Home » Domestic News » ဘင်္ဂလား နှပ်ကြောင်း

ဘင်္ဂလား နှပ်ကြောင်း

Ko Htay Tint

နှပ်ကြောင်း မပေးပါနဲ့  လား
ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာရဲ့
ဆောင်းပါးရှင် Zeeshan Khan

၁၉၄၈ စာချုပ်အရ နယ်နမိတ်အတွင်းမှာ
ကုလသမဂ္ဂ သဘောတူညီမှုတွေနဲ့  နေထိုင်ဖို့ 
ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာပြည်ကို

သမိုင်းကို ခိုးဝင်ဘင်္ဂလီပို့ ပြီး ပြသနာရှင်းဖို့ ကြိုးစားရင်
မြန်မာနိုင်ငံသားတွေကလည်း ဝါးရင်းတုတ်ထမ်းပြီး
ဘိုးဘွားတွေ သိမ်းခဲ့တဲ့ နယ်မြေတွေအားလုံးကို
ပြန်သိမ်းဖို့  အဆင်သင့်ပါဘဲ ။

ခုခံစစ်ကို ဆင်နွဲဖို့ ပြင်ဆင်နေတဲ့ မြန်မာ့တပ်မတော်
ဘိုဘွားပိုင် နယ်မြေများ ပြန်လည်သိမ်းပိုက်ဖို့ 
တောင်ငူဘုရင်တပ်မတော် အသွင် ကူးပြောင်းဖို့ 
လူထုက ကိုယ့် ထမင်းထုတ် နဲ့  ကိုယ့် ဓါးသွေးပြီး
လိုက်ကြလိမ့်မယ် ။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

ဘင်္ဂလီပြဿနာအတွက် လူထုဆန္ဒခံယူပြီး စစ်တွေနဲ့မောင်တောဒေသတွေကို ရခိုင်ပြည်နယ်ကနေ ခွဲထုတ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဒေသထဲ သွပ်သွင်းခြင်းဟာ အဖြေတစ်ခုဖြစ်နိုင်တယ်လို့ ဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာရဲ့ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine state? ဆိုတဲ့ဆောင်းပါးကို ၀ံသာနုမှ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြသွားပါမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုကနေ ပြောင်ပြောင်တင်းတင်း စိမ်ခေါ်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အတွက် မြန်မာပြည်သူများ သိရှိနိုင်ဖို့ ဘာသာပြန်လိုက်တာပါ။

မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်ရဲ့ ၄၂ရာခိုင်နှုန်းပြည့်လုနီးပါးဟာ လေယူလေသိမ်းမဆိုစလောက် ကွဲပြားတဲ့ ဘင်္ဂလီစကားကိုပြောဆိုကြတဲ့ တောင်အာရှမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ စစ်တွေနဲ့မောင်တောနယ်တွေမှာ နေထိုင်ကြတဲ့ ၉၅ရာခိုင်နှုန်းနီးပါး အဲဒီမျိုးနွယ်တွေဟာ မြန်မာတွေရဲ့ နိုင်ငံခြားသားတွေကို မုန်းတီးတဲ့စရိုက်အောက်မှာ ရက်စက်ဖိနှိပ်မှုတွေနဲ့အတူ မတရားခွဲခြားဆက်ဆံခံရမှုတွေကြောင့် လူသိများကြပါတယ်။ ဒီလူမျိုးတွေကို အဲဒီနေရာမှာ နိုင်ငံခြားသားအဖြစ် သတ်မှတ်ပြီး ဘယ်သူမှလိုလိုလားလား မရှိကြပါဘူး။ အဲဒီလူမျိုး ထောင်ပေါင်းများစွာဟာ နေရပ်ကိုစွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။ တချို့ကတော့ သတ်ဖြတ်ခံရပြီး နေအိမ်တွေကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ဒီလူမျိုးတွေဟာ ကမ္ဘာပေါ်က ထိခိုက်နစ်နာရဆုံး လူတွေထဲမှာ အပါအ၀င်ဖြစ်ပြီး နိုင်ငံမဲ့တွေအဖြစ် တနေ့တခြား တိုးပွားလာနေပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပွားသွားတဲ့ ခရိုင်မီးယားအရေးမှာ လူထုဆန္ဒနဲ့ နိုင်ငံနယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခြင်းဟာ အင်မတန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး လူထုဆန္ဒနဲ့မကိုက်ညီတဲ့ နိုင်ငံနယ်နိမိတ်သတ်မှတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအတွက် အံဝင်ဂွင်ကျဖြစ်စေမယ့် အဖြေတစ်ခုပဲ ဖြစ်ပါတယ်။
အချက်အလက်အနေနဲ့ကတော့ ဒီခွဲထွက်မှုကို ခရိုင်မီးယားက အကွက်ချစီစဉ်တာလို့ တိတိကျကျမပြောနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံနယ်နိမိတ်ပြန်ဆွဲဖို့အတွက် လူထုဆန္ဒခံယူတာဟာ တကယ်တော့ ဘာမှမထူးဆန်းပါဘူး။ အင်ပါယာဆန်ပြီး ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ နယ်နိမိတ်သတ်မှတ်မှုတွေကတော့ ဒီနည်းလမ်းအပေါ် စောဒကတက်နိုင်ပါတယ်။

၁၉၉၅ ခုနှစ်မှာ Quebec လူမျိုးတွေဟာ လူထုဆန္ဒခံယူပြီး ကနေဒါကနေ ခွဲထွက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်မှာ လူထုဆန္ဒခံယူပြီး ယခင်ဆူဒန်နိုင်ငံကနေ ခွဲထွက်နိုင်ခဲ့ပါတယ်။ စကော့လူမျိုးတွေဟာ ဒီနှစ်နောက်ပိုင်းမှာ စကော့တလန်ကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ယူနိုက်တက်ကိင်းဒမ်းကနေ ခွဲထွက်ဖို့ မဲဆန္ဒနဲ့ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဘင်္ဂလားက အနီးစပ်ဆုံး သာဓကတစ်ခုကို ပြရမယ်ဆိုရင် ၁၉၄၇ခုနှစ် ဇူလိုင် ၆ရက်နေ့မှာ Sylhet ဒေသဟာ လူထုဆန္ဒခံယူပွဲနဲ့ အာသံပြည်နယ်ကနေ ခွဲထွက်ပြီး အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ကို ပူးပေါင်းခဲ့ပါတယ်။ ဒါကြောင့် အဲဒီနယ်မြေတွေလိုပဲ သေးငယ်တဲ့ မျိုးနွယ်တူ လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟာ ယခင်ကတည်းက တည်ရှိနေခဲ့တာပါ။

ရုရှားနိုင်ငံအနေနဲ့ ခရိုင်မီးယားက ရုရှားနွယ်ဝင်တွေကို သူတို့နိုင်ငံထဲ ဆွဲခေါ်မယ့်အစား အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေ ရှိနေပါတယ်။ ရုရှားအနေနဲ့ ခရိုင်မီးယားကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်ပေးမလား ဒါမှမဟုတ် အဲဒေသကို ရုရှားဖက်ဒရေးရှင်းထဲ သွပ်သွင်းမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ အဲဒီနှစ်ချက်ဟာ ခရိုင်မီးယားကို ပိုင်ဆိုင်တဲ့ ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

လက်ရှိအခြေအနေမှာ လူဦးရေထူထပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဖြေရှင်းဖို့မလွယ်ကူတဲ့ ရိုဟင်ဂျာတွေဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ စစ်တွေ၊မောင်တော ဒေသတွေကို မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်ကနေ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပြီး အဖြေရှာခြင်းပဲ ဖြစ်ပါတယ်။
သမိုင်းကြောင်းဆိုင်ရာ အကြောင်းပြချက်တွေအရ ခရိုင်မီးယားနဲ့ ပတ်သက်ပြီး ရုရှားကလုပ်သွားသလိုမျိုး တချိန်က အာရကန်လို့ခေါ်တဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွပ်သွင်းလို့ရပါတယ်။ ၁၄၃၀ ခုနှစ် ခုလက်ရှိ ရခိုင်ပြည်နယ်ထဲက လွတ်လပ်တဲ့ ရခိုင်နိုင်ငံ မြောက်ဦးထီးနန်းကို ဘင်္ဂလားစူလတန်ရဲ့ စစ်ရေးအကူအညီနဲ့ တည်ထောင်ခဲ့တာပါ။ မြောက်မြားစွာသော ဘင်္ဂလီတွေဟာ ဒီထီးနန်းအသစ်အတွက် ပါဝင်တိုက်ခိုက်ပေးခဲ့ရပြီးတော့ တချို့ဟာအဲဒီမှာပဲ အခြေချခဲ့ကြပါတယ်။ သူတို့ဟာ ခုခေတ် ရိုဟင်ဂျာဆိုသူတွေရဲ့ ဘိုးဘေးတွေဖြစ်ကြပါတယ်။

မြောက်ဦးဘုရင်ဟာ သူ့ရဲ့နယ်မြေတချို့ကို ဘင်္ဂလားစူလတန်ဆီမှာ ပေးအပ်ခဲ့ရပြီး ၁၅၁၃ ခုနှစ်အထိ ဘင်္ဂလားစူလတန်ရဲ့ လက်အောက်ခံအဖြစ် တည်ရှိနေခဲ့တာပါ။ အာရကန်ဟာ ဘင်္ဂလားအုပ်ချုပ်သူတွေဆီကနေ အပြည့်အ၀လွတ်လပ်ရေးရပြီးနောက်ပိုင်း မောဂ်(ရခိုင်)နဲ့ ပေါ်တူဂီပင်လယ်ဓားပြတွေ သောင်းကျန်းတာကြောင့် မဂိုဘုရင် Shaista Khan က ၁၆၅၅ ခုနှစ်မှာ ရခိုင်တွေမူလကပိုင်တဲ့ စစ်တကောင်းနယ်တစ်ဝိုက်ကို သိမ်းပိုက်ပြီး ရခိုင်တွေ ကျွန်အဖြစ်ဖမ်းဆီးထားတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂလီတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲကဒေသတွေကို ဘင်္ဂလားဒေ့ရှ်ထဲ ပူးပေါင်းခြင်းဟာ အထူးသဖြင့် အထဲကလူတွေ ဖိနှိပ်ချုပ်ခြယ်ခံနေရတဲ့ အခြေအနေမျိုးမှာ ထူးခြားတယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးချယ်ပိုင်ခွင့်မရှိတဲ့အပြင် ၀င်ရောက်သိမ်းပိုက်တဲ့ နည်းလမ်းကလည်း ဒီဖက်ခေတ်မှာ စဉ်းစားစရာမလိုတဲ့အချက် ဖြစ်နေပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်တာ မဲပေးခွင့်ပိတ်ပင်တာနဲ့ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေသက်သက်ကို ခလေးနှစ်ယောက်ပိုယူတာကို ပိတ်ပင်တဲ့ဥပဒေ ထုတ်ပြတာမျိုးတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားတာက အဓိကပြဿနာဖြစ်နေပါတယ်။

အမှန်တကယ်ဖြစ်နေတဲ့ လူဦးရေအချိုးအစား အချက်အလက်တွေကို ပြောင်းလဲဖို့ ကြိုးစားပြီး မြန်မာအစိုးရဟာ ရိုဟင်ဂျာမဟုတ်တဲ့ ရခိုင်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်ဖို့ အကြံအစည်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအပေါ် စာနာထောက်ထားတဲ့ပုံမျိုး ပြသခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ လူမျိုးလိုက်အပျောက်ရှင်းမယ့်ကိစ္စကို နောက်ကွယ်ကနေ ပံ့ပိုးနေတာပါ။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာတွေကို စည်းမျဉ်းအထပ်ထပ်နဲ့ ပိတ်ဆို့ပြီး သူတို့ရဲ့အသံကို မြန်မာနိုင်ငံထဲက ဘယ်သူမှမကြားနိုင်အောင် ပြီးတော့ နိုင်ငံတကာက ဘယ်သူမှမကြားနိုင်အောင် ဖန်တီးထားပါတယ်။
လူမျိုးရေးအဓိကရုဏ်းဘေးဒုက္ခတွေကို ရှောင်ရှားတဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖိအားပေးနိုင်တဲ့ အနေအထားမှာ အစိုးရရဲ့ မတော်မတရား ဓားစာခံလုပ်ခံနေရတာမျိုးဟာ မဖြစ်သင့်ပါဘူး။

ဒီပြဿနာအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အဖြေရှာဖို့ ကြိုးစားခွင့် ရှိပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်လိုစိတ် မရှိဘူးဆိုရင် လုပ်လို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ လူထုဆန္ဒခံယူခြင်းပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အဲမတိုင်ခင်မှာ တစ်ခုခုက ဒီရိုဟင်ဂျာတွေကို စုစည်းပြီး သူတို့ကို နိုင်ငံသားအခွင့်အရေး နဂိုအတိုင်း အပြည့်အ၀ရအောင် ကြိုးစားတာ ဒါမှမဟုတ် အနည်းဆုံး သူတို့ကို ဒီမြေပေါ်မှာ နှစ်ပေါင်းရာချီ တရားဝင်နေထိုင်သူတွေအဖြစ် အသိအမှတ်ပြုခွင့်ရဖို့ ကြိုးပမ်းသင့်ပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားကြီးမှုကို တောင်းခံတာ မဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရုရှားလိုပဲ ကိုယ်နဲ့သွေးသားတော်စပ်တဲ့ ဆွေမျိုးတွေရဲ့ နယ်နိမိတ်ကျော်ဖြတ်ပြီး ဆိုးရွားလှတဲ့အခြေအနေတွေကို မျက်ကွယ်မပြုသင့်ပါဘူး။ တဆက်တည်းမှာပဲ ခရိုင်မီးယားလိုမျိုး ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြားမှာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ထူထောင်ပိုင်ခွင့် ရသင့်ပါတယ်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်ထဲ ပူးပေါင်းမယ်ဆိုရင်လည်း သူ့အလိုလိုပေးအပ်လာတဲ့ လက်ဆောင်အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုပါဘူး။

Zeeshan Khan (Dhaka Tribune)
March 20, 2014

ဝံသာနုမှ ဘာသာပြန်ဆိုဖော်ပြသည်။

http://myanmar.wontharnu.com/ မှကူးယူဖော်ပြသည်

Burma map


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: