Home » Constitution, Election & Parliament Info » နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုမည့်

နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုမည့်

Rakhine Citizen Journalists https://www.facebook.com/RakhineCJ

နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုမည့် ဥပဒေကြမ်း ကန့်ကွက်သူမရှိ အတည်ပြု

နေပြည်တော်၊ မတ် ၂၀

ယာယီနိုင်ငံသား သက်သေခံ လက်မှတ် (White Card) နှင့် ဧည့်နိုင်ငံသား ပါတီ ထူထောင်ခွင့် ပြုထားသော မြန်မာနိုင်ငံတွင် နိုင်ငံသား များကိုသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုမည့် ဥပဒေကြမ်း တစ်ရပ်ကို အမျိုးသားလွှတ်တော်က မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲ ပြဋ္ဌာန်းခဲ့သည် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ယင်းသို့ ပြန်လည် ပြင်ဆင်ကာ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နိုင်ငံရေး ပါတီ ထူထောင်ခြင်းဆိုင်ရာ ဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရှိသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူများကိုပါ နိုင်ငံရေးပါတီ ထူထောင်ခွင့် ပြုထားသော်လည်း ယခု ပြန်လည် ပြင်ဆင်သည့် ဥပဒေတွင် နိုင်ငံသားများသာ ပါတီ တည်ထောင်ခွင့် ပြုရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအေးမောင်က ဆိုသည်။

ပြန်လည် ပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေအရ နိုင်ငံသားများသာ ပါတီ တည်ထောင်နိုင်မည် ဖြစ်သော်လည်း နိုင်ငံသားပြုခွင့် ရရှိသူများကို ပါတီဝင်အဖြစ် စည်းရုံးခွင့် ရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာတွင်လည်း နိုင်ငံသား မဟုတ်သူများကို ပါတီ တည်ထောင်ခွင့် မပြုသည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် ယင်းဥပဒေသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက ပြောကြားသည်။

“ကိုယ့်နိုင်ငံရဲ့ အာဏာဟာ ကိုယ့်နိုင်ငံသားတွေရဲ့ လက်ထဲမှာ ရှိဖို့ပါ၊ တစ်ချိန်မှာ တိုင်းပြည်ရဲ့ အာဏာကို ချုပ်ကိုင်မှာက နိုင်ငံရေး ပါတီပါ၊ ဒါကြောင့် ဒါကို အရေးတကြီး ပြင်တဲ့ သဘောပါ” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

သို့သော် မူလ ဥပဒေဖြင့် ဖွဲ့စည်းခဲ့သည့် ပါတီများကို ယခု ပြင်ဆင်လိုက်သည့် ဥပဒေပါ စည်းကမ်းချက်များနှင့် အညီ တည်ထောင် ဖွဲ့စည်းထားသည်ဟု ယာယီအဖြစ် မှတ်ယူမည် ဖြစ်ကြောင်း၊ အဆိုပါ ပါတီများကို ယခု ဥပဒေနှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်က အချိန်ကာလ တစ်ခု သတ်မှတ်ပေးရမည် ဖြစ်ကြောင်း အတည်ပြုလိုက်သည့် ဥပဒေတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် အဆိုပါ ကိစ္စကို လာမည့် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ ဆောင်ရွက်နိုင်ရန်နှင့် ယင်းဥပဒေ အတည်ဖြစ်ပြီးပါက ရွေးကောက်ပွဲ ဥပဒေသစ်နှင့်အတူ နိုင်ငံသားများသာ မဲပေးခွင့် ပြုရေးသည် အလိုအလျောက် ဖြစ်လာနိုင်ကြောင်း ကိုယ်စားလှယ်များက ပြောဆိုသည်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် ယင်းဥပဒေကို ပြည်သူ့လွှတ်တော်သို့ ဆက်လက် ပေးပို့ရမည် ဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲမှသာ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ခံယူရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ရှစ်သိန်းခွဲကျော်၊ အမျိုးသားမှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားသူ ငါးသိန်းခွဲကျော်နှင့် ဧည့်နိုင်ငံသား လက်မှတ် ကိုင်ထားသူ သုံးသောင်း ခြောက်ထောင်ကျော် ရှိကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည့် မူလ ဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ များကို ပါတီ တည်ထောင်ခွင့် ပြုထားခြင်း ဖြစ်သည်။

The Voice Weekly


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: