နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁

 

ချင်းမိုင် (မဇ္ဈိမ) ။       ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော်

နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟုလွှတ်တော် အမတ်များက ပြောသည်။လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကိုအေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြသည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊  မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊  ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီးတောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာသာ ကျန်ရစ်သည်။စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန”ဟု အမည် ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခုတောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။”  ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

 

AAT

 

နေပြည်တော် လူမနေသည့်အိမ်များ ချိပ်ပိတ်

နရီလင်းလက် Tuesday, 05 July 2011

နေပြည်တော်တွင် လူမနေထိုင်သည့် အိမ်များကို ရပ်ကွက် အာဏာပိုင်များက စစ်ဆေး၍ ချိပ်ပိတ်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမနေထိုင်သော နေအိမ်တအိမ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အိမ်

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်တွင် နေပြည်တော်ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် ယင်းကဲ့သို့ ပြုလုပ် ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောသည်။“ခရိုင်ရုံးက ညွှန်ကြားတဲ့ အတိုင်း ရပ်ကွက်တာဝန်ရှိသူတွေက လူမနေတဲ့ အိမ်တွေကို စစ်ဆေးပြီး ချိပ်ပိတ်တာတွေ စလုပ်နေ တယ်”ဟု သူက ပြောသည်။

ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူက ဆက်လက်၍“ကျနော်တို့က အိမ်ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး စစ်ဆေး ၊ချိပ်ပိတ်တယ် ဆို တဲ့နေရာမှာ အဆင့်တွေက အများ ကြီး၊ အိမ်ပိုင်ရှင်က နီးနီးနားနားမှာ နေတာဆိုရင် တမျိုး ၊ ဒီလိုမဟုတ်ဘဲ အိမ်နီးချင်းကို အပ် ထားတာ ၊ ဆွေမျိုးကို အပ်ထားတာ ၊ အိမ်ပွဲစားတွေကို အပ်ထားတာ ရှိနိုင်တယ်။ ဒီလိုဆို အဆင့်ဆင့်လိုက်ဆက်သွယ်ပြီး လုပ်နေရတာပေါ့”ဟု ပြောဆိုသည်။ယင်းကဲ့သို့ စစ်ဆေးချိပ်ပိတ်ထားသည့် အိမ်များကို ပြန်လည် ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ထံသို့အကြောင်းကြား၍ အာဏာပိုင်များ ပြန်လည်ဖွင့်လှစ်ပေးမှ ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် အိမ်ခြံ မြေ အကျိုးဆောင် လုပ်ကိုင်သူများ အခက်အခဲရှိလာနိုင်ကြောင်း သိရသည်။

“လုံခြုံရေးအတွက် လုပ်တယ်ဆိုတာ မှန်ပေမယ့် တဖက်မှာ အိမ်ပွဲစားတွေ အလုပ်လုပ်ရ တော်တော်ခက်လာနိုင်တယ်။ အိမ် ငှား မယ့် သူဖြစ်ဖြစ် ၊ ၀ယ်မယ့်သူ ဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြမယ်ဆို ရပ်ကွက်လူကြီးတွေကို အကြောင်းကြားဦး ၊ သူတို့လာမှ အိမ်ကဖွင့်လို့ရမယ်။ ဒီလိုသာ ကိုယ်က တယောက်ခေါ်လာလိုက် ၊ အိမ်တခါးဖွင့်ဖို့ လူကြီးတွေကို သွားပြေးပြန်ခေါ်လိုက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု နေပြည်တော် ပျဉ်းမနားမြို့မှ အိမ်အကျိုးဆောင်လုပ်ကိုင်သူ တဦးက ပြောပြသည်။

သူကဆက်၍“ကိုယ်သွားခေါ်တဲ့အချိန် ရပ်ကွက်ရုံးက တာဝန်ရှိသူတွေက အားနေဦးမှ၊ မအားလို့မလိုက်နိုင်ရင် ကိုယ့်စီးပွားရေး လုပ်လို့မရဘူး ပြဿနာရှုပ်လာဦးမယ်။ နောက်တခုက အိမ်ပွဲစား ၊ အကျိုးဆောင်တွေအပြင် ရပ်ကွက်က သက်ဆိုင်ရာ လူတွေ မပါမဖြစ် ခေါ်နေရမှာဆိုတော့ သူတို့ကို ပေးတာကမ်းတာတွေ လုပ်လာရနိုင်တယ်”ဟု ဆိုသည်။ဇွန်လ ၁၀ ရက်နေ့က နေပြည်တော် မြို့မဈေးအနီး တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၄ ရက်နေ့ကလည်း နေပြည် တော် ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့ ၃ မြို့တွင် ဗုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“စစချင်းဗုံးကွဲတယ် ဖြစ်တုန်းက ဒေသခံတွေ တော်တော်လေး လန့်ကြတယ်။ နောက်ပိုင်း နေပြည်တော်မှာ ဟိုနေရာမှာ ကွဲ လိုက် ၊ ဒီနေရာမှာ ကွဲလိုက်ဆိုတော့ ရိုးသွားသလိုဖြစ်နေပြီ။ လူများတဲ့ ဈေးနေရာလိုမျိုးတွေမှာ သတိထားပြီး သွားလာ ကြ တာမျိုးတော့ ရှိလာတယ်”ဟု နေပြည်တော် သပြေကုန်းရပ်ကွက်သား တဦးက ပြောသည်။သူက ဆက်ပြီး“ဟိုးအရင်က ဒေသခံတွေ နေတုန်းက ဘာမှမဖြစ်ဘူး။ အကုန်အေးအေးချမ်းချမ်းပဲ။ နေပြည်တော်ကို ရုံးတွေရွှေ့လာ၊ အာဏာပိုင်တွေ ပြောင်းလာပြီးနောက်မှ ဒီလိုတွေဖြစ်လာတာ။ နောက်ပြီး အိမ်ပွဲစားတွေကို အိမ်ငှားတဲ့အခါ ဘယ် သူ ဘယ်ဝါ ငှားတယ် ၊ ငှားပြီး တကယ်နေတဲ့ သူပဲ ငှားရမယ်ဆိုပြီး ရပ်ကွက်ထဲမှာ ပြောနေသံလည်းကြားတယ်”ဟု ပြောဆို သည်။

AAT

ပဲခူးမြို့ ဦးထုပ်စက်ရုံမှ အလုပ်သမများ ရပိုင်ခွင့်အတွက် ဆန္ဒပြ

ပဲခူးမြို့ ဦးထုပ်စက်ရုံမှ အလုပ်သမများ ရပိုင်ခွင့်အတွက် ဆန္ဒပြ
2011-06-06

ပဲခူးမြို့ စွန်ရှိ ဟင်္သာကုန်း ကမာနတ် ရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံက အလုပ်သမ ၅၀ကျော် အလုပ်ခွင်ကနေ ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ပုံစံနဲ့ ထွက်ခွာလာတယ်လို့ စုံစမ်း သိရှိရပါတယ်။

စက်ရုံက ထွက်လာတဲ့ အလုပ်သမ စုစုပေါင်း ၅၅ ဦး ရှိပြီး အလုပ်ခွင်အတွင်း အလုပ်ကြပ်တွေက မတရားတဲ့ စည်းကမ်းချက်တွေနဲ့ ကန့်သတ် ချုပ်ချယ်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခုူးမြို့ NDF ပါတီ ရုံးကို လာရောက် တိုင်တန်း တာဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ခုလိုပြောပြပါတယ်။

“အဲဒီမှာကလေ အောလ်ဆူပါပေါ့ဗျာ၊ ဇာနည်နိုင်လေ၊ မဇာနည်နိုင်ရယ်၊ နောက် ဆူပါပေါ့ဗျာ၊ သူ့အောက်က မဝတ်မှုန်ဆိုတာ သူတို့ နှစ်ယောက်က ကလေးတွေကို ဒီ မတရားတဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။ အဲဒါ စက်ရုံက စည်းကမ်းဟုတ်မဟုတ်တော့ ကျွန်တော်လည်း အတိအကျတော့ မသိဘူးပေါ့။ အဲဒါ ခုနကလို အလုပ်ထဲမှာ တယောက်နဲ့ တယောက် အလုပ်ကိစ္စ စကားပြောတာတွေကို ပိုက်ဆံ ဖြတ်တောက်တဲ့ ကိစ္စပါတယ်။ နောက် ဒီ ကျန်းမာရေးပေါ့၊ အပေါ့အလေး သွားတဲ့ကိစ္စတွေကို အချိန်ကန့်သတ်ချက် လုပ်ပေးထားတာ။”

ဦးအောင်မျိုးဝင်းရဲ့ အဆိုအရ ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမ ၁၉ ဦးက ဒီကိစ္စကို မိမိကို လာရောက် ပြောဆိုခဲ့တာကြောင့် ပဲခူးမြို့ အလုပ်သမားဦးစီးဌာနကို ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပေမဲ့ ဒီကနေ့ စက်ရုံအနေနဲ့ ကတိပေးခဲ့တဲ့အတိုင်း ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အလုပ်သမား ၅၀ ကျော် အလုပ်ခွင်က ထွက်ခွာလာတာ ဖြစ်တယ်လို့ ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က စက်ရုံ တာဝန်ရှိသူတွေ အပါအဝင် စက်ရုံတည်ရှိရာ ရပ်ကွက်တွင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဂဒါဖီ ကမ်းလှမ်းချက် နေတိုးပယ်ချ

စနေ, 30 ဧပြီ 2011

လစ်ဗျားနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးအတွက် လစ်ဗျားခေါင်းဆောင် ဂဒါဖီရဲ့ ကမ်းလှမ်းချက်ကို နေတိုး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့လုပ်ပြတာပဲ လိုချင်တယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။

လစ်ဗျားပြည်သူတွေကို ခြိမ်းခြောက်နေသ၍ နေတိုးတပ်ဖွဲ့ကလည်း စစ်ပွဲ ဆင်နွှဲနေမှာပဲလို့လည်း ပြောပါတယ်။ ဆွေးနွေးရမယ့်အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မစ္စတာ ဂဒါဖီအပေါ်မှာ ယုံကြည်စိတ်ချရမှု လုံးဝ မရှိဘူးလို့လည်း လစ်ဗျားသူပုန်တွေက ဆိုပါတယ်။

စနေနေ့ အစောပိုင်းကတော့ ၁ နာရီခွဲကြာ ပြောကြားခဲ့တဲ့ မစ္စတာ ဂဒါဖီရဲ့ မိန့်ခွန်းထဲမှာ နေတိုး တပ်ဖွဲ့ကသာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ အသင့်ပဲလို ထည့်သွင်း ပြောကြားခဲ့သလို သူကတော့ အာဏာကနေ ဆင်းပေးမှာမဟုတ်ူဘူးလို့လည်း ပြောကြားသွားပါတယ်။

မစ္စတာ ဂဒါဖီ မိန့်ခွန်းပြောကြားနေတဲ့ အသံလွှင့်ရုံအနီးကို နေတိုး လေတပ်က ဗုံးကျဲချခဲ့တယ်လို့လည်း လစ်ဗျား အစိုးရက ပြောပါတယ်။ ဒီညွှန့်ပေါင်းအဖွဲ့ ဗုံးကျဲတာတွေကိုကြည့်မယ်ဆိုရင် သူတို့ဟာ မစ္စတာ ဂဒါဖီကိုသာ သီးသန့် ပစ်မှတ်ထားတယ် ဆိုတာတွေ့ရတယ်လို့ လစ်ဗျားအစိုးရက ပြောပါတယ်

အမေရိကန်နိုင်ငံခြားရေးဌာန ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်

2011-04-28

မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးရွားရွား ချိုးဖောက်နေဆဲ နိုင်ငံဖြစ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

(Photo: AFP)

ဘာသာရေး ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေထိုင်နေသော ချင်းတိုင်းရင်းသား သားအမိနှစ်ဦးကို ခရစ်တော် လက်ဝါးကပ်တိုင်ပုံ ချိတ်ဆွဲထားသည့် လူနေခန်းတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က ဒီကနေ့ ဧပြီလ ၂၈ ရက် နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ အခုလို ရေးသား ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရှိနေတဲ့အတွက် အမေရိကန်အစိုးရက စောင့်ကြည့် ကြီးကြပ်ရမဲ့ (CPC) ခေါ် အထူးစိုးရိမ်ဖွယ် နိုင်ငံများ စာရင်း ထဲမှာ ဆက်လက် ထားရှိပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့ ဘာသာရေးအရ ဆိုးဆိုးရွားရွား ဖိနှိပ်တာတွေ ဆက်ရှိနေဆဲဖြစ်တဲ့ အတွက် မြန်မာဟာ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေတာ ဖြစ်တယ်လို့ ဒီကော်မရှင်က မူဝါဒရေးရာ ဒုတိယ ညွန်ကြားရေးမှူး Scott Flipse က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ကို အထုးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်းမှာ ကျနော်တို့ ဆက်ပြီးထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပေမဲ့ မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ နောက် ဟိန္ဒူ၊ မူဆလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေအပေါ်မှာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်လို့ Mr. Felipse က ပြောသွားပါတယ်။

မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဆက်စပ်နေတဲ့အတွက် ဒီအခြေအနေတွေ တိုးတက်လာအောင် မြန်မာအစိုးရဖက်က မဆောင်ရွက်မချင်း မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားတာကို မဖယ်ရှားသင့်ဘူးလို့လည်း အစီရင်ခံစာက အကြံပြုထားပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဥရောပနဲ့ အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ထိရောက်အောင် ဆောင်ရွက်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီနှစ်အစီရင်ခံစာအရ အထူးစိုးရိမ်ရတဲ့နိုင်ငံ ၉ နိုင်ငံကို ဖော်ပြထားရာမှာ အာရှက မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Burma govt advisor ‘relying on Suu Kyi’

By NAY THWIN
Published: 28 April 2011

Burma govt advisor ‘relying on Suu Kyi’ thumbnail

Aung San Suu Kyi listens as a family member of a political prisoner talks during a ceremony to mark Human Rights Day in December 2010 (Reuters)

The man appointed by Burma’s president to head a new economic advisory body says he has been “exchanging ideas” with Aung San Suu Kyi, the country’s most prominent opposition figure and victim of persistent attempts by the government to sideline.

Yesterday’s nomination of U Myint by the hardline Burmese president, Thein Sein, has raised eyebrows, not least because he is a known political moderate with close ties to the revered Nobel laureate.

“I have known Daw Aung San Suu Kyi for a long time now and we understand each other,” he told DVB today.

“She is friendly and we have kept in contact. She wishes for a better nation and reconciliation and I also wish the same. I pretty much rely on her – she can do a lot. I want her to work in the economic sector and she would also like to.”

The revelation may cause concern in Naypyidaw, whose repeated attempts to cast Suu Kyi into the political wilderness through house arrest and denial of a role in the elections last year have drawn international condemnation.

U Myint said the president met with him in person earlier this month and appeared keen to get advices from experts. He former Rangoon University professor, now 73, has served as a senior economist with the UN Economic and Social Commission for Asia and Pacific (UNESCAP).

“Giving an advise is easy, but the real question is how that would translate into practise,” he said. “I don’t expect things to get better immediately. If you ask what can U Myint alone do, I’d say nothing.”

Before her return to Burma in 1988, Suu Kyi had gained a degree in Politics, Philosophy and Economics (PPE) from the UK’s prestigious Oxford University.

But while she passed some 15 years under house, Burma’s economy crumbled. It is now the poorest country in Southeast Asia and ranks 132 out of 169 global countries on the UN’s Human Development Index.

Around 16 million people live in desperate hardship in Burma, where average annual salaries hover at around $US400. The new government, sworn in in March, has allocated only 1.3 percent of a revised budget to the healthcare sector, while nearly a quarter will go on the military.

Tags: , , ,

Author: NAY THWIN              Category: News, Politics

မြန်မာဒုက္ခသည်များ ပြန်မပို့ရေး ထိုင်းကို အမေရိကန်ပြောကြား

2011-04-27

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ ပြန်ပို့မှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ကြောင်း လူဦးရေ ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူများအရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Eric Schwartz က ပြောကြားလိုက်ပါတယ်။

(Photo: AFP)

ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP)

RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ် ဧပြီ ၂၅ ရက် တနင်္လာနေ့က အခုလိုပြောတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် လုံခြုံမှုမရှိနိုင်မဲ့ အခုလိုအချိန်မျိုးမှာ ထိုင်းအစိုးရက သူတို့ကို မြန်မာပြည် ပြန်ပို့လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး၊ အဲဒီလို အခြေအနေမျိုး ရှိနေတယ်ဆိုတာ ထိုင်းအစိုးရက သဘောပေါက် နားလည်မယ်လို့ ကျနော်တို့ ထင်ပါတယ်၊ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း ပြန်မပို့ဖို့ ထိုင်းအစိုးရကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းနေပါတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Schwartz က ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေကို ပြန်ပို့တော့မယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် နယ်စပ်ဒုက္ခသည်တွေအကြား စိုးရိမ်မကင်းဖြစ်ခဲ့ရပါတယ်၊

ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံက ဒုက္ခသည် တသိန်းခွဲနီးပါး ရှိပြီး အဲဒီ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရကအခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး

By ဦးသားညွန့်ဦး  တနင်္လာ, 25 ဧပြီ 2011

မစ္စတာ အဲရစ် ရွှာ့ဇ်။

ဓာတ်ပုံ state.gov

မစ္စတာ အဲရစ် ရွှာ့ဇ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရမယ့်အချိန် မရောက်သေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ယူဆထားတဲ့အတွက် ဒီဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက်တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရမယ့်အချိန် မတိုင်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ရွှေ့ပြောင်းနေထိုင်သူများနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားတာပါ။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုပြီး တလောကပဲ ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ပြောသွားတာမို့ အခြေအနေက ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ အဲရစ် ရွှာ့ဇ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့ရမယ့် အချိန်ကာလ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင် နှစ်ရပ်စလုံးကလည်း မြန်မာပြည်မှာ အခု ပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကနေ ဒီထက် ထင်ရှားသိသာတဲ့ ပြောင်းလဲမှုမျိုးတွေ မဖြစ်မချင်းတော့ ဒီလူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်သင့်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ကိစ္စအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရ အပါအ၀င် အခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို တာစူနေပြီ၊ အချို့ကလည်း အပြောင်းအလဲ စတင်နေပြီလို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းဘက်က စဉ်းစားလာတာလို့ ယူဆရပါတယ်။ မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ အပြောင်းအလဲ ဆိုတာကို ရွေးကောက်ပွဲကို ကြည့်ပြီး သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာတာတွေကြောင့် မြန်မာနိုင်ငံထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ မပြောနိုင်ပါဘူး။ ပြောင်းလဲတယ် ဆိုတာအတွက် သိသာထင်ရှားတဲ့ အထောက်အထား၊ အချက်အလက်တွေ အခြေအနေတွေ ရှိဖို့လိုပါတယ်။

“မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့အမြင် သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိပြီလား၊ လွတ်လွတ်လပ်လပ် စုဝေးခွင့် ရှိရဲ့လား၊ သူတို့ရဲ့အမြင် အယူအဆတွေကို အာဏာပိုင်တွေသိအောင် ပြောနိုင်ဆိုနိုင်ရဲ့လား၊ ကြောက်ရွံ့မှုကင်းတဲ့ အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲလုပ်လုပ် မလုပ်လုပ် မဆိုင်ပါဘူး။ အခု ပြန်သွားမယ်ဆိုတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ ဒီလို အခွင့်အရေးတွေနဲ့ နေထိုင်ခွင့် ရပါ့မလားဆိုတာ မေးခွန်းရှိပါတယ်။”

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ ထိုင်း၊ မြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ တတိယနိုင်ငံတွေကို ပြောင်းရွှေ့ အခြေချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေဘက်က တင်းကျပ်မှု အချို့ကြောင့် ဒီလို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က နောက်ပိုင်းရောက်တဲ့ ဒုက္ခသည် အများစုကို နိုင်ငံရေး ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ ငြင်းဆန်နေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည် အများစုဟာ နယ်စပ်က စခန်းတွေမှာပဲ ချို့ချို့တဲ့တဲ့ နေနေကြရပါတယ်။

မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ ဒုက္ခသည်တွေ တတိယနိုင်ငံ ပြောင်းရွှေ့ရေးထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တကယ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့က တကယ့်အဖြေမှန် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည် အများစုအတွက် တတိယနိုင်ငံတွေကို အခြေချ ပြောင်းရွှေ့ နေထိုင်ခွင့် ရဖို့ဆိုတာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးအတွက် အဖြေမဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်ချက်ရှိတဲ့ လူအချို့အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာကိစ္စပဲဖြစ်ဖြစ် ဒုက္ခသည်တွေ တတိယနိုင်ငံကို အခြေချ ပြောင်းရွှေ့ဖို့ဆိုတာ ဒါ အဖြေမဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေ အနေနဲ့ သူတို့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နေရေး အခြေအနေ အချိန်အခါ ဖြစ်လာဖို့ ကိစ္စက အဓိကပါ။”

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေ အနေနဲ့ ထိုင်းမှာ ယာယီခိုလှုံနေတုန်း နေထိုင် စားသောက်ရေး ကိစ္စအ၀၀ အဆင်ပြေစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းနဲ့ချီ သုံးစွဲသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံခေါ်ယူတဲ့ အထဲမှာ အမေရိကန်နိုင်ငံက ဒုက္ခသည် အရေအတွက် အများဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာဒုက္ခသည်တွေကို ဒုက္ခသည်အဆင့် သတ်မှတ်ရေး ကိစ္စမှာ ကုလသမဂ္ဂက ခွင့်ပြုတာ မဟုတ်တော့ဘဲ၊ ကုလသမဂ္ဂကို ခွင့်မပေးတော့ဘဲ ထိုင်းအာဏာပိုင်တွေက တာဝန်ယူလာခဲ့တဲ့နောက် ဒုက္ခသည်တွေ တတိယနိုင်ငံ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နားလည်မှု သဘောနဲ့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကိုယူပြီး ဒီဒုက္ခသည်တွေကို လက်ခံထားတာပါ။ တလောကပဲ ထိုင်းမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ခရစ္စတီး ကန်နီ (Kristie Kenney) ကလည်း မြန်မာဒုက္ခသည် စခန်းတွေအထိ သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေ ဆက်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အစိုးရသစ် လုပ်ပိုင်ခွင့် အပြည့်အ၀ရှိပုံ မပေါ်

By မသင်းသီရိ  ဗုဒ္ဓဟူး, 20 ဧပြီ 2011

လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက်ပါတယ်။ လောလောဆယ် အရေးတကြီးအဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ်သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက တိုက်တွန်းတဲ့စာကို ဧပြီလဆန်းပိုင်းကတည်းက ပို့ထားပေမဲ့ အခုအချိန်ထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်မယ်လို့ အစိုးရတာဝန်ရှိသူတွေ ပြောပေမဲ့ ခုချိန်ထိ ဘာမှလက်တွေ့ ဖြစ်လာတာ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ဆိုတဲ့ ကိစ္စအပေါ် တောင်းဆိုမှုတွေ ပိုများလာတာကို တုံ့ပြန်ရင်းနဲ့ ပြောထားတဲ့ ကတိတွေနဲ့မူတွေကို စတင် အကောင်အထည် ဖော်သင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။

“သူတို့ အခုပြောတဲ့မိန့်ခွန်းက မူပဲလေ။ ဒါပေမဲ့ လက်တွေ့ကတော့ ဒီနေ့အထိ ပြည်သူလူထုထဲမှာ ဘာမှ ထူးထူးခြားခြား မတွေ့ရသေးဘူးလေ။ အခြေအနေကတော့ အရင်နဲ့ ဘာမှမထူးခြားပါဘူး။ အကျဉ်းကျခံ ထားရတဲ့ နိုင်ငံရေးသမားတွေက တချို့လည်း လွတ်ရက်စေ့နေပြီ။ တချို့လည်း လွတ်ရက် နီးနေပြီ။ ဒါတွေနဲ့ပတ်သက်တဲ့ အားလုံးကို ခုထက်ထိကို မလွှတ်သေးဘူးဆိုတော့လဲ အားမရဘူးပေါ့။ ဒီလိုတော့ ရှိပါတယ်။ ဒီ့အပြင် တခြား များများစားစား ချိန်ကြည့်စရာမရှိပါဘူး။ အဲဒီဟာလေး တခုနဲ့ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ သိပ်ပြီးတော့ လုပ်နိုင်ပုံ မပေါက်ဘူးထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာ အားလုံးက အပေါ်က ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာရှိတယ်။ အဲဒီမှာက တာဝန်လွှဲပြောင်း ပေးသွားပြီဆိုတဲ့ ပုဂ္ဂိုလ်က ဆက်ပြီးသြဇာ ရှိနေသေးတော့ အဲဒီကနေ အကြောင်းကြီးငယ် မရသေးလို့ပဲ ဖြစ်မလားမပြောတတ်ဘူး။ သူတို့ပြောတဲ့စကားတွေ အပေါ်မှီပြီးတော့ လုပ်ကိုင်ပေးကြပါ ဆိုတာကို ရေးတာပဲ။”

