Home » IT & Science

IT & Science

* ဆော့ဝဲမြို့တော် iPhone Passcode ကို ပြန်လည် ရယူနည်း
***************************
(Credit By မိုးသိကြား)

ယနေ့ခေတ်တွင် iDevice ကို အသုံးပြုသူ လူတိုင်းနီးပါးက မိမိ၏ အရေးကြီးသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို iDevice အတွင်းမှာ သိမ်းဆည်းထားတတ်ကြပြီး.. အခြား တစ်စုံတစ်ယောက် အလွယ်တစ်ကူ အသုံးမပြုနိုင်စေရန် ကိုယ်ပိုင် Passcode လေးများနှင့် Lock လုပ်ထားတတ်ကြပါတယ်..

မိမိကိုယ်တိုင် Set up လုပ်ထားတဲ့ Passcode ကို မေ့သွားခဲ့မယ်ဆိုရင်တော့…
အရင်ကဆိုရင် Restore ပြန်လုပ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါဘူး။
ယခုတော့ iDevice ကို Restore ပြန်လုပ်ရန် မလိုပဲနှင့် Passcode ကို ပြန်လည်ရှာဖွေနိုင်မယ့် Toolkit တစ်ခုကို iPhone Dev Team က ဖန်တီးပေးလိုက်ပါပြီ…

“Gecko Toolkit” လို့ အမည်ရတဲ့ Tool ဟာ iDevice ရဲ့ Passcode ကို ပြန်ရှာပေးနိုင်ရုံမျှမကပဲ အကြောင်းကြောင်းကြောင့် ‘Disable’ ဖြစ်နေတဲ့ iPhone ကိုပါ ပြန်လည် ကုစားပေးနိုင်ပါတယ်၊ ဒါ့အပြင် Apple logo မှာ တစ်နေခြင်း ပြဿနာကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်…
ဆက်လက်ဖတ်ရူရန်-http://goo.gl/jr8oKB

တစ်ချက်နှိပ်လိုက်ရုံနှင့် အဓိပ္ပါယ်သိနိုင်မည့် အွန်လိုင်းအဘိဓါန်
Monday, January 27, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။အင်္ဂလိပ်စာဖတ်တဲ့သူ အတော်များများဟာ အဘိဓါန်တွေ ဆောင်ထားတတ်ကြပါတယ်။ ခုနောက်ပိုင်း အင်တာနက်မှာ စာဖတ်ကြသူတွေ ကတော့ ကိုယ်ဖတ်နေတဲ့ စာက တစ်ခု၊ အဘိဓါန်အတွက်က သီးသန့် ဝဗ်ဆိုက်တစ်ခု(ဥပမာ dictionary.reference.com) ဖွင့်ပြီး အဓိပ္ပါယ်တွေ ရှာဖွေရတာဖြစ်ပါတယ်။ အချိန်ကုန်သလို အင်တာနက် မြန်နှုန်းပေါ်မှာလည်း မူတည်သေးတာမို့ စာတစ်လုံးကို တစ်ကြိမ်ရှာဖွေရတာ မလွယ်လှပါဘူး။

Google Dictionary

ဒါပေမဲ့ အခု Web App လေးကတော့ အပေါ်က ပြဿနာတွေကို မဖြစ်စေတော့ပါဘူး။ Google Dictionary လို့ခေါ်တဲ့ ဒီ App ရဲ့ အစွမ်းတွေကတော့ အင်္ဂလိပ်နဲ့ ရေးထားတဲ့ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ နောက်ဆုံးစာတစ်ကြောင်းပဲဖြစ်ဖြစ် ဖတ်နေစဉ်မှာ ကိုယ်မသိတဲ့စာလုံးကို ကလစ်နှစ်ချက်(Double Click) နှိပ်လိုက်ရုံနဲ့ အဝါရောင် Box ကလေးကျလာပြီး အလွယ်တကူ အဓိပ္ပါယ်ဖတ်ရှုနိုင်ပါတယ်။ ဝဗ်ဆိုဒ်တစ်ခုမှာ သွားပြီး သီးသန့်ရှာနေစရာ မလိုတော့ပါဘူး။

ဒီ့ပြင့် အဘိဓါန်တွေ ရှိနေသေးပေမယ့် ဒီ Google Dictionary လေးက အခြား Web App တွေထက် ပေါ့ပါးပြီး ရိုးရှင်းလွယ်ကူပါတယ်။ ဒီ အဘိဓါန်ကို အွန်လိုင်းအနေနဲ့ပဲ အသုံးပြုနိုင်ပြီးတော့ အွန်လိုင်းမရှိရင် (Offline) ဆိုရင်တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဒီ App ကို အသုံးပြုချင်တယ်ဆိုရင်တော့ အသုံးပြုတဲ့ Browser က Google Chrome ဖြစ်ရပါမယ်။ Download လုပ်ချင်တယ်ဆိုရင်တယ်ဆိုရင်တော့ Chrome Webstore ထဲမှာ Google Dictionary လို့ရှာပြီး Add လုပ်လိုက်ရုံပါပဲ။ ပြီးရင်တော့ Browser ရဲ့ Bookmark Bar အပေါ်မှာ ပုံလေးနဲ့ ပေါ်နေမှာပါ။ စာဖတ်နေရင်း မဟုတ်ဘဲ စကားလုံးတစ်လုံးကို သိချင်ရင်လည်း အဲ့ဒီပုံလေးကို နှိပ်လိုက်ရင် Search Box နဲ့ စာလုံးရှာဖွေတဲ့ Box ကလေးကျလာပြီး ကိုယ်လိုချင်တဲ့ စာလုံးကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Mizzima –

ဖေ့စ်ဘွတ်မှာ Unfriend လုပ်သူကို သိနိုင်သည့် Application
Conficker
Monday, January 27, 2014

ဖေ့စ်ဘွတ်သုံးတဲ့သူတိုင်း သူငယ်ချင်းတွေကို ထပ်ထည့်နိုင်ပေမယ့် ကိုယ့်ကိုသူငယ်ချင်းမလုပ်တော့ သူ (Unfriend) တွေကိုတော့ အလွယ်တကူမသိနိုင်ပါဘူး။ ခင်မင်ရတဲ့သူတွေရဲ့ Post တွေကို မမြင်ရတော့ တဲ့အခါမှ ကိုယ်နဲ့သူ သူငယ်ချင်းမဟုတ်တော့မှန်း၊ ကိုယ့်ကို သူငယ်ချင်းမလုပ်တော့မှန်း (Unfriend) သိကြရတော့တာပါ။

အခု ဒီ App လေးကတော့ ကိုယ့်ကိုတစ်ယောက်ယောက်က Unfriend လုပ်သွားပြီဆိုတာနဲ့ အချက်ပေး (Notification) သွားမှာပဲဖြစ်ပါတယ်။ ဒီ App ကို သုံးချင်တယ်ဆိုရင်တော့ သုံးတဲ့ Browser က ပထမ ဆုံး Google Chorme ဖြစ်ရပါမယ်။ ဒီမှာအများဆုံးသုံးနေကျဖြစ်တဲ့ Mozilla Firefox ဆိုရင် ဒီ App က အလုပ်လုပ်မှာ မဟုတ်ပါဘူး။

Chrome Browser ရှိပြီးသားဆိုရင်တော့ Chrome Web Store ထဲကSearch Box မှာ “Unfriend Notify for Facebook” ဆိုတဲ့နာမည်ကို ရိုက်ချလိုက်ပြီး အခမဲ့သွားရောက် Download ဒါမှမဟုတ် Add ရယူနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Add ဟာ Chrome Browser ရဲ့ Extension အနေနဲ့ ၀င်ရောက်သွား ပါလိမ့်မယ်။

ဒီ App ကို Download လုပ်ပြီး/မပြီး ကိုတော့ ကိုယ့် Facebook Timeline ထဲက Friends ကို နှိပ်ကြည့် လိုက်ရင် Friends ဆိုတဲ့စာသားရဲ့ဘေးမှာ Lost Friends (…) ဆိုပြီး ပေါ်လာပါလိမ့်မယ်။ (ပုံ- Screenshot- 01) ကွင်းထဲမှာတော့ ကိုယ့်ကို ဘယ်နှယောက်က Unfriend လုပ်သွားလဲဆိုတဲ့အရေအ တွက်ကို မြင်ရမှာပါ။ ပြီးတော့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို Unfriend လုပ်သွားပြီဆိုရင် အသုံး ပြုသူကို Notification အနေနဲ့ ပြမှာဖြစ်ပါတယ်။

App ကို Download လုပ်ပြီးသွားပြီဆိုတာနဲ့ ညာဘက်ထောင့်အောက်ခြေမှာSetting Boxကလေး တစ်ခု ကျလာပါလိမ့်မယ်။ ဒီSetting ထဲမှာNoti ပြတာကို ဘယ်ဘက်၊ ညာဘက်၊ အထက်၊ အောက် မိမိနှစ် သက်ရာနေရာကို ရွေးချယ်နိုင်ပါတယ်။

Mizzima

Remote Control Tester

သင့်အိမ်မှာရှိတဲ့ TV/Video Remote Control တွေအလုပ်မလုပ်တော့ရင် ကောင်းမကောင်း ကိုယ်တိုင်စမ်းသပ်ကြည့်လို့ရပါတယ်။ Mobile Phone Camera ကို Remote Control Tester အဖြစ် အသုံးပြုလို့ပါတယ် ။
Remote Control ထိပ်မှာပါတဲ့ LED ကထုတ်လွှင့်တဲ့ အလင်းတန်းဟာ infrared ray အနီအောက်ရောင်ခြည်ဖြစ်ပါတယ် သာမန်မျက်စိနဲ့ မမြင်ရပါဘူး ဒါကို ဖုန်းမှာ ပါတဲ့ ကင်မရာ နဲ့ မြင်ရပါတယ် ဒါဆိုရင် Remote control တွေ ကောင်းမကောင်း အလုပ်လုပ်သလား ကိုယ်တိုင်စမ်းသပ်ကြည့်လို့ရပြီပေါ့။
LED ထိပ်တည့်တည့်ကို ကင်မရာဖြင့်ချိန်ထားပြီး Reomte Control မှ ခလုပ်တစ်ခုကို နှိပ်လိုက်ရင် အဖြူရောင်အလင်းတန်းလေး တဖျတ်ဖျတ်လင်းနေတာတွေ့ရပါလိမ့်မယ်။ ဒီလိုမြင်ရရင် အကြမ်းအားဖြင့်ကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။

MWD


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: