Home » BDC Perspectives » Land Confiscation (The-mee-lay Case)

Land Confiscation (The-mee-lay Case)

Burma Democratic Concern (BDC) earnestly denounces the military forcefully evicting the “Tha Mee Ka Lay Village” of Hle Kuu Township with excessive force, without providing temporary accommodation and without providing alternative means of shelter.

We call for all the justice loving people to show your solidarity with villagers of “Tha Mee Ka Lay Village”. BURMA military is forcefully EVICTING villagers of “Tha Mee Lay” accusing them of illegal settlers even though they are not. Land grabbing is serious problem in Burma.

Until now, people are suffering from social injustice. The government must help if someone is legally homeless depending on the eligibility of the person. Land grabbing or land seizures by the military without providing temporary shelter is social injustice and also degrading the people.

No matter what, government must provide suitable accommodation before they were forced to remove from their homes. This is the very strong and fresh evidence that arbitrary confiscation of villagers’ land by military in Burma is still widespread.

Universal Declaration of Human Rights Article 17 states as follow:
(1) Everyone has the right to own property alone as well as in association with others.
(2) No one shall be arbitrarily deprived of his property

In Burma, military government and military confiscated lands and properties from villagers and from ethnic people without compensation and thousands of people are forced to relocate in satellite towns. (Violating Article 17 of UDHR)

The International Bill of Human Rights consists of the Universal Declaration of Human Rights, the International Covenant on Economic, Social and Cultural Rights, and the International Covenant on Civil and Political Rights and its two Optional Protocols.

International human rights law lays down obligations which States are bound to respect. By becoming parties to international treaties, States assume obligations and duties under international law to respect, to protect and to fulfil human rights. The obligation to respect means that States must refrain from interfering with or curtailing the enjoyment of human rights. The obligation to protect requires States to protect individuals and groups against human rights abuses. The obligation to fulfil means that States must take positive action to facilitate the enjoyment of basic human rights.

Through ratification of international human rights treaties, Governments undertake to put into place domestic measures and legislation compatible with their treaty obligations and duties. Where domestic legal proceedings fail to address human rights abuses, mechanisms and procedures for individual complaints or communications are available at the regional and international levels to help ensure that international human rights standards are indeed respected, implemented, and enforced at the local level.

The military-business nexus is still strong despite recent political reforms in Burma. There is still insufficient transparency relating to revenues from natural resource or into where these revenues end up.

Investment in many natural resources are still controlled and financed by military controlled enterprises, such as the Myanmar Economic Corporation (MEC)and the Myanmar Economic Holdings Limited (MEHL) or their sub-entities.

According to Burma’s 2012 farmland laws, the government owns all “private” land and farmers who protest seizures face severe penalties. The laws strip Burmese farmers of the right to property which is totally unfair, unjust and unethical.

The road to reform in Burma will be long and challenging; it will continue to be bumpy and it will continue to be zigzag.

Some so-called elected MP(s) sided with military aggressors. Significantly, U Khaing Maung Yi, DKBA, Ko Nay Myo Zin, Ko Htin Kyaw, Sayartaw U Wira Thu and Eleven Media play very important roles highlighting the plight of the @The Mee Lay villagers. Thanks to those who stand by the people when they are in need. At least they have somewhere to stay now.

Children, women and elderly are most affected by forced evictions and land grabbing of the military.

+++++++++++

Investment နဲ့ဆက်နွယ်တဲ့မြေသိမ်းမှူတွေကိုသေချာအရပ်ဘက်၊ပါဝင်ပတ်သက်တဲ့ကုမဏီ၊အစိုးရအားလုံးလုပ်ဆောင်နိုင်မှအဆင်ပြေမှာပါ၊မြေသိမ်းတာဟာဆင်းရဲမွဲတေမှူနဲ့ဆက်စပ်နေသလို the right to food လို့ခေါ်တဲ့ ကပြည်သူကိုလုပ်ကိုလုပ်ပေးရမဲ့ obligation နဲ့လဲသွားညိနေပါတယ်။ Just imagine if they were your children, how will you feel? (Ohnmar Oo)

တကယ်တော့ မြေကြီးကို တကယ်ပိုင်တာ နိုင်ငံတော်အစိုးရဖြစ်တယ်၊ သိမ်းတာကလည်း အစိုးရဖြစ်တယ်၊ တရားဝင်ဖြေရှင်းပေးရမှာကလည်း နိုင်ငံတော်ကပဲဖြစ်တယ်၊ နိုင်ငံတော်အနေနဲ့တချို့ကိစ္စတွေမှာမသိကျိုးကျွံ
ပြုနေတာ တွေ့ရတယ် ´´

ဦးခိုင်မောင်ရည် ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလုံမဲဆန္ဒနယ် )

သမီးကလေးကျေးရွာအပါအဝင် ကျူးကျော်မြေကိစ္စတွင်နိုင်ငံတော်က မသိကျိုးကျွံပြုနေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ပြော @@@ လက်ရှိ သမီးကလေးကျေး ရွာကိစ္စနှင့်ပတ်သက်ပြီး ယင်းက ပြော ကြားရာတွင် ”အဓိကတော့ ဒေသခံလွှတ် တော်ကိုယ်စားလှယ်က အရေးကြီးဆုံးပဲ။ သူ့ရဲ့ပါဝင်မှုနည်းနေရင်၊ ဒါမှမဟုတ်သူ က မရောက်ဖြစ်ခဲ့ရင်၊ သူကမသိခဲ့ရင်၊ ဒါမှမဟုတ် ခရီးလွန်နေရင် ဒါဆိုရင် တော့ လွှတ်တော်ကိုယ်စားလှယ်အခန်း ကဏ္ဍက ပျောက်နေတယ်လို့ ပြောလို့ရ မယ်။ တကယ်ဆိုရင်တော့ လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်ပေးရမှာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့မှ သူ့အနေနဲ့ ဒါ ရဲ့ဖြစ်စဉ်လေးကိုပဲရေးပြီး ကော်မရှင်တင် ရင်တောင်မှ ကော်မရှင်က ဒါနဲ့ပတ်သက် ပြီးဝင်ပါလို့ရတယ်ပေါ့နော်။ စုံစမ်းပေး လို့ရတယ်”ဟု ¤င်းက ပြောပြခဲ့သည်။

သူများနိုင်ငံမှာအိမ်မရှိရင်နေဖို့အိမ်ပေးပါတယ်။ Shelter Programs တွေလဲရှိပါတယ်။ပြီးရင်ဒီလိုအကြောင်းကြောင်းကြောင့်အိမ်ရာမဲ့သွားတဲ့သူတွေကိုကူညီဖို့အသင်းအဖွဲ့တွေရှိပါတယ်။ဒီလိုလူတွေကိုကျူးကျော်တယ်ဆိုရင်တောင်စနစ်တကျစီစဉ်ရပါတယ်။အခုကရှိနေတဲ့အိမ်ကိုဖျက်ပြီးဒုက္ခပေးတာသက်သက်လိုဖြစ်နေပါတယ်။အင်မတန်ဆိုးရွားတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ (Ohnmar Oo)

Can someone educate me who is the local MP for “The Mee Lae Village” at Hlegu Township, Yangon, Myanmar because according to U Khaing Maung Yi, local MP is the most responsible person who got responsibility to communicate with government. It seems that in the case of “The Mee Lae Village”, local MP is very ignorant, irresponsible and not-devoted for the local people who voted for that person. Tha Mee Lae Village’s local MP is very ignorant, irresponsible and not-devoted for the local people who voted for that person. (Myo Thein)

DKBA ( ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်) က ဖထီး
“” ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်တို့ 
လာခေါ်တာပဲ။ ဘာမှ ကျနော် နိုင်ငံကိုထိခိုက်နစ်နာ
စေတာမဟုတ်ဘူး။ အထူးသဖြင့်က အနာဂတ်လူငယ်
လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူး “”
—————————
ရွာလုံးကျွတ် ဖျက်ဆီးခံရတဲ့ သမီးကလေးကျေးရွာက
ရွာသူ ရွာသား ၅၀၀ ကျော်ကို သူတို့ မြေမှာ လိုက်နေဖို့ 
လာခေါ်တဲ့ DKBA ( ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်) က ဖထီးတို့ ပြောသွားတဲ့
စကားလေးပါ…

——————————————————-
“” ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်တို့ 
လာခေါ်တာပဲ။ ဘာမှ ကျနော် နိုင်ငံကိုထိခိုက်နစ်နာ
စေတာမဟုတ်ဘူး။ အထူးသဖြင့်က အနာဂတ်လူငယ်
လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူး “”
——————————————————-

ဖထီးတို့ ရဲ့ ကူညီမူဟာ ဆင်းရဲနွမ်းပါးသူတွေအတွက်

ရေနစ်သူအတွက် ကောက်ရိုးတစ်ချောင်းလို
နာနေသူအတွက် အားဆေးတစ်ခွက်ပါ

ဝမ်းသာကြည်နူးမိတယ်…မျက်ရည်ဝဲမိတယ်

ရိုးသားတယ် ရှင်းတယ် ပွင့်လင်းတယ်

တောတောင်ကြားမှာ သေနတ်စွဲ ဖြစ်သလိုနေဖြစ်သလိုစား
နေရရင်တောင်မှ လူ လူချင်းစာနာ ညာတာတဲ့ ဖထီးတို့ 
ရဲ့စိတ်ဓါတ်ကို လေးစားမိပါတယ်


ကျေးရွာသားတွေကို အစိုးရက ကျုးကျော်သူလို့ ခေါ်
တဲတွေကို ကားနဲ့ တိုက်ဖျက်

ကုလားရွာကျတော့ အနားတောင် မကပ်ရဲ

နိုင်ငံရေးသမားတွေက ကိုယ့်နိုင်ငံသားခံနေရရင်
မေ့ချင်ယောင်ဆောင်နေကြတယ်

ခိုးဝင်ကုလား အတွက်ကျတော့ ဖွင့်ပြောဖို့ ပါးစပ်ဟဖို့ 
ဝန်မလေးကြဘူး

လူအခွင့်ရေးသမားတွေ ဒီမိုကြေစီသမားကြီးတွေ

ကိုယ်နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂလီတွေက လူအခွင့်ရေး
အနေသင့်တယ်လို့ ပြောမယ်ဆိုရင်

ကိုယ့်နိုင်ငံသားတွေကရော လူအခွင့်ရေးရပြီးကြပြီလား
ကိုယ့်နိုင်ငံသားတွေကိုရော မင်းတို့ မေ့ကြပြီလား

Roma Rakha

–===========================

ဒီဒေသက ကျနော်တို့နယ်မြေလည်း မဟုတ်ဘူးဗျ။
နံပါတ်တစ်က ကျနော်တို့ကရင်ပြည်နယ်မဟုတ်ဘူး။
နံပါတ်နှစ်က ကျနော်တို့စိုးမိုးတဲ့နယ်မြေလည်းမဟုတ်ဘူး။ ဒီမှာကူညီဖို့က ကျနော်တို့ ဘယ်လိုမှ ကူညီလို့မရဘူး၊ ဒီကလူတွေကယ်တင်ဖို့အတွက်ကျတော့ ကျနော့်မှာ ကယ်တင်နိုင်စွမ်းရှိတယ်။

ဆိုလိုချင်တာက ဒီကလူတွေ ဒီလို နေပူကျဲတဲမှာ ပလပ်စတစ်ပါးပါးလေးနဲ့ အောက်မှာ နေရမယ်ဆိုလို့ရှိရင် ကလေးတွေက ကြာလာရင် ဝမ်းလျှောရောဂါဖြစ်လာမယ်။
ရောဂါအမျိုးမျိုးဖြစ်လာမယ်။ လူတွေလည်း ကျန်းမာရေးထိခိုက်လာမယ်။
ဒါကြောင့်ကျနော်တို့အရပ်မှာ ပြောင်းရွှေ့ချင်တယ်ဆိုရင်
နေရာချပေးမယ် “”

လူဒီလောက်များတာ လူပေါင်း ၁ ထောင်ကျော်၊ သူခိုးဖြစ်မယ်ဆိုရင် သူတို့နိုင်ငံအတွက် ကောင်းအုံးမလား။ မဟုတ်ဘူးလား။ ပြောရမယ်ဆိုရင် ကျနော်ခေါ်သွားတာ သူတို့ ခွင့်မပြုစရာအကြောင်းမရှိဘူး။ ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်လာခေါ်တာပဲ။ ဘာမှ ကျနော် နိုင်ငံကိုထိခိုက်နစ်နာစေတာမဟုတ်ဘူး။
အထူးသဖြင့်က အနာဂတ်လူငယ်လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူး “”

by Roma Rakha

Very True! This is something we need to consider – consequences after force eviction, it could happen like this. (Ohnmar Oo)

How could they enjoy this!

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက “ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ဦးဇင်းဆီကို ဦးခင်သိန်းမောင်က ဖုန်းဆက်ပါတယ်။ ဒီကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၇ စုကို ဒီနေ့ညနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့နဲ့ တကယ်လို့ ဖျက်သိမ်းမပေးရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်လို့ပြောလို့ ဖျက်သိမ်းပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံထဲမှာပဲ ခေါ်ထားပါမယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်တို့ သတိပေးစာ ထုတ်ပြန်ထားတဲ့ရက်ထက် ကျော်လွန်နေလို့ ဒီနေ့နောက်ဆုံးထားပြီး စောင့်ကြည့်တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဆည်မြောင်းပိုင်တဲ့ မြေနေရာပါ။ ဥပဒေအရ ကျူးကျော်တွေကို ဖျက်သိမ်းတရားစွဲလို့ရပေမယ့် သူတို့နစ်နာသွားမှာစိုးလို့ ကျွန်တော်တို့က နှစ်ရက်ထိ စောင့်ပေးတာပါ။ ဒီညနေမှ မဖျက်ပေးရင် ဥပဒေအရပဲ လုပ်မှာပါ”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

သမီးကလေးကျေးရွာမှ နေအိမ်ဖျက်သိမ်းခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိနေထိုင်နေသည့် ကျူးကျော်တဲများအား အပြီးဖျက်သိမ်းရန် သတိပေးထားသည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖယ်ရှားခံ သမီးကလေး ရွာသားများအား နေထိုင်စရာနှင့် အလုပ်အကိုင်များပေးရန် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားမည်ဟု လာရောက်ပြောဆိုခဲ့ပြီး ရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ် တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ရွာသားအချို့က ပြောကြားကြသည်။

သမီးကလေး ကျေးရွာသားတစ်ဦးက “ဒီမွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သက်ဆိုင်ရာက ဒီနေရာကနေ အတင်းဖယ်ရှား မောင်းထုတ် လာခဲ့ရင်တော့ ရွေးချယ်စရာ မရှိပါဘူး။ လိုက်သွားရုံပဲ ရှိမှာပါ။ ကျွန်တော်တို့မှာလည်း ဘဝဆိုတာ ရှိပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖယ်ရှားခံသမီးကလေးရွာမှ အိမ်ထောင် စု ၁၃၈ စု နေထိုင်လျက်ရှိကာ လူဦးရေ ၅၃ဝ ကျော်ရှိကြောင်း သိရသည်။

ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုတစ်စုတွင် ပါဝင်သည့် ဦးရွှေမောင်က “ဒီနေ့နေ့လယ်က သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်တိုင် မဖျက်ဘူးဆိုရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်ဆိုလို့ ဖျက်ပေးလိုက်ရတာပါ။ လောလောဆယ် အခုဓမ္မာရုံထဲမှာပဲ နေရတယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဆိုသည်။

တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ၎င်းရွာ အမှန်တကယ် တည်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေး ကျေးရွာအနီး ရှိနေသော လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ဟု သိရသည်။ ၎င်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် အတိအလင်း ရေးထိုးဖော်ပြထားသည်။

ထိုကဲ့သို့သော အချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ဆယ်စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာ တည်ရှိခဲ့သော ရွာတစ်ရွာအား ယခုလို အင်အားသုံးဖယ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာ ဖြစ်နေခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အဆိုပါ သမီးကလေးကျေးရွာ ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမီးကလေးကျေးရွာ အပါအဝင် ကျန်တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကျူးကျော် ပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကပဲ ကိုင်တွယ်ဖြေရှင်း နေတာပါ။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ခြင်းတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။

(ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီတဲများဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: