ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်း

နိုဝင်ဘာ 13 ရက်နေ့ ဒေါ်စု လွတ်ရက်စေ့ပြီ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစည်းရေး ကိစ္စရပ်တွေအပေါ် အဓိကထား ဆွေးနွေးကြမယ်။

“ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ ကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး”

မျိုးမျိုး အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉) နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးလှမြင့်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယှဉ်ပြိုင် ဘက်ပါတီများအပေါ် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကြောင်းပြောသည်။ “ကျွန်တော်တို့ပါတီအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြမယ့် နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက တွေအားလုံးကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပါတယ်။ ဒီအတိုင်း ဆက်ဆံသွား ပါမယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး”ဟု ဦးလှမြင့်ဦးက ဆိုသည်။ အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ရှစ်ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ရှစ်ဦး၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလနှစ်ဦး စုစုပေါင်း ၁၉ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။… Continue reading “ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ ကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး”

ရွေးကောက်ပွဲကြီး နီးပြီမို့ နိုင်ငံရေး ပါတီတို့ စည်းရုံးရေး ဆင်းကြပြီ

ရွေးကောက်ပွဲ အကြို ကာလ စည်း ရုံး မဲဆွယ်ရေး လုပ်ငန်းများကို နိုင်ငံရေး ပါတီများ က လုပ်ဆောင် ကြရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ရပ်ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း၊ လက် ကမ်း စာစောင် ဝေခြင်း၊ ဘေလ်ဘုတ် ထောင်ခြင်း၊ စာစောင် ဖြန့်ဝေခြင်း၊ ခန်းမ ငှားရမ်းကာ ဟောပြော စည်းရုံးခြင်း များ လုပ်လာ ကြသည်ကို တွေ့မြင် နေရ သည်။ နိုင်ငံရေး ပါတီ အများစုမှာ ငွေ ကြေး မတတ်နိုင် ကြသဖြင့် ခန်းမငှား ရမ်း ဟောပြောခြင်းနှင့် ဘေလ်ဘုတ် ထောင်ခြင်း များကို မတတ်နိုင် ကြဘဲ လက်ကမ်း စာစောင်ဝေငှခြင်း နှင့် ရပ်… Continue reading ရွေးကောက်ပွဲကြီး နီးပြီမို့ နိုင်ငံရေး ပါတီတို့ စည်းရုံးရေး ဆင်းကြပြီ

မြန်မာ့ရွေးကောက်ပွဲ – ပြည်သူဘာကြောင့်ပါသင့်သလဲ

by Freemedia Forburma on Sunday, 24 October 2010 at 11:46 နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ခေါ် မြန်မာစစ်အစိုးရသည် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံဖြင့် သာယာစိုပြေဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မည်ဟု တလျှောက်လုံးကြွေးကြော်လာခဲ့သည်။ သို့သော် မလိုသူများက အဆိုပါလမ်းပြမြေပုံသည် စစ်အုပ်ချုပ်ရေးကိုတရားဝင် တည်တံ့ခိုင်မြဲအောင်လုပ်ခြင်းဟုသာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ဖာသာသူတို့ပေးအပ်ထားသော တာဝန်အရ နအဖသည် ရွေးကောက်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင်ကျင်းပမည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဤတွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောာင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမှ ပတ်သက်နေသူများ အကြား ရွေးကောက်ပွဲတွင် မြန်မာပြည်သူများပါဝင်သင့် မသင့် အကြီးအကျယ်ငြင်းခုံလာတော့သည်။ ဒီမိုကရေစီအရေး စည်းရုံးလှုံ့ဆော်နေသူများအကြားတွင်လည်း ရွေးကောက်ပွဲအယူအဆကို သတိကြီးစွာထားပြီးထောက်ခံသူနှင့် မထောက်ခံသူဟူ၍ကွဲပြားသွားတော့သည်။… Continue reading မြန်မာ့ရွေးကောက်ပွဲ – ပြည်သူဘာကြောင့်ပါသင့်သလဲ

“ဆန္ဒလေးတွေမစောကြပါနဲ့”

by Oakkar Nyo Htay on Sunday, 20 June 2010 at 23:11 အခုတစ်လောဗျာ ရန်ကုန်မြို့တော်ကြီးမှာ နေပြီး email ဖွင့်လိုက်တာနဲ့ မိမိကိုမိမိ အတိတ်တော်လှန်ရေးကာလများဆီ ရောက်သွားလားထင်ရလောက်အောင် ဝင်လာလိုက်တဲ့ စာတွေဟာ တစ်တယ့်ကိုပဲ ရင်သိမ့်တုန်ဖြစ်ရပါတယ်။ အကြောင်းကတော့ incoming mail အများစုတွေဟာ အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေး၊ အကြမ်းဖက်မတရားအုပ်ချုပ်မှုဆန့်ကျင်ရေး စသည်ဖြင့်ပေါ့လေ တစ်ကယ့်ကို စာလုံးအနီရောင်ကြီးတွေနဲ့ စည်းရုံးရေးဆင်းထားတာဖြင့် ကြက်သီးမွေးညှင်း ထလောက်စရာပါပဲ။ ပြောထားတဲ့အတိုင်းများတသွေမတိမ်း လုပ်လိုက်ရင်ဖြင့် မြန်မာ့နိုင်ငံရေး နေ့ချင်းညချင်း နာလန်ထူတော့ မယ့်အတိုင်း ရေးသားထားတာတွေက အမိုက်စားတွေပါ။ ဘာနဲ့သွားတူလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေထဲကလိုပေါ့ဗျာ၊ အနီးစပ်ဆုံးဥပမာပေးရရင် electricity ကိစ္စလိုမျိုး၊ ပြောနေတာကတစ်ခြားဖြစ်နေတာကတစ်ခြားပါ၊ တစ်ကယ်ဆိုဒီလိုမဖြစ်သင့်… Continue reading “ဆန္ဒလေးတွေမစောကြပါနဲ့”

စာပေဟောပြောပွဲ (မလေးရှား)

စံ-ဇာဏီဘို ၂၀၁၁ တစ်နှစ်စာ ဟောစာတမ်း

http://www.shweo.com/node/1612

Press Release ‘Binning the Election’ Stop legitimising military rule in Burma Boycott 2010 Elections in Burma

Date: Friday 29 October 2010 Venue: UK European Union (EU) and European Commission (EC) office. The Democratic Party for a New Society (DPNS – UK) in cooperation with the Burma Democratic Concern (BDC) holds a boycott 2010 Elections in Burma campaign under the banner ‘Binning the 2010 Elections’. The campaign travels today outside the European… Continue reading Press Release ‘Binning the Election’ Stop legitimising military rule in Burma Boycott 2010 Elections in Burma

BBC World Service broadcasts in Burma face axe

BBC has been warned by Foreign Office that cuts could force pullout from several countries The BBC Burmese service has been used by dissidents to monitor the country’s ruling military junta. Photograph: David Longstreath/AP The BBC is locked in talks with the government over drastic cuts to the World Service budget which could force it… Continue reading BBC World Service broadcasts in Burma face axe

ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

khitpyaing ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။ ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ… Continue reading ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

khitpyaing ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ဦးမာခါး၏ မဲဆွယ်ဆိုင်းဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ) မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ် တွဲဖက်စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ (၂၅) ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင်ထားသည်ဟု ဦးမာခါးက ပြောသည်။ http://www.khitpyaing.org

တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ

BBC news ဒီကနေ့မနက် ၆ နာရီလောက်မှာ တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ နဲ့ ၄၃၆ က တပ်ရင်းမိသားစုနဲ့ ကျောင်းသားကျောင်းသူ ၂၀၀ လောက်ဟာ တပ်ရင်းမှူးရုံးကိုသွားပြီး သူတို့ရဲ့စားဝတ်နေရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ တောင်းဆိုပွဲမှာ ပါဝင်တဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။ တပ်တွင်းမှာရှိတဲ့ ရဲမေတွေနဲ့ ကျောင်းသူကျောင်းသားတွေက မနက် ၆ နာရီ တန်းစီတဲ့အချိန်လောက်မှာ တပ်ရင်းရုံးကိုလာပြီး ဆန္ဒပြတောင်းဆိုရာမှာစားနပ်ရိက္ခာ အလုံအလောက်ချပေးဖို့ တောင်းဆိုကြတဲ့အကြောင်း တပ်ရင်းမှူးကတော့ စဉ်းစားပေးမယ်လို့ ပြောတဲ့အကြောင်း ခမရ ၄၃၅ က တပ်သားတစ်ဦးက ပြောပါတယ်။ ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးကလည်း အခုဆိုရင် သူတို့ဟာ ကျူရှင်တက်ချင်ပေမယ့် ဖခင်ရဲ့လစာနဲ့ မလုံလောက်လို့ ကျူရှင်မတက်ရတဲ့အကြောင်း ပြောတဲ့အကြောင်း… Continue reading တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ

Burma Democratic Concern (BDC): Boycott Junta’s Sham 2010 Election (London, UK)

ကံဆိုးမိုးမှောင်နေ့ အဖြစ် နိုဝင်ဘာလ ရ -ရက်- ဖြစ်လာနိုင်ပါသလား

နိုင်ငံတနိုင်မှာ နေ့ ထူးနေ့ မြတ်တွေ ရှိတတ်ပါသည်။ အုပ်ချုပ်သူအစိုးရများက သတ်မှတ်နိုင်ရန် ပြည်သူတရပ်က ကြိုက်နှစ်သက်ပါက ယင်းနေ့ ကို နိုငငံတော်နေ့ အဖြစ် သတ်မှတ်ကြတတ်ခြင်းဖြစ်ပါသည်။ အချို့ သောနိုင်ငံများမှာ နိုင်ငံရေးခေါင်းဆောင်များကို ကိုယ်စားပြုကာ နေ့ ရက်များအဖြစ် အစိုးရရုံးပိတ်ကာ သတ်မှတ်ပေးကြပါသည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအခမ်းအနားနေ့ အဖြစ် သတ်မှတ်ရန် နေ့ ရက်ရှိလာနေပါပြီ။ အောက်တိုဘာလ ၂၆ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရက်နေ့ တွင် ပြုလုပ်လျှင် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာလိုက်ပါသည်။ ယင်းသို့ ကြေညာခြင်းသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခြင်းမှစပြီး မဲမပေးရေးလှုံ့ ဆော်မူများကို နိုင်ငံအ၀ှမ်းပြုလုပ်ပြီးနောက် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်ပါသည်။ တနိုင်ငံလုံးတွင် မဲမပေးရေး… Continue reading ကံဆိုးမိုးမှောင်နေ့ အဖြစ် နိုဝင်ဘာလ ရ -ရက်- ဖြစ်လာနိုင်ပါသလား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ

http://nldlajb.blogspot.com/2010/10/blog-post_6036.html ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။ ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး… Continue reading အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ

လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

khitpyaing ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။ ၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။ ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့်… Continue reading လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

သင့်နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း အားလုံးက နှလုံးကျန်းမာရေး အတွက် အကျိုးပြုတယ်လို့ မထင်ပါနဲ့။ တချို့လေ့ကျင့်ခန်း တွေက သင့်နှလုံးအတွက် မကောင်းပါဘူး။ နှလုံးသွေးကြော ကျန်းမာရေး အတွက် ရေရှည် အကျိုးပြုမယ့် လေ့ကျင့်ခန်းတွေ ရှိသလို တချို့လေ့ကျင့်ခန်းတွေ ကတော့ နှလုံးအတွက် ကောင်းပေမယ့် ခန္ဓာကိုယ် အတွက် ခက်ခဲပင်ပန်းစေတာ မျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဆေးပညာအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ နှလုံးအထူး ကုဆရာဝန် Arthur Agatston က အကြံပြုထားတဲ့ နှလုံးအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အကျိုးပြုမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေနဲ့ သင့်နှလုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အဆိုးဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။ အကောင်းဆုံးလေ့ကျင့်ခန်းများပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲတွင် အရှိန်မြင့် လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်ခြင်းပုံမှန်အချိန်ကြာကြာ လုပ်တဲ့… Continue reading သင့်နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ

National League for Democracy Statement No. 11/10/10

Unofficial Translation by BDC National League for Democracy Statement No. 11/10/10 26 October 2010 On 7 November 2010 elections will be held in Burma in accord with the 2008 constitution which legitimise military rule in Burma. But said constitution doesn’t grantee protection of ethnics’ rights, human rights, and democratic principles, and so it won’t help… Continue reading National League for Democracy Statement No. 11/10/10

National League for Democracy Statement No. 10/10/10

Unofficial Translation by BDC National League for Democracy Statement No. 10/10/10 26 October 2010 National League for Democracy (NLD) on 29 March 2010 decided unanimously not to re-register due to junta’s unfair election laws. No one against the decision. Addition, NLD is already registered as the political party in accord with “Political Registration Law 4/88”.… Continue reading National League for Democracy Statement No. 10/10/10

ဘိုကလေးမြို့ ၊ ဖျာပုံမြို့ ၊ ကျိုက်လတ်မြို့ နယ်များ မှာ လူငယ်များ အထူးတက်ကြွစွာ ရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားနေခြင်း

ကဲကဲလေး (BDC ဝိုင်းတော်သား) ဘိုကလေးမြို့ ၊ ဖျာပုံမြို့ ၊ ကျိုက်လတ်မြို့ နယ်များ မှာ လူငယ်များ အထူးတက်ကြွစွာ ရွေးကောက်ပွဲဆန်ကျင်ရေး လှုပ်ရှားနေခြင်း ဒီနေ့ နံနက်ပိုင်းမှာ ဘိုကလေးမြို့ တွင်လူငယ်အများစုမှ ရွေးကောက်ပွဲ ဆန်ကျင်စာများ၊ဒေါ်စုပုံပါသည့်ပိုစတာများကို လိုက်လံဝေလျှက် ရှိသည်။ ထိုအတူ ဖျာပုံမြို့ ၊ ကျိုက်လတ်မြို့ နယ်များ မှ လူငယ်များ ကလည်း ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲ ကိုလုံးဝဆန့်ကျင် ကြောင်း နဲ့ လူထုဆန့်ကျင်ရှုပ်ချပွဲများ စတင်နေသည်ဟု (BDC သတင်းဌာနမှ) ကြားသိရပါတယ်။

ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု

ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ အောက်တိုဘာ ၂၅၊ ၂၀၁၀ (photo – U Win Tin at One Month Anniversary of U Ohn Myint, Oct 17th 2010) ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။ “ပထမအချက်က ပြည်သူတရပ်လုံး… Continue reading ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု

၂၀၁၀ ကို ကျော်ဖြတ်ခြင်း….

မြန်မာ့နိုင်ငံရေး အလားအလာနှင့် ယနေ့အခြေအနေကို အမှန်အကန်သုံးသပ်ရလျှင်- (၁) ပြည်ပရောက် အတိုက်အခံများ ညီညွတ်မှု မရှိဘဲ ဒီမိုကရေစီရေးအတွက် ထောက်ပံ့ငွေ သန်းချီရနေသော အဖွဲ့အစည်းများ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီ၍ ကိုယ်ကျိုးရှာ စီးပွား ရေးသမား နိုင်ငံရေးလုပ်စားသူများဖြစ်လာကြခြင်း၊ ခြံခတ်နိုင်ငံရေးကြောင့် ငွေကြေးဖြတ် တောက်မှုများဖြင့် နိုင်ငံရေး သေလာခြင်း။ (၂) ပြည်တွင်း NLD ပါတီဆုံးဖြတ်ချက်ကို သဘောတူပြီးမှ NDF အမည်ဖြင့် ခွဲထွက်ပါတီ ထောင်ခြင်းကြောင့် နအဖမှ ကမ္ဘာသို့ NLD အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် ပါဝင်နေပါသည်ဟု အကြောင်းပြချက် ရရှိသွားခြင်းကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း၊ ထို့အပြင် NLD ခေါင်းဆောင်ပိုင်း အသက်ကြီးရင့်သူများကို အစားထိုး၍ သွေးသစ်လူငယ်များ အားဖြည့်မှု မရှိခြင်း။ (၃)… Continue reading ၂၀၁၀ ကို ကျော်ဖြတ်ခြင်း….

