Dear Mr President

RFA/Burmese: Burma Democratic Concern (BDC) on Burma Sanctions Suspension

Burma Democratic Concern (BDC) Thingyan (Water) Festival 2012 London UK

Burma Democratic Concern (BDC) Thingyan (Water) Festival 2012 London UK

Daw Aung San Suu Kyi winning by-election: Can she rule Burma?

Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

Burma's Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

 

Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)(အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-)(အောင်မိုးဝင်း )
by Maung Maung Wann on Sunday, 5 February 2012 at 04:40

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့  ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။

စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

ရှေ့ဆက်ရမဲ့ခရီး

ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။  ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။ မြောက်ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲပုံစံအသွင်ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။   မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ  မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက်ရှုပေါက်ရမဲ့စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့စကားတွေပြောနေသလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊ နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင် နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ

၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ  ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ်ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း

၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခိုတဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စု ရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။ ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့် ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ

တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ

ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါမယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ

ကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား

တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။  ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။  ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထားကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။    ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက်နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ

တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထားပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။

ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။

“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာတမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.

ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။  ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်းစကားစတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။

— On Wed, 2/10/10, Naing Aung <dna_freeburma> wrote:</dna_freeburma>

From: Naing Aung dna_freeburma@yahoo.com

Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]

To: “Aung Moe Win” <aung_m_win>, “Than Win” <thanwin.yakatha></thanwin.yakatha></aung_m_win>

Date: Wednesday, February 10, 2010, 10:34 PM

Dear Ko Than Win,

If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response.

First of all, I don’t usually reply those letters written by those based on their self claimed status and out of frustration. But I don’t want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.

If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don’t attack in front of the people who don’t need to know.

Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don’t you know that there are thousand of ABSDF will point the fingers on you during your administration.

Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do.

Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.

People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?

You are the one who supported ko Moe Thee after the split even knowing what ko Moe Thee’s behavior as you mentioned.

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.

So i want you to get matured. Please swallow your personal guilty feeling and support in best way you can.

If you don’t satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.

Please don’t make the ordinary people to hate your revolution more than you did.

Please don’t post this email without my authority.

best,

DNA

By Htein Lin

http://www.facebook.com/notes/maung-maung-wann/%E1%80%B1%E1%81%BF%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%99%E1%80%BD-%E1%80%A1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%9E%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%88-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%81%80%E1%80%84%E1%80%B9%E1%80%B8-/321070484601357

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်
2012-01-29

မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။

ခုလိုလျောက်လွာ လာတင်သူတွေဟာ ဥပဒေရေးရာ သိရှိသူတွေဖြစ်တာကြောင့် လာမယ့် ဧပြီ လ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ရှင်းလင်းနိုင်မယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဥပဒေပါ မဲရုံစောင့်၊ မဲရုံမှူးတို့ရဲ့ တာဝန်တွေ၊ လွတ်တော်ကိုယ်စလှယ်တွေရဲ့ ဆောင်ရန် ရှောင်ရန်ကိစ္စတွေစတဲ့ ဥပဒေအချက်အလက်တွေကို အများသိရှိနားလည်လာအောင် ရှင်းလင်းဟောပြောကြဖို့ကိုလည်း တာဝန်ပေးလိုက်အပ်တယ်လို့ ဦးမျိုးဆွေက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/mdy-nld-lawyers-01292012104523.html

မြောက်ပိုင်း ABSDF က လူသတ်မှုများ

မြောက်ပိုင်း ABSDF က လူသတ်မှုများ

2012-01-28

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ် ဒေသမှာ အခြေစိုက်တဲ့ ABSDF မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ ကျောင်းသား ရဲဘော် (၁၅) ဦးကျော်ကို သူလျှို လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညှဉ်းပန်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

(Lee Yu Kyung/EPN)

ထိုင်း- မြန်မာနယ်စပ်ရှိ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ၏ ဝေးကြီး ဗဟိုဌာနချုပ်တွင် နေ့လည်စာ စားနေကြသော ABSDF တပ်ဖွဲ့ဝင်များကို ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။

အဲဒီဖြစ်ရပ်မှာ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး ကျောင်းသား တပ်မတော်အချုပ်ထဲ အကျဉ်းချခံခဲ့ရသူ ပန်းချီထိန်လင်း (လက်ရှိ လန်ဒန်)က မြောက်ပိုင်း ခေါင်းဆောင်တွေ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ဒီဖြစ်ရပ်ဟာ အုပ်စုနှစ်စုကြား အာဏာလုရာက ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း ၊ နောက်ဆုံးမှာ အခြားသူတွေနဲ့အတူ သူကိုယ်တိုင် အချုပ်ကနေ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း RFA ကို ထုတ်ဖေါ်ပြောဆိုပါတယ်။ ကျောင်းသား တပ်မတော်မြောက်ပိုင်းမှာ အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဗဟို ကော်မတီဝင်ဟောင်း ကိုအောင်နိုင်ကတော့ အဲ့ဒီအချိန်က အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း တာဝန်အရ လုပ်ကိုင်ခဲ့ရတာ ဖြစ်ပြီး ၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ABSDFအဖွဲ့က စုံစမ်းစစ်ဆေးရာမှာ သူ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/absdf-north-01282012120959.html

မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )

မြောက်ပိုင်းဒေသမှအရိုးတွန်သံများ-အပိုင်း( ၇ ) ( အောင်မိုးဝင်း )

by Maung Maung Wann on Saturday, 28 January 2012 at 06:25

ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ  ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ  (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ  (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ  စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

 

ကိုအောင်နိုင်

 

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို  နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉

                      + ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

 

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

 ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

 (၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

 ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

  ပည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။

နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

 

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

ယုံကြည်လေးစားလျှက်

ကျော်ခိုင်ဝင်း

ABSDF (NB) ရဲဘော်ဟောင်း

 

Post By Htein Lin

ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော

ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
2012-01-22

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

ဒီအချက်တွေထဲမှာ ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဍိပက္ခ အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ဖို့ စတာတွေ ပါဝင်တယ်လို့ အမေရိကန်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံက ဒီ Sanctions တွေ စလုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ Sanctions တွေကို ရုတ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်း တွေက ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၃ သုံးဦးလည်း ပါဝင်ပါတယ်။ ရှစ်လအတွင်း မြန်မာပြည်ကို ဒုတိယအကြိမ် လာရောက် တဲ့ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/mccain-sanction-01222012092556.html

Follow

Get every new post delivered to your Inbox.

Join 996 other followers