Burma Insight: 31 Jan 2011

Nay Pyi Taw, January 31 — The First Pyithu Hluttaw ( House of Representatives ) and the First Amyotha Hluttaw ( House of Nationalities ) respectively began holding their first sessions under the sponsorship of the State Peace and Development Council ( SPDC ) at the newly constructed grand parliament building in Nay Pyi Taw… Continue reading Burma Insight: 31 Jan 2011

National Youth Network Inside Burma Activities- Opening ceremony of BAYDA Institute

http://www.facebook.com/plugins/like.php?href=http%3A%2F%2Fwww.facebook.com%2Fpages%2FNational-Youth-Network%2F145688318819169&layout=standard&show_faces=false&width=450&action=like&colorscheme=light&height=35

Untitled

Dear Friends, Burma’s military government will introduce a draft for men aged between 18 and 45, and women aged between 18 and 35 will be required to serve up to three years in the Burmese military or face a lengthy jail term. The legislation was enacted on 17 December 2010 and requires all fit adults… Continue reading Untitled

ချင်းပြည်နယ်သို့ NLD ဆန်လှူ

ရန်ပိုင် Tuesday, 25 January 2011 16:57 ကြွက်အန္တရာယ်ကြောင့် အငတ်ဘေး ကြုံနေသည့် ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး ယနေ့ ဆန်လှူဒါန်းကြောင်း NLD ကပြောသည်။ NLDပါတီမှ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်တို့က ဦးဆောင် ပြီး ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၅၀ ကို ငွေကျပ် သိန်း ၂၁၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၁၂၅၀ ဝေငှ မည် ဖြစ်သည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်ကပြောပြသည်။ “ကန်ပက်လက် အာဏာပိုင်ကို ဝေမယ့်ရွာနဲ့ လူဦးရေ စာရင်းပေးပြီးပြီ၊ ခွင့်မပြုသေးဘူး၊ ဒီနေ့တော့ မပြုလည်း… Continue reading ချင်းပြည်နယ်သို့ NLD ဆန်လှူ

အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

နရီလင်းလက် Monday, 24 January 2011 19:39 ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။ အကယ်ဒမီပွဲ မကျင်းပမီက အိန္ဒြာကျော်ဇင်ကို “မာမီရှိန်း” ဇာတ်ကား “အတိတ်ရဲ့အရိပ်” ဇာတ်ကား များဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆို နေခဲ့သည်။ “အာဏာပိုင်တွေက စပွန်ဆာ အားကိုးနဲ့ ၆ ခါလောက် လုပ်သွားတဲ့ အိန္ဒြာကျော်ဇင့် မင်္ဂလာပွဲကို တော်တော် မျက်စိ စပါးမွေး စူးနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာဆောင်နဲ့ အပြိုင်လို ခမ်းခမ်းနားနားကြီး လုပ်သွားတော့… Continue reading အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

Burma Insight- 23 Jan 2011

Yangon, January 24 — The Japanese ( Male ), who died last Saturday night as a result of traffic accident on Yangon- Nay Pyi Taw expressway has been identified by Japanese embassy here as “either a doctor or a dentist hired by some important people in Nay Pyi Taw to give them necessary treatment.” As… Continue reading Burma Insight- 23 Jan 2011

အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

ဟိန်းသူ Tuesday, 18 January 2011 18:37 အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။ “ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။ လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည်… Continue reading အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

စစ်မှု မထမ်းမနေရ

ဘီရုမာ Friday, 14 January 2011 19:13 **

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

စိုင်းဇွမ်ဆိုင်း Thursday, 20 January 2011 19:12 ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ကချင်သတင်းစဉ်) မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ… Continue reading လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

စစ်တပ် လွှတ်တော် ကိုယ်စားလှယ်စာရင်း ထွက်ရှိ

ခင်ဦးသာ Friday, 21 January 2011 17:50 လွှတ်တော်အတွက် စစ်တပ်ကိုယ်စားလှယ် အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရ သတင်းစာများတွင် ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ သတင်းစာများ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် စစ်တပ် ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၏ အမည်စာရင်းအား ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၏ လက်မှတ်ထိုး ထုတ်ပြန်ချက်ကို ဖော်ပြထားသည်။ လက်ရှိ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။ ကြေညာချက်ပါ စစ်တပ် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသားလွှတ်တော် အ တွက်… Continue reading စစ်တပ် လွှတ်တော် ကိုယ်စားလှယ်စာရင်း ထွက်ရှိ

၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

မိုးယံ Friday, 21 January 2011 16:11 ရန်ကုန်နှင့် မန္တလေးမြို့တွင် ချထားပေးသော ၅ သိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် စတင်သုံးစွဲခွင့် ပြုခဲ့ရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များ၊ အစိုးရက တားမြစ်ထားသော သတင်းဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သိရသည်။ ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဟန်းဆက် အရောင်းဆိုင်တဆိုင်တွင် CDMA 800 MHz ဖုန်းဟန်းဆက် ၀ယ်ယူရန် မေးမြန်းနေသူတဦး။ (ဓာတ်ပုံ – Myanmar Times) ကျပ် ၅ သိန်းတန်ဖုန်း CDMA 800 MHz များ Network မိလျှင် အင်တာနက် အသုံးပြုနိုင်သော… Continue reading ၅ သိန်းတန်ဖုန်း အင်တာနက် လိုင်းများတွင်လည်း ဆင်ဆာဖြတ်

ရွှေနှင့် ဒေါ်လာ ဈေးနှုန်း ရက်ပိုင်းအတွင်း ထိုးတက်

ဧရာဝတီ Friday, 21 January 2011 13:36 စစ်အစိုးရက မကြာမီ လွှတ်တော်ခေါ်ယူပြီး အစိုးရသစ် ဖွဲ့မည်ဖြစ်၍ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရွှေနှင့် အမေရိကန် ဒေါ်လာ ၀ယ်ယူစုဆောင်းမှု များပြားပြီး ဈေးနှုန်းများ ထိုးတက် သွားကြောင်း သိရသည်။ ရန်ကုန်မြို့မှ စိန်ရွှေရတနာ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ – peace-on-earth.org) စီးပွားရေး သမားများနှင့် ငွေကြေးတတ်နိုင်သူများက ငွေပိုငွေလျှံများကို ရွှေဝယ်ယူစုဆောင်းခြင်း၊ အမေရိကန် ဒေါ်လာများ နှင့် လဲလှယ် စုဆောင်းခြင်းများကြောင့် ဈေးနှုန်းများ တက်သွားရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးသမားများ က ပြောသည်။ “ဒီလ ၁၈ ရက်နေ့ကစပြီး ဈေးကွက်ထဲမှာ ရွှေဝယ်တဲ့သူ တော်တော်များလာတယ်။ နောက်ပြီး… Continue reading ရွှေနှင့် ဒေါ်လာ ဈေးနှုန်း ရက်ပိုင်းအတွင်း ထိုးတက်

Internship Asia Announcing Professional Development Opportunity

From: apply@internshipsasia.org Date: Wed, 19 Jan 2011 10:06:50 +0700 Subject: Internship Asia Announcing Professional Development Opportunity Greetings! Internships Asia is pleased to announce the launch the first intake of the 2011 Regional Internship Program for Myanmar Nationals! About the program The Regional Internship Program is a unique opportunity for development professionals currently working with organizations… Continue reading Internship Asia Announcing Professional Development Opportunity

National Youth Network Statement No 3 (English Version)

Strategy For Burma’s Second Independence Struggle

People’s Leader Daw Aung San Suu Kyi Met 88-Generation Students’ Leader Myo Yan Naung Thein

People’s Leader Daw Aung San Suu Kyi Met 88-Generation Students’ Leader Myo Yan Naung Thein Date: 12.01.2011 Dear Friends, Burma’s National People’s Leader and the Leader of the National League for Democracy, Daw Aung San Suu Kyi today met with the 88-Generation Students’ Leader, Ko Myo Yan Naung Thein at the NLD Headquarter for more… Continue reading People’s Leader Daw Aung San Suu Kyi Met 88-Generation Students’ Leader Myo Yan Naung Thein

Authorities Responded Positively to Student Protests In Kalay Myo

12 January 2011: The military authorities in Kalay Myo made positive responses to the street protest by the unitersity students today, promising that their demands would be met immediately. The responses included putting the bus fare back to 100 Kyats from recently raised 200 Kyats, increasing the number of buses to upgrade the services, and… Continue reading Authorities Responded Positively to Student Protests In Kalay Myo

ခါးသီးမှုတွေကြားက မော်ချီးရဲ့ ဝမ်းတထွာ

2011 ခုနှစ် နှောင်းလှိုင် ဆောင်းပါး – ကန္တာရ၀တီတိုင်း(မ်) ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးမြို့ရဲ့ အမှတ် (၂) ဂိတ်ကို ဖြတ်သွားဖြတ်လာ လုပ်နေကြရတဲ့ ပြည်သူလူထုတွေဟာ ဂိတ်ကိုစောင့်နေတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၄၂၉) တပ်ရင်းနဲ့ ခလရ (၁၃၄) တပ်ရင်းတို့ကို ဖြတ်သန်းသွားလာခ အခကျေးငွေတွေ ပေးဆောင်နေကြရတယ်လို့ ဆိုပါတယ်။ မော်ချီးရွာအဝင် မော်ချီးရွာအဝင် ဘာပစ္စည်းမှ မသယ်ဆောင်လာရင်လည်း လူသွားလာခ ကျပ် ၅ဝဝ ပေးဆောင်ရပြီး ကုန်ပစ္စည်းတခုခု သယ်ဆောင်သွားပါက ၁၅ဝဝ ကျပ်အထိ ပေးဆောင်နေရတယ်လို့ မော်ချီးဒေသက ကုန်သည်တဦးက ပြောပါတယ်။ “ကုန်သည်ဖြစ်ဖြစ် လူထွက်လူဝင် မှန်သမျှကောက်တယ်။” လူထုတွေဟာ ဝင်ငွေမရှိကြပါဘူး။ တရက်လုပ်မှ တနပ်စာ ထမင်းစား ကြရတာပါ။ လယ်ထဲ၊ တောင်ယာထဲ… Continue reading ခါးသီးမှုတွေကြားက မော်ချီးရဲ့ ဝမ်းတထွာ

နှစ်ဆန်းပိုင်း၌ မောင်းသူမဲ့ UAV လေယာဉ် သျှမ်းပြည် လေတပ်စခန်း ဌာနချုပ်နယ်မြေပေါ် ထပ်မံပျံသန်း

ကြာသပတေးနေ့၊ ဇန်နဝါရီလ 06 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း – သျှမ်းသံတော်ဆင့်သတင်း ကျိုင်းတုံမြို့နယ် လွယ်မွေအခြေစိုက် နအဖရေဒါ တပ်စခန်းမှဒီဇင်ဘာလအတွင်း အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နောက်ပိုင်း ယခုလ ၁ ရက်ကလည်း သျှမ်းပြည် တောင်ပိုင်း (နအဖ ၏ သျှမ်းပြည်လေတပ် စခန်းဌာနချုပ် တည်ရှိရာ) နမ့်ဇန်မြို့ ၌ အဆိုပါ လေယာဉ်မျိုးထပ်မံ တွေ့ရှိရကြောင်း SSA ခေါင်းဆောင်က ပြောဆိုသည်။ UAV လေယာဉ် UAV လေယာဉ် “ပြီးခဲ့တဲ့ ၂၁ ရက်က ကျိုင်းတုံလွယ်မွေမှာတခါ၊ အခုလ ၁ ရက်က နမ့်ဇန် မှာတခါထပ်တွေ့တယ်။ အမြင့်ပေ ၅ဝဝဝ… Continue reading နှစ်ဆန်းပိုင်း၌ မောင်းသူမဲ့ UAV လေယာဉ် သျှမ်းပြည် လေတပ်စခန်း ဌာနချုပ်နယ်မြေပေါ် ထပ်မံပျံသန်း

နေပြည်တော်က လက်မခံနိုင်တဲ့ ‘ရွှေပြည်တော်’ သတင်းစာ လာပြီ အဝေးကြည့် မှန်ပြောင်း (ရန်ကုန်)

လူငယ်တွေ စီစဉ်တယ် ဆိုတဲ့ နေ့စဉ်ထုတ် သတင်းစာသစ်တစောင် ထွက်ပါပြီ။ နေပြည်တော်ဗိုလ်ချုပ်ကြီးတို့ သဘောကောင်းလှချည်လားလို့ မထင်လိုက်ပါနဲ့။ အင်တာနက် သတင်းစာ ဆိုတော့ ဗိုလ်ချုပ်ကြီးတို့ တားဆီးခြင်းငှာ မစွမ်းသာပေါ့လေ။ ၁ လေးလုံးနေ့ (၁-၁-၂၀၁၁)မှာ အစပြုပါတယ်။ PDF ဖိုင်နဲ့ တင်ပါတယ်။ အင်တာနက်သုံးတွေ အချင်းချင်း ဖြန့်ဝေနေကြပါတယ်။ ကိုယ့်ဆီကိုလည်း သတင်းသမား သူငယ်ချင်းတယောက်က လှမ်းပေးလို့ ရပါတယ်။ လက်ဘက်ရည်သောက်ချိန် သို့မဟုတ် ဘီယာသောက်ချိန်မှ ပေးလည်း ရပါလျက်နဲ့ သတင်းစာ သွားဖတ်နိုင်တဲ့ လိပ်စာတွေကို Gtalk ကနေ လှမ်းပေးတဲ့အတွက် ချက်ချင်း သွားဖတ်ပြီး ဒေါင်းလုတ် လုပ်ထားလိုက်ပါတယ်။ ပထမနေ့ အယ်ဒီတာ့ အာဘော် စစချင်း ထုတ်တဲ့ သတင်းစာမှာ ရွှေပြည်တော် ဘာလဲ၊ ဘယ်သူတွေ လုပ်နေသလဲ… Continue reading နေပြည်တော်က လက်မခံနိုင်တဲ့ ‘ရွှေပြည်တော်’ သတင်းစာ လာပြီ အဝေးကြည့် မှန်ပြောင်း (ရန်ကုန်)

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့

ဟိန်းသူ Friday, 07 January 2011 17:55 စစ်အစိုးရနှင့် တရုတ်နိုင်ငံမှ SIPC Myanmar Petroleum Co.,ltd တို့ ပူးပေါင်း လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် အသစ်တခု တွေ့ရှိကြောင်း သိရသည်။ Natural_gas ပုထိုးလုံတွင်း အမှတ် (၂) တွင် စမ်းသပ် ထုတ်လုပ်နေသော တွင်းတူးစက်ကို ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရပုံ (ဓာတ်ပုံ – မြန်မာ့အလင်း) မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၉၀၉ ဘီလီယံနှင့် လေဆီ (ရေနံအပေါ့စား) ပမာဏ စည် ၇ ဒဿမ ၁၆ သန်း ထွက်ရှိနိုင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်တခု… Continue reading မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့

ဧရာရွှေဝါဆီဆိုင်မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံး

ကျော်ကျော်ဦး Friday, 07 January 2011 19:16 ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အတွင်းရှိ ဧရာရွှေဝါ ပုဂ္ဂလိက စက်သုံးဆီဆိုင် မီးလောင်ခဲ့ သောကြောင့် တန်ဖိုး ကျပ်သိန်း ထောင်ချီ ဆုံးရှုံးခဲ့ပြီး ဆိုင်မန်နေဂျာနှင့် ဝန်ထမ်း တဦး ဒဏ်ရာရခဲ့သည်။ ပဲခူးတိုင်း ဇီးကုန်းမြို့ မြောက်ဘက် ၁ မိုင်ခန့် အကွာ ပြည်မြို့ဘက်အထွက် ရန်ကုန် – ပြည် လမ်းမကြီးဘေးတွင် ဇန်န၀ါရီ ၆ ရက်နေ့နံနက် ၁ နာရီ ၁၅ မိနစ်က စက်သုံးဆီရောင်းချနေစဉ် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။စက်သုံးဆီ လာဝယ်သူအား အောက်တိန်း (Octane) ဆီရောင်းချရန် ဆီပေပါ အဖုံးအား ဂေါက်တံဖြင့် ဖွင့်ချိန်တွင် ဆီတိုင်ကီ ဂေါက်တံ ချော်ထွက်ရာမှ… Continue reading ဧရာရွှေဝါဆီဆိုင်မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံး

ကြံ့ဖွံ့က ပါတီဝင်လျင် လမ်းခင်းမည်ဟု ဆို

ဧရာဝတီ Friday, 07 January 2011 15:47 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ရပ်ကွက်များတွင် လူငယ် ပါတီဝင် ရရှိရေးအတွက် လမ်းခင်းပေးမည်ဟု ဆိုကာ စည်းရုံးလျက် ရှိကြောင်း သိရှိရသည်။ IMG_1841 ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းတလမ်းတွင် ကြံ့ဖွံ့နာမည်ခံ၍ လမ်းခင်းပေးပြီး ကမ္ဗည်းမှတ်တိုင် စိုက်ထူထားစဉ်။ (ဓာတ်ပုံ – ဧရာဝတီ) ကြံ့ဖွံ့ပါတီသည် အဆိုပါရပ်ကွက်များတွင် အခြေခံ အထက်တန်းအောင်ပြီး လူငယ်များနှင့် ဘွဲ့ရ လူငယ်များအား ပါတီဝင်ရမည်၊ ပါတီဝင်မှ လမ်းခင်းပေးမည်ဟု ဆိုကာ တအိမ်တက်ဆင်း ပါတီဝင် ဖောင်များအား ဖြည့်စွက်ခိုင်းလျက်ရှိကြောင်း ရပ်ကွက်တွင်း နေ သူ များက ပြောသည်။“လမ်းတလမ်းကို… Continue reading ကြံ့ဖွံ့က ပါတီဝင်လျင် လမ်းခင်းမည်ဟု ဆို

မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ဇာနည်မာန် Friday, 07 January 2011 17:09 ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။ Kachin-Manaw-2011 ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ – Reuters) မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့်အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။ “A4 ဆိုဒ်… Continue reading မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ဦးပိုင် လီမိတက် လုပ်ငန်းများ အခွန်ဆောင်ရန် မလို

ဧရာဝတီ Friday, 07 January 2011 16:31 ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စစ်တပ် အသိုင်းအ၀ိုင်း အတွက် ၀င်ငွေအဓိက ရှာပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သည် နိုင်ငံတော်သို့ အခွန်ဆောင်ရန် မလိုဘဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို စိတ်ကြိုက်လုပ်ပိုင်ခွင့် အထူး အခွင့်အရေး ရရှိထားကြောင်း သိရသည်။ a-ship-of-5-Star-Line-seen-as-Yangon-River စီးပွားရေးဦးပိုင် လီမိတက်မှ လွှဲပြောင်း ရယူထားသည့် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ သင်္ဘောတစီးကို ရန်ကုန်မြစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – မိုးမခ) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနသည် အခွန်တိမ်းရှောင်မှု လျော့ကျစေရန် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစပြီး ပင်ရင်းမှ နုတ်ယူ ပေးသွင်းသည့်… Continue reading ဦးပိုင် လီမိတက် လုပ်ငန်းများ အခွန်ဆောင်ရန် မလို

လွတ်လပ်ရေးနေ့ ပုံရိပ် ၂ ခု

မြန်မာပြည် တကယ် မလွတ်လပ်သေး၊ တိုက်ယူရဦးမည်။ နိုင်ငံကိုတော့ အပိုင်ချုပ်ထားလိုက်ပြီ၊ အေးဆေးပဲ ဟေး … ဟေး၊ ဝေစားမျှစားပေါ့ကွာ။ လွတ်လပ်ရေးနေ့မှာ NLD ရုံးချုပ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်း ပါတီဝင်များ (ဓာတ်ပုံ – Getty Images)။ အောက်ကပုံကတော့ တွေ့ရသမျှ ဓာတ်ပုံအကုန်လုံးမှာ တဟဲဟဲလုပ်နေတာမြင်ရတဲ့ ဗိုလ်သန်းရွှေကို ညစာစားပွဲမှာ တွေ့ရပုံ (ဓာတ်ပုံ – AP)။

ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ

ရန်ကုန်သားတာတေ Wednesday, ထွေရာလေးပါး နေပြည်တော်ရှိ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားကြီး ဖိတ်ဖိတ် လက်နေသည်။ ရောက်ရှိသွားသော ဦးရုက္ခစိုးပင် နတ်ဖြစ်လျက်နှင့် အရောင်မှိန်သွား သောကြောင့် အားငယ်သွား၏။ ချိုကုပ်။ ။ ဟိုင်း … ဦးရုက္ခစိုး … ရောက်လာပြီလား။ ဒီကို သက်သက်ပဲလား။ ခင်ဗျားရဲ့ဘော်ဒါ ငရှုပ်တွေ မပါဘူးလား။ cmnatရုက္ခစိုး။ ။ နေရာတကာ ခေါ်မသွားနိုင်ပါဘူးဗျာ။ ဆီဈေးတွေက ကြီးကကြီးနဲ့။ ဒီတော့ ဆီမလိုတဲ့ကျုပ်ပဲ လာလိုက် တယ်လေ။ ကျုပ်ကတော့ ဒီကိုသက်သက်ပါပဲ။ လွတ်လပ်ရေးနေ့မှာ ဘာတွေများ လုပ်နေသလဲ လာကြည့်တာပါ။ ချိုကုပ်။ ။ အခု အလံတင်မယ်။ ညကျ ညစာစားပွဲ ကျင်းပမယ်။ ဒါပဲလေဗျာ။ ရုက္ခစိုး။ ။ လွတ်လပ်ရေးနေ့မှာ ခင်ဗျားရဲ့… Continue reading ချင်းမိုင်ရုက္ခစိုးနှင့် ချိတ်ဝတ် မာမီများ

ရန်ကုန် နှစ်သစ်ကူးည

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်က နှစ်သစ်ကူးည မြင်ကွင်းပါ။ ပုံတွေ အခုမှ ရတာနဲ့ တင်ပေးလိုက်ပါတယ်။ ရန်ကုန်မှာ လူငယ်တွေ ဘယ်လို ပျော်အောင် နေကြတယ်ဆိုတာလေး ခံစားရအောင်လို့ပါ။ (ဓာတ်ပုံ – ဧရာဝတီ)

မဟာရန်ကုန်မှ ကရင်နှစ်သစ်ကူး

ကြည်ဝေ, 06 January 2011 ဆောင်းပါး နောက်ခံ ပိတ်ကားပေါ်တွင် ခရမ်းပြာရောင် နောက်ခံ၌ လိမ္မော်ရောင် နေဝန်းထွက်ပေါ် လာသည့် သရုပ်ဖော်ပုံနှင့် “ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော်” ဟု မြန်မာဘာသာ၊ ကရင်ဘာသာ စကားတို့ဖြင့် ရေးဆွဲထားသော စင်မြင့်ပေါ်သို့ ရိုးရာဝတ်စုံဖြင့် ကရင်အမျိုးသား အမျိုးသမီး ၁၂ ဦးခန့်တက်လာကြပြီး ကရင်အမျိုးသားသီချင်းကို စတင်သီဆိုနေကြသည်။ karen_new_year_2011_02ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားကျောင်းဝင်းနှင့် ကျမ်းစာကျောင်းအတွင်း ကျင်းပသည့် ၂၇၅၀ ပြည့် ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်သို့ လာရောက်ကြသည့် ထောင်နှင့်ချီသော လူအုပ်ကြီးက တိတ်ဆိတ်စွာ အမျိုးသားသီချင်းကို နားထောင်နေကြသည်။ သီချင်း ပြီးဆုံးသွားသည်နှင့် အသက် ၅၀ ကျော်အရွယ် ကရင်အမျိုးသားကြီးက “ဒီအချိန်မှာ ကရင်လူမျိုးတွေ… Continue reading မဟာရန်ကုန်မှ ကရင်နှစ်သစ်ကူး

တိုင်းရင်းသားပါတီများနှင့် ချင်းပါတီ မဟာမိတ်ဖွဲ့မည်

စိုင်းဇွမ်ဆိုင်း 06 January 2011 ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီ (CNP) သည် ပါတီညီလာခံတရပ် ကျင်းပနေပြီး တခြား တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ဖွဲ့စည်းရေးကို ဦးစားပေး အကောင်အထည် ဖော်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေသော ပါတီညီလာခံသို့ ပါတီကိုယ်စားလှယ်နှင့် ပါတီဝင် ၆၀ ခန့် တက်ရောက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ၃ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အပါအဝင် တခြား တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်ဖွဲ့ပြီး အတူတကွ အလုပ်လုပ်နိုင်ရေးကို ကျနော်တို့ ပါတီညီလာခံမှာ အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခုက ညီလာခံကို စတင်ကျင်းပတဲ့ရက်… Continue reading တိုင်းရင်းသားပါတီများနှင့် ချင်းပါတီ မဟာမိတ်ဖွဲ့မည်

TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်

ဧရာဝတီ , 06 January 2011 ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။ Refugee-Children-11 ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ – Reuters) TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ကုန်ပစ္စည်း ဈေးနှုန်းများ… Continue reading TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်

လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

အောင်သက်ဝိုင်း , 06 January 2011 ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် အတွင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကာ လယ်မြေများ သိမ်းယူခဲ့သည့် အတွက် တောင်သူ လယ်သမား ၂၀၀ ကျော်တို့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပြီး လယ်မြေများ ပြန်လည်ပေးအပ်ရန် တောင်းဆို ကြသည်။၂၀၀၈ ခုနှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ ရွာပေါင်း ၇ ရွာ ကျော်မှ လယ်ယာမြေ ဧက ၅၅၀၀ ကျော်ကို စီးပွားရေးကုမ္ပဏီကြီး ၁၁ ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ကန်ထရိုက် လယ်ယာစနစ်… Continue reading လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

မျိုးမောင် , 06 January 2011 ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် ယခု နှစ်ကုန်ပိုင်းတွင် တင်ပို့သည့်ဆန်များမှာ မကြာခဏပြန် ပို့ ခံရခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ပြောသည်။ Botahtaung-port ဗိုလ်တထောင် ဆိပ်ကမ်းမှ ဆန် ကုန်တင်ကုန်ချ အလုပ်သမားများ။ (ဓာတ်ပုံ – AP) အာဖရိကရှိ အိုင်ဗရီကို့စ် နိုင်ငံသို့တင်ပို့သော၂၅ မှတ်ဆန်(ကျိုးကြေသော ရာခိုင်နှုန်း၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်)တင် သင်္ဘော တစီးသည် အရည်အသွေးမမီသောကြောင့် ကမ်းကပ်ခွင့်မပေးသဖြင့် ဒီဇင်ဘာလ အတွင်းက ပြန်လှည့်ခဲ့ရကြောင်း ရန်ကုန်မြို့ဘုရင့်နောင် ဆန်ကုန်သည် တဦးက ပြောဆိုသည်။နိုဝင်ဘာလ အတွင်းကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတနိုင်ငံသို့ တင်ပို့သော ၂၅ မှတ် ဆန်… Continue reading ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

ခင်ဦးသာ , 06 January 2011 ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ စစ်တပ်တို့ ဇန်န၀ါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ စစ်တပ်မှ ၄ ဦးကျဆုံးခဲ့ပြီး ALA မှ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝ မြို့နယ်၌ အခြေစိုက်ကာ နယ်စပ် တလျောက်လှုပ်ရှားနေသော နအဖ၏ ခလရ ၅၅ တပ် မှတပ်သားအင်အား ၃၀ ၀န်းကျင်နှင့် ALA တပ်သားအင်အား ၄၀ ၀န်းကျင်တို့သည် ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အပြန်အလှန်ပစ်ခတ်ခဲ့ ကြကြောင်း၊… Continue reading နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို , 06 January 2011 ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ချပေးထားသော ကျပ် ၅ သိန်းတန် CDMA ဖုန်းများကို အင်တာနက်ပါ အသုံးပြုနိုင်ရန် လာမည့် ၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပြင်ဦးလွင် ICT ပြပွဲ၌ SIM ကတ်များအား လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Showing-how-McWill-connect-to-Internet-Eleven-Media-Group ၅ သိန်းတန် CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုပုံ သရုပ်ပြနေစဉ် (ဓာတ်ပုံ – Eleven Media) လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့်… Continue reading ၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

ရေဘဲလေးတို့ ပျော်စံရာ –

“မင်းအဖေကဘာအလုပ် လုပ်သလဲ” “ရေတပ်ကပါ ဆရာမ” “ဒါဆိုရင် မင်းတို့မိသားစု ထောမှာပေါ့။ ဆရာမတို့လမ်း ထဲက ရေတပ်မိသားစုဆို ပိုက်ဆံတွေအရမ်းရတာ” “ဒါပေမယ့် ကျနော့အဖေက…” “ဆရာမ သိပါတယ်ကွာ လျှိုမနေပါနဲ့ ဆရာမပြောတဲ့ မိသားစုဆို သူ့ယောက်ျားသဘောင်္ဝင်လာရင် ပစ္စည်း တွေဝယ်လိုက် ခြမ်းလိုက်တာ စုံနေတာပဲ။ မင်းကျတော့ လည်း ခပ်နွမ်းနွမ်းရယ်။ အိမ်ကဝယ်မပေးဘူးလား။ ဒါမှ မဟုတ်မင်းအဖေက လောင်းကစားလုပ်လို့ရတဲ့ ပိုက်ဆံ တွေကုန်သွားတာလား” ကျနော့်သားလေး ကျောင်းမှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးကို သူပြန်ပြောလို့ သိရတော့ ကျနော် ပြုံးမိပါတယ်။ ဒီ လို အထင်အမြင်တွေ အပြောအဆိုမျိုးတွေကို မကြာခဏကြုံတွေ့ဖူးလို့ပါ။ အရပ်ထဲကလူတွေ မပြောနဲ့ စစ်သားအချင်း ချင်းတောင် ရေတပ်ကလူတွေကို အထင်ကြီးတတ်ပါတယ်။ ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်တန်းသွားတက် ရတဲ့အခါ သင်တန်းဆရာအများစုက ကျနော်တို့ကို… Continue reading ရေဘဲလေးတို့ ပျော်စံရာ –

ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ

ကျွန်မတို့ရဲ့ လွတ်လပ်ရေးပွဲတော်ကို လာပြီးတော့အားပေးချီးမြှင့်သူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကြိုဆိုပါတယ်။ လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ နှလုံးသွင်းဖို့လိုမယ်လို့ထင်ပါတယ်။ လူတွေက ဘာဖြစ်လို့ လွတ်လပ်ရေးကို လိုချင် ကြတာလဲလို့ စဉ်းစားဆင်ခြင်လို့ရှိရင် အနှောင်အဖွဲ့တွေက ကင်းဝေချင်တယ်၊ ဖိစီးမှုတွေကနေ လွတ်မြောက်ချင်တယ်။ အဲဒါက လွတ်လပ်ရေးပဲ။ ဒါပေမဲ့ ကိုယ်တယောက်တည်း အနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့မဟုတ်ဘူး။ကိုယ်တယောက်တည်းဖိစီးမှုတွေက ကင်းရှင်းသွားဖို့မဟုတ် ဘူး။ အခြားသူတွေအတွက်လည်း ကျွန်မတို့က အတူတူလုပ်ရမယ်။ ကိုယ်တယောက်တည်း လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ရဲ့အသိုင်းအ၀ိုင်းပါ လွတ်လပ်ရမယ်။ ကိုယ်တယောက်တည်း အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးတော့ ကျန်တဲ့သူတွေက မလွတ်မြောက်ဖူးဆိုရင် အဲဒါက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့က လွတ်လပ်ရေးနေ့ရောက်တိုင်း ကျွန်မတို့နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များ၊အာဇာနည်များ၊ အမျိုးသား ခေါင်းဆောင်များ၊ အမျိုးသားအာဇာနည်များဟာ ဘာတွေကို… Continue reading ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ

ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည်

ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ချင်းမိုင် (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ကြွက်ဘေးနှင့် ဂီရိမုန်တိုင်းဘေးအတွက် အကူအညီပေးရေးကို လာမည့်လွှတ်တော်၌ တင်သွင်း မသွင်းကို ဦးစားပေးတခုအဖြစ် ချင်းအမျိုးသားပါတီ CNP က ပါတီတွင်း ဆွေးနွေးမည်ဟု သိရသည်။ဗဟိုကော်မတီ၊ မြို့နယ်ကော်မတီများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအကြား ပထမဆုံးအကြိမ် “မျက်နှာစုံညီ အစည်းအဝေး” ကို ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ယနေ့မှစ၍ ၃ ရက်ကြာ ကျင်းပနေခြင်း ဖြစ်သည်။“အရေးပေါ် ဖြစ်နေတဲ့ ကြွက်ဘေးပြဿနာနဲ့ ဂီရိမုန်တိုင်းဒဏ်ခံရတဲ့ ချင်းတွေ တောင်ပိုင်းမှာ ရှိတယ်လေ။ အဲဒါကို ပြည်နယ်လွှတ်တော်ကနေ ကူညီဖို့ လိုတာကိုး။ အရေးပေါ်အဖြစ် လွှတ်တော်ထဲမှာ ပြောသွားမယ်ပေါ့” ဟု CNP အထွေထွေအတွင်းရေးမှူး… Continue reading ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည်

မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော

ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။“မဲပေးပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို… Continue reading မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော