Untitled
လစ်ဗျား အတိုက်အခံတွေကို ပြင်သစ်က ဆေးဘက်ဆိုင်ရာ အကူအညီပေးမည် By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 28 ဖေဖော်ဝါရီ 2011 ဓာတ်ပုံ Reuters ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဖေလွန်။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁။ လစ်ဗျားနိုင်ငံမှာ သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ပြုတ်ကျအောင် ကြိုးစားနေကြတဲ့ အတိုက်အခံတွေကို ထောက်ခံတဲ့ အနေနဲ့ သူတို့အဆို ကြီးကျယ်တဲ့ စီမံကိန်းကြီးကို စတင်တဲ့ အနေနဲ့ ပြင်သစ် ဆေးဝန်ထမ်းတွေ ဘန်ဂါဇီမြို့ဆီကို ပို့ပေးမယ်လို့ ပြင်သစ်နိုင်ငံက ပြောလိုက်ပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဖေလွန် (Francois Fillon) က ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါးနဲ့ ဆေးဝါးပစ္စည်းတွေ တင်ဆောင်ထားတဲ့ လေယာဉ် ၂… Continue reading Untitled
Untitled
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ကရင်လူထုတောင်းဆို 2011-02-28 ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်တွေရဲ့ တရားမဲ့ပြုကျင့်မှုတွေ ရပ်ဆိုင်းသွားစေဖို့ ကရင်လူထု ၈ သောင်းကျော် လက်မှတ် ရေးထိုးထားတဲ့ တောင်းဆိုစာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တကွ ဗြိတိန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ပေးပို့လိုက်ပါတယ်။ (Photo: Courtesy of Free Burma Rangers) စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers) ဒီတောင်းဆိုစာကို မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းက… Continue reading Untitled
Untitled
မန်မာပြည်သူများ၏ ဖြစ်ရပ်ကို နားထောင်ရန် ကုလ အထူးကိုယ်စားလှယ် အသင့်ရှိ 2011-02-28 ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်ရပ်တွေကို နားထောင်ဖို့ သူ အမြဲ အဆင်သင့် ဖြစ်နေပါတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ (Photo: AAPP) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP) ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း သူဟာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့… Continue reading Untitled
Untitled
ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး 2011-02-28 ချက်ပြည်သူ့ သမတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာစင်ဘာ့ဂ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက တယ်လီဖုန်းကတဆင့် ဆွေးနွေးမှုတွေလုပ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ (Photo: AFP) ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။ (Photo: AFP) မစ္စတာ ဆွာဆင်ဘာ့ဂ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ရရှိခဲ့သူ ဖြစ်ပါတယ်၊ သူဟာ ချက်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း… Continue reading Untitled
Untitled
လူ့အခွင့်အရေး ချိုးဖောက်မှု ကရင်တိုင်းရင်းသား ၈၄,၀၀၀ လက်မှတ်ထိုး တိုင်ကြား By မသိင်္ဂီထိုက် တနင်္လာ, 28 ဖေဖော်ဝါရီ 2011 မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ကရင်အမျိုးသား ၈၀,၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ကရင်လူထု လှုပ်ရှားမှု အကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။ နိုင်ငံတ၀န်းမှာ နေထိုင်ကြတဲ့ ကရင်အမျိုးသားတွေဆီက စစ်အစိုးရ လက်နက်ကိုင် ထိုးစစ်တွေကို ရပ်စဲရေး လက်မှတ်ရေးထိုး လှုပ်ရှား တောင်းဆိုမှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး တောင်းဆိုမှုမှာ ကရင်လူထု အားတက်သရော… Continue reading Untitled
Untitled
ပိတ်ဆို့ အရေးယူမှု အပေါ် ကဒါဖီ သား စိုးရိမ် ပူပန် နယ်စပ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ   လစ်ဗျား နိုင်ငံက မငြိမ်မသက်မှုတွေကြောင့် လစ်ဗျားနဲ့ တူနီးရှား နယ်စပ်ကို လူတွေ အများအပြား ဆက်လက်ထွက်ပြေးလာနေပြီး နိုင်ငံတကာက လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နေရပါတယ်။ ပိတ်မိနေကြတဲ့ ဒုက္ခသည်ပေါင်း သုံးသောင်းလောက်ရှိပြီး အများစုဟာ အီဂျစ် လူမျိုးတွေ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ တနေ့တည်းမှာတင် နယ်စပ်ကနေ ထွက်ပြေးလာသူပေါင်း တသောင်းနှစ်ထောင်လောက် ရှိတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ဆိုပါတယ်။ သူ့အဆိုအရ ထွက်ပြေးလာသူတွေ ရပ်သွားမယ့် အရိပ်အယောင် မမြင်ရဘဲ ၊ နယ်စပ်မှာ အိမ်သာအလုံအလောက် မရှိတာကြောင့် သန့်ရှင်းရေး အခြေအနေ ဆိုးရွား… Continue reading Untitled
Untitled
တိုင်းရင်းသားနယ်မြေဖက် တပ်တိုးချဲ့ အမြောက်တင် သံချပ်ကားတပ် စစ်အစိုးရ ရဲ့ နယ်ခြားစောင့်တပ် အဖြစ် လက်မခံတဲ့ SSA နဲ့ KIA ထိန်းချုပ် နယ်မြေ တွေ ဖက်ကို စစ်အစိုးရ က အခုရက်ပိုင်း အတွင်းမှာ စစ်အင်အား အပြင် အမြောက်တင် သံချပ်ကား တွေပါ ထပ်မံ ပို့ဆောင်နေပါတယ်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာ အရှေ့ဖက် ဝိုင်းမော်မြို့၊ စဒုံး ဖက်ကို ဆိုရင် အမြောက်တင် သံချပ်ကား တွေနဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကားတွေ ရောက်လာလို့ စစ်အင်အား သောင်းဂဏန်း ခန့် လှုပ်ရှားနေကြောင်း KIA က ဘီဘီစီ ကို ပြောပြပါတယ်။ ဒါပေမဲ့ နအဖ အနေနဲ့ ကြီးမားတဲ့… Continue reading Untitled
Untitled
ကလေးအငှါးအတင်းမွေးခိုင်း ထိုင်းရဲများက တိုင်ဝမ်ဂိုဏ်းကိုဝင်ရှာ ဗီယက်နမ် အမျိုးသမီး ၁၃ ဦးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး ရလာတဲ့ ကလေးတွေကိုထိုင်ဝမ်ကို ရောင်းစားတဲ့ ဂိုဏ်းတဖွဲ့ကို ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိခဲ့အကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံသား တစ်ဦးဟာ ကုမ္ပဏီဖွင့်ပြီး ဗီယက်နမ် အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ခိုင်းတယ်။ ဗီယက်နမ်အမျိုးသမီး ၉ ဦးက ငွေလက်ခံပြီး သဘောတူ ပေမယ့်၊ ကျန် ၄ ဦးက အလိုမတူတဲ့အတွက် အင်တာနက်နဲ့ လက်ကိုင်ဖုန်းတွေကနေ ဗီယက်နမ်သံရုံးကို အကြောင်းကြားရာက အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။ ဂိုဏ်းခေါင်းဆောင် ထိုင်ဝမ်သားက ပြည်ပကို သွားလို့ ဖမ်းမမိသေးဘူးလို့ ထိုင်းဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနက ဘီဘီစီကို ပြောသွားပါတယ်။ လောလောဆယ်တော့ တရားခံအဖြစ် ၈ ဦးဖမ်းထားတဲ့အထဲမှာ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံသား ၅… Continue reading Untitled
Untitled
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက် By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011 ရာထူးသက်တမ်း ၃ လသာ ရှိသေးတဲ့ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး မစ်စ် မီရှဲလ် အဲလီးယက် မာရီ (Michele Alliot-Marie) ဟာ တနင်္ဂနွေနေ့က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။ ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ တူနီးရှားနိုင်ငံက ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးခိုလှုံသွားသူ သမ္မတဟောင်း ဇင်း အယ်လ် အဘီဒင်း ဘင် အလီ (Zine al-Abidine Ben Ali) နဲ့ ပြင်သစ်ဝန်ကြီးဟောင်း မစ်စ် အဲလီးယက် မာရီတို့ရဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုတွေ ရှိခဲ့တာကြောင့် တူနီးရှား အရေးကို ပြင်သစ်… Continue reading Untitled
Untitled
လစ်ဗျား အရှေ့ဘက်ခြမ်း အတိုက်အခံများ အမျိုးသားကောင်စီ ဖွဲ့စည်း By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011 လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ ရက်ပေါင်းအတော်ကြာ တိုက်ခိုက်ခဲ့တဲ့နောက်မှာ လစ်ဗျား အရှေ့ပိုင်းဒေသက မြို့ကြီးတွေမှာ နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီလို့ အစိုးရ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောကြားပါတယ်။ နိုင်ငံတော်ကောင်စီ ပြောခွင့်ရ ဟားဖစ်ဇ် ဂိုဂါ (Hafiz Ghoga) က ဒီကောင်စီဟာ ကြားဖြတ်အစိုးရတရပ် မဟုတ်ဘဲ တော်လှန်ရေးအတွက်သာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားပါတယ်။ တချိန်တည်းမှာပဲ လစ်ဗျား အနောက်ပိုင်း ထရီပိုလီမြို့တော်နဲ့ မိုင် ၃၀ လောက်ပဲကွာတဲ့ ဇာဝီယာမြို့ကို အတိုက်အခံတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကဒါဖီလိုလားတဲ့… Continue reading Untitled
Untitled
Dear Friends, Date: 27.02.2011 Re: Burma Democratic Concern (BDC) News Letter February 2011 Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of… Continue reading Untitled
Untitled
အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ By မသိင်္ဂီထိုက် တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011 ရန်ကုန်မြို့ အင်းစိန် ကမ်းနားလမ်းမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။ အင်းစိန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အောင်ဇေယျတံတား အနီးမှာ ဒီကနေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ခဲ့တာပါ။ ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အနီးအနား ရပ်ကွက်မှာ နေထိုင်တဲ့ အခင်းဖြစ်ပွားရာကို သွားကြည့်သူ တဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက အခုလိုပြောပါတယ်။ “၇ နာရီ မထိုးခင်လောက်တုန်းကပဲ ဗုံးပေါက်သွားလို့၊ တံတားနားလေးကလို့ ပြောတယ်။ အသံအကျယ်ကြီး ကြားတယ်။ ခွဲတဲ့လူတော့… Continue reading Untitled
Untitled
တရုတ်မှာ ဆန္ဒမပြနိုင်ရေး လုံခြုံရေး တိုးချ By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011 အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာလည်း ဆန္ဒပြကြဖို့ ပြည်ပ အင်တာနက် ၀က်ဘ်ဆိုက်တွေက တိုက်တွန်းနေတာကြောင့် တရုတ်အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်တော်များများမှာ တနင်္ဂနွေနေ့က ချထားလိုက်ပါတယ်။ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့် ချထားပြီး ဈေးဝယ်သူတွေ အနေနဲ့လည်း လူအုပ်စုလိုက် မစုဝေးနိုင်အောင် လူတွေကို အတင်း ရွှေ့သွားခိုင်းနေပါတယ်။ တချို့ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ကိုယ်ထိလက်ရောက် စော်ကားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နဲ့ တခြား သတင်းထောက် တချို့ကတော့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး သူတို့ရဲ့… Continue reading Untitled
Untitled
လစ်ဗျားမြို့တမြို့ ဆန္ဒပြသူတွေ ထပ်သိမ်း By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 27 ဖေဖော်ဝါရီ 2011 လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ အစိုးရ ဆန့်ကျင်ရေး အုပ်စုတွေအကြား ရက်အတော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့တွေက မြို့တော် ထရီပိုလီနဲ့ ၃၁ မိုင်လောက်ဝေးတဲ့ ဇာဝီယာ (Zawiya) မြို့ကို သိမ်းပိုက်လိုက်ကြပြီလို့ ဆိုပါတယ်။ ဇာဝီယာမြို့လယ်မှာ လူတွေ စုဝေးခဲ့ကြပြီး ကဒါဖီ ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေကြတဲ့အကြောင်း ဇာဝီယာကို ရောက်သွားကြတဲ့ အနောက်တိုင်း သတင်းထောက်တွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အပြင်းအထန် တိုက်ပွဲတွေကြောင့် လမ်းမတွေပေါ်မှာ မီးလောင်ထားတဲ့ကားတွေ၊… Continue reading Untitled
Untitled
လစ်ဗျားခေါင်းဆောင်တွေကို လုံခြုံရေးကောင်စီ အရေးယူပြီ 2011-02-27 လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့ လစ်ဗျားအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။ (UN Photo/Evan Schneider) လစ်ဗျားနိုင်ငံတွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အစိုးရအဖွဲ့ ခေါင်းဆောင်များအား ဒဏ်ခတ် အရေးယူသည့် ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကန့်ကွက်သူမရှိ ချမှတ်ခဲ့ပါသည်။ (UN Photo/Evan Schneider) မနေ့က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အခုလို အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ လစ်ဗျားအစိုးရရဲ့… Continue reading Untitled
Untitled
Dear Friends, Date: 27.02.2011 Re: Burma Democratic Concern (BDC) News Letter February 2011 Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of… Continue reading Untitled
ILO ကိုယ်စားလှယ်အဖွဲ့ FTUB ခေါင်းဆောင်တွေနဲ့ ဆွေးနွေး
2011-02-26 ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ILO ဒု ညွှန်ကြား ရေးမှူးချုပ် Mr. Guy Ryder နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB နဲ့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ဘန်ကောက်မြို့ကို ပြန်ရောက်လာစဉ် အခုလို တွေ့ဆုံကြတာ ဖြစ်တယ်လို့ FTUB ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က RFA ကို ပြောပါတယ်။ “FTUB နဲ့ ဒီ Guy Ryder ဦးဆောင်တဲ့ ILO ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးပါ။ ဒါ သူ့ရဲ့… Continue reading ILO ကိုယ်စားလှယ်အဖွဲ့ FTUB ခေါင်းဆောင်တွေနဲ့ ဆွေးနွေး
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ်
Thursday, 17 February 2011 02:58 မောင်သာမည မြန်မာနိုင်ငံမှာ နေ့စဉ် ထုတ်ဝေနေ တဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံး ကို ကြည့်လိုက်မယ်ဆိုရင် နအဖအဖွဲ့ထဲ က ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ် ကြီး တစ်ဦးဦးရဲ့ ဘာသာရေး လုပ်ငန်း သတင်းကို သေချာပေါက် တွေ့ရ ပါလိမ့်မယ်။ စေတီတစ်ဆူမှာ ထီးတင်နေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ နာမည်ကြီး ဆရာတော် တစ်ပါးပါးကို လှုဒါန်းနေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာသတင်းပဲ ဖြစ်နေပါစေ၊ သည်လို ဘာသာရေး သတင်းများရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်များဟာ ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုတယ်၊ အလွန်ဘာသာရေး ကိုင်းရှိုင်းတယ်၊ မြန်မာနိုင်ငံသား အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စစ်ဗိုလ်ချူပ်ကြီးများက အလွန်… Continue reading ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ်
Untitled
အနောက်နိုင်ငံများ လစ်ဗျားရှိ သံတမန်များ ပြန်လည်ခေါ်ယူ ထရီပိုလီမြို့ရှိ ဗြိတိသျှသံရုံး ပိတ်ပစ်လိုက်ပြီး သံတမန်တွေအားလုံး ပြန်လည် ခေါ်ယူလိုက်ပါတယ်။ ကနေဒါနဲ့ ပြင်သစ်နိုင်ငံသံရုံးတွေလည်း ပိတ်လိုက်ပြီး ၀န်ထမ်းတွေအားလုံး လစ်ဗျား ကနေ ထွက်ခွာခဲ့ကြပါပြီ။ By Thar Nyunt Oo စနေ, 26 ဖေဖော်ဝါရီ 2011 ဓာတ်ပုံ AP Passengers disembark from a ferry carrying Americans and other foreigners which arrived at the harbor in Valletta, Malta, Friday, Feb. 25, 2011. The Maria Dolores ferry left Tripoli’s… Continue reading Untitled
Untitled
ကဒါဖီ အုပ်ချုပ်မှု တရားမ၀င်တော့ဟု သမတအိုဘားမားပြောဆို မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ခြင်းဆင်းပေးသင့်ပြီလို့ အမေရိကန်သမတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။ By VOA စနေ, 26 ဖေဖော်ဝါရီ 2011 ဓာတ်ပုံ The White House ထပ်ဆင့် ဖြန့်ဝေရန် Digg Facebook StumbleUpon Yahoo! Buzz del.icio.us မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ခြင်းဆင်းပေးသင့်ပြီလို့ အမေရိကန်သမတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။ ဂျာမန် ၀န်ကြီးချုပ် အန်ဂီလာ မာခေလ်းနဲ့ စနေ့နေ့တုန်းက ဖုံးနဲ့ စကားပြောဆိုရာမှာ သမတအိုဘားမားက အခုလို ပြောသွားတာဖြစ်တယ်လို့ သမတအိမ်ဖြူတော်ရုံးက ကြေညာပါတယ်။ လစ်ဗျားနိုင်ငံမှာ… Continue reading Untitled
Untitled
အရှေ့အလယ်ပိုင်း လူထုဆန္ဒပြပွဲများ မြန်မာပြည်သူတွေ အနီးကပ်စောင့်ကြည့်နေ 2011-02-26 တူနီးရှားနဲ့ အီဂျစ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အစိုးရတွေ ဖြုတ်ချ လိုက်တာကို မြန်မာပြည်သူတွေ မျက်ခြေမပြတ် စောင့်ကြည့်နေကြ တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မလေးရှားသတင်းထောက် တွေကို တယ်လီဖုံးနဲ့ ပြောကြားသွားပါတယ်။ (Photo: AFP) နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) ဒါ့ပြင် အခု လစ်ဗျားနိုင်ငံက သမ္မတ Gaddafi ကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်သူတွေ ထိပ်တိုက် ရင်ဆိုင်တိုးနေတဲ့ ဖြစ်ရပ်တွေကိုပါ မြန်မာပြည်သူတွေ… Continue reading Untitled
Untitled
ကဒါဖီကို လုံခြုံရေးကောင်စီ အရေးယူရေး ဘန်ကီမွန်း တိုက်တွန်း သောကြာ, 25 ဖေဖော်ဝါရီ 2011 ဓာတ်ပုံ AP လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီပြုတ်ကျရေး ဘန်ဂါဇီမြို့တွင်း ဆန္ဒပြတောင်းဆိုနေကြသည့်လူထု (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁) လစ်ဗျားပြည်သူတွေရဲ့ ဆန္ဒပြမှုကိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ရှုတ်ချမှုတွေ တိုးလာနေချိန်မှာပဲ သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကနေ အရေးယူမှုတွေ သေသေချာချာ လုပ်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်နဲ့ပြင်သစ်ကတောင်းဆိုထားတဲ့ ငွေကြေးပိုင်ဆိုင်မှု ထိန်းချုပ်တာတွေနဲ့အတူ လက်နက် အရောင်းအ၀ယ် ပိတ်ပင်ဖို့နဲ့ ကဒါဖီမိသားစုရဲ့ ခရီးသွားလာမှုပိတ်ဆို့ဖို့တွေကို ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ် အရေးယူ ဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီနဲ့ အရင်းနှီးဆုံး သွေးသောက်တဦးဖြစ်တဲ့ ကုလသမဂ္ဂရုံးချုပ်က … Continue reading Untitled
နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း…. (၁)
မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ…။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။  စကားချပ် (အဆိုပါ သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ… Continue reading နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း…. (၁)
နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂)
ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုပါ.. ညာဘက်က နှစ်ဦးကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး .. ဘယ်ဘက်က ဝေါ်ကီတော်ကီ.. ခါးကြားညှပ်ထားတာကတော့ စစ်အရာရှိတစ်ဦးပါ..။မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံအပြားမှာ လျှို့ဝှက်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်…။ ပြီးခဲ့တဲ့ နှစ်များက စပြီးစစ်အစိုးရရဲ့ လျှို့တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြောက်ကိုရီးယား ပညာရှင် ၁၀၀ဦးခန့် လက်ရှိမြန်မာပြည်တွင်းမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သတ်ပြီး လက်ခံရရှိထားတဲ့ သတင်းတချို့ထဲက ကျောက်ဆည်မြို့နဲ့ ၁၇မိုင်အကွာမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဖျောက်ဆိပ်ပင် ရေဒါစခန်းအကြောင်းအား မျိုးချစ်တပ်မတော်သားတစ်ဦး ပေးပို့လာတဲ့ သတင်းဓာတ်ပုံနဲ့အတူ ရေးသား တင်ပြလိုက်ရပါတယ်..။ ဖျောက်ဆိပ်ပင်ရေဒါစက်ရုံဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မွေးရာဇာတိ ကျောက်ဆည်မြို့အရှေ့ဘက် ၁၇မိုင်ခန့်အကွာက တောင်ကြားတစ်ခုမှာ တည်ဆောက်ထားပါတယ်..။ တောင်ကြားမှာ ရှိနေတဲ့ စက်ရုံကို အစိမ်းရောင်နဲ့ ဆေးသုတ်ထားတဲ့ အတွက်… Continue reading နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၂)
နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၃)
စစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေထဲက ဖျောက်ဆိပ်ပင် ရေဒါစခန်း မြင်ကွင်းပုံတွေပါ…။ ဒီလိုလူသူမရောက်တဲ့ တောင်ကြို၊ တောင်ကြားတွေထဲမှာ ဆောက်လုပ်ထားတဲ့ အတွက် ကုန်ကျစားရိတ် အင်မတန်များပြားသလို၊ မီးအပြတ်မခံတဲ့ အဆိုပါ စက်ရုံတွေ အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ပုံမှာ မြင်ရတဲ့အတိုင်း တာဝါတိုင်တွေကနေ ပို့လွှတ်ပေးပါတယ်..။ လက်ရှိ စစ်အစိုးရ ပြည်သူလူထုအတွက် ဆောက်လုပ်နေပါတယ် ဆိုတဲ့ ပြည်တွင်းက လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်တဲ့ ပြည်သူလူထု အတွက်လား ဒါမှမဟုတ်.. အဆိုပါ လျှို့ဝှက်စီမံကိန်းတွေ အတွက်လား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။ လျှပ်စစ်ဓာတ်အား ပမာဏအများအပြားကို ဒီလို ပြည်သူလူထုမသိနိုင်တဲ့ လျှို့ဝှက်စီမံကိန်း နေရာတွေမှာ အသုံးပြုနေရပါတယ်..။  ဒီလိုလျှို့ဝှက် တည်ဆောက်ရေး တစ်ခုစီမှာ အစိတ်အပိုင်းထုတ်တဲ့  စက်ရုံပေါင်း အနည်းဆုံး ၂၀ကျော်မှ တစ်ချို့စီမံကိန်းတွေမှာ… Continue reading နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး စီမံကိန်းများ (၃)
အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley
(သတင်း၊ ဓာတ်ပုံ) Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ ခေါ်ဆောင်လာစဉ်.. ရဲအုပ်က တစ်ရာ၊ နှစ်ရာ Mr.Dunkley ကတစ်ယောက်တည်း.. တရားခံ Mr.Ross Dunkley ၏ရှေ့နေ ဦးမင်းစိန် တရားလို မခိုင်ဇာ   အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley ယနေ့ ၂၄ရက်နေ့ မနက် ၉း၀၀ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လ၀က) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊… Continue reading အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley
Untitled
UN says Burma ‘a regional burden’ Share Comments (0) UN special envoy to Burma Tomas Ojea Quintana (Reuters) By FRANCIS WADE Published: 25 February 2011 Increasing levels of Burmese asylum-seekers in Southeast Asian states is evidence that Burma’s domestic crises are having a negative impact on the region, a top UN official has said. Tomas… Continue reading Untitled
Untitled
Nambiar facing calls for ICC investigation Share Comments (0) By JOSEPH ALLCHIN Published: 25 February 2011 Vijay Nambiar speaks to reporters before he leaves Rangoon in November 2010 (Reuters) Acting UN special envoy to Burma, Vijay Nambiar, is facing calls from two Sri Lankan rights group to be included in an investigation into the army’s… Continue reading Untitled
အေးနေသော မန္တလေး ကျောက်စိမ်းဈေးကွက်
ခိုင်သွယ် Thursday, 24 February 2011 16:47 ဆောင်းပါး မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းရှေ့ရှိ လမ်းမပေါ်တွင် ပီနံအိတ်တခု ခင်းပြီး ကျောက်အရိုင်းတုံးများ၊ ဖြတ်စများ၊ ကျောက်စိမ်း အကာသားများ၊ ကျောက်ဒိုးပြားများကို ချပုံထားပြီး၊ တပုံလျှင် ၁၀၀၀ ကျပ်၊ ၅၀၀ ကျပ် စသည်ဖြင့် ရောင်းနေသော ကျောက်ကုန်သည် မဦးက အရောင်းအ၀ယ် မဖြစ်သည့်အတွက် စိတ်ပျက်နေကြောင်း ပြောသည်။ မန္တလေး ကျောက် အရောင်းအဝယ်သမားတစု (ဓာတ်ပုံ – Bradford Duplisea)   “ကျောက်အရိုင်းတုံး ရောင်းတဲ့သူတွေရော၊ ပစ္စည်းကောင်း ကိုင်တဲ့သူတွေရော ဘယ်သူမှ အရောင်းအ၀ယ် မဖြစ်ဘူး။ ကျမဆို ဈေးဦး မပေါက်တာ ၁ ပတ်လောက်တောင် ရှိနေပြီ”… Continue reading အေးနေသော မန္တလေး ကျောက်စိမ်းဈေးကွက်
Untitled
အီဂျစ်စစ်တပ် ကတိတည်ရေး လူထုဆန္ဒပြ သောကြာ, 25 ဖေဖော်ဝါရီ 2011 ဓာတ်ပုံ AP ကိုင်ရိုမြို့ Tahrir လွတ်မြောက်ရေးရင်ပြင်မှာ စုဝေးဆန္ဒပြနေကြသည့် အီဂျစ်နိုင်ငံသားများ (ဖေဖော်ဝါရီလ ၂၅၊ ၂၀၁၁) ထပ်ဆင့် ဖြန့်ဝေရန် Digg Facebook StumbleUpon Yahoo! Buzz del.icio.us အီဂျစ်စစ်တပ်အနေနဲ့ ကတိပေးထားတဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ထောင်နဲ့ချီတဲ့ဆန္ဒပြပြည်သူတွေဟာ ကိုင်ရိုမြို့က Tahrir လွတ်မြောက်ရေးရင်ပြင်မှာ သောကြာနေ့က စုရုံးတောင်းဆိုကြပါတယ်။ ရာထူးကဖြုတ်ချခံရတဲ့ သမ္မတ မူဘာရက်ကို သစ္စာခံသူတွေပါတဲ့ ၀န်ကြီးအဖွဲ့ဝင်တွေကို ဖယ်ရှားပြီး သူတို့နေရာမှာ ဘက်လိုက်မှုကင်းတဲ့ မျက်နှာသစ်တွေ အစားထိုးဖို့ ယာယီအနေနဲ့ အစိုးရကိုဦးဆောင်နေတဲ့ စစ်တပ်ကို ဆန္ဒပြပြည်သူတွေက တောင်းဆိုခဲ့တာပါ။ ယေမင်နိုင်ငံမှာလည်း မြို့တော့ ဆာနာမှာ ပြည်သူထောင်ပေါင်းများစွာ စုဝေးပြီး သောကြာနေ့ဝတ်ပြုပွဲအပြီး… Continue reading Untitled
Untitled
စောင့်ရှောက်သူမဲ့ ဝေဒနာသည်ကူညီရေး လူငယ်ကွန်ရက်ဖွဲ့စည်း 2011-02-25 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ကွန်ရက်ဖွဲ့ အလုပ်လုပ်ကြဖို့ တိုက်တွန်း ပြောဆိုပြီးတဲ့နောက်မှာ ပြည်တွင်းမှာ ကွန်ရက်အဖွဲ့တွေ အရင်ကထက် ပိုပြီး ထွက်ပေါ်လာနေပါတယ်။ (Photo: AFP) မြို့နယ်ဆေးရုံတခုရှိ လူနာဆောင် မြင်ကွင်း ဖြစ်ပါသည်။ (Photo: AFP) အဲဒီလို ပေါ်ပေါက်နေရာမှာ ကူညီ စောင့်ရှောက်မဲ့သူ လုံးဝ မရှိတဲ့ ဝေဒနာသည်တွေကို ပံ့ပိုးကူညီမဲ့ လူငယ်ကွန်ရက်တခုလည်း လွန်ခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရန်ကုန်မြို့မှာ ပေါ်ပေါက်နေပါတယ်။ အဲဒီကွန်ရက်အဖွဲ့ဝင် လူငယ်တွေက တဦးကို တလ ကျပ်ငွေ ၂၀၀၀ စီ ထည့်ဝင်ပြီး အဲဒီငွေနဲ့ အထီးကျန် လူနာတွေကို ကူညီနေတာလို့ သိရပါတယ်။ အဲဒီအဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့… Continue reading Untitled
ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ
ရွှေဝါပြည်မှ သူဌေးကြီး ဦးသူရသည် ရဟတ်ယာဉ်ဖြင့် ရေခဲတောင်သို့ လေ့လာခရီးသွားစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းကာ ရေခဲတောင်ပေါ်တွင် သောင်တင်နေလေသည်။ အနောက်နိုင်ငံကြီးများကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်မည်ဟု ကြွေးကြော်ထားသည့် ရွှေဝါပြည်သူဌေးကြီး ဦးသူရကို ကယ်ဆယ်ရန် ကောင်းမွန်သည့် ရဟတ်ယာဉ်နှင့် ကျွမ်းကျင်သည့် ကယ်ဆယ်ရေးလုပ်သားများ မရှိဖြစ်နေရာ အနောက်နိုင်ငံများ၏ နည်းလမ်းများဖြင့် ချမ်းသာကြွယ်ဝနေသော အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံသို့ အကူအညီတောင်းရလေ၏။ အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံကလည်း ကယ်ဆယ်ခ မြိုးမြိုးမြက်မြက်ရသဖြင့် သွားရောက် ကယ်ဆယ်လေသည်။ ကယ်ဆယ်ရေးအဖွဲ့သည် တကြိမ်လျှင် ၃ ဦးသာ ကယ်နိုင်မည်ဖြစ်ရာ ဦးသူရသည် သူနှင့်အတူရှိနေသူများကို အရင်ကယ်ထုတ်သွားရန် ပြောသဖြင့် ကယ်ဆယ်သူများလည်း သူနှင့်အတူပါသူ ၅ ဦးအနက်မှ ၃ ဦးကို အရင်ကယ်ထုတ်သွားလေသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်ပေါ်ပါလာသည့် ဦးသူရကုမ္ပဏီဝန်ထမ်း ၃ ဦးကို ကယ်ဆယ်ရေးလုပ်သားတဦးက “ခင်များတို့… Continue reading ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ
Untitled
မန်မာစစ်အစိုးရနှင့် အိုင်အယ်အို စာချွန်လွှာ သက်တမ်းတိုး 2011-02-25 ရန်ကုန်မှာ ရောက်ရှိနေတဲ့ အိုင်အယ်အို အရာရှိ မစ္စတာ ဂိုင်း ရိုက်ဒါက ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။ (Photo: AFP) မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ (Photo: AFP) မစ္စတာ ဂိုင်း ရိုက်ဒါဟာ မြန်မာစစ်အစိုးရနဲ့ အိုင်အယ်အိုအကြား နားလည်မှု စာချွန်လွှာ တနှစ် သက်တမ်းတိုးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပြီး မနေ့က စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့… Continue reading Untitled
အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်
ဇာနည်မာန် Thursday, 24 February 2011 14:26 အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်မြို့နယ်များရှိ လူစည်ကားရာ အရပ်များတွင် လူငယ်များက ဖြန့်ကြဲသွားကြောင်း သတင်းရရှိသည်။ အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထုအုံကြွမှုဖြင့် အောင်ပွဲများရခဲ့ပြီး အာရပ်နိုင်ငံများတွင်လည်း အာဏာရှင် တော်လှန်ရေးအတွက် လူထုအုံကြွမှုများ စတင်နေပြီဖြစ်ရာ မြန်မာစစ်အစိုးရ ပြုတ်ကျရေးအတွက်လည်း မြန်မာပြည်သူတို့က လူထုအုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။ စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရန်မှာမူ အချိန်ကာလတခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဖိုးတေက… Continue reading အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်
Untitled
ဒေါ်​စု​နဲ့ Egress လူ​ငယ်​တွေ ဆွေးနွေး နိုင်ငံရေးသမားဆိုတာ မူဝါဒတခုကို ဆုပ်ကိုင်ထားဖို့ လိုတဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အခြေစိုက် အရည် အချင်း မြှင့်တင်ရေး သင်တန်းကျောင်း တခုဖြစ်တဲ့ Egress Myanmar က လူငယ်တွေကို ဒီကနေ့ သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေးသမားဆိုတာ မူဝါဒတခုကို ဆုပ်ကိုင်ထားရမယ်လို့ဆိုတဲ့ ဒေါ်စု ဟိုပါတီ မကောင်းလို့ ဒီပါတီပြောင်း၊ ဟိုဝါဒ မကောင်းလို့ ဒီဝါဒ ပြောင်းတယ်ဆိုတာ လွယ်လွယ် မလုပ်သင့်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ပါတီ သုံးလေးခု ပြောင်းပြီး အသက်ကြီးပေမယ့် အချိန်မစီးတဲ့သူတွေ ရှိနေတဲ့ အကြောင်း လူငယ်တွေကို ဒေါ်စုက ပြောခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ဒေါ်စုနဲ့အတူ… Continue reading Untitled
Untitled
အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ် By Luke Hunt’s Report in Burmese ကြာသပတေး, 24 ဖေဖော်ဝါရီ 2011 ထပ်ဆင့် ဖြန့်ဝေရန် Digg Facebook StumbleUpon Yahoo! Buzz del.icio.us အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ်… Continue reading Untitled
Untitled
မြန်မာ့ လူအခွင့်အရေး ချိုးဖောက်မှု ဒေသတွင်း ၀န်ထုပ်ဝန်ပိုး ဖြစ်နေ By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 24 ဖေဖော်ဝါရီ 2011 မြန်မာနိုင်ငံတလွှား လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်မှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ အဓမ္မ လုပ်အားခိုင်းစေမှု၊ ပေါ်တာဆွဲမှု၊ မြေယာ အဓမ္မ သိမ်းယူမှုတွေအပြင် ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲက မလေးရှားနိုင်ငံမှာ ရောက်ရှိနေသူတွေကို တွေ့ဆုံခဲ့တဲ့ မစ္စတာ… Continue reading Untitled
Untitled
လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား 2011-02-24 နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ (Photo Courtesy of Myanmar Egress) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က လာရောက် တွေ့ဆုံ ဆွေးနွေးသော မြန်မာ အီးဂရက်စ် သင်တန်းသူ သင်တန်းသားများနှင့်အတူ NLD ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo Courtesy of Myanmar Egress) ဒီကနေ့ မနက်မှာ… Continue reading Untitled
Untitled
တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ် ပြစ်ဒဏ်ပေးခံရ 2011-02-24 ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ မူဝါဒကို စာရေးသား ထုတ်ပြန်ပြီး ထောက်ခံခဲ့တဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အာဏာပိုင်တွေက ထောင်တွင်း ပြစ်ဒဏ်ပေးတဲ့ တိုက်ကို အခုရက်ပိုင်းက ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ (Photo: AFP) ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) အာဏာပိုင်တွေက အကြောင်းပြချက် တစုံတရာ မပေးပေမဲ့ ဇန်နဝါရီလ ၁၅… Continue reading Untitled
Untitled
မန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျလူမျိုး ဒန်ကလေကို ရုံးထုတ် 2011-02-24 လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေကို အင်းစိန်ထောင်တွင်း ကမာရွတ်မြို့နယ် အထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ပထမဦးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ (Photo: AFP) မြန်မာတိုင်းမ် ဂျာနယ်ကို ထုတ်ဝေနေသူ သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (အလယ်) ကို ဖေဖော်ဝါရီ ၂၄ ရက်က ရဲများ ခြံရံပြီး အင်းစိန်ထောင်ဝင်းအတွင်းရှိ ကမာရွတ်မြို့နယ် တရားရုံးသို့ အမှုစစ်ဆေးရန် ထုတ်လာပုံ ဖြစ်ပါသည်။ (Photo: AFP) ဒီကနေ့ တရားရုံးမှာ… Continue reading Untitled
BAYDA Forced by Authorities
Untitled
han teenager ‘gang-raped by troops’ By DVB Published: 23 February 2011 Aerial view Kunhing township, close to where the incident took place (Europa Technologies/Google Image/DigitalGlobe) A 16-year-old girl from the Palaung ethnic group in Shan state was blindfolded and raped by six Burmese troops tasked with security close to her village, a relative of the… Continue reading Untitled
Untitled
Burma snatches power from judges Share Comments (0) By JOSEPH ALLCHIN Published: 23 February 2011 People walk in front of the Supreme Court in Rangoon (Reuters) Burma’s Supreme Court has ruled that it is not the responsibility of judges to decide who can attend court hearings held inside prisons, a move described by legal experts… Continue reading Untitled
Untitled
ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း By နူးပန် ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011 ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာ ပြည်သူ့စစ် ဖွဲ့စည်းရေးမှာ ကချင်လူထုတရပ်လုံး ပါဝင်ပြီး တာဝန်ထမ်းဆောင်သွားဖို့အတွက် ပြောဆိုခဲ့ရာမှာ ကချင်လူထု အများစုက လက်ခံနေကြပါတယ်။ မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ အသက်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်မှာ အမှုထမ်းဆောင်နေရမယ့် အတူတူ မိမိရဲ့ လူမျိုးအတွက် ထမ်းဆောင်ဖို့ကိုပဲ ပိုပြီး စိတ်ဆန္ဒ ပြင်းပြနေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။ တိုင်းပြည်ကို စည်းလုံးညီညွတ်စွာ ကာကွယ်နိုင်ဖို့ ဆိုရာမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) နဲ့အတူ လူထုတရပ်လုံး ပါဝင်နိုင်အောင်… Continue reading Untitled
Untitled
အမေရိကန် သံမှူးကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 23 ဖေဖော်ဝါရီ 2011 မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ ပေးအပ်ရေး အမေရိကန် ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနေတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး တာဝန်ခံ သံအမတ်ကြီး လယ်ရီ ဒင်းဂါး (Larry Dinger) က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ၊ တခြားသူတွေနဲ့လည်း အကူအညီပေးရေးကိစ္စ ဆွေးနွေးနေတဲ့အကြောင်း သံအမတ်ကြီးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AP သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတို့ ဒီတပတ်ထဲ ရန်ကုန်မြို့မှာ တနာရီခွဲလောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ… Continue reading Untitled
Untitled
Untitled
ILO နှင့် မြန်မာအစိုးရ သဘောတူ စာချုပ် သက်တမ်းတိုးမည် 2011-02-23 မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ILO နဲ့ သဘောတူ စာချုပ် သက်တမ်းတိုးဖို့ ILO က ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကတော့ ပြည်ဝင်ခွင့်မရပဲ အိမ်နီးချင်းနိုင်ငံတွေမှာ အချက်အလက် စုဆောင်းနေရပါတယ်။ (Photo: Courtesy of Free Burma Rangers) စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုပ်အပိုးများ ထမ်းခိုင်းသော ကရင် ရွာသူရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ (Photo: Courtesy of Free… Continue reading Untitled
Burmese Campaign Movie New Series: “Hay Man Oo Mar SHOCK Shi Tae”
Untitled
LIBYA: Moammar Kadafi speaks to nation, says he won’t leave power February 22, 2011 |  8:25 am Longtime Libyan leader Moammar Kadafi is addressing the nation on state television Tuesday morning in what is shaping up to be a rambling, defiant speech lashing out at the United States and subversive “rats” in his country, including young protesters. Kadafi… Continue reading Untitled