ပြည်တွင်းက လူငယ်ကွန်ယက် အဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုကြတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေကလည်း နယ်မြို့တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေပြီဖြစ်သလို စာပေနဲ့ အနုပညာ အသိုင်းအ၀ိုင်းတွေကလည်း  ပါဝင် လက်မှတ်ရေးထိုး ပေးကြတယ်လို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“နှစ်ဆန်းတရက်နေ့က စတာပေါ့နော်။ ၁၇ ရက်နေ့အထိ။ အဲဒီနေ့ကနေ စပြီးတော့ ကျနော်တို့ နယ်တွေကိုလည်း ပို့ပါတယ်။ နယ်တွေကလည်း ဖုန်းဆက်ပြီးတော့ မှာကြားတာတွေ ရှိပါတယ်။ အဲဒီတော့ လောလောလတ်လတ် အနေအထားမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအပြင်ကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ အများအပြား ပါဝင်လက်မှတ် ထိုးပါတယ်။ နောက်ပြီးတော့ စာနယ်ဇင်းတို့၊ ရုပ်ရှင်တို့က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင် လက်မှတ်ထိုးကြတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ရသလောက်ကိုတော့ ပထမအဆင့်တော့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီးတဲ့အခါ ပေါ့နော်။ ၂၅ ရက်နေ့လောက်မှာ ကျနော်တို့ နိုင်ငံတော် သမ္မတရုံးကို လိပ်မူပြီးတော့ ပို့ပါမယ်။ ပြီးတဲ့အခါကျတော့ ဒီလက်မှတ်တွေကိုလည်း ကျနော်တို့ နောက်ပိုင်း ၀က်ဆိုက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးသွားမှာပါ။”

မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ မိသားစုတွေနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေကို ပို့ခံထားရတာမို့ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် သွားမတွေ့နိုင်တဲ့ ပြဿနာတွေအပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြသလို ကျန်းမာရေးချိုယွင်းတဲ့ အခြေအနေတွေ တွေ့ကြုံနေရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါ့ကြောင့်မို့ အခုတက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းပေး လာလိမ့်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြတဲ့ အကြောင်း ဗန်းမော်ထောင်မှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ပြစ်ဒဏ်ပေးခံထားရတဲ့  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောပါတယ်။

“လိုက်လျောရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အချက်ကတော့ မလိုက်လျောဘဲနေလို့ မသိချင်ယောင် ဆောင်နေမယ်၊ ရက်ရှည်လများ လုံးဝ မစဉ်းစားဘဲနေမယ် ဆိုရင်တော့ ဒီကိစ္စက အစိုးရသစ်အတွက် အရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စတခု ဖြစ်လိမ့်မယ်လို့ အန်တီထင်တယ်။ အဲဒီ အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတခုကို ကြာကြာရင်ဆိုင်နေမယ် လို့တော့ အန်တီ မတွေးဘူးလေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စရပ်ကြီးကို သူတို့ ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းမလား။ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ နည်းလမ်းစဉ်းစားပြီးတော ဖြေရှင်းမလဲ ဆိုတာတော့ အန်တီတို့က မျှော်လင့်ချက်ထားပြီး စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ် ရဲ့ မိခင် ပြောပြခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်မှာ တင်သွင်းခဲ့ကြပေမဲ့  ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ကျလာဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးတဲ့ လမ်းကြောင်းနဲ့ ခြေလှမ်းတွေ စသင့်ပြီလို့ ပြည်တွင်းပြည်ပက ထောက်ပြ တောင်းဆိုနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အမေရိကန်သမတ ရွေးချယ်
2011-04-15

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ရာထူးအတွက် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Derek Michell ကို အမေရိကန်သမတ အိုဘားမားက ဧပြီ ၁၄ ရက် မနေ့က တရားဝင် ရွေးချယ် အဆိုပြုလိုက်တယ်လို့ သမတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

(Photo: AFP)

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးတခုတွင် တက်ရောက်သော နိုင်ငံများအား ကိုယ်စားပြုသည့် အလံများ စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)

Mr. Michell ဟာ အာရှရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး လက်ရှိ ကာကွယ်ဝန်ကြီးဌာနမှာ အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် မူဝါဒရေးရာမှူး ရာထူးဟာ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေအရ ခန့်အပ်ရမဲ့ ရာထူးဖြစ်ပြီး အထက်လွှတ်တော် ဆီးနိတ်က သဘောတူ ထောက်ခံပြီးမှ အတည်ပြု ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။
Mr. Michell ဟာ အရင်က ဒီမိုကရက် အထက်လွှတ်တော် အမတ် Edward Kennedy ရဲ့ မူဝါဒရေးရာမှူး တာဝန်အပြင်၊ ထိုင်ဝမ်အခြေစိုက် China Post သတင်းစာနဲ့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဗဟိုအဖွဲ့ (CSIS) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Follow

Get every new post delivered to your Inbox.

Join 996 other followers