Untitled
ခလရ ၉၁မှာ ပစ်ခတ်မှုဖြစ် မြန်မာစစ်တပ် စစ်ရေးပြစဉ် မြန်မာစစ်တပ် စစ်ရေးပြစဉ် ဒီနေ့မနံက် (၃)နာရီမှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းကို လုံခြုံရေးယူထားတဲ့ တပ်တွေ ကတပ်ရင်းဝင်ပေါက် ကင်းစခန်းကို စတင်ပစ်ခတ်လိုက်တယ်လို့ အပစ်ခံလိုက်ရတဲ့ ခလရ(၉၁)က တပ်သားတဦးကဘီဘီစီကိုပြောပါတယ်၊၊ လုံခြုံရေးအခြေအနေက အလွန်တင်းကြပ်လို့အပစ်ခံလိုက်ရတဲ့ တပ်ရင်းကတပ်သားတွေနဲ့ ဘီဘီစီက မိနစ်ပိုင်းလောက်ဘဲ စကားပြောခွင့်ရလိုက်ပါတယ်၊၊ ဖြစ်ပွားပုံက ဒီနေ့မနက်(၃)နာရီအချိန်မှာ တပ်ရင်းဝင်ပေါက်ကင်းတဲက ရဲဘော်တွေ ကင်းချိန်ပြောင်းလဲတဲ့အချိန်မှာ တပ်ရင်းပြင်ပက လုံခြုံရေးတပ် တွေကနေ အရင်ပစ်ခတ်လိုက်တာပါ၊၊ (၁၅)မိနစ်ခန့် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တယ်လို့ ပစ် ခတ်မှုမှာပါတဲ့ တပ်သားတဦးကပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်တွေကို ရုတ်သိမ်းပေးဖို့ တပ်ရင်းမှုးဒုဗိုလ်မှုး ကြီးသောင်းအေးက ရန်ကုန် တိုင်းတိုင်မှုးထံကိုတင်ပြထားတယ်လို့ဆိုပါတယ်၊၊ တကယ်တော့ဒီပြသနာဟာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းက စားဝတ်နေရေးဖြေရှင်းဖို့အပါအဝင်… Continue reading Untitled
Untitled
ဟာသသရုပ်ဆောင် ကိုဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မှာ ပြသ 2011-03-31 မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတိုက်ခတ်ခံရပြီး နောက်ပိုင်း အကျဉ်းချခံနေရတဲ့ လူရွှင်တော် ဇာဂနာခေါ် ကိုသူရ အကြောင်း ရိုက်ကူးထားတဲ့ This prison where I live (ကျနော်နေတဲ့ ဒီအကျဉ်းထောင်) မှတ်တမ်းရုပ်ရှင်ကို မတ်လ ၃၀ ရက် မနေ့ညနေက အမေရိကန် ပြည်ထောင်စုမှာ ပထမဦးဆုံး အကြိမ် အနေနဲ့ ပြသနေပါတယ်။ U.S. Premiere organizers ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers) အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီမြို့တော်နဲ့ သိပ်မဝေးတဲ့ အာလင်တန်မြို့နယ်က… Continue reading Untitled
Untitled
အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု 2011-03-30 စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချထားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင်၊ အခြား အကျဉ်းကျရှမ်းခေါင်းဆောင်တွေကို တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်း ပေးအပ်တဲ့ပွဲကို ရန်ကုန်မြို့က ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ မတ်လ ၃၀ ရက် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ khun_htun_oo_250_z.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။ ဒီပွဲကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ NLD အဖွဲ့ချုပ်ကလည်း တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ… Continue reading Untitled
Untitled
အရပ်သား အစိုးရအစစ်ဖြစ်ကြောင်း သက်သေပြဖို့ ကုလအကြီးအကဲ တောင်းဆို 2011-03-31 မြန်မာအစိုးရသစ်ဟာ အရပ်သားစစ်စစ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည် အာဏာကို ယူခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ဟာ တစခန်းရပ်သွားပြီဆိုတာ သက်သေပြရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို မတ်လ ၃၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ (Photo: AFP) ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ… Continue reading Untitled
Untitled
ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင် 2011-03-30 စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် မတ်လ ၃၀ ရက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့ သမတသစ်နဲ့ အစိုးရသစ်ဟာ ပြည်သူလူထု အမှန်တကယ် မျှော်မှန်း တောင့်တနေတဲ့ အစိုးရတရပ် မဟုတ်ဘူးလို့ ရှုမြင် သုံးသပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ (Photo: AFP) မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP) ဒါနဲ့ပတ်သက်လို့ NLD အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA… Continue reading Untitled
အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်
ခင်ဦးသာ Tuesday, 29 March 2011 စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ မြန်မာပြည် (၂၀၁၀ – ရွေးကောက်ပွဲမှ ) တက်လာသော ဖွတ်မင်းကြီး (သိန်းစိန်) ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းဖွင့်ပွဲတခုတွင် မိန့်ခွန်းပြောနေသော အစိုးရသစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဖွတ်မင်းကြီး ဦးသိန်းစိန်ကို တွေ့ရစဉ် (ဓာတ်ပုံ – အေပီ) “မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား… Continue reading အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်
Untitled
UK takes steps to expel five Libyan diplomats – Hague Click to play Mr Hague said the diplomats could pose a threat to UK security if they stayed in the country Continue reading the main story Libya Crisis * Libya & Mid-East crisis Live * Libya split in two * Arming rebels: Cautionary tale *… Continue reading Untitled
Untitled
လစ်ဗျားအရေး နိုင်ငံတကာဆွေးနွေး Libya ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်က လစ်ဗျားကြားဖြတ် အသွင်ကူးပြောင်းရေး ကောင်စီက မာမွတ် ဂျဘရီးလ်နဲ့ တွေ့ဆုံ လန်ဒန်မြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ လစ်ဗျား အရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံအများအပြားနဲ့ အဖွဲ့ အစည်းပေါင်း ၄၀ လောက်တက်ရောက်ခဲ့ကြပြီး လစ်ဗျားအရေးနဲ့ ပတ်သက်လို့ ဦးစားပေး လုပ်ဆောင်မယ့်ကိစ္စ တွေကို သဘောတူညီခဲ့ကြ ပါတယ်။ သဘောတူတဲ့အချက် သုံးချက်ကတော့ ဗိုလ်မှူးကြီး ကဒါဖီ အစိုးရအပေါ် စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဖိအားတွေ ဆက်ပေးဖို့၊ နောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို တိုးပေးဖို့ နဲ့ နောက်ဆုံးတချက် ကတော့ လစ်ဗျားရဲ့ အနာဂတ်နိုင်ငံရေး လမ်းစဉ်တစ်ခုပေါ်လာအောင် စတင်လုပ်ဆောင် ဖို့တွေ ဖြစ်ပါတယ်။ ဒါပေမယ့်… Continue reading Untitled
Untitled
Untitled
မြန်မာအပါအဝင် ၄၈ နိုင်ငံမှာ ဆင်းရဲမှုတိုက်ဖျက်ရေး တိုးတက်မှုနည်း 2011-03-30 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ ၄၈ နိုင်ငံဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတက် အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးတန်း သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ (Photo: AFP) မန္တ္တလေးမြို့၊ မဟာ ဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတပါးက ဆွမ်းခံ၍ ရရှိလာသော စားစရာများကို စားရမဲ့ သောက်ရမဲ့ ကလေးများနှင့် မိသားစုများကို ၂၀၀၉ စက်တင်ဘာ ၂၉ ရက်နေ့က ပေးဝေနေပုံ ဖြစ်ပါသည်။ (Photo: AFP) ဒီနိုင်ငံတွေထဲမှာ ဘော့စ်ဝါနာ၊ ကိတ် ဘာဒီ နဲ့ မော်လ်ဒိုက်… Continue reading Untitled
ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ
ရန်ပိုင် Monday, 28 March 2011 ဆောင်းပါး ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွားရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။ လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည် အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။… Continue reading ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ
သြစတြေးလျ ဝန်ကြီးတွေရဲ့ ကွန်ပျူတာ အဟက်ခံရ
သြစတြေးလျ ဝန်ကြီးချုပ် ဂျုလီယာ ဂေးလ်လာ့ဒ် (ဓာတ်ပုံ – Bangkok Post) သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ်ရဲ့ ပါလီမန်မှာသုံးတဲ့ ကွန်ပျူတာနဲ့ ကာကွယ်ရေးဝန်ကြီး စတီဖင် စမစ်၊ နိုင်ငံခြားရေးဝန်ကြီး ကီဗင် ရုဒ်တို့ရဲ့ စက်များဟာ အဟက်ခံရပြီး တရုတ်ဟက်ကာများရဲ့ လက်ချက်လို့ သံသယရှိကြောင်း သိရပါတယ်။ဆစ်ဒနီနေ့စဉ် တယ်လီဂရဖ်က ဟက်ကာတွေဟာ အနည်းဆုံး ဝန်ကြီး ၁၀ ယောက်လောက်ရဲ့ ကွန်ပျူတာတွေထဲက အီးမေးလ်ပေါင်း ထောင်ချီပြီး မ သွားတယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာ ဌာနတွေကတော့ ဟက်ကာတွေရဲ့စာရင်းမှာ တရုတ်ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သံသယရှိကြောင်း ပြောကြပါတယ်။လုံခြုံရေးဆိုင်ရာ ပါရဂူတွေကတော့ ဟက်ကာတွေဟာ အရေးပါတဲ့ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျ အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို သိချင်လို့ ဝင်ဟက်ကြတာ ဖြစ်တယ်လို့… Continue reading သြစတြေးလျ ဝန်ကြီးတွေရဲ့ ကွန်ပျူတာ အဟက်ခံရ
အခုပဲမွေးလိုက်တာ … အစိုးရသစ်ကလေးလေ …
ဟန်လေး Monday, 28 March 2011 13:50 ကာတွန်း **
တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 – သျှမ်းသံတော်ဆင့်သတင်း အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် – မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။ မူဆယ် မန္တလေးလမ်းမှ ကုန်တင်ကား (ဓာတ်ပုံ -S.H.A.N.) ၎င်းအလေးချိန် သတ်မှတ်ချက်အား တရားဝင် ရုပ်သိမ်းခြင်း မရှိသော်လည်း မူစယ် – မန္တလေးလမ်းတွင် ကုန် အလေးချိန် စစ်ဆေးခြင်း မရှိတော့သည်မှာ ၁၀ ရက်ခန့်ရှိပြီဟု မူစယ် ၁၀၅ မိုင် ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အာစီယံ စံသတ်မှတ်ချက် တရားဝင်ရုပ်သိမ်းတာမဟုတ်ပါဘူး။ တရားဝင်စာမထွက်ဘူး။ ကုန်အလေးချိန်တွေ မစစ်ဆေး တာပဲရှိတယ်။… Continue reading တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်
နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 တာကလူး – နိရဉ္စရာ သတင်းဌာန မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ကို လာမည့် ဧပြီလမှ စပြီး အသွင် ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။အသက် ၄၀ နှင့် အထက် နစက တပ်သားများကို အနားယူကြရန် တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ ၀တ်စုံသစ်၊ နာမည်သစ်နှင့် လက်နက်သစ်များ တပ်ဆင်ကာ အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း တပ်တွင်း သတင်းများ ဖြစ်ပေါ်နေကြောင်း တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။ “မတ်လနောက်ဆုံးထားပြီး အသက် ၄၀ နဲ့အထက် တပ်သားတွေကို ပင်စင်ယူရမယ်။ ပင်စင် မယူချင်ဘူး… Continue reading နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို
ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 ထွန်းထွန်း – နိရဉ္စရာ သတင်းဌာန ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိုက် တောင်သူနှင့် လုပ်ငန်းရှင်များ အတွက် အထူးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။“နှစ်စဉ်တဧကမှာ နှမ်း ၁၀ တင်းကျော်ထွက်ပါတယ်။ ဒီနှစ်တော့ တဧကမှာ ၃ တင်းလောက်ပဲရတယ်။ အရင်းတောင် မရဖြစ်သွားပါတယ်။ နှမ်းတဧက လုပ်ဖို့ အတွက် ကျပ်ငွေ တသိန်းနည်းပါး အရင်းစိုက်ရတယ်။ အငှားထည့်ပြီးမြက်ပင်တွေ ဘာတွေရှင်းပေးရတယ်။ အဲဒါကြောင့်တော်တော်အရှုံးရှိတယ်“ ဟုမာန်အောင်မြို့နယ် တောင်ဘက် နဂါးကျေးရွာသားတ ဦးကပြောသည်။လွန်ခဲ့သည့်နှစ်များက တဧကတွင်နှမ်းအထွက်နှုန်း ၁၀ တင်းကျော်ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင်ရာသီဥတုမညီမျှ မှု ကြောင့် နှင်းတောင်သူများအတွက်အထိနာခဲ့ရသည်ဟု သိရသည်။ “နှမ်းပွင့်ချိန်မှာ မိုးရွာပေးတာတို့၊ ဆီးနှင်းကျတာတို့သိပ်မရှိတော့ နှမ်းပင်တွေမှာ အသီးတွေသိပ်မမြဲကြဘူး။… Continue reading ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်
တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011- သျှမ်းသံတော်ဆင့်သတင်း တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းတုံမြို့နယ် အတွင်းရှိ ဝ ကျေးလက် ရွာတရွာမှ အိမ်ခြေ ၅၀ ကျော် မီးစွဲလောင် သဖြင့် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ၂၀၀၁ သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချသည့် ဝ ရွာ “ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့ မွန်းလွဲ ၂ နာရီခန့်မီးလောင်တာ။ ဘုန်းကြီးကျောင်းလဲ ပါသွားတယ်”- ဟု နီးစပ်သည့် ဝ ရွာသားတဦးက ပြောပါသည်။မတ်ခ်ျ ၂၂ ရက် မွန်းလွဲ ၂ ကျော်ခန့်တွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အရှေ့ဘက် ၁ မိုင်အကွာရှိ အိမ် ခြေ ၃၅၉… Continue reading တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
Untitled
သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး 2011-03-29 သံဃာ့ တပ်ပေါင်းစု ကိုယ်စားလှယ် ရဟန်းတော်များဖြစ်ကြတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် အရှင်သောပါကနဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အရှင် ကောဝိဒ တို့ဟာ ဒီကနေ့ မတ်လ ၂၉ ရက် နံနက် ဆယ်နာရီ က Hague (ဟိတ်) မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ကြီးများနဲ့ မြန်မာ့ အရေးကိစ္စတွေ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ Photo: http://www.thebestfriend.org မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA) မှ အရှင်သောပါက (ဝဲ) နှင့် အရှင်ကောဝိဒ (ယာ) တို့ မတ်လ ၂၁ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ… Continue reading Untitled
Untitled
Untitled
ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို 2011-03-29 ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။ (Photo: AFP) နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP) ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့… Continue reading Untitled
Untitled
Untitled
ကဒါဖီ အာဏာရနေသရွေ့ လစ်ဗျားဟာ အန္တရာယ်ရှိ အမေရိကန် သမ္မတ အိုဘားမား လစ်ဗျားနိုင်ငံအပေါ် စစ်ဆင်ရေး လုပ်ခဲ့တာနဲ့ ပတ်သက်လို့ သမတ အိုဘားမားက ပထမဆုံး အကြိမ် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက ဘယ်လောက်ကြာမှာလဲ ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သမ္မတ အိုဘားမားအနေနဲ့ ရှင်းလင်းပြောကြားမှု မရှိခဲ့ဘူးဆိုတဲ့ ဝေဖန် ပြောဆိုချက်တွေ ထွက်ပေါ်လာတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောတာ ဖြစ်ပါတယ်။ ကဒါဖီတပ်တွေရဲ့ လက်ချက်ကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမယ့် ရန်ကို ကာကွယ်နိုင်တဲ့ အတွက် အမေရိကန် ပြည်သူတွေ က ဂုဏ်ယူသင့်ပါတယ်လို့ မစ္စတာ အိုဘားမား ဆိုပါတယ်။ အမေရိကန် တပ်တွေ လစ်ဗျား စစ်ဆင်ရေးမှာ ပါဝင်ပတ်သက်နေတာကို အမေရိကန် ပြည်သူတွေက… Continue reading Untitled
ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်
ဧရာဝတီ Friday, 25 March 2011 15:44 ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများသော ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တည်ထောင်သည့် ကမ္ဘောဇ (KBZ)လေကြောင်းလိုင်းသည် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး လေယာဉ်သစ်များဖြင့် မြန်မာနိုင်ငံ တ၀န်းရှိ မြို့များသို့ ခရီး စဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း KBZ လေကြောင်းလိုင်းက ပြောသည်။ ယခု ကမ္ဘောဇ လေကြောင်းလိုင်း တည်ထောင်လိုက်သည့် ကမ္ဘောဇ ဘဏ်အုပ်စုက အစုရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်ဆိုသော MAI လေကြောင်းလိုင်းမှ လေယာဉ် တစီး။ ၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဆေး ရောင်အသစ် ပြောင်းလဲ ပြင်ဆင်ထားသည့်… Continue reading ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်
တိုကျိုမြို့မှာ ပေးဝေနေတဲ့ ပိုက်လိုင်းရေ ရေဒီယို သတ္တိကြွဒပ် ပါဝင်မှုအဆင့် ကျဆင်းသွားပြီ ..
၂၃ရက်နေ့က ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုအဆင့်၂၁၀ becquerel (Bq) ရှိရာမှ ၂၄ရက်နေ့ တိုင်းတာချက်အရ ၇၉becquerel (Bq) သို့ကျဆင်းသွားပြီဖြစ်တဲ့ အတွက် ကလေးငယ်များအတွက် အန္တရာယ် ရှိတဲ့ အဆင့်မှ ကျဆင်းသွားပြီလို့ ဆိုပါတယ်.. မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုကျိုမြို့တော်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကနေ ကလေးငယ်လေးတွေရှိတဲ့ အိမ်ထောင်စုတွေကို mineral water ရေသန့်ဘူး 2 လီတာ ၂ ဘူးစီဝေပေးတာ တွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။ တိုကျိုမြို့ ရှင်းဂျုကုမြို့နယ်၊ စိုင်းတမာ့မြို့၊ ချီးဘားခရိုင် အိချိဟာရာ့မြို့များတွင် ရေဒီယိုဓာတ်သတ္တိကြွမှု ဟာ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ တနာရီကြာတိုင်းတာမှုတွေအရ ပုံမှန်ထက်မြင့်မားနေတယ်ဆိုတာကို အဲန်အိပ်ခ်ျကေတီဗွီ မွန်းတည့် ၁၂း၀၀ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။ ဂျပန်က… Continue reading တိုကျိုမြို့မှာ ပေးဝေနေတဲ့ ပိုက်လိုင်းရေ ရေဒီယို သတ္တိကြွဒပ် ပါဝင်မှုအဆင့် ကျဆင်းသွားပြီ ..
မီဒီယာသို့ ပေါက်ကြားသည့် အမေး/အဆိုများ ပယ်ချခံရ
ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် မျိုးသန့် သတင်း – မဇ္ဈိမသတင်းဌာန ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်တက် အမတ်များထံမှ စုံစမ်းသိရှိရသည်။ “ဦးခင်အောင်မြင့် ပြောတာက တချို့ဟာတွေက ကောင်းတယ်တဲ့၊ သင့်တော်တဲ့ အဆိုတွေ ဖြစ်တယ်တဲ့။ တချို့ဟာတွေက လွှတ်တော်မှာ တင်သွင်းဆွေးနွေးမှုတွေ မလုပ်ရသေးဘဲနဲ့ အပြင်မီဒီယာတွေကို ရောက်နေတဲ့အတွက် အဲဒါတွေကို ဖြုတ်လိုက်တယ်တဲ့။ ဘယ်ဟာ ပယ်ဖျက်တယ်တော့ မပြောဘူး” ဟု လွှတ်တော်အမတ်တဦးက မဇ္ဈိမကို ပြောသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ ဦးခင်အောင်မြင့်သည်… Continue reading မီဒီယာသို့ ပေါက်ကြားသည့် အမေး/အဆိုများ ပယ်ချခံရ
ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ
ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း – ကန္တာရ၀တီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မောချီးဒေသဘက်တွင် ယမန်နှစ်များထက် ရေရှားပါးမှု ပြဿနာ ပိုမိုကြုံတွေ့လာနေကြောင်း ဒေသခံများက ပြောကြသည်။ ဒီးမော့ဆိုမြို့နယ်၌ ဒေါတကလက်၊ ဒေါတခရ စသည့် ရွာများ အပါအဝင် ဒေါဖုကျေးရွာအုပ်စု၊ ဒေါတမကြီး ကျေးရွာအုပ်စုများ၊ ဖရူဆိုမြို့နယ်၌ လော်ခုခူ၊ လောက်ပလဲလျား၊ ကေးလျား စသည့် ကျေးရွာများနှင့် မောချီး ဒေသတွင်းရှိ ပဟောခို၊ နား(မ်)ကူး၊ ကဗွေဒို၊ ယယ်မူပယ် ရွာဒါဂါး ကျေးရွာများတွင် ရေခမ်းခြောက်မှု ပြဿနာကို အဆိုးဆုံး ခံနေကြရခြင်း ဖြစ်သည်။ ယင်းကျေးရွာများမှ ဒေသခံများ အသုံးပြုနေကျ ဖြစ်သည့် ရွာအနီးအနားရှိ ကန်များ၊ စိမ့်စမ်းရေများ… Continue reading ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ
ဂျပန် ဆူနာမီရေဘေးဒဏ်ဟာ တခြားသောနိုင်ငံတွေမှာ ခံခဲ့ရတဲ့ သဘာဝဘေးဒဏ်တွေထက် ဘာကြောင့်ပိုပြီး လူတွေပိုပြီး စိတ်ဝင်စား အလေးထားကြသလဲဆိုတဲ့ (ရုရှားတူဒေး ရုပ်သံ)
ဆန်းဒိုင်လေဆိပ်မှ ဆူနာမီနဲ့ မျောပါလာတဲ့ လေယာဉ်နဲ့ကားများ ဆန်းဒိုင်မှ ကုန်သေတ္တာစခန်းတစ်ခု မြင်ကွင်း ဓာတ်ပုံ ASAHI (ရုရှားတူဒေး ရုပ်သံ) နှိုင်းယှဉ်ချက်မှာ မြန်မာပြည် နာဂစ်အကြောင်းလည်း ပါပါတယ်.. Youtube ကြည့်မရတဲ့ ပြည်တွင်းမှ စာဖတ် ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်. http://www.mediafire.com/?den7gbzc8w3d4dg ရုရှားတူဒေးက ထုတ်ပြန်သွားတဲ့ ဂျပန်နိုင်ငံမှာ လုပ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမိဒဏ် ခံရတဲ့ မြင်ကွင်းတွေကို ကမ္ဘာပေါ်ရှိ လူသန်းထောင်ပေါင်းများစွာက ကြည့်ရှူသိမြင်ခွင့် ရရှိခဲ့ပါတယ်.. ဘာကြောင့်လဲ ဆိုတော့ ဂျပန်ဟာ Hi-Tech Country ဖြစ်တဲ့အပြင် ဂျပန်ပြည်သူ အများအပြားဟာ ကင်မရာနဲ့ တခြားအဆင့်မြင့်တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ လူတိုင်းနီးပါးမှာ ရှိကြတဲ့ အတွက် ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်များကို မှတ်တမ်းတင် ရိုက်ကူးထားချက်များ အများအပြားထွက်ပေါ်ခဲ့ပါတယ်..။… Continue reading ဂျပန် ဆူနာမီရေဘေးဒဏ်ဟာ တခြားသောနိုင်ငံတွေမှာ ခံခဲ့ရတဲ့ သဘာဝဘေးဒဏ်တွေထက် ဘာကြောင့်ပိုပြီး လူတွေပိုပြီး စိတ်ဝင်စား အလေးထားကြသလဲဆိုတဲ့ (ရုရှားတူဒေး ရုပ်သံ)
SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ
ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း – သျှမ်းသံတော်ဆင့်သတင်း ဖေဖော်ဝါရီ ၂၂ ရက် မိုင်းရှူးရတနာမြေ ဒေသခံများ ခရီးသွားလာမှု ကိုနအဖအာဏာပိုင်များတင်းကြပ် လိုက်ပြီး နောက်ပိုင်း မတ်ခ်ျ ၁၃ ရက်မှစ၍ သျှမ်းပြည် တပ်မတော် SSPP/SSA အား တပ်ရင်းပေါင်း ၁၉ရင်း ဖြင့် စစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် မိုင်းရှူးအပါအဝင် ကျေးသီး၊ တန့်ယန်း၊ လားရှိုး ၊ မိုင်းရယ်၊ မိုင်းနောင်မြို့ နယ်ကျေးလက်ပြည်သူ များ စစ်ဘေးစစ်ဒဏ်ရင်ဆိုင်ခဲ့ ကြရသည် တချိန်ထဲမှာပင် စစ်ပွဲမဖြစ်သော ဒေသခံ ကျေးရွာရွာသူ၊ သားများလည်း လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက် ခံနေရကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။… Continue reading SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ
ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ဟု လျှပ်စစ်ဝန်ကြီးပြော
(ပြောယုံပဲပြောတာနော်… ဒါဘဲ) ဗုဒ္ဓဟူးနေ့၊ မတ်လ 23 ရက် 2011 – ခိုနူမ်းထုန် သတင်းဌာန အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်ပြောဆိုခဲ့သည်။ မတ်လ ၂၁ ရက်နေ့က ကျင်းပသည့် (၁၂)ရက်နေ့မြောက် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချင်းတိုးတက်ရေး ပါတီမှ ဖလမ်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်တော် ဦးဇုန်လှယ်ထန်မှ ချင်းပြည်နယ်တွင် မဟာဓာတ်အားလိုင်း (National Power Grid) သွန်တန်း ဖြန့်ဝေပေးရေး အဆိုနဲ့ပတ်သက်ပြီး ၀န်ကြီးဦးခင်မောင်မြင့် က ပြန်လည် ဖြေကြားရာမှာ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ဝန်ကြီးက ချင်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ… Continue reading ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ဟု လျှပ်စစ်ဝန်ကြီးပြော
မြန်မာနိုင်ငံသား ၄၂ ဦး မီဇိုရမ်ရဲကဖမ်း
ဗုဒ္ဓဟူးနေ့၊ မတ်လ 23 ရက် 2011 – ခိုနူမ်းထုန် သတင်းဌာန အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ်တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသတွင်း အာဏာပိုင်များက ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။ ပြည်နယ်၏မြို့တော် အိုင်ဇောလ် မြို့မဈေးကြီးနားရှိ တည်းခိုခန်း ၂ ခုမှ မြန်မာနိုင်ငံသား အလုပ်သမား ၃၁ ဦးကို မီဇိုရမ် ပြည်သူ့ရဲများက ဖမ်းဆီးခဲ့ပြီး ထို့နောက် ဇောင်းသွီရပ်ကွက်တွင် ယက္ကန်းခတ်နေကြသော အလုပ်သမား အမျိုးသမီး ၉ နှင့် အမျိုးသားတဦးအပြင် ဘောင်းကွန်ရွပ်ကွက်တွင်နေထိုင်သော မော်တော်ယာဉ်မောင်း နှစ်ဦး ကို ယခုလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် မီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။အထက်ပါအဖမ်းခံရသည့် သူများအနက်… Continue reading မြန်မာနိုင်ငံသား ၄၂ ဦး မီဇိုရမ်ရဲကဖမ်း
အရပ်သားများကို နအဖက အဓမ္မ ရိက္ခာပို့ခိုင်းပြီး အကာအကွယ် ယူနေ
ဗုဒ္ဓဟူးနေ့၊ မတ်လ 23 ရက် 2011 ခုနှစ် စောခါးစူးညား သတင်း – ကေအိုင်စီ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မ ခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မနှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့်… Continue reading အရပ်သားများကို နအဖက အဓမ္မ ရိက္ခာပို့ခိုင်းပြီး အကာအကွယ် ယူနေ
လစ်ဗျားပြီး မြန်မာလား
လူစုစု လူရှုပ်ရှုပ်နေရာတွေ၊ လမ်းဘေး လက်ဘက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင် ဘီယာဆိုင်တွေမှာ နိုင်ငံရေးမုန်တိုင်း ထန်နေပါတယ်။ အခုတလော လူပြော သူပြောအများဆုံးက လစ်ဗျားကို ကုလသမဂ္ဂခွင့်ပြုချက်နဲ့ နိုင်ငံစုံတပ်တွေ ၀င်လာတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ လစ်ဗျားမှာ ဘယ်ပုံအဆုံးသတ်မလဲ၊ ကဒါဖီ ဘာဖြစ်သွားမလဲနဲ့ အားလုံးက တွက်ချက် နေကြပါတယ်။ ဒါနဲ့တင် အားမရကြပါဘူး။ လစ်ဗျားပြီးရင် မြန်မာနိုင်ငံအလှည့် လာစေချင်တဲ့ သူတွေကိုလည်း တွေ့ နေရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်က “ ဒီစစ်အစိုးရက အသားကုန် မဖိနှိပ်ဘူး၊ အပေါက်တွေ ဖောက်ပေးထားတယ်။ ပြင်းထန်တဲ့ အုံကြွမှုတွေ ဖြစ်ဖို့ နည်းတယ်..” လို့ သုံးသပ်တာကို ကြားဖူးပါတယ်။ စဉ်းစားစရာပါ။ လစ်ဗျားလို တင်ကူးအခြေအနေတွေ မြန်မာပြည်မှာရှိနေပြီလား။ ကဒါဖီကို “ မနပ်ဘူး၊ လူမိုက် ”… Continue reading လစ်ဗျားပြီး မြန်မာလား
ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ
ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 သတင်း – ကန္တာရ၀တီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မောချီးဒေသဘက်တွင် ယမန်နှစ်များထက် ရေရှားပါးမှု ပြဿနာ ပိုမိုကြုံတွေ့လာနေကြောင်း ဒေသခံများက ပြောကြသည်။ ဝေးလံစွာ ရေသွားခပ်ယူနေကြရသော ကလေးများကို တောင်တက်လမ်းတွင် တွေ့ရစဉ် ဝေးလံစွာ ရေသွားခပ်ယူနေကြရသော ကလေးများကို တောင်တက်လမ်းတွင် တွေ့ရစဉ် ဒီးမော့ဆိုမြို့နယ်၌ ဒေါတကလက်၊ ဒေါတခရ စသည့် ရွာများ အပါအဝင် ဒေါဖုကျေးရွာအုပ်စု၊ ဒေါတမကြီး ကျေးရွာအုပ်စုများ၊ ဖရူဆိုမြို့နယ်၌ လော်ခုခူ၊ လောက်ပလဲလျား၊ ကေးလျား စသည့် ကျေးရွာများနှင့် မောချီး ဒေသတွင်းရှိ ပဟောခို၊ နား(မ်)ကူး၊ ကဗွေဒို၊ ယယ်မူပယ် ရွာဒါဂါး ကျေးရွာများတွင် ရေခမ်းခြောက်မှု ပြဿနာကို အဆိုးဆုံး ခံနေကြရခြင်း… Continue reading ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ
ဂီရိ ဒုက္ခသည်များ ရေရှားပါးမှုကြုံနေ
ခင်ဦးသာ Thursday, 24 March 2011 ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသော မြေပုံမြို့နယ်၏ကျေးရွာအများစုသည် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေကြရပြီး ရေကိုခွဲတမ်းစနစ်ဖြင့် Posted by Zaw Zaw ( BDC )
Published
Categorized as BDC Tagged
ဓာတ်ဆီမှောင်ခို ဈေးကွက် ပိုကြီးထွားလာ
ဧရာဝတီ Thursday, 24 March 2011 စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေး ပြီးနောက် မှောင်ခို လောင်စာဆီ ဈေးကွက် ပပျောက်ရန် စနစ်သစ်ပုံစံဖြင့် ကန့်သတ် ရောင်းချပေးလျက် ရှိသော်လည်း မှောင်ခိုဈေးကွက်မှာ ပျောက်ကွယ် သွားခြင်း မရှိသည့်အပြင် ပိုမိုကြီးထွားပြီး ဈေးနှုန်းများ ထပ်မံမြင့်တက်သွားကြောင်း သတင်းရရှိသည်။ စက်သုံးဆီ မှောင်ခိုအရောင်းဆိုင်တဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ – Popular News) စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်းက ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက မှောင်ခိုဓာတ်ဆီ ဈေးကွက် ပပျောက်ရန် ကားများကို စက်သုံးဆီအသင်း တံဆိပ်ပါ ဓာတ်ဆီဝယ်ယူခွင့်… Continue reading ဓာတ်ဆီမှောင်ခို ဈေးကွက် ပိုကြီးထွားလာ
U Tin Oo, U Win Tin and ko Myo Yan Naung Thein send the message of wisdom and encouragement
U Tin Oo, U Win Tin and ko Myo Yan Naung Thein send the message of wisdom and encouragement Burma Democratic Concern (BDC) will be “Celebrating Burma’s Resistance Day, Celebrating Burma Democratic Concern (BDC) Founding 3rd Year Anniversary, Celebrating Ko Myo Yan Naung Thein’s Birthday & Celebrating Fundraising Food Festival”. 27 March 2011 Burma Democratic… Continue reading U Tin Oo, U Win Tin and ko Myo Yan Naung Thein send the message of wisdom and encouragement
Burma Democratic Concern (BDC) is organising the Fund-raising Food Festival
http://www.flickr.com/apps/slideshow/show.swf?v=71649
ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း အထောက်အပံ့ လျော့
ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် မင်းတော်လ၀ီ သတင်း – လွတ်လပ်သော မွန်သတင်းအေဂျင်စီ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည်များအား ယခုနှစ်ဆန်းမှ စပြီး အထောက်အပံ့ ရရှိမှု လျော့နည်းလာကြောင်း စခန်းတွင်း နေထိုင်သူများထံမှ သိရသည်။ ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသော ဒုက္ခသည် အမျိုးသမီးများ (ဓါတ်ပုံ ယခင်နှစ်များတွင် ဒုက္ခသည်တဦးလျှင် ဆန် ၁၅ ကီလို၊ ဆီ ၁ လီတာ၊ ငါးပိ ၁ ကီလို၊ မီးသွေး ၄၀ ကီလို ရရှိခဲ့ရာမှ ယခု ဆန် ၁၃ ကီလိုခွဲ၊ ဆီ ၈… Continue reading ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း အထောက်အပံ့ လျော့
Untitled
ငွေတောင်းပြီး နှိပ်စက်သူ စစ်သားနှစ်ဦး အသတ်ခံရ 2011-03-28 မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူအရပ်သားတွေဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကိုပေးနေရတဲ့ စစ်သားနှစ်ယောက်က အရပ်သားလူငယ်နှစ်ဦးဆီကငွေတောင်းတဲ့အပြင် နှိပ်စက်တဲ့အတွက် အဲဒီလူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေသေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့အခင်းဖြစ်ကြတဲ့ လူငယ်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလိုပြောပါတယ်။ “၂၁ ရက်နေ့ ညက ဖြစ်တာက ဒုတပ်ကြပ် မြင့်ဇော်ရယ်၊ တယောက်က ကျောက်ပန်းတောင်းနယ်သား တပ်သားသစ်၊ သူတို့ နှစ်ယောက်က နေပြီး သစ်လှည်း၊ ဝါးလှည်းသမားတွေ ဆီကနေ တောင်းတယ်။ တောင်းတဲ့အခါကျတော့ သစ်လှည်းသမား ဖြစ်တဲ့ ဇော်လှိုင်ဝင်းနဲ့ လှခိုင်၊ သူတို့ နှစ်ယောက်ကနေပြီးတော့… Continue reading Untitled
Untitled
တပ်မတော်နှင့် ဒီမိုကရေစီ အင်အားစုများကြား နားလည်မှုလိုအပ် 2011-03-28 မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား နားလည်မှု လွဲမှားနေတာကို ပြေလည်မှုရအောင် တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တခဲနက် ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ (Photo: AFP) မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP) ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။ စုစည်းတင်ပြချက် အသံဖိုင်ယူရန် Copyright © 1998-2011 Radio Free Asia. All rights reserved. http://www.rfa.org/burmese/news/suu_kyi_wishes_harmony_with_military-03282011135200.html
Untitled
မွန်ပြည်သစ်ပါတီက အစိုးရသစ်နှင့် သီးခြား ဆွေးနွေးရန်မရှိ 2011-03-28 အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်ရေးအရ တိုက်ခိုက်နေတဲ့ စစ်အစိုးရ ကျင့်သုံးနေတဲ့ လက်ရှိမူဝါဒကို မွန်ပြည်သစ်ပါတီက လက်မခံဘူးလို့ သိရပါတယ်။ (Photo: AFP) တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP) ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ လွတ်လပ်သောမွန်သတင်းဌာနရဲ့ထုတ်ပြန်ချက်မှာလည်း ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စစ်ရေးအရ တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီက ရှုတ်ချထားကြောင်း ဖော်ပြထားပါတယ်။ အဖွဲ့အနေနဲ့ ၁၉၈၉ ခုနှစ်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစု (UNFC) နဲ့ ပြန်လည် ပူးပေါင်းထားပြီး လာမဲ့ အစိုးရသစ်နဲ့လည်း သီးခြား တွေ့ဆုံဖို့… Continue reading Untitled
Untitled
တပ်မတော် သိက္ခာပြန်ဆည်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောဆို 2011-03-28 ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီက မတ်လ ၂၇ ရက် မနေ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်သလို ရှေ့တန်းရောက် မြန်မာ တပ်မတော်သားတွေနဲ့ တပ်မှူးများနဲ့ အရပ်သားများထံသို့ အိတ်ဖွင့်ပေးစာ တစောင်လည်း ပေးပို့လိုက်ပါတယ်။ (Photo: AFP) ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အစိုးရဟာ ရှမ်းပြည်တပ်မတော် လက်နက်ချဖို့ သဘောတူထားတယ် ဆိုတာကို ဝါဒဖြန့် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရှင်းပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကိုလည်း စစ်အစိုးရထံကို ရှင်းရှင်းလင်းလင်း တင်ပြပြီး… Continue reading Untitled
Untitled
အမေရိကန် သံရုံးတာဝန်ခံက ပါတီအချို့နှင့် စီးပွားရေးပိတ်ဆို့မှု ကိစ္စဆွေးနွေး 2011-03-28 မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူရေး ပြန်ရုပ်သိမ်းဖို့ တင်ပြထားတဲ့ ရွေးကောက်ပွဲဝင် ပါတီတွေကို အမေရိကန်သံရုံးက ဒီကနေ့ မတ်လ ၂၈ ရက်မှာ တွေ့ဆုံပြီး အချက်အလက်တွေ ရယူခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ (Photo: AFP) စစ်အစိုးရအပေါ် တင်းကျပ် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့ ပြစ်ဒဏ်ခတ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန် သမတ ဂျော့ခ်ျ ဒဘလျူ ဘုရှ် (အလယ်) ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) ပြီးခဲ့တဲ့လအတွင်း… Continue reading Untitled
Untitled
ငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း နိုင်ငံတကာက ထုတ်ဖော်ပြောကြား 2011-03-27 မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်းက ငလျင်ဘေး ကျရောက်ခဲ့တဲ့ ဒေသတွေမှာ မတ်လ ၂၆ ရက်နေ့အထိ ကွင်းဆင်း လေ့လာချက်အရ တာလေနဲ့ မိုင်းလင်းမှာ ငလျင်ဘေးဒဏ်ခံရတဲ့ လူဦးရေ ၁ သောင်း ၅ ထောင် ရှိတယ်လို့ ရန်ကုန်အခြေစိုက် World Vision အဖွဲ့ ညွန်ကြားရေးမှူး Chris Herink က ပြောပါတယ်။ အထိခိုက်ဆုံး တာလေနဲ့ မိုင်းလင်းနယ်မြေတွေမှာ အရေးပေါ် ဆေးရုံသုံး ပစ္စည်းတွေနဲ့ မိသားစု ၂ သောင်းခွဲ အတွက် အမိုးအကာနဲ့ ခြင်ထောင်တွေကို ကူညီခဲ့တယ်လို့ Mr. Herink ပြောပါတယ်။ တချိန်တည်းမှာ ငလျင်ဒဏ်ခံရသူ မြန်မာပြည်သူတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း နိုင်ငံတကာ… Continue reading Untitled
