မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )

by Maung Maung Wann on Saturday, 28 January 2012 at 06:25

ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ  ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ  (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ  (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ  စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို  နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉

                      + ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

 ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

 (၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

 ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

  ပည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။

နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

ယုံကြည်လေးစားလျှက်

ကျော်ခိုင်ဝင်း

ABSDF (NB) ရဲဘော်ဟောင်း

Post By Htein Lin

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)
by Maung Maung Wann on Sunday, 22 January 2012 at 05:46

( အာဏာရူးလူသတ်သမားခေါင်းဆောင် ( ၈၈’ ကျောင်းသားခေါင်းဆောင် အတု ) ABSDF Ronail Dr အောင်နိုင် ( ဝဲ ) နှင့် အသတ်မခံရမှီချုပ်နှောင်ပြီးငြင်းပမ်းနှိပ်စက်ခံနေရသော ABSDF  ကျောင်းသားတပ်မတော်သားအချို့၏ဓာတ်ပုံ။)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့  ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဋိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။

ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါလိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။

မကောင်းဆိုးဝါးတကောင်ရဲ့ အသံ

“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။  အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီး လုပ်ပြီး သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။                သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှားကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။ တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။

ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ ABSDF (NB) စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေရှေ့မှာလည်း ရောက်ရော့ ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။ ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။

သက်သေပြချက်တွေ ရှိခဲ့ပေမဲ့

တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။ “သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊သူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ”  ရဲ့ စကားကို လက်မခံဘူး။  “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

အရိပ်တွေလိုက်လာပြီ

ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ ကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေအနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “  ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး  ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့်  တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးပဲ                   “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာ ဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။  အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က  ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။

သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောယုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၈ စက်တင်ဘာ၊ ၂၀၀၈

သို့

ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။

ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်းဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။

ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။     ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။          ဒါပေမဲ့ အားလုံးထောက်လှမ်းရေး မဟုတ်ဟူသော ကျမ၏ ပြောဆိုချက်ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန် သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။

သင်းသင်း

ABSDF (NB) ရဲမေဟောင်း

မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေးထားခြင်းဖြစ်ပါတယ်။

ခုတော့ ရဲမေ သင်းသင်းညီ က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) – မှာ နောက်ထပ်  ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။

Post By Htein LIn

သန်းဝင်းမှမိုးသီးနှင့်နိုင်အောင်သို့ ( ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်များဟုပြောဆိုနေခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း)

သန်းဝင်းမှ မိုးသီးနှင့်နိုင်အောင်သို့

by Htay Tint on Sunday, 15 January 2012 at 00:45

ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်များဟုပြောဆိုနေခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း

မိုးသီးဇွန်နှင့်နိုင်အောင် ခင်ဥမ္မာ့မွေးနေ့မှာတွေ့ဆုံခဲ့ခြင်းအား ၈၈ခေါင်းဆောင်များညီညွတ်နေသရောင်ရောင် မိုးသီးဇွန်၏ရေးသားချက်နှင့်

ပတ်သက်ပြီးမကျေလည်လို့ခုလိုစာရေးလိုက်တယ်။ ညီညွတ်သရောင်ရောင်ပြောဆိုနေမှုကိုကျနော့အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်လိုပါသည်။

ထင်ရင်ထင်သလို ၈၈၈၈ နာမည် ကို အလွဲသုံးစားသုံးစွဲခြင်းကိုလည်းရှုတ်ချသည်။ ဒီပုဂ္ဂိုလ်တွေ ဒီလိုသုံးစွဲပိုင်ခွင့်မရှိဟုလည်းယူဆသည်။

တကယ်တော့ မိုးသီးနှင့်နိုင်အောင်အုပ်စုဟာ သမိုင်းတလျောက် ၈၈၈၈ ခေါင်းဆောင်များလုပ်ရမည့်အလုပ်ကို တစုံတရာမှမလုပ်ခဲ့သည့်အပြင်

သူတို့ကြောင့် ရှစ်လေးလုံးသမိုင်းလည်း အထင်သေးခံရခြင်း၊ ညှိုးနွမ်းသွားရခြင်း၊ လူများလက်ညှိုးထိုးပြီးအပြစ်ပြောခံရခြင်းကသာ ပိုများပါတယ်။

သမိုင်းတချို့ကို ကျနော်ထုတ်ပြပါမည်။

မိုးသီးဇွန်

မိုးသီးဇွန်ဟာ တိုင်းပြည်အတွက်ရော၊ ၈၈၈၈ အရေးတော်ပုံကြီးအတွက်ပါ တခုမှကောင်းတာမလုပ်ခဲ့ပါ။ သမိုင်းတချို့သက်သေပြပါမည်။

- မိုးသီး ဒမဖ ဥက္ကဋ္ဌ လုပ်တဲ့အချိန်ကာလ တိုင်းပြည်အတွက်အလွန်အရေးကြီးသည့်အချိန်မှာ ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်ခဲ့တယ်။

- မိုးသီး လူ့ဘောင်သစ်ပါတီ ကို ဖွဲ့သူထဲမှာ တဦးပါဝင်တယ်။ သူ့လူတွေ ဦးဆောင်မှုနေရာမှာ သိတ်မရတော့ ပါတီနှစ်ခြမ်းခွဲခဲ့တယ်။

- ပြည်တွင်းမှာနေလို့မရလို့နယ်စပ်ကိုရောက်လာတယ်။

- အဲ့ဒီတုန်းက ကျနော်ဟာ ကျောင်းသားတပ်မတော် ( ABSDF) အထွေထွေအတငွ်းရေးမှူးနှင့် DAB တွဲဘက်အထွေထွေအတွင်းရေးမှူးဘဝမှာ၊

- မိုးသီး တပ်ရင်း (၁၀၁) ကိုရောက်လာတယ်။ မကြာဘူး။တပ်ရင်း (၁၀၁) နှစ်ခြမ်းကွဲသွားတယ်။ မိုးသီးအခြမ်း က ဘုန်းကြီးကျောင်းမှာ နေပြီး

နောက်တခြမ်း က တပ်ရင်းမှာနေတယ်။ အဲ့ဒီမှတဆင့် “သေဘောဘိုး” စခန်း ကို ရောက်တယ်။ အဲ့ဒီအချိန်က “သေဘောဘိုး” စခန်း ဟာ

ဗဟို ကို ဆန့်ကျင်နေတဲ့ စခန်းဖြစ်တယ်။ အဲ့ဒီကို “မိုးသီး”သွားပြီး ဗဟိုကိုဆန့်ကျင်အောင်မြှောက်ပင့်ပြောဆိုပြန်တယ်။ သူတို့ရဲ့

ထောက်ခံမှုယူပြီး ABSDF ဗဟို ကို တက်လှမ်းဖို့ကြိုးစားခဲ့တယ်။ အဖ့အွဲ စည်းအကျိုး ကို မကြည့်ပဲ ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။

- မိုးသီးဇွန် ABSDF ဗဟိုကိုရောက်တော့ ABSDF နှစ်ခြမ်းကွဲသွားတယ်။

( အသေးစိတ်အချက်အလက်အများကြီးရှိသေးတယ်။ နောက်မှရှင်းမယ်။)

- အထက်ပါ အချက် ကို ကြည့်ခြင်းအားဖြင့်“မိုးသီး”ကောင်းတာလုပ်ခဲ့တယ်ဆိုတာဘယ်မှာလဲ။ ဘယ်ဟာလဲ။ ဘယ်အချိန်လဲ။

ကျနော်တွေ့ခဲ့သလောက် “မိုးသီး” မကောင်းတာလုပ်ခဲ့တာချည်းပဲ။

- ABSDF တခြမ်းကွဲ ဥက္ကဋ္ဌ ဘဝမှာတောင် ရှိသမျှအာဏာလေးနဲ့ “ဋ္ဌေးနိုင်” ကို သတ်တယ်။ ကျောင်းသားချင်းသွေးစွန်းခဲ့တယ်။

- မိုးသီး ကောင်းတာလုပ်တာဘယ်မှာလဲ။ ဒီလုပ်ရပ်တွေဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လုပ်ရပ်လား။

ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဆိုတာ

(၁) ကျောင်းသားချင်းဘယ်တော့မှသွေးမစွန်းဘူး

(၂) အဖွဲ့အစည်းကိုဘယ်တော့မှမခွဲဘူး။

(၃) ကိုယ်ကျိုးကိုဘယ်တော့မှမကြည့်ဘူး။

တိုင်းပြည်အတွက်ပြည်သူ့အတွက်ပဲဘာအာဏာမှမမက်ပဲ မြေဇာပင်လို ဘဝကိုအရင်းအနှီးပြုတယ်။

ရဲရင့်တယ်။ သတ္တိရှိတယ်။ ပွင့်လင်းတယ်။ ရိုးသားတယ်။

အဲ့ဒါမှ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လို့ခေါ်တယ်။ ဘယ်မှာလဲ မိုးသီးဇွန် ရဲ့ လုပ်ရပ်။ ဘယ်အချက်နဲ့ ကိုက်ညီသလဲ။

အားလုံးဆန့်ကျင်ဘက်လုပ်ခဲ့တာချည်းပဲ။ ဒီတော့ ရှစ်လေးလုံးခေါင်းဆောင် အဂ င်္ါ နဲ့ မညီတဲ့အတွက် မိုးသီးဟာရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်

မဟုတ်ပါ။ ဘယ်တော့မှလည်းမဖြစ်ခဲ့ပါ။ နောင်လည်းဘယ်တော့မှဖြစ်မှာမဟုတ်ပါ။

နောက်နောင်မှာ မိုးသီး ဟာ ရှစ်လေးလုံးခေါင်းဆောင်ပါ လို့

လိုသလိုထင်သလို သုံးစွဲမယ်ဆိုရင် ကျနော်အပြင်းအထန်ကန့်ကွက်အုံးမှာပါပဲဖြစ်ပါတယ်။

နိုင်အောင်

နိုင်အောင်ဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်မဟုတ်ပါ။ နယ်မြို့ကဆရာဝန်တယောက်ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်အောင်လှုပ်ရှားခဲ့သူထဲမှာ ပါဝင်ခဲ့သူလည်းမဟုတ်ပါ။ ရှစ်ဆယ့်ရှစ်ဖြစ်ပြီးမှ နယ်မှာပါဝင်ခဲ့ပြီး

နယ်စပ်ကိုရောက်လာခဲ့သူဖြစ်ပါတယ်။ ကျောင်းသားတွေသမိုင်းတလျောက်ရပ်တည်ခ့တဲ့ဲ ခွပ်ဒေါင်းစိတ်ဓါတ် ကို

အစစ်အမှန်သိသူမဟုတ်ပါ။ ကျနော့သက်တမ်းပြီး ဒုတိယသက်တမ်းမှ ABSDF အာဏာ ကို နိုင်အောင်တို့အုပ်စုရခဲ့ပါတယ်။

ကျောင်းသားစိတ်ဓါတ်ကိုမသိ၊ ခွပ်ဒေါင်းစိတ်ဓါတ်ကိုမသိသူဆိုတော့ အာဏာရတဲ့အချိန်မှာ အတွေးအခေါ်အယူအဆတွေဟာ အမှားကြီးမှားခဲ့

ပါတော့တယ်။ နိုင်အောင် အုပ်စုဟာ ကိုယ်တိုက်တဲ့ရန်သူအပေါ်မှာ ဘယ်တော့မှပြတ်ပြတ်သားသားမရှိခဲ့ပါဘူး။

အမြဲတမ်းစေ့စပ်ဆွေးနွေးရေးကိုပဲ ဦးတည်လှုပ်ရှားခဲ့တာတွေ့ရတယ်။ ကျောင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ ဒီစိတ်မျိုး၊

အတွေးအခေါ် ထားလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။ ဒါပေမဲ့လို့ ကိုယ့်ကျောင်းသားအချင်းချင်းအပေါ်မှာတော့ မှားယွင်းစွာပြတ်သားခဲ့တယ်။

သူ့အုပ်စုအာဏာရချိန်မှာ တပ်ရင်း (၂၀၆) မှ တပ်သား (၆၀) ကျော်ကို ABSDF မှ ပြတ်ပြတ်သားသားထုတ်ပယ်ခဲ့ပါတယ်။

ABSDF နှစ်ခြမ်းကွဲဘဝက ကချင်နယ်မြေရှိကျောင်းသားတပ်ရင်းအတွင်း မန္တလေး၊ရန်ကုန်ကျောင်းသားနှင့်နယ်ခံတပ်ရင် ပဋိပက္ခဖြစ်တာကို

နယ်ခံတပ်ရင်းရဲဘော်များမှ မန္တလေးကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်အပါအဝင်၊ ကျောင်းသား (၇၀) ကျော် ကို စစ်အစိုးရသူလျှိုလို့

စွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ခေါင်းဆောင်တာဝန်ခံခဲ့တယ်။ ကျောင်းသားသမိုင်းမှာဖျက်လို့မရတဲ့သွေးစွန်းမှုကြီးဖြစ်ပါတယ်။

လက်နက်ကိုင်ပြီးတော်လှန်တိုက်ပွဲဝင်နေတဲ့ ABSDF အဖွဲ့ကို အုပ်စုဂိုဏ်းဂဏဖွဲ့၊ ကလိမ်ကညစ်ဥာဏ်တွေသုံးပြီး လက်နက်ကိုင်လမ်းစဉ်ကို

မယုံကြည်ပဲနှင့် ကိုယ်ကျိုးအတွက် အသုံးချဖို့ အာဏာတက်ယူခဲ့ပြီး၊ အခုကျမှလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တော့ပါဘူးဆိုပြီး၊ NGOs

ဖွဲ့ပြီးလုပ်စားတယ်။ ရတဲ့ငွေနှင့် ABSDF မှ ကျန်ခဲ့တဲ့ရဲဘော်များကိုတွေဝေအောင်လုပ်၊ လက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်အောင်လုပ်ပြီး

ABSDF ကိုဖျက်ဆီးလိုက်တယ်။ အခု ABSDF ဟာလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တဲ့ လက်နက်ကိုင်ကျောင်းသားအဖွဲ့ဖြစ်သွားပါပြီ။

ဒါဟာ နိုင်အောင်တို့အုပ်စုမှာတာဝန်ရှိပါတယ်။ နိဂုံးချုပ်ရလျင်၊

(၁) နိုင်အောင်နှင့်မိးုသီး ဟာ ကျောင်းသားချင်းသွေးစွန်းတာလဲအတူတူပ။ဲ

ရောက်တဲ့နေရာတိုင်းမှာအုပ်စု ဂိုဏ်းဂဏဖွဲ့ပြီး အဖွဲ့အစည်းကို နှစ်ခြမ်းခွဲတာလည်းအတူတူပဲ

( ABSDF ကိုမိမိပုဂ္ဂိုလ်ရေးအတွက်အုပ်စုဖွဲ့၊ နှစ်ခြမ်းခွဲပြီး တယောက်တခြမ်းစီဥက္ကဋ္ဌလုပ်ပြီး အေဘီကိုဖျက်စီးခဲ့တာလည်းသူတို့ပဲ)

(၂) အတွေးအခေါ်အရခိုင်မာပြတ်သားမှုမရှိပဲ အမြဲအရောင်ပြောင်းနေတဲ့ပုတ်သင်ညိုလို ခြံစည်းရိုးခွထိုင်ကြတာလည်းအတူတူပဲ။

ဒါကြောင့်သူတို့နှစ်ဦးဟာရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များမဟုတ်သလို၊ ရှစ်လေးလုံးအရေးတော်ပုံခေါင်းဆောင်လည်းမဟုတ်ပါ။

သူတို့အုပ်စုနှစ်စုဟာတိုင်းပြည်ကိုဘာအကျိုးမှမပြုခဲ့ပါ။သူတို့လုပ်ရပ်ဟာ စစ်အစိုးရကိုသာပိုပြီး အထောက်အကူပြုခဲ့တာများပါတယ်။

(၃) မိုးသီးလိုဘယ်စင်ပေါ်တက်ရတက်ရ၊ ရတဲ့စင်ကိုတက်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးနိုင်ငံရေးအာဏာရူးနေတဲ့သူနှင့်၊နိုင်အောင်လို နိုင်ငံရေးကုမ္မဏီထောင်ပြီး

စီးပွားလုပ်စားနေတဲ့ပုဂ္ဂိုလ်မျိုး တို့ဟာ နောက်နောင် ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်လို့မသုံးကြဖို့ပြင်းထန်စွာသတိပေးလိုက်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်

သန်းဝင်း ( ၇၂၇-၆၅၆-၈၉၂၂)

(———–)

(လက်မှတ်ထိုးထားသည်)

ဥက္ကဋ္ဌ

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( မန္တလေးဆောင်)

အထွေအထွေအတွင်းရေးမှူး ( ABSDF -1988-89)

တွဲဘက်အထွေအထွေအတွင်းရေးမှူး ( DAB- 1988-90)

Post By Htein LIn

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၅ ) ( နန်းအောင်ထွေးကြည်)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၅ ) ( နန်းအောင်ထွေးကြည်)
by Maung Maung Wann on Monday, 16 January 2012 at 01:37
နားထောင်စမ်း-                                                                                                                                                                ဒီည– ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ “ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမဲ့သူမရှိဘူး                                                                 “ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ်                                                                        သမဂ္ဂ အလံတော်အောက်မှာ— သမဂ္ဂ အလံတော် အောက်မှာ   ——-  တဲ့လေ  “လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက်  ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်
မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေးစစ်ထောက်လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေမရမချင်း “ ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF ( မြောက်ပိုင်း) က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။                                                                  ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ ဖာထေးကာကွယ်လို့မရဘူး  “ နိုင်ငံရေးအတွေ့အကြုံမရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း”  ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။
ရန်သူ့သူလျှို ဆိုတာ–
ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။  ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့     ABSDF  ( မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်း ရှိနိုင်တယ်။                                                               လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ် ။ ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု

ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ပဲ တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။
လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..
၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက  ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊ သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။
မိတ်ဆွေတွေအတွက် ဂတိစကား
ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စံနစ်တကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့  အချက်ပါ။ နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။

အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။
ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။ ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ထောက်လှမ်းရေးသူလျှို ဟုတ်ပါသည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။
ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်
(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး   ယ္ခုအခါ                    ချင်းမိုင်  နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။
(၂) သံချောင်း (ခ) စိုးမြင့် ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)
(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)
ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂  ( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)                                                                                                              (၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း   တပ်ခွဲမှူး)                                                                                                                   (၅) စောရင်ထွေး ( ရွှေကူ          တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး
(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) – အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ-   သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်) ( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)
(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၄) ရဲဘော်သက်နိုင်            ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)                                                                                                     (၅) ဗိုလ်သာဓု                   (ရန်ကုန်)  (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး     ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)                                              (၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၈) ရဲဘော်ရန်အောင်         ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၉) ကိုချိုကြီး                    ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၀) ကိုလှမြင့်                  ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)                                                                                                   (၁၁) ရဲဘော်မောင်မောင်    ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၂) ရဲဘော် အေးမြင့်      ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)                                                                                                     (၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။
ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး
(၁) ကိုကျော်ဝေ ( မန္တလေး) –
စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)
(၃) ဝင်းနောင် ( ရန်ကုန်)  ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်
(၄) ရန်ရှင်း   ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)
(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး
(၁) ရဲဘော် စိုးမင်းအောင်
(၂)  ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)                                                                                                                        (၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း                                                                                                                                                   (၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး

( ၁) ညီညီကျော် ( မန္တလေး)
(၂) ရဲဘော် သက်တင် ( ဗန်းမော်)
(၃) ဂမ်လီ ( လဇွန် ဂမ်လီ)
(၄) စိုးကြိုင်
မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး
( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ
(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး  ( ရန်ကုန်)
(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင်ခေါ်ဆောင်ထားမည် ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည်ဟု ပြောခဲ့ပါသည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှစ်ခိုးငိုယိုတောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ
(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)
(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)
(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်)                                                                                   (၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်)                                                               (၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)
(၆) ကိုညီညီ ( မန္တလေး)
(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)
မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။
ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တို့မြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု – ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။
မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။ နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းဆာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။
အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။

http://www.facebook.com/notes/maung-maung-wann/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AF%E1%80%AD%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%81%85-%E1%80%94%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%91%E1%80%BC%E1%80%B8%E1%82%80%E1%80%80%E1%80%8A%E1%80%B9/308190002556072

နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်

နိုင်ငံရေးအကျဉ်းသား စာရင်း မည်သည့်အဖွဲ့နဲ့မဆို AAPP လက်တွဲလုပ်နိုင်
2011-12-15

နိုင်ငံရေးအကျဉ်းသား အရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်အောင် မြန်မာ အစိုးရအပါအဝင် မည်သည့် အဖွဲ့ အစည်းနဲ့မဆို လက်တွဲဆောင်ရွက်နိုင် တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဒီနေ့ ပြောလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆ဝဝ လောက် ရှိနေပြီး ဒီထက် ပိုမိုတိကျအောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အတွက် AAPP က ထုတ်ပြန်ထားတဲ့စာရင်းနဲ့ ၁ဝဝဝ လောက် ကွာနေတာကြောင့် AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကို အာရ်အက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောတာပါ။

ဒါ့အပြင် ဦးရေစာရင်းက အဓိက မကျဘဲ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်းခံထားရသူ အားလုံး လွှတ်ပေးဖို့က ပထမဦးစားပေး ဖြစ်တယ်လို့လည်း AAPP က ပြောပါတယ်။

AAPP အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ အာရ်အက်ဖ်အေ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/prisoner-list-aapp-12152011215923.html

ကိုယ်စိတ်နှစ်ပါးချမ်းသာရေး ဘောဂဗေဒ

 Tuesday, 13 September 2011 10:09 နေသွင်

ကျနော်တို့ အသက်ရှင် နေရတဲ့ ခေတ်က ကြောင့်ကြမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ပါပဲ။ ကမ္ဘာကြီး တခုလုံး အတိုင်းအတာနဲ့ မကြုံစဖူး ကြွယ်ဝချမ်းသာလာပေမယ့်၊ မလုံခြုံမှု၊ မငြိမ်သတ်မှုတွေ၊ အလိုမကျမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

“အမေရိကန်ပြည်ထောင်စုကြီး လမ်းမှားပေါ်မှာ လျှောက်နေပြီ” လို့ အမေရိကန် အတော်များများ က ယုံကြည်နေကြသလို တခြားနိုင်ငံတွေမှာ လည်း ဒီလို အဆိုးမြင်မှုတွေက မိုးထိအောင် မြင့်တက်နေပါတယ်။

ဒီလို နောက်ခံအခြေအနေမှာ လူတယောက်ရဲ့ စီးပွားရေးဘ၀ ပျော်ရွှင်ချမ်းမြေ့မှုမှာ အဓိကကျတဲ့ အခြေခံ အကြောင်းတရားတွေကို ပြန်စဉ်းစားရမယ့် အချိန်ရောက်လာပါတယ်။ လူတွေဟာ ၀င်ငွေများများရ၊ များများတိုးဖို့ ဆိုတဲ့ နောက်ကို အငမ်းမရလိုက်ရင်၊ ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀၊ ကျေနပ်စရာကောင်းတဲ့ဘ၀ကို မရဘဲ၊ မကြုံစဖူး မညီမျှမှုနဲ့ ကြောင့်ကြမှုတွေ ဆီကိုပဲ ဦးတည်သွားနေကြပါတယ်။

စီးပွားရေးတိုးတက်မှုဟာ လူ့ဘ၀ရဲ့ အရည်အသွေးကို အများကြီး တိုးတက်စေလို့ အရေးကြီးပါတယ်။ ဒါပေမယ့် (စီးပွားရေး တိုးတက်မှုနောက်လိုက်နေတဲ့) တချိန်တည်းမှာ တခြားရည်မှန်းချက်တွေကို မျက်ခြေမပြတ်ဖို့တော့ လိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လာရင် ဟိမ၀န္တာတောင်တန်း ဒေသမှာရှိတဲ့ ဘူတန်ဆိုတဲ့ မင်းနိုင်ငံကလေးဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ တုန်းက ဘူတန်ရဲ့ စတုထ္ထမြောက် မင်းပျိုမင်းလွင်ကလေးဟာ နန်းတက်တယ်ဆိုရင်ပဲ အင်မတန်အရေးကြီးတဲ့ ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။

ဘူတန်နိုင်ငံဟာ တမျိုးသားလုံးစုစုပေါင်း ထုတ်လုပ်မှု (Gross National Product) ဆိုတာထက် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) နောက်ကို လိုက်မယ်လို့ ရွေးချယ်လိုက်တာပါ။

အဲဒီအချိန်ကစလို့ ဘူတန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို လိုက်တဲ့အခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို မကြည့်တော့ဘဲ၊ ယဉ်ကျေးမှု၊ စိတ္တသုခ၊ ကိုယ်ချင်းစာတရား၊ ကိုယ့်ရဲ့ အသိုက်အ၀န်း ဆိုတာတွေကို အလေးပေးတဲ့ ချဉ်းကပ်မှု အသစ်ကို ကျင့်သုံးလာခဲ့ပါတယ်။

သိပ်မကြာသေးတုန်းကပဲ ဘူတန်နိုင်ငံမြို့တော် သင်းပူး မြို့ (Thimphu) မှာ ပညာရှင်တွေ စုဝေးကြပြီး နိုင်ငံရဲ့ အရပ်ရပ်အခြေအနေတွေကို သုံးသပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဘူတန်ဝန်ကြီးချုပ် ဂျင်မီ သင်နလေး Jigme Thinley နဲ့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဂျင်မီ သင်နလေး ဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုနဲ့ GNH ဆိုတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေမှု အယူအဆနဲ့ ပတ်သက်လို့ ရှေ့ဆုံးက ဦးဆောင်နေသူလည်းဖြစ်ပါတယ်။

ဇူလိုင်လတုန်းကုလသမဂ္ဂရဲ့အထွေထွေညီလာခံကနေ နိုင်ငံတွေရဲ့ မူဝါဒချတဲ့နေရာမှာ ပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ရေးကို မြှင့်တင်ဖို့ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အစည်းအဝေးဟာ အဲဒီတိုက်တွန်းမှုရဲ့ နောက်ဆက်တွဲ ကိစ္စဖြစ်ပါတယ်။

သင်းပူးမြို့ အစည်းအဝေးတက်ရောက်လာကြတဲ့ လူအားလုံးကတော့ တိုင်းပြည်ဝင်ငွေနောက် လိုက်ဖို့ထက် စိတ်ချမ်းမြေ့မှုက ပိုအရေးကြီးတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ အဓိက ဆွေးနွေးကြတဲ့ ကိစ္စက မြို့ပြလက္ခဏာတွေ အလွန် ကူးစက်မြန်နေတဲ့ခေတ်၊ မီဒီယာခေတ်၊ အရင်းရှင်စီးပွားရေး လက္ခဏာဆောင်လာတဲ့ခေတ်၊ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းလာနေတဲ့ ယနေ့ ကမ္ဘာမှာ ပျော်ရွှင်ချမ်းမြေ့ဆိုတာကို ဘယ်ပုံဘယ်နည်းနဲ့ ရယူနိုင်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။

စောစောက ပြောသလို တဦးပေါ် တဦး ယုံကြည်တဲ့စိတ်နဲ့ မိမိအသိုက်အ၀န်း ဆိုတဲ့ (မိသားစု) စိတ်ဓာတ်၊ သဘာဝပတ်ဝန်းကျင် အရှည် တည်တံ့အောင် ထိန်းသိမ်းချင်လာအောင် စီးပွားရေးဘ၀ကို ဘယ်ပုံဘယ်နည်းနဲ့ ပြန်လည်ပုံသွင်းမလဲဆိုတဲ့ မေးခွန်းပါပဲ။

လောလောဆယ် နိဂုံးချုပ်ချက်တချို့ကတော့ ဒီလိုပါ။ အရင်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ တန်ဖိုးကို သိက္ခာမချမိဖို့ လိုပါတယ်။ လူတွေဟာ အူမ မတောင့်ရင်၊ အခြေခံလိုအင်ဆန္ဒတွေဖြစ်တဲ့ ရေကောင်းရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လျှော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်တွေမရှိရင် ဒုက္ခရောက်ကြမှာပေါ့။ ဆင်းရဲမှုတွေကို ဖျက်သိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာ စိတ်ချမ်း သာမှုရဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ပါပဲ။

ဒုတိယနိဂုံးချုပ်ချက် တခုကတော့ တမျိုးသားလုံးစုစုပေါင်းထုတ်လုပ်မှု (GNP) နောက်ကို တကောက်ကောက်လိုက်ရင်း၊ တခြားရည်မှန်းချက်တွေကို ပစ်ပယ်ထားမယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးမယ်ဆိုတဲ့ အချက်ပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ GNP သိသိသာသာကို မြင့်တက်ခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ချမ်းမြေ့မှုကတော့ မြင့်တက်မလာခဲ့ပါဘူး။ GNP မြင့်တက်ရေးဆိုတဲ့ တခုတည်းသော စိတ်ကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု၊ အာဏာတွေ အကြီးအကျယ်ကွာဟ သွားခဲ့ပါတယ်။ အောက်တန်းလွှာက ဆင်းရဲသားဦးရေ ကြီးထွားလာပြီး၊ ကလေးသန်းချီပြီး ဆင်းရဲမွဲတေမှုထဲမှာ ပိတ်မိသွားပါတယ်။ သဘာဝပတ်ဝန်းကျင်လည်း အကြီးအကျယ် ယိုယွင်းပျက်စီးသွားပါတယ်။

တတိယအရေးကြီးတာက စိတ်ချမ်းမြေ့မှုဆိုတာကို တဦးချင်းစီနဲ့ မိမိပတ်ဝန်းကျင်၊ မျှမျှတတ ဖြစ်မှသာ ရနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုမှမရဘူးဆိုရင်ဘယ် သူမှ ပျော်နိုင်ကြမှာမဟုတ်ပါဘူး။

အဲသလိုပဲ ကျနော်တို့ဟာ ကိုယ့် မိသားစုတွေ၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်အသိုက်အ၀န်း၊ ကိုယ်ချင်းစာတရားဆိုတာကို မေ့ပြီး၊ ငွေနောက်ပဲ တကောက်ကောက် လိုက်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးနေဦးမှာပါပဲ။

လူမှုအသိုက်အ၀န်း တခုလုံးအနေနဲ့ လူမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရေးဆိုတဲ့ စီးပွားရေးပေါ်လစီဟာ လိုအပ်ပါတယ်။ ဒါပေမဲ့ လူမှုအသိုက်အ၀န်းမှာရှိနေတဲ့ တခြားတန်ဖိုးတွေအားလုံးကို လက်အောက်ခံထားပြီး၊ ဒါကိုပဲ မရအရယူမယ်ဆိုတာမျိုးနဲ့က တခြားစီပါ၊။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာတော့ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားက တရားမျှတရေး၊ လူလူချင်း ယုံကြည်မှု၊ စိတ္တဗလ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေ အားလုံးကို ကျော်ပြီး ခြယ်လှယ်ခွင့် ပိုရနေပါတယ်။ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ ဒီမိုကရက်တစ် ဖြစ်စဉ်ကို ဖျက်စီးနေပါတယ်။

စတုထ္ထအရေးကြီးတာကတော့ ကမ္ဘာ့အရင်းရှင်စနစ်ဟာ ပျော်ရွှင်ချမ်းမြေ့မှုကို တိုက်ရိုက် ဖျက်စီးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ အခြား ညစ်ညမ်းမှုမျိုးစုံနဲ့ ဖျက်စီးနေပါတယ်။ ရေနံကုမ္မဏီတွေရဲ့ အဆက်မပြတ် ၀ါဒဖြန့်မှုကြောင့် ဒီအကြောင်းတွေကို လူတွေ မသိကြတော့ပါဘူး။

လူတွေအချင်းချင်းကြားမှာ တဦးနှင့်တဦး ယုံကြည်မှုအားနည်းလာ၊ စိတ်တည်ငြိမ်မှုတွေ ချိနဲ့လာပြီး၊ စိတ်ကျ ရောဂါဖြစ်ပွားနှုန်းက သိသိ သာသာတိုးလာနေပါတယ်။ မီဒီယာတွေကလည်း ကော်ပိုရိတ်တွေရဲ့ ၀ါဒဖြန့်ချိရေးသမားတွေ ဖြစ်လာပါတယ်။

တော်တော်များများက သိပံ္ပပညာကို ပြောင်ပြောင်တင်းတင်းပဲ ဆန့်ကျင်ကုန်ကြပါပြီ။ စားသုံးသူ အယူအဆအစွဲအလမ်း consumer addictions ကြီးတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ပိုပိုပြီး ဒုက္ခများနေကြပါတယ်။

အဆီခဲတွေ၊ အဆီတွေ၊ သကြားတွေနဲ့ တခြား စွဲစေတဲ့ အရာတွေကို သုံးထားတဲ့ အမြန်စား လုပ်ငန်းတွေက ထုတ်လုပ်တဲ့ အစားအစာတွေကို စားပြီး၊ အ၀လွန်ရောဂါလို ရောဂါတွေရပြီး၊ လူတွေ ဘယ်လောက် ကျန်းမာရေးထိခိုက်နေသလဲဆိုတာကို စဉ်းစားကြည့်ပါဦး။

အခု အမေရိကန်ပြည်ထောင်စု လူဦးရေရဲ့ သုံးပုံတပုံဟာ အ၀လွန်ရောဂါ ဖြစ်နေကြပါတယ်၊ ကျန်းမာရေးကို ထိခိုက်စေတဲ့၊ စွဲလမ်းစေတဲ့ အစားအစားတွေကို လူငယ်တွေ မစားစားအောင် ကုမ္မဏီတွေက ကြော်ငြာနေကြတယ်။ အကယ်၍ ကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို စည်းကမ်းမတင်း ကျပ်ကြရင်တော့ ကျန်တဲ့ တကမ္ဘာလုံးလည်း အမေရိကန်တွေနောက် လိုက်ရဖို့ ရှိနေပါတယ်။

ပြသနာက အစားအစာတမျိုးတည်းကြောင့် မဟုတ်ပါဘူး၊ ဖောင်းပွနေတဲ့ ကြော်ငြာတွေကြောင့် လူထုကြားထဲမှာ စားသုံးသူဝါဒ စွဲလမ်းမှုရောဂါရပြီး၊ လူထုကျန်းမာရေးကဏ္ဍမှာ ပေးလိုက်ရတဲ့ အဖိုးအခတွေလည်း မနည်းပါဘူး။ ဥပမာအနေနဲ့ တယ်လီဗေးရှင်းအလွန်အကျွံကြည့်တာ၊ လောင်းကစားတာ၊ မူးယစ်းဆေးသုံးစွဲတာ၊ စီးကရက်သောက်တာ၊ အရက်စွဲတာ စတာတွေဖြစ် ပါတယ်။

စတုထ္ထအနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှု တိုးပွားအောင် လုပ်ဖို့ ဖြစ်ပါတယ်။ GNP ထက် တခြားလုပ်စရာတွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ နိုင်ငံအတော်များများမှာ GNP အပေါ်မှာ အာရုံစိုက်ပြီး၊ စောစောက ပြောတဲ့ အမြန်စား သရေစာတွေ၊ တီဗွီ အကြည့်လွန်တာ စတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရင်းတွေ၊ လူမှုရေးယုံကြည်မှုနည်းလာတာ၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာတဲ့ အပေါ်မှာ အာရုံစိုက်မှု နည်းနေပါတယ်။ ဒါတွေကို နားလည်သွားပြီး ဆိုတာနဲ့ လက်တွေ့ လုပ်လို့ ရသွားပါပြီ၊

ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွားနောက် အရူးအမူးလိုက်နေကြတာက ကျွန်တော်တို့ အားလုံးကို ခြိမ်းခြောက်နေပါတယ်။ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ ထောက်ခံသင့်ပါတယ်။

ဒါပေမဲ့ အကန့်အသတ်တော့ရှိရပါမယ်။ သဘာဝပတ်ဝန်းကျင်ကို အရှည် တည်တံ့စေရမယ်၊ တဦးပေါ်တဦးယုံကြည်မှုရှိဖို့ဆိုရင် အကြင်နာတရား၊ ကိုယ်ချင်းစားတရားနဲ့ ရိုးသားမှုတွေ လိုအပ်ပါတယ်။

ကျနော်တို့အနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှုအကြောင်းပြောတဲ့အခါမှာ တောင်တန်းတွေကြားထဲက ဘူတန်နိုင်ငံလေးက လှလိုက်တာဆိုတာလောက်နဲ့ ဘောင်သတ်ထားလို့ မရတော့ပါဘူး။

နေသွင်

ရည်ညွန်း၊ ၊ The Economics of Happiness by Jeffrey D. Sachs

(စာရေးသူ ဂျက်ဖရေ ဒီ ဆက်စ် Jeffrey D. Sachs သည် ကိုလံဘီယံတက္ကသိုလ်မှာ စီးပွားရေး ပါမောက္ခဖြစ်ပြီး၊ ကုလသမဂ အထွေထွေအတွင်းရေးမှူး၏ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရေး (Millennium Development Goals ) အထူး အကြံပေးလည်း ဖြစ်ပါသည်။)

http://www.maukkha.org/index.php?option=com_content&view=article&id=1810:2011-09-13-10-16-51&catid=131:essay&Itemid=384

AAT

တာဝန်မဲ့သော ကြံ့ဖွတ်အစိုးရအား ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်မူအတွက် အပြင်းအထန် ဝေဖန်ရှူပ်ချလိုက်ခြင်း

နေ့စွဲ ။     ။     ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၂ ရက်)

ကျွန်ပ်တို့ Burma Democratic Concern (BDC) အဖွဲ့ကြီးမှ ကြံ့ဖွတ် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၏ တာဝန်မဲ့သော စကားဖြစ်သည့် မြစ်ဆုံဆည် တည်ဆောက်မူကို ရပ်တန့်ရန်အစီအစဉ်မရှိပဲ၊ အများပြည်သူလူထုမှ ဆန့်ကျင်နေသည့်ကြားက လက်ရှိကြံ့ဖွတ်အစိုးရသည်  မြစ်ဆုံဆည်ကို ပြီးစီးအောင်ဆက်လက်တည်ဆောက် သွားမည်ဟူသော စကားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှူပ်ချလိုက်သည်။
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူပြည်သားများသည် မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်နှင့်  မြန်မာပြည်၏ အနာဂတ်အား ဆိုးကျိုးများဖြစ်ပေါ်စေသော ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားကြပါသည်။ လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World Limitedသည် ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းအတွက် လက်ရှိကန်ထရိုက်ရရှိထားပါသည်။ ထို့အပြင် ထွန်းမြင့်နိုင်သည် ၎င်း၏ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း၏ အမည်ဖြင့် အခြာကုမ္ပဏီ၁၀ခု ကိုလည်းပိုင်ဆိုင်ထားပါသေးသည်။

မြစ်ဆုံဆည်သည် မေခမြစ် နှင့် မလိခမြစ် ဆုံရာ ၂မိုင်အကွာတွင် တည်ရှိပြီး ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့မှ ၂၄မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၎င်းဆည်သည် အလျှားအားဖြင့် ၄၉၉ပေ၊ အမြင့်အားဖြင့် ၄၉၉ပေရှိပြီး အထပ်၅၀စာရှိသော အဆောက်အဦးအမြင့်နဲ့ ညီမျှသည်။ ရေကာတာ၏ မျက်နှာပြင်ဧရိယာမှာ ၂၉၅.၈ စကွဲယားမိုင်ရှိပြီး Newyork မြို့၏ အရွယ်အစားနီးပါးခန့်ရှိပါသည်။ ထိုရေကာတာ၏ အမြင့်ဆုံးရေအနက်မှာ ပေ၉၅၀ခန့်ရှိပြီး ၆၆ထပ်ရှိသော အဆောက်အဦးအမြင့်နဲ့ညီမျှပါသည်။ ထို မြစ်ဆုံဆည် တည်ဆောက်၍ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရှိမည်ဟုခန့်မှန်းကြပါသည်။ စုစုပေါင်း ဆည်၇ခု နှင့် လျှပ်စစ်ဓတ်အားထုတ်လုပ်မည့် ပရော့ဂျက် ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံ ကုန်ကျမည်ဖြစ်ပါသည်။

ဤ မြစ်ဆုံဆည် တည်ဆောက်ရေး ပရော့ဂျက်ကြီး တစ်ခုလုံး၏ တရုတ်ဘက်မှ အဓိက ကန်ထရိုက်မှာ China gezhou-ba group corporation (CCGC) ဖြစ်ပြီး မြန်မာဘက်မှ Asia World Company ဖြစ်ပါသည်။  လော်စစ်ဟန်၏ စီးပွားရေး အင်ပိုင်ယာမှာ ဘိန်းကုန်ကူးခြင်းဖြင့် ချမ်းသာလာသည်ဟု ယုံကြည်ကြပါသည်။ ၎င်းသည် ၁၉၆၀ဝန်းကျင်က ကိုးကန့်ဒေသ မြောက်ပိုင်း၌ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၎င်း၏မြောက်များလှစွာသော Network များဖြင့် ထိုင်းမှတစ်ဆင့် ဘိန်းကုန်ကူးမူကြောင့် အမေရိကန်အစိုးရမှ ၎င်းအား ဘိန်းဘုရင်အဖြစ် ၁၉၇၀၌ သတ်မှတ်ခေါ်ဆိုခဲ့သည်။ ၁၉၉၄ခုနှစ်၌ ၎င်းအဖွဲ့သည် အရှေ့တောင်အာရှ၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဘိန်းကုန်ကူးအဖွဲ့ အဖြစ် ယုံကြည်ကြသည်။ Asia World Company၏ အခွဲဖြစ်သော Golden aaron Companyသည် တရုတ်ပြည်နဲ့ ဆက်စပ်လျှက်ရှိသည်။

ထွန်းမြင့်နိုင်သည် Golden aaron Company၏ မန်းနေးဂျင်း ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ၎င်းCompanyသည် တရုတ်ပြည်၏ China National Offshore Oil Corporation (CCOOC) Companyနဲ့ ဆက်စပ်လျှက်ရှိသည်။  လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နှစ်ဦးစလုံးကို ဘိန်းကုန်ကူးမူကြောင့် ၁၉၉၆ခုနှစ် ကတည်းက အမေရိကန်အစိုးရမှ ဗီဇာမပေးပဲ Black List သွင်းထားခဲ့သည်။ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့  နှစ်ဦးစလုံးကို အမေရိကန်စီးပွားရေးဌာနမှ စီးပွားပိတ်ဆို့သော နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ Asia World Company Limited၊ Asia World Industry Limited၊ Asia World Light Limited တို့အားလုံးသည် စစ်အစိုးရနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ငွေကြေးဆက်နွယ်မူရှိကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။  Asia World Company Limited သည်မြန်မာပြည်၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး စက်မူလက်မူ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထုတ်ကုန်သွင်းကုန် နှင့် စူပါမားကက်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး၊ ကချင်ပြည်နယ်ရှိ ရွှေတွင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။ ထွန်းမြင့်နိုင်သည် မြန်မာ national league ၌ ဘောလုံးကစားသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

ဧရာဝတီမြစ်ကို ကယ်တင်ခြင်းသည် မြန်မာပြည်ကိုကယ်တင်ခြင်းဖြစ်ပြီး၊ ထိုသို့ကယ်တင်ရန်မှာ ကမ္ဘာပေါ်ရှိလူသားအားလုံး၏ တာဝန်ဖြစ်သည်။ ကျွန်ပ်တို့အနေဖြင့် တရုတ်ပြည်၏ China Gezhou-ba Group Corporation (CCGC) နှင့် China National Offshore Oil Corporation (CNOOC) တို့အား မြန်မာပြည်မှ ဘိန်းရာဇာများ နှင့်  အဆက်အသွယ်မလုပ်ရန်တောင်းဆိုလိုက်သည်။

ကျွန်ပ်တို့Burma Democratic Concern (BDC) အဖွဲ့ကြီးအနေဖြင့်  မြန်မာပြည်သူပြည်သားများအားလုံး နှင့် တရားမျှတမူကို မြတ်နိုးသော ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား   လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင်၊ ထွန်းမြင့်နိုင်၏ ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း တို့ပိုင်ဆိုင်သော
Asia World Company Limited၊ Golden aaron Company နှင့် မကွေးယူနိုက်တက် ဘောလုံးအသင်းတို့အားလုံးကိုသပိတ်မှောက်ရန်တောင်းဆိုလိုက်ပါသည်။ ၎င်းတို့အားလုံးသည် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်အောင်လုပ်ဆောင်မူနှင့်  မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးအောင်လုပ်ဆောင်မူတို့တွင် တာဝန်ရှိပါသည်။

ထို့အပြင် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား  မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်သာမက တကမ္ဘာလုံးအား ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မူ အပေါ် မစ္စတာ ဘန်ကီးမွန်း အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များမှ ဝိုင်းဝန်းပါဝင်တားဆီးပေးပါရန် တောင်းဆိုလိုက်ပါသည်။

ကျွန်ပ်တို့၏ ကြွေးကြော်သံမှာ
(၁)  Asia World Company Limited နဲ့ အဆက်အဆံမလုပ်ရေး
(၂)  လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နဲ့ အဆက်အဆံမလုပ်ရေး
(၃)  မကွေးယူနိုက်တက် ဘောလုံးအသင်းအား အားမပေးရေးတို့ ဖြစ်ကြပါသည်။

U Myo Thein [United Kingdom]
Phone: 00-44-208-493-9137, 00-44-787- 788-2386

U Khin Maung Win [United States]
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Phone: 001 509-783-7223

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-8459

**

နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။       ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော်

နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟုလွှတ်တော် အမတ်များက ပြောသည်။လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကိုအေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြသည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊  မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊  ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီးတောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာသာ ကျန်ရစ်သည်။စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန”ဟု အမည် ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခုတောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။”  ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

AAT

Follow

Get every new post delivered to your Inbox.

Join 996 other followers