Home » Myo Yan Naung Thein » Democracy Today ဦးမျိုးရန်နောင်သိန်း အင်တာဗျူး

Democracy Today ဦးမျိုးရန်နောင်သိန်း အင်တာဗျူး

ဒီနေ့ထုတ် Democracy Today သတင်းစာပါ ဦးမျိုးရန်နောင်သိန်း အင်တာဗျူးမှ အမှားသုံးခု

ဒီနေ့ထုတ် Democracy Today သတင်းစာမှာပါတဲ့ ကျွန်တော်ရဲ့ အင်တာဗျူးပါ။ဒီအင်တာဗျူးထဲမှာ အဓိကအမှားသုံးခုပါနေပါတယ်။
(၁) ဗေဒါနိုင်ငံရေး သင်တန်းကျောင်းလို့ ဖော်ပြထားတာ တွေ့ရပါ တယ်။ အဲ့ဒီလိုဖော်ပြတာ မှားပါတယ်။တကယ်က ကျွန်တော်တို့ကို ဗေဒါသင်တန်းကျောင်း (သို့) ‘ဗေဒါ’ နိုင်ငံတော်တည်ဆောက်ရေးသင်တန်းကျောင်းလို့ ခေါ်ပါတယ်။
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေစောင့်ကြည့်လေ့လာရေး ကွန်ရက်လို့ ဖော်ပြထားတာမှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်ပါ။အင်္ဂလိပ်လို People’s Network for
Constitutional Reform – PNCR လို့ခေါ်ပါတယ်။
(၃) တတိယအမှားကတော့ အကြီးဆုံးပါပဲ။နောက်ဆုံးမေးခွန်းကို ကျွန်တော်ဖြေတဲ့နေရာမှာ ‘ဦးနေ၀င်းလက်ထက်က သခင်ချန်ထွန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်လနဲ့အပြီး ရေးခိုင်းခဲ့တယ်’ လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အမှန်ကျွန်တော်ဖြေခဲ့တာက ဦးနုက ၁၉၄၇ ခုနှစ်မှာ ဦးချန်ထွန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်လနဲ့ အပြီးရေးခိုင်းခဲ့တယ် လို့ ကျွန်တော်ဖြေခဲ့တာပါ။

ကျေးဇူးတင်ပါတယ်
မျိုးရန်နောင်သိန်း ၀၉ ၄၂၁၁ ၅၈၉၃၆
Director ( BAYDA Institute)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်

mynt10

mynt11


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: