မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော 2012-03-22 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့ကို ဒုတိယအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိသွားပြီး၊ ကော့မှုးမြို့က မဟာဝိဇောဓရ ကျောင်းတိုက်မှာ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၃ တိုက်က ဆရာတော် ၁၃ ပါးကို ဖူးမြော်ပြီးနောက် လူထုကို မိန့်ခွန်းပြောကြားပါတယ်။ RFA ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောနေစဉ်။ ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ မှန်ကန်စွာရွေးချယ် မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေး… Continue reading မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု 2012-03-21 လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။ RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ အခြေအနေများကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်းတန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလားမသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက… Continue reading မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည် 2012-03-21 လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို နိုင်ငံတကာစံချိန်နဲ့ ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ဖိတ်ခေါ်ချက်အရ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အမေရိကန်အစိုးရက စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။ ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ အညီ၊ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အားပေး တိုက်တွန်းပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။ ဒါအပြင် စံနှုန်းပြည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့နေရာမှာ ကြိုတင်… Continue reading ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

Untitled

Education starts at home and we truly believe that it is the essential part of the nation building process to educate families with parenting skills, child development and nurturing children. Since Buddhist monasteries and Buddhist monks are essential vital part of the Burmese society and accordingly Burma must work to promote monastery education and support… Continue reading Untitled