Burma Democratic Concern (BDC)

ကရင်ပြည်နယ်မှာ DKBA နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကရင်ပြည်နယ်မှာ DKBA နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

dkba-620.jpg

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်

Photo: Kyaw Lwin Oo/RFA

DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တပ်တွေနဲ့ အစိုးရတပ်တွေအကြား အာရှလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ် ပွားတာမရှိပေမယ့် တောင်ကြောတွေပေါ်မှာတော့ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DKBA တပ်မှူး ဗိုလ်မှူးချုပ်ကျော်သက်က RFA ကိုပြောပါတယ်။

DKBA တပ်တွေအနေနဲ့ လမ်းမပေါ်မှာ နေရာယူထားတာကို တောင်ကြောပေါ်ကို ဆုတ်ခွာပေးလိုက်ရပေမယ့် မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာ အစိုးရဘက်က လက်နက်ကြီးနဲ့ပစ်ပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှာ လူပါတက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ DKBA တပ်ဖွဲ့အရာရှိ ဗိုလ်မှူးချုပ်ကျော်သက် က ပြောပါတယ်။

“တိုက်ပွဲအခြေအနေက ဒီညနေက သူတို့တက်လာပစ်တယ်ဗျ ကျနော်တို့ နေရာမှာနော်၊ လက်နက်ကြီးနဲ့ ပစ်တဲ့လူလည်းတက်လာတယ်နော်၊ ကျနော်တို့ ဘယ်လိုမှမလုပ်ပါဘူး၊ ကျနော်တို့ကို ပထမ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကျနော်တို့နေရာမှာပဲ ကျနော်တို့ပြန်လာနေတယ်၊ သူတို့ကတောင်မှလာပစ်နေရင် ကျနော်တို့ ကပြန်ပစ်မယ် ဒါပဲရှိတယ်၊ ကျနော်တို့ဆုတ်ပေးလိုက်တယ်လေ၊ မဟုတ်ရင်တော့ လူထုတွေဘာတွေ ဒုက္ခရောက်မှာကြောက်လို့ ဆုတ်ပေးလိုက်တာလေ”

တိုက်ပွဲမှာ နယ်ခြားစောင့်တပ်တွေ ပါဝင်ခြင်းမရှိပဲ ဒေသခံအစိုးရတိုင်းတပ်ရင်းက ဖြစ်နိုင်တယ်လို့ ပြောပါတယ် ။  ကော့ကရိတ်ဒေသက တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရက သတင်းထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂ ရက်နေ့ကစလို့ တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ခုချိန်မှာ အာရှလမ်းမကြီးကို ပြန်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ KPNS ကရင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ၂၅ ဖွဲ့က အစိုးရအနေနဲ့ အာရှလမ်းမကြီးကို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရယူပြီး သဘောတူညီချက်တွေ အတိအကျရရှိပြီးမှသာ ဖွင့်လှစ်သင့်တယ်လို့ ဇူလိုင်လ ၁ဝ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာရှလမ်းမကြီးဟာ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ KPNS အဖွဲ့ရဲ့ ကြေညာ ချက်မှာ ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ သမ္မတ ဦးသိန်းစိန် ဇူလိုင် ၉ ရက်နေ့က တိုင်းပြည်ကို ပြောကြားသွားတဲ့ ရေဒီယိုမိန့်ခွန်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်အရပ်စဲရေးစာချုပ်ကို ရွေးကောက်ပွဲမတိုင်ခင် ရေးထိုးနိုင်ရေးဆောင်ရွက်နိုင် လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့် တိုင်းရင်းသားတွေဘက်က အခက်အခဲတွေ အများကြီးကျော်လွှားရဦးမယ်လို့ သုံးသပ်ပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင် ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/dkba-govt-fight-07102015114439.html

အစိုးရတပ်နဲ့ DKBA ကြား တိုက်ပွဲ ဆက်ဖြစ်

dkba-620.jpg

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်

Photo: Kyaw Lwin Oo/RFA

ဇူလိုင်လ ၂ ရက်နေ့ကစတင် ဖြစ်ပွားနေတဲ့ အစိုးတပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု တပ်မတော်တို့ကြား ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ မနေ့က ကော့ကရိတ်မြို့မှာ ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့ အစိုးရဘက်က လက်နက် ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ DKBA ကပြောပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ DKBA ပိတ်ထားတဲ့ မြ၀တီ-ကော့ကရိတ်လမ်းကို ဖွင့်ပေးဖို့ အစိုးရဘက်က တောင်းဆို တာကြောင့် ဒီကနေ့မွန်းတည့်ချိန်မှာ ပိတ်ထားတဲ့ လမ်းနှစ်လမ်းထဲက လမ်းဟောင်းကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ လမ်းပြန်ဖွင့်ပြီး မိနစ်ပိုင်းအတွင်း အစိုးရဘက်က ခရီးသည်တွေသွားလာတဲ့ လမ်းဘက်ကို လက်နက် ကြီးနဲ့ စတင် ပစ်ခတ်ခဲ့တယ်လို့ DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက ပြောပါတယ်။

“ဒီလမ်းကိုဖွင့်ပေးပါလို့ ကျနော်တို့ကိုပြောတယ်၊ ကျနော်တို့ DKBA က သူတို့ကို ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ က သူတို့ကိုဖွင့်ပေးလိုက်တယ်၊ ကျနော်တို့ဖွင့်ပေး တာနဲ့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲရှိသေးတယ်၊ မောင်းလာ တဲ့ ကားတွေကျနော်တို့ဆီကို ရောက်လည်းရောက်ရော သူတို့လည်းပစ်ရော၊ ဒါက ကျနော်တို့ကို ပစ်တာမဟုတ် ဘူး ပြည်သူကို သက်သက်ပစ်နေတာ”

အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ စကခ ၁၂ လက်အောက်ခံ၊ ခမရ ၅၄၉ က ဖြစ်တယ်လို့ဆိုပါတယ်။

အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း၊ ထိုင်းနိုင်ငံ တပ်ခရိုင်မှာ ထိုင်းစစ်တပ်က မြန်မာနဲ့ နယ်စပ်တလျှောက် တပ်တွေဖြန့်ချ ထားကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

တိုက်ပွဲတွေဟာ မဲဆောက် ခရိုင် တဖက်ကမ်း၊ ထိုင်း မြန်မာနယ်စပ်ကနေ မိုင် ၂၀ နှီးပါး အကွာမှာ ဖြစ်ပွားနေ တာကြောင့် ထိုင်းဘက်မှာ တပ်လှန့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ မစခင် အစိုးရတပ်က စစ်သည် သုံးရာဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ အတူ ချထားခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

တိုက်ပွဲတွေဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အစိုးရတပ်အနေနဲ့ မော်လ မြိုင်၊ မြ၀တီနဲ့ ထိုင်းနိုင်ငံ ဆက်စပ်နေတဲ့ လမ်းသစ် ကနေ DKBA တပ်ဖွဲ့ကို ဖယ်ရှားချင်လို့ ဖြစ်တယ်လို့ သတင်း ရင်းမြစ် တစ်ခုက ပြောပါတယ်။ အဲဒီလမ်းသစ်ဖွင့်ပွဲကို ဒီလကုန်ပိုင်းမှာ အခမ်းအနားနဲ့ ဖွင့်လှစ်ဖို့ အစိုးရက စီစဉ် ထားတယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း မြ၀တီမြို့မှာ ဖွင့်လှစ်ထားတဲ့ DKBA ဆက်ဆံရေးရုံးက ဒုတိယ တာဝန်ခံ ဦးသန်းအောင်ကို မြ၀တီ အခြေစိုက် ၂၇၅ တပ်က လာရောက်ခေါ်ဆောင် သွားပြီး၊ ရဲစခန်းမှာ ချုပ်ထားလိုက်ပါတယ်။ သတင်းတွေအရ ဦးသန်းအောင်ကို မတရားသင်းဆက်သွယ်မူပုဒ်မ ၁၇-၁နဲ့ အရေးယူထားတယ်လို့ ဗိုလ်ကြီး စောသရီးထူး က ပြောပါတယ်။

အစိုးတပ်နဲ့ DKBA ကြား တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူး ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/gov-army-clash-with-dkba-07052015101441.html

အစိုးရတပ်နဲ့ DKBA ကြား တိုက်ပွဲပြန်ဖြစ်

dkba-620.jpg

DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်

Photo: Kyaw Lwin Oo/RFA

မြ၀တီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာဟာ အစိုးရစစ်တပ်က လူကြီးလမ်းကြောင်းရှိတဲ့အတွက် အာရှလမ်းသစ်မှာ တပ်စွဲထားတဲ့  DKBA တပ်ကို ဖယ်ခိုင်းရာမှာ၊ DKBA က ငြင်းဆန်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။

“လုံခြုံရေးယူပြီးမပြန်မှာ ကျနော်တို့က စိုးရိမ်တယ်၊ သူတို့နေရာယူလိုက်လို့ရှိရင် မပြန်တော့ဘူး၊ ဟိုတလော ကယူတယ်၊ နှစ်ရက် သုံးရက်ဆိုပြီး ဆယ်ရက် ဆယ့်ငါးရက်ကြာသွားတယ်၊ အဲ့ဒါတွေကျနော်တို့စိုးရိမ်တယ်၊ ကျနော်တို့မြို့ထဲမှာ ဖြတ်သွားဖြတ်လာလည်းမရ ဒီတောတောင်ထဲမှာလဲ နေလို့မရဘူးဆိုတော့ ဘယ်လိုပြော ရမလဲ ဖိနှိပ်မှုအဲ့လိုခံရတာတွေကို တုန့်ပြန်တာပေါ့”

အစိုးရတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးနဲ့ စပစ်ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။

DKBA ဘက်က ၃ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရတပ်ဘက်မှာလည်း အထိအခိုက်ရှိနိုင်ပေမဲ့၊ အတိအကျမသိရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အာရှလမ်းသစ် မနေ့က စတင်ပိတ်သွားခဲ့ပြီး ခရီးသွားတွေ လမ်းဟောင်းကသာ သွားလာနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

http://www.rfa.org/burmese/news/govt-army-conflict-with-dkba-07032015003405.html

Advertisements

ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး တစ်ယောက် NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး

ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး တစ်ယောက်

ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၉)

NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတယောက် အစီအစဉ် ကို RFA က ၂ နှစ်ကြာတင်ဆက်ခဲ့ရာမှာ ၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် သွားရောက်စဉ်က အတွေ့အကြုံတွေနဲ့ ဒီအပတ် အဆုံးသတ်မှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၂ဝ၉) နားထောင်ရန်။
အသံဖိုင်ယူရန်

http://www.rfa.org/burmese/features/tin_oo_weekly-03152011164621.html

ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၈)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ်က ဒပဲယင်းအရေးအခင်းမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် သွားရောက်စဉ်က တောင်ကုတ်မြို့မှာ နယ်မြေတာဝန်ကျစစ်တပ်နဲ့ ညှိနှိုင်းပြောဆိုခဲ့ပုံကို ဒီအပတ်နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၂ဝ၈) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၇)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ်က ဒပယင်းအရေးအခင်းမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ပြည်နယ် သွားရောက်စဉ် အတွေ့အကြုံတွေကို ဒီအပတ်နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၂ဝ၇) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၆)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး အစီအစဉ်မှာ ၂ဝ၁ဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွှတ်လာပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲ စတင်ခဲ့ပုံကို ဒီအပတ်နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၂ဝ၆) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၅)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝ၁ဝ ခုနှစ်က ပါတီတွင်းအယူအဆကွဲလွဲမှုပေါ်ပေါက်ခဲ့ပုံကို ဒီအပတ်နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၂ဝ၅) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၄)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ်ကလွတ်ပြီး ဆရာ ဦးဝင်းတင်နဲ့ ပူးပေါင်းကာ ဆက်လက်လှုပ်ရှားခဲ့ပုံတွေကို နားဆင်ရပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၂ဝ၄) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၃)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ငြင်းပယ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား ညှိနိုင်းမှုတွေ ပျက်ပြားသွားခဲ့ပုံကို ဒီအပတ် နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၂ဝ၃) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၂)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်မှူုးချုပ်သန်းထွန်းဦးဆောင်တဲ့ စစ်အစိုးရအရာရှိအဖွဲ့တွေ့ဆုံခဲ့ပုံကို ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၂ဝ၂) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝ၁)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ကလေးထောင်က လွတ်မြောက်လာပြီး နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်နေထိုင်ရပုံကို ဒီအပတ် နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၂ဝ၁) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၂ဝဝ)

၂ဝဝ၃ မေလ ဒီပဲယင်းအရေးအခင်းအပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ကလေးထောင်မှာနေရစဉ် ဒေါ်အောင်ဆန်းစုကြည်က ဆေးဝါးနဲ့ အစားအစာတချို့ပေးပို့ခဲ့ပုံနဲ့ ရဲဘက်စခန်းက အကျဉ်းသားတွေရဲ့ ဆိုးဝါးလှတဲ့ဘဝတွေအကြောင်း  ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၂ဝဝ) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၉)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ် ဒပယင်းလုပ်ကြံမှုအပြီး ကလေးထောင်မှာကြုံရတဲ့ ဒုက္ခဆင်းရဲတွေကို ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၉) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၈)