BURMA: 1990 Elections Overview

Burma has been under totalitarian regimes since 1962 when General Ne Win staged a military coup. Since then, Burmese people are suffering very tremendously. Under General Ne Win’s one party Burma Socialist Programming Party, corruptions are rampant, and people are facing very hardship due to closed economics system and miss-management. In 1988 students led the… Continue reading BURMA: 1990 Elections Overview

ထင်တိုင်းကြဲနေတဲ့ စစ်အာဏာရှင် အစိုးရနှင့် နိုင်ငံတော် အလံပြောင်းခံရခြင်း

ကဲကဲလေး (BDC ဝိုင်းတော်သား) အောက်တိုဘာ ၂၆ မြန်မာပြည်သူလူထု တစ်ရပ်လုံး၊ အားလုံး နီးပါးက မကြေမနပ်ဖြစ်နေကြတဲ့ စစ်အာဏာရှင် အစိုးရရဲ့ အလံသစ်ပြောင်းခံရခြင်း နဲ့ပတ်သက်လို့ အများမကြေနပ် သလို ကျွန်တော်လည်း အတော်စိတ်ထိခိုက်ခံစားရပါသည်။ ဒီထက်ပြိုပီးတော့ ပြောရလျှင် ကျွန်တော်တို့ မြန်မာပြည် နိုင်ငံတော် အလံကို အများပြည်သူ၏ သဘောထားကို မတောင်းခံ၊ ဂရုလည်းမထားပဲ သူတို့ လုပ်ချင်ရာကို စိတ်ကြိုက်လုပ်ဆောင်နေသည့် အာဏာရှင်စစ်အစိုးရအား အထူးပင် စိတ်နာမိပါသည်။ တစ်ကယ်တော့  အာဏာရှင်စစ်အစိုးရဆိုသည်မှာ မြန်မာပြည်တွင် မည်သူမျှရွှေးကောက်တင်မြှောက်ထားခြင်း မဟုတ်ပါ။ အများပြည်သူကလည်း မနှစ်သက်ပဲ လက်နက်အားကိုးပြီး မတရားအာဏာ သိမ်း၍ မျက်နာပြောင်တိုက်ကာ ၂၂နှစ်တာကာလလုံး အုပ်စိုးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော်စဉ်းစားမီသည်များမှာ (၁) အာဏာရှင်စစ်အစိုးရက ဘာကြောင့်သူတို့… Continue reading ထင်တိုင်းကြဲနေတဲ့ စစ်အာဏာရှင် အစိုးရနှင့် နိုင်ငံတော် အလံပြောင်းခံရခြင်း

သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား

ဘင်္ဂလား ပင်လယ်အော်တွင်း လေဖိအားနည်း ရပ်ဝန်း မှ မုန်တိုင်း အဖြစ် သို့  အသွင် ကူးပြောင်းခဲ့သည့်ဂီရိ မုန်တိုင်း မြန်မာ နိုင်ငံ စစ်တွေ နှင့် ကျောက် ဖြူမြို့ သို့ တိုက်ခတ် ခြင်း မပြုမှီ မြန်မာ စစ်အစိုးရ မှမုန်တိုင်း နှင့် ပတ် သက်သည့် သတင်းမှန် မထုတ် ပြန်မှု ကြောင့် အိုးအိမ် အဆောက်အဦ များ ပျက်စီးဆုံး ရှုံးပြီး လူ နှစ်ဆယ် ခန့် သေဆုံးက ၆၀ ကျော်ပျောက် ဆုံးနေသည် ဟု သိရသည်။ မြန်မာ စစ်အစိုးရ က ထုန်ပြန်သည့် မုန်တိုင်း သတိပေးချက် ဖြစ်သည့် တစ်နာရီ လျှင်… Continue reading သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား

မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ

တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၂၄၊ ၂၀၁၀ http://www.dawnmanhon.com/2010/10/blog-post_7592.html မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော်များများ ရှိကြောင်း လက်ရှိ ဖုန်းသတင်းများအရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း ၊ နေအိမ် အဆောက်အဦးများ အမိုးလန် ခြင်းဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ ရွာများဖြစ်ကြောင်း သိရှိရသည်။ ၄င်းနေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ… Continue reading မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ

လိုင်ဇာဈေးမီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး

ယနေ့ မနက်ပိုင်းက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ဈေးအတွင်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းများနှင့် နေအိမ်အချို့ မီးထဲပါသွားပြီး ကျပ်သိန်း (၉ဝဝဝ) ဝန်းကျင် ဆုံးရှုံးသွားသည်ဟု သိရသည်။ နံနက် (၁) နာရီကျော်မှ စတင်လောင်ခဲ့သည့် မီးကြောင့် လိုင်ဇာဈေးရှိ ဆိုင်ခန်း (၁၁၉) ခန်းနှင့် အိမ် (၉) လုံး မီးလောင်ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးအား ပဏာမ ခန့်မှန်းတွက်ချက်ထားမှုအရ ကျပ်သိန်း (၉ဝဝဝ) ရှိခဲ့သည်ဟု ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ ၎င်းက “တရုတ်ငွေနဲ့ ဗမာငွေ လဲတဲ့ဆိုင်တို့၊ ငွေလွှဲဌာနတွေပါ ပါသွားတယ်။ တရုတ်ငွေချည်းပဲ ယွမ် (၃၅) သိန်း ကျော်တယ်။ ဗမာငွေနဲ့တွက်ရင် သိန်း (၅ဝဝဝ) ကျော်ရှိတယ်။… Continue reading လိုင်ဇာဈေးမီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး

မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။ မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။ ၎င်းက “မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်” ဟု ပြောသည်။ အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌… Continue reading မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ကြာအင်းဆိပ်ကြီးတွင် ဆန့်ကျင်မှုဆန္ဒပြ

ကဲကဲလေး (BDC ဝိုင်းတော်သား) ယနေ့ နံနက်က ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် လူအင်အား ၅၀၀ ကျော်သည် အခု နိုဝင်ဘာလတွင် အာဏာရှင်စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်မှုဆန္ဒပြကြကြောင်းယနေ့ BDC (သတင်းဌာန) မှကြားသိရသည်။ အာဏာပိုင်များဘက်မှ တစုံတရာနှောက်ယုက်မှု မရှိသေးသော်လည်း ၊ မကြာခင် စုံစမ်းမေးမြန်းမူ့များရှိလာနိုင်သည့် ယနေ့ ဆန့်ကျင်မှုဆန္ဒပြပွဲသည် မနေ့က ကြာအင်းဆိပ်ကြီးတွင်လူအင်အား ၇၀၀ခန့် ဆန္ဒပြမှုဖြစ်ခဲ့ သည့် ပွဲ၏ အဆက် အာဏာရှင်စစ်အစိုးရက နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ သည် စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမည့် အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီအား အနိုင်ရစေမည့် ပွဲဖြစ်သောကြောင့် ရွေးကောက်ပွဲအား လုံးဝမထောက်ခံ ကြောင်းကြားသိရသည်။

ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ပြီးခဲ့သည့်အောက်တိုဘာ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိကြောင့် မုန်တိုင်းဖြတ်သွားသော ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေသည်။ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။ “ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ” ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။ ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊… Continue reading ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်

ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

မနက်ဖြန် အောက်တိုဘာ (၂၆) ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး (၃) ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။ ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး… Continue reading ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ ၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။ ၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။ လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။ “မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ… Continue reading နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ

Khitpyaing update 25/10/2010 စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် တိုးတက်ဖြစ်ထွန်းမည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူညီမှု ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး… Continue reading ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

Khitpyaing update 20/10/2010 ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဟု ဆိုကာ တရားမ၀င် ထိုင်းပစ္စည်းများ ခိုးသွင်းနေသည့် လှေဆိပ် (၂၀) ခန့်ကို မြ၀တီခရိုင်အာဏာပိုင်များက လုံးဝပိတ်လိုက်ပြီး လှေဆိပ်တိုင်းတွင် ယနေ့မှစ၍ လက်နက်ကိုင်စစ်သားများ တိုးမြှင့်ချထားလိုက်သည်ဟု ကုန်သည်များက ပြောသည်။ မြန်မာကုန်သည်ကြီးတဦးက “ဒီမနက်က စပြီး ခိုးဂိတ်တွေအားလုံး ပိတ်လိုက်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့ လူကြီးတွေက ပြောတယ်။ ဂိတ်တိုင်းမှာ စစ်သားတွေ ချထားတော့ ထိုင်းပစ္စည်းတွေ မြ၀တီထဲ လုံးဝ ၀င်လို့ရတော့မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ ထိုင်းလူသုံးကုန် စားသုံးကုန်ဈေးတွေ မတန်တဆ ဈေးတက်ပြီး ဂယက်ရိုက်မှုတွေဖြစ်မှာ သေချာတယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။ မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် ဘေးဝဲယာရှိ လှေဆိပ် (၂၀)… Continue reading ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ

Khitpyaing update 20/10/2010 မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်း မှီခိုနေထိုင်နေကြသူ လူဦးရေ (၂၀၀၀) ကျော်တို့သည် ယခုအခါ ဆန်ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ၎င်းတို့အား အကူအညီပေးနေသော မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး နိုင်ဗညားအိန်က “အဲဒီမှာ ဖွင့်လှစ်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးစခန်း (၆) ခုက ပြည်သူ အယောက် (၂၀၀၀) နဲ့ ရွာပုန်းရွာရှောင် (၆) ရွာက အခြားပြည်သူတွေ စားသောက်ဖို့ ဆန်ပြတ်လပ်နေတယ်။ မိုးတွင်းရာသီမှာဆိုတော့ ဆန်တွေကို သွားပို့ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေ ဆန်ပြုတ်စားနေရတဲ့အခြေအနေပါ။ ဒီ့အတွက် အလှူရှင်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။ ထိုခရိုင်သို့ ရိက္ခာပို့ဆောင်ရာ… Continue reading ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ

ရွေးကောက်ပွဲ ဖျက်သိမ်းရေး

မဲမပေးရေး၊ မဲပေးရေး ဆိုတာဟာ အသိအမှတ်ပြုနေတာမို့ ဖျက်သိမ်းရေးဘဲ တောင်းဆိုတာမှန်တယ် နအဖစစ်စစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုသူများက မဲပေးရေး စည်းရုံးလှုပ်ရှားကြမယ်။ ဒါက သူတို့ ရဲ့ လုပ်ပိုင်ခွင့်ဖြစ်သလို လုပ်လဲလုပ်သင့်တဲ့  ပြသနာဖြစ်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မဲဆွယ်တာကို ယိုးမယ်ဖွဲ့ ပြောလို့ အဓိပ္ပါယ်မရှိတော့ဘူး။ ငွေရှိတဲ့ သူက ငွေနဲ့ ၊ အာဏာရှိတဲ့ သူက အာဏာနဲ့ ၊ လုပ်သွားမှာပါ။ ဒါကနိုင်ငံတကာမှာ လုပ်နေတဲ့  အကြောင်းအရာတွေဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင် ကောက်ကျစ်တဲ့ နည်းနဲ့  မဲအနိုင်ရအောင် လုပ်သွားမှာလဲ ပြောနေစရာ မလိုဘူး။ ဒီတော့သူတို့ ပြသနာကို ပြောစရာမလိုဘူးလို့ ထင်တယ်။ ဒါပေမဲ့ ပြောရမှာက အတိုက်အခံလို… Continue reading ရွေးကောက်ပွဲ ဖျက်သိမ်းရေး