်းချုပ်ကို ဖော်ပြထားသည်။ ပုံမှန်အစီအစဉ်များကိုလည်း အနည်းငယ် မိတ်ဆက် ရှင်းလင်းထားသည်။ ၇ ရက်စာ ထုတ်လွှင့်ချက်များ၊ ပုံမှန်အစီအစဉ်များကို ပြန်လည်နားဆင်နိုင်သည်။ ၎င်း၏ပြိုင်ဘက် DVB, RFA, VOA စသည့် မြန်မာပိုင်းအသံလွှင့်ဌာန အင်တာနက်စာမျက်နှာများကမူ သတင်းများကို အစအဆုံး ဖော်ပြလေ့ရှိသည်။ ဘီဘီစီက အင်တာနက်လိပ်စာကိုမူ ပြောင်းလဲလိုက်သည်။ http://www.bbc.co.uk/burmese ဟူသော လိပ်စာဟောင်းတွင် myanmar ဟူသောစကားလုံးကို ပြောင်းလဲထည့်သွင်းထားသည်။ အပြောင်းအလဲအသစ်တွင် ဘီဘီစီက… Continue reading BBC in Burmese

ပုံပြင်ထဲကလိုပဲ

မြန်မာ့ရိုးရာ ပုံပြင်လေး တစ်ပုဒ် ရှိပါ။ တစ်ခါက ရွာကလေး တစ်ရွာတွင် ဘုန်းတော်ကြီး တစ်ပါး သီတင်းသုံး နေထိုင် တော် မူ နေခဲ့သည်။ ထူးခြားသည်က အဆိုပါ ဘုန်းတော်ကြီးသည် မေတ္တာတရားအား အလွန်အလေးထားပြီး ရွာသူ ရွာသားများအားလည်း တစ်ဦးကို တစ်ဦး မေတ္တာထားကြရန် အမြဲတစေ ဆုံးမတော်မူ၏။ ထိုဘုန်းကြီး၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးသော မောင်တုတ်ဆိုသည့် ရူးပေါပေါ ကပ္ပိယ တစ်ဦးလည်း ဘုန်းတော်ကြီး သီတင်း သုံးသော ရွာဦးကျောင်းတွင် နေထိုင်သည်။ တစ်နေ့သောအခါ ရွာဦးကျောင်း ဆရာတော်သည် ကပ္ပိယ မောင်တုတ် နှင့် အတူ ရွာထဲသို့ ဆွမ်းခံကြွ လာလေ သည်။ ထုံးစံအတိုင်း ဆရာတော်သည် (၃၁) ဘုံရှိ သတ္တ၀ါ အနန္တတို့အပေါ်… Continue reading ပုံပြင်ထဲကလိုပဲ

ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့

ပုံပြင်လေးကတော့ဒီလိုပါ…….. မောင်၊ ညီမလေးတို့ရေ….စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။ ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။ တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။ ဟော….မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့သတဲ့ကွယ်။ အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။… Continue reading ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့

ပုံရိပ်နိုင်ငံရေးဆိုတာ ဘာလဲ?

ကျနော့်အမြင်ကို ပြောရလျှင် ပုံရိပ်နိုင်ငံရေး ဆိုသည်မှာ ပေါ်လစီ (မူဝါဒ) ကို အခြေပြုသော နိုင်ငံရေး မဟုတ်တော့။ “လူ” ကို အခြေပြုသော နိုင်ငံရေး၊ နဖူးစည်းတပ်ပြီး နိုင်ငံရေး ကြွေးကြော်ခြင်းဟု မြင်မိသည်။ ယခုခေတ် နိုင်ငံရေးလုပ်သည်ဟု ဆိုသူများအကြားတွင် “မင်း … ထောင်ကျဖူးလား”၊ “မင်း … အန်အယ်လ်ဒီလား”၊ “မင်း … ဗကသလား”၊ “မင်း … ကျောင်းသားလား” ဆိုသည်က အရင် စမေးခံရသည်။ တချို့တွေဆိုရင် ထောင်ကျဖူးမှ လူရာဝင်နိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် လူတချို့က ကိုယ့်ရာဇဝင်ကို ပိုပိုသာသာ ပြောလာကြသည်။ တချို့ဆိုလျှင် “ဘာရာဇဝင် ရှိခဲ့သလဲ” က စချင်ကြသည်။ ရာဇဝင်ရှိမှ နိုင်ငံရေး လုပ်ရမယ်ဆိုရင် ဘယ်မှာ နိုင်ငံရေးသမား… Continue reading ပုံရိပ်နိုင်ငံရေးဆိုတာ ဘာလဲ?

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်

အင်တာဗျူးမြင့်မောင်၊ ဝိုင်းပီး အောက်တိုဘာလ 2008 ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင်… Continue reading ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။ လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။ ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက… Continue reading လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား

ဆော်လမွန် နယူးဒေလီ။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းသည် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယမန်နေ့က ပြောဆိုလိုက်သည်။ ကုလ အထွေအထွေ ညီလာခံသို့ တင်သွင်းသော မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာ၌ မြန်မာပြည်၏ အနာဂတ်တွင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မှုကို သေချာနိုင်စေရန် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း ပြောဆိုရာတွင် ယခုလို ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နူးညံ့သောလမ်းခွဲတခုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းသော လမ်းစဉ်အပြင်… Continue reading တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား

ရင်နင့်ဖွယ်ရာ မြင်ကွင်းများ

ငါတို့ပြည်သူတွေကို ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ် မကြုံတွေ့စေရန် နအဖ တွင် လုံးဝတာဝန်ရှိသည်။ 13 Oct တွင် ဖြစ်ပွါးသော CNG ကားပေါက်ကွဲမှုမှ ပုံများဖြစ်ပါသည်။ မနှစ်မြို့ဘွယ်ရာများပါရှိ ပါသဖြင့် အသဲငယ်သူများ၊ စိတ်မခိုင်သူများ မကြည့်ရှု့ သင့်ပါ။ ဖြစ်ပွါးစဉ်ကို ခေါင်းစဉ်ကို click ၍ကြည့်ရှုနိုင်သည်။ <!– /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0cm; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman";} @page Section1 {size:595.3pt 841.9pt; margin:72.0pt 90.0pt 72.0pt 90.0pt; mso-header-margin:35.4pt; mso-footer-margin:35.4pt; mso-paper-source:0;}

နအဖဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်

ကိုနစ်နေမန်း Blog တွင် ယခင် တင်ထားဖူးသော post လေးပါ။ နအဖ ဖိနှိပ်မှုမှ လွတ်မြောက်ရန် မည်သည့်နည်းနှင့်မဆို (by all means) လုပ်ဆောင်ကြရန် ထပ်မံ နိုးဆော်အပ်ပါသည်။

နအဖ လုပ်ရပ်များ ဒီမိုကရေစီ နည်းလမ်းမကျ

ဒီမိုကရေစီအကြောင်း အနည်းငယ်မျှ ဖော်ပြချင်သည်။ အရပ်ဖက်စကားဖြင့် ဖွင့်ဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူအချင်းချင်း တန်းတူညီမျှစွာ လွတ်လွတ်လပ်လပ် နေထိုင် ပြောဆို ပြူမူနိုင်ကြသည် ဆိုသည့် လူအများ၏ ယုံကြည်အားထား ကျင့်သုံးရာမူ ဖြစ်သည်။ ဒီမိုကရေစီ ရှိသဖြင့် လူတို့သည် အများနှင့်တန်းတူ လွတ်လပ်စွာ သွားလာနေထိုင်နိုင်သည်။ ပြောဆို ဆွေးနွေးနိုင်သည်။ စာပေရေးသား ထုတ်ဝေနိုင်သည်။ ဟောပြောပို့ချ စည်းရုံးနိုင်သည်။ စီးပွားရှာနိုင် သည်။ ဘာသာတရား အားထုတ်နိုင်သည်။ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြန့်ပွားအောင် လုပ် နိုင်သည်။ မွေးရာပါ အခွင့်အရေးများ ပိုင်ဆိုင်ခွင့် ရှိသည်။ လူ့အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်။ တရားဥပဒေ စိုးမိုးမှုကို ခံစားပိုင်ခွင့် ရှိသည်။ နိုင်ငံရေးစကားဖြင့် ပြောဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့၏… Continue reading နအဖ လုပ်ရပ်များ ဒီမိုကရေစီ နည်းလမ်းမကျ

ရွေပြည်သာမှာ ဗုံးကွဲ တစ်ဦးသေ

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ ဒါ ဒုတိယဗုံးပါဗျာ ။ ပထမဗုံးက စနေနေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ဘောက်ထော်မြို့နယ် တပ်မတော် မှတ်တမ်းရုံးရှေ့ လဟာပြင် ဘောလုံးကွင်းအတွင်း မှာ ပေါက်ကွဲမှု ခဲ့ပြီး လူ အသေအပျောက်မရှိ ဟုသိရပါတယ်။. ဒုတိယ အကြိမ် ကတော့ ရွှေပြည်သာ မှာ တနင်္ဂနွေနေ့ ညနေ ၅း ၃၀ ခန့် ကပေါက်ကွဲပြီး လူတဦး သေတယ်ဆိုပါတယ်.။ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ… Continue reading ရွေပြည်သာမှာ ဗုံးကွဲ တစ်ဦးသေ

အထိန်းအသိမ်း ထပ်မံခံနေရသော ကျောင်းသားခေါင်းဆောင်၊ ပြည်သူလူထု ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့ အား အထူးလေးစားစွာ ဂုဏ်ပြုပါသည်။

#fullpost {display:none;} ကိုမင်းကိုနိုင်၏ မွေးနေ့  – အောက်တိုဘာလ (၁၈) ရက်နေ့ ။ ကိုမင်းကိုနိုင်၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအကျဉ်း။ ကိုမင်းကိုနိုင်ဟာ နာမည်ရင်း ဖြစ်တဲ့ ပေါ်ဦးထွန်း အမည်နဲ့  ၁၉၈၈ ခုနှစ်မတိုင်ခင်က သင်္ကြန်သံချပ်အဖွဲ့ ဖြစ်တဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ မှာ ပါဝင်ခဲ့ပါတယ်။ နာမည်ကျော်ကြားတဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ ဟာ နေ၀င်း ဦးဆောင်တဲ့ တစ်ပါတီ အာဏာရှင် မဆလပါတီနဲ့  လက်အောက်ဘက်တော်သားများရဲ့  ညံ့ဖျင်းလှတဲ့ အုပ်ချူပ်မှု ယန္တယားနဲ့  လဘ်ပေးလဘ်ယူမှုကိစ္စတွေကို အထူးဝေဖန်ပြောဆိုခဲ့တဲ့ ပြည်သူလူထု သောင်းသောင်းဖြဖြ အားပေးခဲ့တဲ့ သံချပ်အဖွဲ့ တစ်ဖွဲ့  ဖြစ်ပါတယ်။… Continue reading အထိန်းအသိမ်း ထပ်မံခံနေရသော ကျောင်းသားခေါင်းဆောင်၊ ပြည်သူလူထု ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့ အား အထူးလေးစားစွာ ဂုဏ်ပြုပါသည်။

လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

သူငယ်ချင်းတစ်ယောက် ရဲ့ Mail မှ ရရှိသော ဘဝနဲ့လောကဓံ အတွက် ဥပမာပေး ဇာတ်လမ်းလေးပါ။ စာဖတ်သူတစ်ဦးခြင်းစီရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေပေါ်မူတည်ပြီး အဓ္ဓိပါယ်အမျိုးမျိုး သတ်မှတ်နိုင်ပါတယ်။ ဖတ်ကြည့်ပြီးမှဆုံးဖြတ်ပါ….. တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို… Continue reading လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

ဒီလိုမင်္ဂလာရှိတဲ့ နေ့မျိုးမှာ… မင်္ဂလာအပေါင်းနဲ့ပြည့်စုံဖို့ …ရေးနေ၊တွေးနေကျ၊ နိုင်ငံရေးစကားလုံးမပါ တဲ့ post လေးတင်ဖြစ်ခဲ့ပါတယ်။ ဪ….. လူ့ပြည်လောက၊လူ့ဘဝကား၊ အိုရနာရ၊သေဦးမည်၊ မှန်ပေသည်တည်း။~~~သို့တပြီးကား၊ သင်သေသွားသော်၊သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ကျန်ကောင်းသင့်၏။~~~သင် … ဦးချ၍၊အမျှဝေရာ၊ စေတီသာနှင့်၊သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊ပြောင်လျက်၊ ဝင်းချက်၊ကျန်စေသတည်း။ ဇော်ဂျီ (၁၉၃၅) …ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊…ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။ …အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊ …ပြာမှိန်လျက် မြူချေဆိုင်း .. ။ …ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊…မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း… Continue reading သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

အောက်တိုဘာ ၁၃၊ ၂၀၀၈ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။ GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။ GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့… Continue reading ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

ရန်ကုန် ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး – တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။ “အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။… Continue reading ရန်ကုန် ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

ပေါက်ကွဲမှုတစ်ခုဖြစ်ပွါး

ဒီနေ့မနက် ၃နာရီဝန်းကျင်ခန့်က… ရန်ကုန်စက်မှု့တက္ကသိုလ်ရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ကြားပါတယ်။ရန်ကုန် တိုက်ကြီးကားတစ်စီးပေါ်မှာလို့ကြားသိရပါတယ်၊ ဗုံးပေါက်တာလား၊ ဂက်စ်အိုးပေါက်တာလားဆိုတာ.. သေခြာမသိရသေးပါ။ ဗုံးပေါက်တယ်လို့ယူဆရပါတယ်။ လူအသေအပျောက်များတယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းများ ကိုဆက်လက်ဖေါ်ပြသွားပါမည်။

ယှဉ်ပြိုင်သူမရှိတဲ့ရွေးကောက်ပွဲ

၂၀၁၀ – ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်သန်းရွေက နိင်ငံရေးပါတီတွေကိုရန်သူလို သဘောထားပြီး တိုက်ပွဲကြီးလို တိုက်ရမယ်၊ အနိင်ရအောင်လုပ်ရမယ်လို့ ပြောနေပါတယ်။ သူဟာ ရူးများနေလားလို့ မေးခြင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီရွေးကောက်ပွဲမှာ ခုထိ ဘယ်ပါတီက ၀င်ရောက်ယဉ်ပြိုင်မှာလဲ၊ ဘယ်ခေါင်းဆောင်းတွေက အရွေးခံကြမှာလဲဆိုတာကို တပြည်လုံးက မသိကြရရှာသေးပါဘူး။ ရှင်းရှင်းပြောရရင် နိင်ငံရေးပါတီကြီးတွေဟာ ဘာမှလုပ်လို့ မရအောင်ဖျက်ဆီးခံထားရတယ်။ ခေါင်းဆောင်တွေဟာ ထောင်ထဲမှာ နစ်ရှည်လများအချခံထားရတယ်။ ယှဉ်ပြိုင်မဲ့ ပါတီလည်းမရှိ။ ယှဉ်ပြိုင်မဲ့  နိင်ငံရေးခေါင်းဆောင်တွေလည်းမရှိ။ တယောက်ထဲ ဘောလုံးကန်၊ တယောက်ထဲ အနိင်ရ။ ဒါကိုဘောလုံးပြိုင်ပွဲလို့ ပြောလို့ မရ။ ဒါကိုရွေးကောက်ပွဲလို့ ပြောလို့ မရမလား။ ပြိုင်ဖက်မရှိပဲ တယောက်ထဲ ၀င်အရေးခံမဲ့ ရွေးကောက်ပွဲကိုတောင်ဦးသန်းရွေက ဘာကိုကြောက်နေသလဲ။ ဘာကိုကြောက်နေသလဲဆိုတာကတော့အလွန်ရှင်းလှပါတယ်။ သူကြောက်နေတာက တပ်မတော်သားတွေကိုပါ။… Continue reading ယှဉ်ပြိုင်သူမရှိတဲ့ရွေးကောက်ပွဲ

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)

အောင်ဝေး ၊ ၂၀၀၈ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း ခရီးစဉ်။ ၁၉၈၉ ဇန်နဝါရီ။ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။ အမြို့မြို့၊ အရွာရွာ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာ ကောင်းသလို ကြည်နူး ချမ်းမြေ့စရာလည်း ကောင်းလှပါတယ်။ နေရာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးဟာ ခွဲခြားလို့မရ၊ ဖြိုခွဲလို့မရ၊ တသားတည်း၊ တသွေးတည်း ဖြစ်နေတာကို တွေ့နေရတော့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံး အပြုံးနဲ့ နှုတ်ဆတ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်း၊ အားမာန်အရှိဆုံး အပြုံးနေတယ်။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘောတရားအရ ပျော့ပြောင်းခြင်းဟာ… Continue reading ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)

လွတ်မြောက်မှုအတွက် ပေးဆပ်သူများ

ကြည်ဝေ သြဂုတ် ၊ ၂၀၀၈ ဖေဖေအိမ်မှာရှိသောညများတွင် အိမ်ရှေ့ တံခါးမကြီး ဆီမှတဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်းဖေဖေ့ကို လာခေါ်ပြန်ပြီလား ဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။ သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။ ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။ ပြီးတော့ တရက်တွင် သူမ၏ ဖေဖေသည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို… Continue reading လွတ်မြောက်မှုအတွက် ပေးဆပ်သူများ

"ခွပ်ဒေါင်းအားမာန်"

သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့  ငါတို့လူမျိုး၊ နိမ့်ကျနေတာနိုင်ငံတကာမှာ။ တေဇသူဌေး၊ ဂုတ်သွေးစုပ်လို့ နိုင်ငံ့ထုတ်ကုန်၊ အားလုံးပုံပြီး ဖင်ခုတက်ထိုင်၊ စေရာလက်ညှိုး ထိုးရုံလေးနဲ့၊အိုကေနေတာ …… ဖယ်ရာရီဆို၊ လိတ်တက်စ်မျိုးမှ သူ့ရဲ့သားက၊ တစ်စီး တစ်ပါတ်ဖြုန်းနိုင် ရက်တော့ ငါတို့ပြည်သူ၊ ဘယ်မလှူနိုင် သံဃာတွေပါ၊ သက်တော်စတေး နိုင်ငံ့အရေးအတွက်၊ ရှေ့ကရပ်လို့ မင်းတို့ငါ့တို့ … ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ နိုင်ငံအပေါ်မင်းမြင်သမျှ ကျေနပ်နိုင်မယ်ငါမထင်ဘူး ဒီတော့ ..သီးခံ၊ မတော်လှန်ပဲ နုတ်ပိတ်ရေငုံ ၊ မင်းနေနေလို့ သင့်တော်ပါ့မလားသူငယ်ချင်း။ ခွပ်ဒေါင်းမှန်ရင်၊ ငြိမ်မနေပဲ မတရားမှု၊ တွန်းလှန်ပြုလို့ နိုင်ငံအတွက်၊ အတက်ကြွဆုံး အင်အားစု၍၊ ငါတို့ညီညာ တူညီစွာဖြင့်၊ လုံ့ လဖြာပြီး အရောက်ပန်းတိုင်၊ လှမ်းနိုင်ရမယ်သူငယ်ချင်း။ ကိုတေ

Published
Categorized as Uncategorized Tagged

Appeal against Daw Aung San Suu Kyi’s Detention handed at Nyaypyidaw

9 Oct 2008 A legal representative of Burma’s detained opposition leader Daw Aung San Suu Kyi handed in to the military government in Naypyidaw on Wednesday a formal appeal against the latest extension of her house arrest. Daw Aung San Suu Kyi’s lawyer, U Kyi Win, told The Irrawaddy on Thursday that the appeal had… Continue reading Appeal against Daw Aung San Suu Kyi’s Detention handed at Nyaypyidaw

အင်တာနက်ဆိုင်တွင် အင်တာနက်သုံးသူများ လွှတ်လပ်မှုနှင့်လုံခြုံမှုမရှိ

ကိုသက် အောက်တိုဘာ ၈၊ ၂၀၀၈“ကီးဘုတ်နဲ့ တပေလောက်ခွာလိုက်ပါ၊ မော်နီတာနဲ့ တပေလောက် ခွာလိုက်ပါ၊ လောလောဆယ်သုံးထားတဲ့ ဝက်ဘ်ဆိုက် တွေကို ဘာမှမလုပ်ပါနဲ့ … ထိုင်ခုံတွေကို အနောက်ဆုတ်ထိုင်ကြပါလို့အော်ပြီး ရဲတွေ ၀င်လာတော့တာပဲ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အင်တာနက်ကဖေး တခုအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက် စစ်ဆေးပုံကို ကြုံတွေ့ခဲ့သူတဦးက ရှင်းပြသည်။လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တာမွေမြို့နယ်အတွင်းရှိ တခြားအင်တာနက်ဆိုင်တချို့ကို ရဲက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။“ပထမ ယူနီဖောင်းနဲ့ ရဲတပ်သားတွေဝင်လာတယ် … နောက်တော့ ၃ ပွင့်နဲ့တယောက်ဝင်လာတယ် … သူနဲ့အတူ အရပ်သား တယောက်ပါလာတယ်။ သူက ကွန်ပျူတာပညာ နိုင်နင်းတဲ့သူ ဖြစ်မယ်ထင်တယ်။ ဘယ်ဝက်ဘ်ဆိုက် တွေကြည့်တယ်၊ ဘာ တွေသုံးနေတယ်ဆိုတာ… Continue reading အင်တာနက်ဆိုင်တွင် အင်တာနက်သုံးသူများ လွှတ်လပ်မှုနှင့်လုံခြုံမှုမရှိ

One Year Anniversary Of ”Saffron Revolution”

This doesnt mean that wait for one more year to celebrate!! This is telling our Burmese people that dont forget what they have done on our motherland!! ဗမာမှန်ရင် ဒီတသက် မပြောနဲ့ နောင်ဆယ်သက်မမေ့သင့်ဘူး!!!

ဘာကြောင့် မြန်မာ ဝန်ကြီးချုပ်များ သူတို့လိုအရှက် မရှိကြပါသလဲ?

ထိုင်းဒုတိယ ၀န်ကြီးချုပ် နှုတ်ထွက်စာတင် ထိုင်းနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချောဝ်ဝလစ် ယုံဂျယုဒ် သည် ရာထူးမှ နှုတ်ထွက်ကြောင်းစာကို ယနေ့နံနက်တွင် ၀န်ကြီးချုပ်ရုံးသို့ တင်လိုက်သည်။ ရဲများက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများကို မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်နှိမ်နင်းခဲ့ အင်္ဂါနေ့ နံနက်က ဖြစ်ပွားခဲ့ပြီးနောက် တာဝန်ခံသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်ရခြင်း ဖြစ်သည်ဟု ချာဗလစ်၏ နှုတ်ထွက်စာတွင် ရေးသားထားသည်။ထိုင်းလူမှုအဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက် ပျက်စီးမှုများအတွက် သူ့တွင် တစိတ်တဒေသ တာဝန်ရှိပါသည်ဟု ချာဗလစ်က နှုတ်ထွက်စာတွင် ရေးသားထားကြောင်း ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာကြီးဖြစ်သော ဘန်ကောက်ပို့စ်၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် ရေးသားထားသည်။ပါလီမန် အဆောက်အဦရှေ့ ဆန္ဒပြသူများကို အဓိကရုဏ်း နှိမ်နှင်းရေး ရဲများက… Continue reading ဘာကြောင့် မြန်မာ ဝန်ကြီးချုပ်များ သူတို့လိုအရှက် မရှိကြပါသလဲ?

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ

ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအတွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။စစ်အစိုးရထံမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည်များကဖြင့် နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးအတွက် ရှေ့နေနှင့် တွေ့ခွင့်ပေးရေး၊ သဘောတူ ကတိပြုထားချက်အတိုင်း (၁) လတကြိမ် ပုံမှန် မိသားစုဆရာဝင်နှင့် ကျန်းမာရေး ဆေးစစ်ခွင့်ပေးရေး၊ မူလချမှတ်ထားသည့် တားဆီးမိန့်နှင့် မသက်ဆိုင်ဘဲ ပိတ်ပင်ခံထားရသည့် ကိုယ်ပိုင်အခွင့်ရေးများ ရရှိရေး၊ ၎င်းနှင့် အတူနေထိုင်သည့် ဒေါ်ခင်ခင်ဝင်းတို့သားအမိအား ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်ခြင်းမရှိဘဲလွတ်လပ်စွာ သွားလာခွင့်ပြုရေးတို့ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ (၈)ရက်နေ့တွင် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို… Continue reading ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၀)

အောင်ဝေးစက်တင်ဘာ၊ ၂၀၀၈‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ကျနော်တို့သင်္ဘော ကျုံမငေးဆိပ်ကမ်းကို ၀င်လာပြီ ဆိုကတည်းက ကျုံမငေးမြို့ လူထုကြီးရဲ့ ကမ်းလုံးညွတ် ကြွေးကြော်နေတဲ့ အသံတွေကို ကျနော်တို့ ကြားလိုက်ကြရပါပြီ။ကျုံမငေးကို ၀င်လာတဲ့ အချိန်ကတော့ မနက်ပိုင်း ဖြစ်ပါတယ်။ ရွှေလောင်းဟာ ၀ါးခယ်မမြို့နယ် အပိုင်ပါ။ အခု ကျနော်တို့ရောက်လာတဲ့ ကျုံမငေးကလည်း ၀ါးခယ်မမြို့နယ်အပိုင်ပါပဲ။ ကျနော်တို့သင်္ဘောပေါ်ကလည်း ဒီမိုကရေစီ တော်လှန်ရေး သီချင်းတွေ ဖွင့်ပြီးဆိပ်ကမ်းကို ၀င်လာတာဆိုလေ တော့ကျုံမငေးမြို့ကြီးဟာအဲဒီမနက်ကသီချင်းသံတွေ၊ ကြွေးကြော်သံတွေနဲ့ဖုံးအုပ်သွားပါတော့တယ်။ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ်ဝဲယာ လမ်းနှစ်ဖက် ပြည့်ညပ် တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်း ဖြဖြ ကြိုဆိုနေကြပါတယ်။ ကျုံမငေးမြို့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းတွေ၊ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင် ပေးအပ်ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တဖက်က ပန်းစည်းတွေကိုပိုက်လို့၊ ကျန်တဖက်နဲ့ လူထုကို ဝှေ့ယမ်း… Continue reading ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၀)

Implement 1990 Elections Result in Burma

Burmese people show their destiny, their will and sacrifice their lives already. United Nations must step up further in order to solve Burma crisisBurma is located in South-East Asia and shares the border with China, Laos, Thailand, Bangladesh, and India. The military has dominated government since General Ne Win led a coup in 1962 to… Continue reading Implement 1990 Elections Result in Burma

Sittwe monks demand release of detained monk

Members of the Sittwe monks’ union have called for the release of U Eitthriya, who was sentenced to seven and a half years in prison for his involvement in public demonstrations last year.The monks made their demand on 28 September and also called for the release of all political prisoners, including monks, arrested in connection… Continue reading Sittwe monks demand release of detained monk

Burma Democratic Concern

Burma Democratic Concern believes that the solution for the crisis of Burma is restoring democracy and rule of law.Burma Democratic Concern is embarking on flourishing democracy in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.Burma Democratic Concern is equipped with… Continue reading Burma Democratic Concern