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုအပြီး ကလေးထောင် ပြောင်းရွှေ့ခံရပုံတွေကို ဒီအပတ် ဆက်လက်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။

အပိုင်း (၁၉၈) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၇ )

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက သူ့ရဲ့ဘဝအတွေ့အကြုံတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ်မေလ ၃ဝ ရက်နေ့က တွေ့ကြုံခဲ့ရပုံတွေကို ဒီအပတ် ဆက်လက်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၇ ) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၆ )

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့ ကိုယ်တွေ့ပြောစကားတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်း၂ဝဝ၃ ခုနှစ်မေလ ၃ဝ ရက်နေ့က ဒီပဲယင်းမြို့နယ် ကျည်ရွာမှာ အစိုးရသြဇာခံတွေရဲ့ တိုက်ခိုက်မှုက လွတ်မြောက်သွားခဲ့ပုံကို ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၆ ) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၄ )

လက်ရှိ NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့ ကိုယ်တွေ့ပြောစကားတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ်မေလ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမှာ အစိုးရသြဇာခံတွေ တိုက်ခိုက်ခံရတဲ့ ၃ဝ ရက်နေ့ စောစောပိုင်း အတွေ့အကြုံတွေကို ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၄) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၃ )

လက်ရှိ NLD နာယက၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့ ကိုယ်တွေ့ပြောစကားတွေကို အပတ်စဉ်တင်ပြနေတဲ့ ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ဦး အစီအစဉ်မှာ ၂ဝဝ၃ ခုနှစ်မေလ စည်းရုံးရေးခရီးစဉ်အတွင်း မုံရွာမြို့အရောက် တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဒီအပတ်နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၃) နားထောင်ရန်။
အသံဖိုင်ယူရန်


ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး (၁၉၁ )

၂ဝဝ၃ ခုနှစ်မေလက မြန်မာပြည်မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်း မတ္တရာမြို့ အရောက် ကြုံတွေ့ရပုံတွေကို ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတစ်ယောက် အစီအစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးက တင်ပြပါလိမ့်မယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

အပိုင်း (၁၉၁) နားထောင်ရန်။
အသံဖိုင်ယူရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဝန်းရံ အားပေးခြင်း သည် မြန်မာပြည်အနာဂါတ်ကိုလှပစေခြင်းဖြစ်သည်

မင်္ဂလာန့နက်ခင်းပါ မိတ်ဆွေတို့

မြန်မာပြည် အပြောင်းအလဲ အတွက် ကြိုးစားရန် ၃ လ ကျော်သာ လိုတော့သည်မို့

ကျတော်တို့ တစ်တွေ အိုးပြစ်အိမ်ပြစ် သားပြစ် မယားပြစ်

ရှိသမျှငွေ ကြေး ခွန်အား စိုက်ထုတ် ပြီး

တစ်သက်မှာ နောက်တစ်ခါ ပြန်မရနိုင်တဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ အားလုံးညီညီညာညာ နဲ့
မအိပ်မနေ ကြိုးစားကြပါစို့

အဖွဲ့ချုပ် ကိုဝန်းရံ အားပေးခြင်း သည် မြန်မာပြည်အနာဂါတ်ကိုလှပစေခြင်းဖြစ်သည်

https://www.facebook.com/myoyannaung.thein.9?fref=nf&pnref=story

ဦးမောင်မောင်သိမ်းသည် ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်

ကြံ့ခိုင်ရေး သမ္မတလောင်းအဖြစ် နာမည်ထွက်နေသူ ပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် မိသားစု မဲစာရင်းတွင် မပါဝင်

ရန်ကုန်၊ ဇူလိုင် ၈

လာမည့် အစိုးရသက်တမ်းအတွက် ကြံ့ခိုင်ရေးပါတီမှ သမ္မတလောင်းအဖြစ် တင်သွင်းခံရမည်ဟု တစ်ပေး ခံထားရသော ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးမောင်မောင်သိမ်းနှင့် ၎င်းမိသားစုဝင်တို့၏ အမည်များ မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူစာရင်းတွင် မပါဝင်ဘဲ ကျန်ရစ်ခဲ့ကြောင်း ဇူလိုင်လ ၈ ရက်တွင် ဦးမောင်မောင်သိမ်းက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြား လိုက်သည်။

