ဦးတင်ဦး ပြောပြီ

၂၂-၃-၂၀၁၄ မနက် ၁၀ နာရီက Bayda Institute ရဲ့ နိုင်ငံရေးတည်ဆောက်မှုသင်တန်း အမှတ်စဉ် ၎
သင်တန်းဆင်းပွဲ နဲ့ သင်တန်းဆင်းလက်မှတ်များပေးအပ်ပွဲ ကို ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့
Bayda Institute မှာပြုလုပ်ခဲ့ပါတယ်။

NLD နာယကကြီး ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်မှာပါရှိခဲ့တဲ့ ရခိုင်ပြည်နယ်က မောင်တော နဲ့ စစ်တွေ မြို့တွေကို Referendumပြုလုပ်ပြီး စစ်တကောင်းနဲ့ပူးပေါင်းသင့်တယ်လို့ ဖေါ်ပြချက်ကို တုန့်ပြန်ဝေဖန်မှုတွေနဲ့ ရှင်းပြခဲ့ပါတယ်။

ဦးနေဝင်းလက်ထက်က စစ်ဦးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး အနေနဲ့မူဂျာဟစ် ကျူးကျော်သူတွေရဲ့ရန်ကိုဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာရယ် အဲဒီ မူဂျာဟစ် ဆိုတာကွယ်ပျောက်ခဲ့ပြီးမှ ယခု ရိုဟင်ဂျာဆိုတဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေနဲ့ထပ်မံကျူးကျော်နေတာတွေကို
တိုင်းရင်းသားတွေသတိရှိကြဖို့ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာလို့ဖြစ်ပေါ်လာပုံကိုရှင်းပြရာမှာရခိုင်ရိုးရာအရ ရှေးကထဲကအတူနေထိုင်ခဲ့ကြသူတွေကို
ရဟောင်းသား(ရွာဟောင်းသား)၊ရွာဟောင်းတွင်အတူနေသူများ၊ရခိုင်သံဖြင့်ရဟောင်းဂျားလိုခေါ်လာတာကိုကျူးကျော်သူတွေက ရိုဟင်ဂျာ ဟုခေါ်ဝေါ်လာကြခြင်းသာဖြစ်ပြီး ရိုဟင်ဂျာဟူသောတိုင်းရင်းသားမြန်မာနိုင်ငံတွင်လုံးဝမရှိခဲ့ကြောင်းပြတ်သားစွာပြောဆိုခဲ့ပါတယ်။ — Credit to Ko Win Maw Shwe Thanzin

Leave a comment