Untitled
မန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလ လူ့အခွင့်အရေးကောင်စီ အတည်ပြု 2011-03-27 မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။ (UN Photo/Jean-Marc Ferré) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်နေစဉ်။ (UN Photo/Jean-Marc Ferré) ဒီ မူကြမ်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စနစ်တကျ ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ… Continue reading Untitled
Untitled
လစ်ဗျားနောက်ဆုံး အခြေအနေ libia လစ်ဗျား က သူပုန်တစ်ဦး လစ်ဗျားနိုင်ငံမှာ တော့ သူပုန်တွေက အဓိက ကျတဲ့ အဂျ်ဒါဘီယား မြို့ ကို လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံတဲ့ တပ်တွေ ရဲ့လက်ကနေ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။ ဒါဟာ လစ်ဗျားမှာ မပျံသန်းရ ဇုန် သတ်မှတ် အပြီး မှာ သူပုန်တွေ ဘက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး မြို့လဲ ဖြစ်ပါတယ်။ အဲဒီ မြို့က မြို့ခံတစ်ဦး ဖြစ်တဲ့ ဆာလေ ဘူဆာဘာက တော့ သူတို့ မြို့သားတွေ အလွန် ပျော်ရွှင်နေကြကြောင်း နဲ့ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မှာ မြို့တွင်းမှာ… Continue reading Untitled
Untitled
ဖူကူရှီးမား ပင်လယ်ရေမှာ ဓါတ်ရောင်ခြည်သင့် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဓါတ် အဆ ၁ ထောင် ကျော် မြင့်တက်နေပါတယ် ပျက်ဆီးမှုတွေဖြစ်နေတဲ့ ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးက ပင်လယ်ရေထဲမှာ ရေဒီယိုသတ္တိကြွဓါတ်တွေ အလွန်တရာ မြင့်မားနေတာကို စမ်းသပ် တွေ့ရှိရ တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဓါတ် ဟာ သတ်မှတ် ထားတဲ့ အဆင့်ထက်ကို အဆ ၁ ထောင်ကျော် မြင့်တက်နေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အိုင်အိုဒင်းဓါတ်ဟာ ရေထဲမှာ အလျှင်အမြန် ပျော်ဝင်သွားတာ ဖြစ်တဲ့အတွက် ခဏတာသာ အန္တရာယ် ရှိနေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သို့သော်ငြားလည်း ဆီးဇီယံ သတ္တုဓါတ်တမျိုး၊ အများအပြားပါဝင်နေတာကိုလည်း စမ်းသပ် တွေ့ရှိရတဲ့အတွက် အဲဒီဓါတ်ကတော့ နှစ်ပေါင်းများစွာ အန္တရာယ်ရှိ… Continue reading Untitled
Untitled
ကနေဒါ သတင်းထောက် အဖမ်းခံရ ထိုင်းမြန်မာနယ်စပ် ထိုင်းမြန်မာ နယ်စပ် တစ်နေရာ ကနေဒါနိုင်ငံသား ရွန်နို ရွန်နို ဆိုတဲ့သူဟာ ထိုင်းနိုင်ငံ တာခ်ခရိုင်ရဲ့နယ်စပ် ဖုဖ်ဖရ မြို့နယ် ဝေါ်လေရွာ နယ်စပ်ကနေ မြန်မာဖက် အခြမ်းက ဝေါ်လေမြိုင် မြို့နယ်ခွဲ အထဲကို ခိုးဝင်ပြီး ဓါတ်ပုံ ရိုက်နေတုံးမှာ မြန်မာ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရွန်နို ရွန်နိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မဲဆောက်ကနေ လိုင်းကား စီးပြီး ထိုင်းဖက် နယ်စပ် ဝေါ်လေရွာကို သွားစဉ် မိုးကဲ စစ်ဆေးရေးဂိတ်မှာ ထိုင်း အာဏာပိုင်တွေက သူ့ကို မြန်မာဖက်ကို မကူးဖို့ သတိပေးခဲ့ပေမဲ့ လိုက်နာခြင်း မရှိလို့ မြန်မာနိုင်ငံဖက်ခြမ်းမှာ အဖမ်းခံလိုက်ရတာ ဖြစ်ကြောင်း သူ့ရဲ့ လွတ်မြောက်ရေး… Continue reading Untitled
Untitled
အခမဲ့ အင်္ဂလိပ်စာ သင်တန်း ဒေသခံအာဏာပိုင် အဖွဲ့က နှောက်ယှက် 2011-03-25 ဒေါ်အောင်ဆန်းစုကြည် အကြံပြုခဲ့တဲ့ အတိုင်း ပညာရေး ကွန်ယက် အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့အနေနဲ့ ပဲခူးတိုင်း အရှေ့ခြမ်း ရေတာရှည်မြို့နယ် ရေနီမြို့မှာ မြို့နယ် NLD အဖွဲ့က စီစဉ်ပေးတဲ့ စေတနာ့ ၀န်ထမ်း သင်ကြားတဲ့ အင်္ဂလိပ်စာ အခြေခံ သင်တန်းကို ဒီကနေ့စတင်ရာမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဟန့်တား နှောက်ယှက်ခဲ့ကြတယ်လို့ သိရပါတယ်။ ရေနီမြို့က ဓမ္မာရုံမှာ ဒီကနေ့ စတင်တဲ့ အခြေခံ အင်္ဂလိပ်စာ သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသား ၆၀ ခန့် စိတ်ပါဝင်စားစွာ တက်ရောက် သင်ကြားနေချိန် အာဏာပိုင်တွေ လာရောက် နှောက်ယှက်ခဲ့ပုံကို NLD ရေတာရှည်… Continue reading Untitled
Untitled
လုံခြုံရေးကောင်စီရဲ့လစ်ဗျား ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ 2011-03-26 လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ (Photo: AFP) လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပြီး ဂဒါဖီအစိုးရ သစ္စာခံတပ်တွေအပေါ် လိုအပ်သလို အရေးယူရေး ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြင်သစ် အပါအဝင် အဖွဲ့ဝင် ၁ဝ… Continue reading Untitled