ဦးမောင်မောင်သိမ်းသည် ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရပြီး လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်နေကာ လာမည့် အစိုးရသစ် သက်တမ်းအတွက် ပါတီ၏ သမ္မတလောင်းအဖြစ် လျာထားခံရသူဟု နာမည်ထွက်နေသူလည်း ဖြစ်သည်။

““အဲဒီ သတင်းမှန်ပါတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး မဲစာရင်းမှာ မပါပါဘူး”” ဟု ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်တွင် နေထိုင်သူ ဦးမောင်မောင်သိမ်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြည်နယ်နှင့်တိုင်းအလိုက် မဲပေးပိုင်ခွင့် ရှိသူတို့၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် ရပ်ကွက်ရုံးများတွင် ၂၀၁၅ ခုနှစ် မေလလယ်မှ စ၍ စတင်ကြေညာခဲ့ရာ မွေးနေ့တူ၊ အဖအမည်တူ စသည့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့သော ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် အမှားအများဆုံး မြို့နယ်မှာ ၈၀ ရာခိုင်နှုန်းထိ အမှားရှိပြီး အမှားအနည်းဆုံး မြို့နယ်မှာ ၃၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ရွေးကောက်ပွဲ လေ့ လာ စောင့်ကြည့်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မဲစာရင်း မှားယွင်းမှုများအပေါ် ဝေဖန်ခံနေရ သည့် ရွေးကောက်ပွဲ ကော်မရှင်သည် မြန်မာသံတော်ဆင့် ဂျာနယ်ပါ သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ အသုံးအနှုန်းများအား ဥပဒေနည်းဥပဒေနှင့်အညီ ရေးသားရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ထံ လိပ်မူပြီး မြန်မာသံတော်ဆင့်သို့ မိတ္တူပေးပို့ခဲ့သည့် စာတွင်လည်း ရွေးကောက်ပွဲ ကော်မရှင်အစား “ရွေးကော်ပွဲကော်မရှင်” ဟုမှားယွင်း ရေးသားဖော်ပြခဲ့သည်။

မဲစာရင်း မှားယွင်းမှုများသည် အမည်စာရင်းမပါဝင်ခြင်း၊ သေဆုံး သူအမည်များ ထည့်သွင်းထားခြင်း၊ မွေးနေ့၊ မွေးလ၊ ခုနှစ်များ တူညီခြင်း၊ အဖအမည်များ တူညီခြင်း စသည်ဖြင့် လွဲမှားမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ၈၀ ရာခိုင်နှုန်းထိ မှားယွင်းခဲ့သည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

https://www.facebook.com/myanmarherald/photos/a.245215715573395.55419.240972982664335/851132291648398/?type=1&theater

Myanmartandawsint Newspaper's photo.

NLD ပါတီ မဲဆန္ဒနယ် ၁၂ဝဝ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

NLD ပါတီ မဲဆန္ဒနယ် ၁၂ဝဝ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်မည်

dassk-press-620

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဇူလိုင်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်

Photo: Win Naung Toe/RFA

အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်ထောင့်နှစ်ရာ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

“ကျမတို့ ဒီနေ့သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်နေပါတယ်၊ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲတွေကို သြဂုတ်လ ၈ ရက်နေ့အပြီး ကိုယ်စားလှယ်စာရင်းတွေ တင်ပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်ဆိုတာကတော့ ကြေညာပြီးသားဖြစ်ပါတယ်၊ အဲ့ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်အနေနဲ့ ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခေါ် ပြီးတော့ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို ဆွေးနွေးခဲ့ပါတယ်၊ အဲ့ဒီတော့ တိုတိုပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်၊ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်တယ် ဆိုတာကတော့ အဓိကအားဖြင်တော့ မပြီးသေးတဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက် ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပညာအရည်အချင်းတစ်ခုတည်းကို ကြည့်မှာမဟုတ်ပဲ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြထား တာ နားဆင်နိုင်ပါတယ်။

တဆက်တည်း NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/nld-contest-nearly-general-elections-07112015104333.html

သစ်တော​ကြိုး​ဝိုင်း​ကို ဖျက်​ပြီး ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများ ပိုင် ကုမ္ပဏီ လီမိတက် DDPC ဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီ​လက်​ထဲလွှဲ ပေး ခဲ့ တာ နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ သား တွေ က မကျေမနပ် ဖြစ်နေ

သစ်တော​ကြိုး​ဝိုင်း​ကို ဖျက်​ပြီး ကုမ္ပဏီ​လက်​ထဲ အပ်​နေ

  • လွန်ခဲ့သော 9 နာရီက

_batticaloa_cattle
ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်။

တနင်္သာရီတိုင်း ထားဝယ် မြို့နယ် မောင်းမကန် ရွာ နား က ဧက ရာနဲ့ ချီတဲ့ သစ်တော ကြိုးဝိုင်း ကို အာဏာပိုင် တွေ က ပယ်ဖျက် ပြီး ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများ ပိုင် ကုမ္ပဏီ လီမိတက် DDPC ဆိုတဲ့ ပုဂ္ဂလိက ကုမ္မဏီ ကို လွှဲ ပေး ခဲ့ တာ နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ သား တွေ က မကျေမနပ် ဖြစ်နေကြ ပါတယ်။

ကုမ္ပဏီ အနေ နဲ့ ရွာ အကျိုး ဘာ မှ ဆောင်ရွက် ပဲ မြေယာ လက်ဦးမှု ရယူ ပြီး သိမ်း ခဲ့တာ မျိုး ဖြစ်တဲ့ အတွက် ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်တယ် လို့ မောင်းမကန် ရွာသား တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည် က ဘီဘီစီ ကို ပြောပါတယ်။

ဧက ၅၀၀ လောက် စုစု ပေါင်း ရှိ ခဲ့တဲ့ အထဲ က ဧက ၃၅၀ ကျော် ကို သိမ်းယူ ခဲ့ ပြီး တဲ့ အပြင် နောက် ကျန် နေသေး တဲ့ မြေ တွေ ကို ပါသိမ်း ယူ ဖို့ ပြင်ဆင် လာ လို့ ရွာသား ၇၅၀ ကျော် စုပေါင်း လက်မှတ် ထိုးပြီး တနင်္သာရီ တိုင်း ဒေသကြီး ရဲ့ ဝန်ကြီး ချုပ် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီး ဆီ ကို စာ ပို့ ထားတယ် လို့ လည်း ဦးထွန်းကြည် က ဆိုပါတယ်။

ရှိ နှင့် ပြီး သစ်တော ကြိုးဝိုင်း ကို ဖျက် ပြီး အနှစ်ရာ ချီ ရှိလာခဲ့တဲ့ မောင်းမကန် ရွာ ကိုတော့ ကြိုးပြင်ကာကွယ်တော ဆိုပြီး ဘောင်တွေ ခတ် လိုက် တယ် လို့ လည်း ဦးထွန်း ကြည် က ပြောပါတယ်။

ရယူ ထားပြီး သား မြေ တွေ ပေါ် မှာလည်း DDPC ကုမ္ပဏီ အနေနဲ့ ဘယ်လို စီးပွားရေး လုပ်ငန်း မျိုး ကို မှ အကောင် အထည် မဖော် ဘူး လို့လည်း ဦးထွန်းကြည် က ဆို ပါတယ်။

ရွာခံ တွေ ရဲ့ ကန့်ကွက် စာ ပို့ ခဲ့တဲ့ အပေါ် မှာ အာဏာပိုင် တွေ ဘက် က ဘယ်လို မှ တုန့်ပြန် ဆောင် ရွက် တာမျိုး တွေ မလုပ် သေး ဘူး လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ

http://www.bbc.com/burmese/burma/2015/07/150711_dawei_maungmagan_land_grab

မြန်မာ-အိန္ဒိယ နယ်စပ်: လူဦးရေး (၂) သန်းလောက်ရှိတဲ့ မဏိပူပြည်နယ်ဟာ (၁၉) ရာစုအစောပိုင်း ဘကြီးတော်မင်း လက်ထက်မှာ မြန်မာ့လက်အောက်ခံ ဖြစ်ခဲ့ပါတယ်

မြန်မာ-အိန္ဒိယ နယ်စပ်

မြန်မာ-အိန္ဒိယ နယ်နိမိတ်

မြန်မာ-အိန္ဒိယ နယ်နိမိတ်

မီဒီယာ

အသံ

လွန်ခဲ့တဲ့လက မဏိပူပြည်နယ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မဏိပူနဲ့ နာဂသူပုန်တို့ကို အိန္ဒိယအစိုးရတပ်က မြန်မာပြည်ထဲအထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိပေမယ့် မြန်မာအစိုးရနဲ့ နားလည်မှုယူထားလို့သာ ဒီလို လုပ်နိုင်တာလို့ သုံးသပ်ကြပါတယ်။ အခုလို မဏိပူပြည်နယ်ထဲ သူပုန်ဝင်ရောက်တိုက်ခိုက်နိုင်တာ တရုတ်ရဲ့  အကူအညီထောက်ပံ့မှုကြောင့် ဖြစ်တယ်လို့ အိန္ဒိယ စာနယ်ဇင်းတွေက စွပ်စွဲတာကို အခြေအမြစ် မရှိဘူးလို့ တရုတ်က ငြင်းဆိုပါတယ်။ အိန္ဒိယနဲ့ မြန်မာအစိုးရ ပူးတွဲပြီး မြန်မာဘက်က အိန္ဒိယ သူပုန်စခန်းကို စစ်ဆင်ရေးလုပ်တဲ့ အစဉ်အလာလည်း ရှိပါတယ်။

ဒါပေမဲ ဦးသိန်းစိန်အစိုးရလက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး အဆင်မပြေတာတွေ ရှိလာတာမို့ မော်စီတုန်းလက်ထက်ကလို အိန္ဒိယ အရှေ့ ဘက်နယ်စပ်က တိုင်းရင်းသားသူပုန်ကို တရုတ်က ကူညီနေတယ်လို့ ဇူလိုင်လ (၄) ရက်နေ့ထုတ် The New Indian Express သတင်းစာဆောင်းပါးမှာ ဖော်ပြထားပါတယ် အိန္ဒိယသူပုန် ညွှန့်ပေါင်းအဖွဲ့က ခေါင်းဆောင်အချို့ ဟာ ရွှေလီမှာ စခန်းချပြီး လှုပ်ရှားနေတာဖြစ်ပေမယ့် ဒီအကြောင်းကို ထုတ်ဖော်ပြာဆိုတာမျိုး အလွန်နည်းတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Khaleda Zia လက်ထက်မှာ အိန္ဒိယသူပုန်တွေ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံပြီး အိန္ဒိယပြည်ထဲ ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Sheikh Hasina (၂၀၀၉) မှာ အာဏာရလာတဲ့အခါ အိန္ဒိယသူပုန်ကို လက်မခံတာကြောင့် မြန်မာပြည်ဘက် ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ရှည်လျားလှတဲ့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်မှာ အိန္ဒိယက မိုင်နှစ်ထောင်ကျော် သံဆူးကြိုးတံတိုင်းကြီး တည်ဆောက်နေပါတယ်။ မြန်မာ-အိန္ဒိယ နယ်နမိတ် တိုင်းတာရေးစာချုပ် (၁၉၆၇) မှာ ချုပ်ဆိုတာမို့ (၄၈) နှစ်ရှိပါပြီ။ ဒါပေမဲ့ နယ်စပ်မှတ်တိုင် မစိုက်ထူနိုင်သေးတဲ့နေရာတွေ ရှိနေပါသေးတယ်။ ဥပမာ ကဘော်ချိုင့်ဝှမ်းဒေသမှာ (၂) နိုင်ငံသဘောထား ကွဲလွဲနေတာကြောင့် နယ်နိမိတ်မှတ်တိုင် (၉) တိုင် ယနေ့အထိ မစိုက်ထူနိုင်သေးကြောင်း သိရှိရပါတယ်။

မြန်မာနဲ့ နယ်နမိတ်ချင်းဆက်နေတဲ့ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူ နဲ့ မီဖိုရမ် ပြည်နယ် (၄) ခု စုစုပေါင်းမှာ လူဦးရေ (၅) သန်းကျော်လောက် ရှိတာမို့ အိန္ဒိယ-မြန်မာ နယ်နိမိတ်တလျှောက်မှာ လွတ်လပ်စွာ သွားလာနိုင်တဲ့စနစ် Free Movement Regime ကို ကျင့်သုံးပါတယ်။ နယ်နိမိတ်တလျှောက်မှာ (၁၀) မိုင်လောက် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်ပြုတာဖြစ်လို့ နယ်စပ်နေ တိုင်းရင်းသားတွေအတွက် အဆင်ပြေတဲ့စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးဘက်ကကြည့်ရင်တော့ အစိုးရအတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။ လွတ်လပ်စွာ သွားလာနိုင်တာကို အခွင့်ကောင်းယူပြီး အိန္ဒိယသူပုန်အုပ်စုတွေဟာ မြန်မာနဲ့ အိန္ဒိယအကြား လူးလာခေါက်ပြန် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ အိန္ဒိယ သူပုန်စခန်းတွေ ရှိနေပြီး လက်နက်ခဲယမ်းကို မြန်မာပြည်အရှေ့ ပိုင်းဒေသနဲ့ ယူနန်နယ်က တင်သွင်းတယ်လို့ အိန္ဒိယဘက်က ယူဆပါတယ်။

အိန္ဒိယအရှေ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုမှာ တရုတ်အကူအညီပေးပုံကို လွန်ခဲ့တဲ့ ဧပြီလ ယေးလ်တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေတဲ့ Bertil Lintner ရဲ့  Great Game East မှာ အသေးစိတ် ဖော်ပြထားပါတယ်။ KIA ကတဆင့် တရုတ်နဲ့ ဆက်သွယ်နိုင်တဲ့အတွက် ၁၉၆၇ က ၁၉၇၅ အထိ (၈) နှစ်အတွင်းမှာ နာဂသူပုန် (၁) ထောင်ကျော်ဟာ ယူနန်ပြည်နယ်မှာ စစ်သင်တန်း တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နာဂအဖွဲ့ဟာ ဝါအရင့်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကိုလိုနီခေတ်ကတည်းက လွတ်လပ်ရေး တောင်းဆိုခဲ့တာပါ။ ၁၉၆၃ မှာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ပြည်နယ်ဖြစ်လာပေမယ့် လွတ်လပ်ရေး လိုချင်သူတွေက လက်နက်ကိုင် လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့  နာဂပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအကြားမှာ မြန်မာနဲ့ အိန္ဒိယ အစိုးရတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်လေ့ ရှိပါတယ်။ ဒါပေမဲ့ နာဂသူပုန်စခန်းတွေ ရှိနေသေးတာကိုကြည့်ရင် အိန္ဒိယ-မြန်မာ ပူးတွဲစစ်ဆင်ရေး အချည်းနှီး ဖြစ်နေတာ သိသာပါတယ်။

လူဦးရေး (၂) သန်းလောက်ရှိတဲ့ မဏိပူပြည်နယ်ဟာ (၁၉) ရာစုအစောပိုင်း ဘကြီးတော်မင်း လက်ထက်မှာ မြန်မာ့လက်အောက်ခံ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ မဏိပူကို အိန္ဒိယနဲ့ ပူးပေါင်းလိုက်ပါတယ်။ အနှစ် (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ၁၉၇၂ မှာ ပြည်နယ်အဆင့်ကို ရရှိပါတယ်။ မြန်မာပြည်ဘက်မှာ ခြေကုတ်ယူပြီး လှုပ်ရှားနေတဲ့ မဏိပူသူပုန်အဖွဲ့လည်း ရှိပါတယ်။ ချင်းပြည်နယ်မှာ လူဦးရေ (၅) သိန်းလောက်သာရှိပြီး၊ စစ်ကိုင်းတိုင်းမှာ (၅) သန်းကျော်သာ ရှိတာမို့ အိန္ဒိယ-မြန်မာနယ်စပ်ဟာ လူနေအလွန်ကျဲတဲ့ဒေသ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့  အရှေ့ မြောက်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ကိစ္စမှာ တိုင်းရင်းသားသူပုန် ပြဿနာဟာ အဓိက အခက်အခဲ ဖြစ်နေပါတယ်။ နယ်စပ်ဒေသကို မထိန်းချုပ်နိုင်တာဟာ အိန္ဒိယအစိုးရရဲ့  အားနည်းချက် ဖြစ်ပါတယ်။ တကယ်တော့ မြန်မာအနောက်ဘက် နယ်စပ်မှာ အိန္ဒိယအစိုးရတပ်နဲ့ အိန္ဒိယတိုင်းရင်းသားတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ တရုတ်က ကူညီနေတဲ့ အိန္ဒိယသူပုန်ဖြစ်လို့ မြန်မာ့အနောက်ဘက်နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ တိုက်ပွဲဖြစ်နေတယ်လို့ တင်စားပြီး ရေးသားတာမျိုးတွေတောင် ရှိလာပါတယ်။

http://burmese.voanews.com/content/news-analysis-burma-indo-border/2853111.html

%d bloggers like this: