မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ 2012-03-09 မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကို ဇန္န၀ါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အထိ သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လ ၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လာမယ့် မတ်လ ၁၂ ရက်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်ကို တင်သွင်း အစီရင်ခံမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ၁… Continue reading မြန်မာနိုင်ငံ နောက်ကြောင်းပြန်နိုင်သေး ကင်တားနား အစီရင်ခံ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ 2012-03-09 ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ… Continue reading ၀န်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