ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

မနက်ဖြန် အောက်တိုဘာ (၂၆) ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး (၃) ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။

ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။

By Burma Democratic Concern (BDC)

To restore Democracy, Human Rights and Rule of Law in Burma.

Leave a comment