Burma Democratic Concern (BDC) Thingyan (Water) Festival 2012 London UK
Burma Democratic Concern (BDC) Thingyan (Water) Festival 2012 London UK
မြစ်ကြီးနားကနေ ဖားကန့်ကျောက်စိမ်းတွင်း ဒေသကို သွားတဲ့လမ်းမှာ မနေ့ညနေက ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ကျောက်စိမ်းတွင်း ဒေသမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ ဆားမှော် အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ မနေ့ ညနေမှာ မြစ်ကြီးနားကနေ ဖားကန့် သွားလမ်းမှာရှိတဲ့ ကာမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။ “ ၆ နာရီ ၂၅ မှာ ဖြစ်တာကတော့ ကာမိုင်းအ၀င်မှာ သူတို့ စစ်ကြောင်း တက်လာတာကို ကြားဖြတ် ၀င်တိုက်တယ်။ အင်အားက ၄၀ ကျော်လောက်ပဲ ရှိတယ်လို့ပြောတယ်။ ၄ ယောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရသွားတယ်။ ကား ၂ စီးနဲ့ တက်လာတာ။ ကားပေါ်မှာ ပစ္စည်းတင်ပြီး လူက လမ်းလျှောက် လာတာ။ အဲဒီလိုမျိုး တက်လာတာကို ကြားဖြတ် ပြောက်ကျားလုပ်ကြတာပေါ့။ အဲဒီမှာ ၂ ယောက်သေတယ်။ ၁ ယောက်က ဒဏ်ရာပြင်းတယ်” ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို တပ်ရင်း ၆ က အရာရှိတွေက အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။ နှစ်ဖက် စစ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာတာက တကြောင်း၊ မိုးရာသီ ရောက်နေတာက တကြောင်းကြောင့် ဖားကန့် ကျောက်စိမ်းဒေသမှာ အရောင်းအ၀ယ်တွေလည်း ရပ်တန့် သလောက်ဖြစ် သွားတယ်လို့လည်း ဖားကန့်ဒေသခံက ပြောပါတယ်။
**
မျိုးသန့် | သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ အာဏာပိုင်များက ကြိုတင်ဟန့်တားမှုများ ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံဘုရားဖူး ခရီးစဉ်အတွင်း ဒေသခံလူထုများမှာ ကြိုဆိုနှုတ်ဆက်ခဲ့သည်များ ရှိခဲ့ကြောင်း ခရီးစဉ် လုံခြုံရေးအတွက် လိုက်ပါသွားသူ NLD ပါတီလူငယ် ကိုအေးခိုင်က ပြောသည်။နှုတ်ဆက်ခြင်းမပြုရန် အာဏာပိုင်များ အဟန့်အတားလုပ်ခဲ့သောကြောင့် ဒေသခံများအကြား စိုးရွံ့ခဲ့သော်လည်း စတုတ္ထနေ့မြောက် ခရီးစဉ်ဖြစ်သည့် ကြာသပတေး ညနေပိုင်းတွင် ညောင်ဦးဈေးသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ကြောက်ရွံ့မှုမရှိ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
“ပထမတော့ နည်းနည်းလန့်ကြတဲ့ သဘောပေါ့ဗျာ၊ ဒေါ်စုလည်း လာမယ်ဆိုရော အောင်မလေး ဘယ်သူမှ မကြောက်ကြတော့ဘူးဗျ။ လက်ကလေး ကိုင်ရဖို့ကို အသက်စွန့်ရ စွန့်ရဆိုတဲ့ ပုံစံမျိုးလောက်အထိ ဖြစ်တယ်ဗျာ။ ကျနော်လည်း တော်တော်အံ့သြတယ်။ တကယ့်လက်တွေ့ ကြုံရတာပါ။ လူထုက အဲဒီလောက်ထိ ချစ်တယ်ဗျာ” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD လူငယ် ကိုအေးခိုင်က မဇ္ဈိမကို ပြောသည်။ညောင်ဦးဈေးသို့ သွားရောက်မည်ကို ဒေသခံ NLD အဖွဲ့ဝင်များကြိုတင်သိရှိသွားရာ ပိတ်ထားသည့် ဆိုင်အချို့ပင် ပြန်ဖွင့်ကာ ကြိုဆိုစောင့်ဆိုင်းခဲ့ကြသည်ဟု သူက ဆိုသည်။
သိုသိုသိပ်သိပ် သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သဖြင့် ဒေသခံများမှာ ခရီးစဉ် အသေးစိတ်ကို မသိရှိသောကြောင့် အစောပိုင်းရက်များက ကြိုဆိုနှုတ်ဆက်မှုများ နည်းပါးခြင်း ဖြစ်သည်ဟု ခရီးစဉ်တလျှောက် လိုက်ပါသွားခဲ့သည့် သတင်းထောက်များက ပြောကြသည်။ဈေးသူဈေးသားများမှ တဆင့် အနီးရပ်ကွက်များရှိ ဒေသခံများပါ သိရှိသွားပြီး စောင့်ဆိုင်း နှုတ်ဆက်ခြင်း၊ လက်ဆောင် ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ နှုတ်ဆက်လာသည့် လူထုမှာ ညောင်ဦးဈေးမြောက်ဘက်လမ်း တလမ်းလုံး အပြည့်ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိခဲ့သည့် သတင်းထောက်များ၏ ခန့်မှန်းချက်အရ လူ ၃ ထောင်ကျော် ရှိသည်။ အသက်အရွယ် ကြီးရင့်သူ၊ လူငယ်အရွယ်မျိုးစုံ ပါဝင်ပြီး မိန်းကလေးများမှာလည်း အလုအယက် တိုးဝှေ့ နှုတ်ဆက်မှုများ ရှိခဲ့သည်။
“ဒေါ်စုလက်ကိုင်ဖို့ အရေးကိုလေ၊ အပျိုဖေါ်ဝင်စ ကောင်မလေးတွေက ယောက်ျားသားတွေကို ဘယ်လို ကျော်ဖြတ်ကျော်ဖြတ် ကာယအိနြေ္ဒ အပျက်ခံပြီးတော့ကို တိုးကြတယ်ဗျာ။ အဲဒီလောက်ကို ဖြစ်တယ်ဗျာ။ ကျနော် လက်တွေ့ကြုံခဲ့တာ။ တချို့က ငိုတောင်ငိုတယ်။ ဒေါ်စုလာတဲ့အချိန်မှာ ဇွတ်ဖက်နမ်းတဲ့လူနဲ့ ငိုတဲ့လူနဲ့ ကျနော်တို့တောင် မျက်ရည်လည်တယ်” ဟု ကိုအေးခိုင်က ဆိုသည်။

ညောင်ဦးဈေးမှာ ကြိုဆိုနှုတ်ဆက်သူများ အကြားက ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ မဇ္ဈိမ)
ပုဂံဘုရားဖူး ခရီးစဉ်တွင် ပုဂံမြို့ရှိ အာနန္နာဘုရား၊ သဗ္ဗုညုဘုရား၊ မြစေတီများသို့ ဘုရားဖူးထွက်ခဲ့ရာ ထိုဘုရားများရှိ ဂေါပက အဖွဲ့ဝင်များကလည်း ပန်းစည်းများကမ်းကာ ကြိုဆိုခဲ့ကြသည်။ဒုတိယနေ့ ခရီးစဉ်တွင် ပုဂံမြို့ သရပါတံခါးအနီး၌ နိုင်ငံခြားသားများ အပါအဝင် ဒေသခံ ၂၀၀ ခန့်က နှုတ်ဆက်ခဲ့ကြပြီး၊ အင်္ကျီများ၊ မှတ်စုစာအုပ်များတွင် အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ထိုနေ့ နေ့လည်စာကို သရပါတံခါးအနီးရှိ ဆိုင်အမည် ရေးမထားသည့် လမ်းဘေးထမင်းဆိုင်၌ စားသုံးခဲ့သည်။ ဒေသခံများကတော့ ဆိုင်ကို သရပါသုံး ဟု ခေါ်ကြသည်။
ညနေပိုင်းတွင် သရပါတံခါးအနီး ဝါးတောကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းကပ်လှူခဲ့ပြီး၊ ထိုကျောင်းတိုက်ရှိ ကိုရင် ၄ ပါးအား ထောက်ပံ့လှူဒါန်းရန် ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူခဲ့သည်။တတိယနေ့တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်တက်လမ်းပေါ်ရှိ သစ်တောဦးစီးဌာနပိုင် သစ်တောပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့သည်။ခရီးစဉ် နောက်ဆုံးနေ့တွင် ညောင်ဦးမြို့နယ် ဇီးအိုသစ်လှရွာရှိ အင်ကြင်းတော သဘာဝ ထိန်းသိမ်းရေး နယ်မြေသို့ သွားရောက်လေ့လာခဲ့ကာ ဇီးအိုသစ်လှရွာ ဖွံ့ဖြိုးရေးအတွက် သတင်းစာဆရာများက အကူအညီပေးရန် ပန်ကြားခဲ့သည်။

ညောင်ဦးဈေးမှာ ကြိုဆိုနှုတ်ဆက်သူများ အကြားက ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်သည် NLD အဖွဲ့ဝင် ၃ ဦးနှင့် သောကြာ မနက် ၈ နာရီခွဲတွင် အဲမန္တလေး လေကြောင်းလိုင်းဖြင့် ညောင်ဦးမှ ထွက်ခွာလာရာ ၁ဝ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်လာခဲ့သည်။ဘုရားဖူးမထွက်ခင်ကတည်းက ပြောထားသည့်အတိုင်း စည်းရုံးရေး ခရီးစဉ်မဟုတ်သဖြင့် ခရီးစဉ်တလျှောက် အနားယူခြင်း၊ ဘုရားဖူးခြင်းနှင့် ဒေသခံများ၏ စားဝတ်နေရေး အခြေအနေများကိုသာ လေ့လာခဲ့သည်။ ယခုခရီးစဉ် လုံခြုံရေးအတွက် ပြည်တွင်းပြည်ပရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများအကြား စိုးရိမ်မှုများ ရှိခဲ့ပြီး၊ NLD က လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းတို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားအဖြစ် သဘောထားပြီး၊ ဥပဒေနှင့်အညီ သွားလာနိုင်ကြောင်း ပြောခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဘုရားဖူးခရီးစဉ်အကြောင်း ပြည်တွင်း ပုံနှိပ်ဂျာနယ်များ၌ ဖော်ပြသည်ကို မတွေ့ရပါ။
AAT
နရီလင်းလက် Wednesday, 08 June 2011 19:30
ရန်ကုန်တွင် ယခုလအတွင်း ပြုလုပ်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးသိပ္ပံ သင်တန်း ၂ခု သည် အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် အစီအစဉ် ပျက်သွားကြောင်း သိရသည်။
လူမှုသိပ္ပံဘာသာရပ်များ သင်ကြားသည့် ဗေဒါ သင်တန်းကျောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး တို့တွင် နိုင်ငံခြားပါမောက္ခများ ပို့ချရန် စီစဉ်ထားသည့် သင်တန်းများ ဖြစ်သည်။
“ဇွန် ၆ ရက်နေ့က ဗေဒါမှာ သင်တန်း စဖွင့်တော့ ဆရာတွေ တယောက်မှ ပေါ်မလာဘူး။ ဒါနဲ့ ဖုန်းဆက်မေးတော့ သူတို့နောက်ကို အာဏာပိုင်တွေက တကောက်ကောက် လိုက်နေလို့ မလာရဲဘူး ဆိုတဲ့ ပုံစံမျိုးပြောတယ်။ NLD မှာ ပေးဖို့ စီစဉ်ထားတဲ့ သင်တန်းကလည်း မဖြစ်တော့ဘူးပေါ့” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကို ရှင်းပြသည်။
ဗေဒါကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်းကလည်း “ကျနော်တို့ ဒီသင်တန်းအတွက် မတ်လ ကတည်းက စ ညှိနှိုင်းထားခဲ့တာ။ သင်တန်း စဖွင့်တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျနော့်ကို ဒေါက်တာ ကျော်ရင်လှိုင်က ဒီအခြေအနေမှာ သူ သင်လို့ မရတော့ဘူး။ အစိုးရက ဖိအားပေးလို့ ဆိုပြီး ပြောတယ်” ဟု ပြောသည်။
ဒေါက်တာ ကျော်ရင်လှိုင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် ရန်ကုန်မှ မြန်မာအီးဂရက်စ် (Myanmar Egress) အဖွဲ့၏ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်သည်။
ထိုသင်တန်း ၂ ခု ပျက်သွားသော်လည်း အာရှတက္ကသိုလ်များမှ ပါမောက္ခတို့က မြန်မာအီးဂရက်စ်ကျောင်းတွင် သင်ကြားနေဆဲဖြစ်သည်ဟုသိရကြောင်း ဗေဒါကျောင်းမှ ကိုမျိုးရန်နောင်သိန်းက ပြောသည်။
ဗေဒါတွင် တက်ရောက်နေသည့် ကိုထိုက်ဇော်ဦးကလည်း “၃လ ၄လ လောက်ကတည်းက ကျောင်းသားတွေ အားလုံးက ဒီသင်တန်း တက်ဖို့ ဆိုပြီး ကြိုးစားခဲ့တာတွေ ၊ မျှော်လင့်ခဲ့တာတွေကို ဆရာတွေ ဘက်က လွယ်လွယ်လေးနဲ့ ဖျက်သွားတယ် ဆိုပြီး ခံစားရတယ်။ သင်တန်း လာပေးတော့မယ် ဆိုတုန်းက ကျောင်းသားတွေက ၀မ်းသာပြီး ကြိုးစားခဲ့တာ။ တချို့ ငိုတောင် ငိုတယ်” ဟု ဧရာဝတီကို ပြောပြသည်။
သင်တန်းအစီအစဉ်ပျက်ရခြင်းအကြောင်းကို မေးမြန်းရန် ဧရာဝတီက ဒေါက်တာ ကျော်ရင်လှိုင်ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။
ဒေါက်တာ ကျော်ရင်လှိုင်က သူ၏ မြန်မာ နိုင်ငံကူးလက်မှတ် သိမ်းဆည်း၊ ပယ်ဖျက်ခံရခြင်း ကဲ့သို့သော အရေးယူခံရမှုမျိုးကို စိုးရိမ်နေဟန် ရှိကြောင်း၊ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ယခင်ကကဲ့သို့ ဖိနှိပ် ခြိမ်းခြောက်မှုများရှိနေဆဲဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
“ဒေါက်တာ ကျော်ရင်လှိုင်က သမ္မသစ်ရဲ့ မိန့်ခွန်းတွေ ကြားပြီး တက်ကြွလာတယ်။ အီးဂရက်စ်မှာ လုပ်နေရင်းနဲ့ NLD မှာလည်း သင်တန်းတွေ ပေးချင်တယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ သင်ပေးမယ့် ဆရာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်၊ ဆွေးနွေးလို့ရမယ် ထင်ပြီး တက်ကြွပြီး လာကြတာ အခုတော့ အပ်နဲ့ ပူဖောင်းကို ဖောက်လိုက်သလို ဖြစ်ကုန်တာပေါ့” ဟု ဦးဝင်းထိန်က ရှင်းပြသည်။
http://www.irrawaddy.org/bur/index.php/news/6553-2011-06-08-12-31-36
“၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။
ရန်ကုန်က အီးဂရက် ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သတင်းဖြစ်ပါတယ် …”
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာ ပင်လယ်ခြားလျက်ရှိတဲ့ နယ်မြေဖြစ်ပါတယ်။
ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘားပြည်ထဲနေမရတဲ့ အတိုက်အခံတွေ၊ ဒီမိုကရေစီသမားတွေ၊ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာ လွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက် ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လည်း အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။
ဒီကနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။
ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက် အဖွဲ့အစည်းပေါင်းစုံထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး အဲဒီ အတိုက်အခံအဖွဲ့တွေကို သတင်းထောက်လှမ်းရုံတင်မက ချုပ်ကိုင်စေခိုင်းနိုင်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။ ဒီအတိုက်အခံအဖွဲ့တွေထဲက အတက်ကြွအလှုပ်ရှားဆုံးအဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ်ကက်စ်ထရိုဆီကို ၁၀ နှစ်ကျော် လျှို့ဝှက်သတင်းပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘားအတိုက်အခံ ၄၀-၅၀ လောက်ဟာလည်း တကယ့်လက်တွေ့မှာ ကျူးဘားထောက်လှမ်းရေးလူတွေ ဖြစ်နေခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘားလေတပ် လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က်ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာ ပေါ်လာပြီး သူ့အဖွဲ့ကို စီအိုင်အေ သြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေလုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေးမှန်း အားလုံးသိသွားကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူး ဖလော်ရင်တီနိုအက်စ်ပီလဂါ က ထုတ်ဖော်ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ်လောက်ကစပြီး စီအိုင်အေ သိမ်းသွင်းခဲ့တဲ့ ကျူးဘားလူမျိုး အများစုကြီးဟာ ကက်စထရိုအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လည်း ဖော်ထုတ်ခဲ့ပါတယ်။ ဒီဗိုလ်မှူးပြောတာ မှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေအထောက်အထား တွေ့ခဲ့ရပါတယ်။
ကျူးဘားပွေးတွေဟာ အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒုတိယတန်း ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက် အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူ လှုပ်ရှားနေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ်ရှားနေကြပါတယ်။ ကျူးဘား ထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိက ကွပ်ကဲကြီးကြပ်နေတာကတော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။
ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ပတ်သက်တဲ့ သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကို အသုံးချပြီး ကျူးဘားထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ် ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလည်း တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေကိုလည်း ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်။
ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘားသင်္ဘောသားဘဝကနေ အမေရိကန်မှာ ခုန်ချပြီး အမေရိကန်အစိုးရ အလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန်အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပအသံ၊ လွတ်လပ်သော အာရှအသံတို့နဲ့ အဆင့်တူ) မာတီ ရုပ်သံလွှင့်ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေးတွေ ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘားအစိုးရက ရုပ်သံလှိုင်းကို တိတိကျကျ ထိထိရောက်ရောက် ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက်ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်းပညာ အချက်အလက်ကြောင့် ချက်ခြင်း အတိအကျဖျက်နိုင်တာ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်ဆုံး အပြင်းထန်ဆုံး ကက်စထရို ဆန့်ကျင်ရေးအဖွဲ့တခုဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်းဆောင် ဖရန်စစ္စကိုအဗီလာအက်ဇ်ကျွီ ဟာ အမေရိကန်အက်ဖ်ဘီအိုင်နဲ့ ကျူးဘားထောက်လှမ်းရေးကို တပြိုင်တည်း လျှို့ဝှက် သတင်းပေးနေသူ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုတခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီအိုင်ကို သတင်းပို့ အကူညီယူခဲ့သလို ကျူးဘားထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက်အဖမ်းခံစေခဲ့ပါတယ်။ သူဟာ ကက်စထရိုဆန့်ကျင်ရေး ထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာလှုပ်ရှား နေထိုင်မှုတွေကိုလည်း ကျူးဘားနိုင်ငံဆီ သတင်းပို့ခဲ့ပါတယ်။
xxx
အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန် ကုန်းမြင့် ခံစစ်ပြင်ဆင်မှု အသေးစိတ်၊ ဆီးရီးယား တပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံ ရသွားခဲ့ပါတယ်။
ဒါတင်မက ဆီးရီးယား တပ်စခန်းတိုင်းမှာ ‘စစ်သားတွေ အရိပ်ရအောင်’ ဆိုပြီး ယူကလစ် ပင်တွေ စိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါတယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှု ပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမယ့် သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။
အဇ္ဇရေးနိုင်ငံက နောက်ထပ် နာမည်ကျော် မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ်ဟာလည်း ဂျာမန်စီးပွားသမားအသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေး အသိုင်းအဝိုင်းထဲ ထိုးဖောက်နိုင်ခဲ့လို့ အိဂျစ်နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကို ကူညီနေတဲ့ ဂျာမန် သိပ္ပံပညာရှင်တွေအကြောင်း သတင်းရယူပြီး အဇ္ဇရေးနိုင်ငံကို ပို့ပေးနိုင်ခဲ့ပါတယ်။
၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန် သြဇာခံ ဗိုလ်ချုပ်ကြီး လွန်နိုးအစိုးရထဲက ဝန်ကြီးတယောက်ဟာ နှစ်ရှည်လများ မြှုပ်ထားတဲ့ ခမာနီ မြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။
ဒီနှစ် ဧပြီလထဲမှာပဲ တောင်ဗီယက်နမ်လေတပ်ထဲမှာ နှစ်နဲ့ချီမြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေသူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ် သမတ နန်းတော်ကို ဗုံးကြဲပြီး မြောက် ဗီယက်နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေးခိုဝင်သွားခဲ့ပါတယ်။
ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို မြေအောင်းပွေးအဖြစ် ရေရှည်မြှုပ်နှံကြတာတွေ ရှိသလို တဖက်အဖွဲ့အစည်းထဲက လူတွေကို ချဉ်းကပ်စည်းရုံးပြီး မြေအောင်းပွေးအဖြစ် သိမ်းသွင်းတာတွေလည်း ကမ္ဘာ့နိုင်ငံရေးမှာ ထုံးစံဖြစ်နေပါတယ်။
ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသားဘဝကတည်းကစပြီး နှစ်ရှည်မွေးမြူခဲ့သလို အမေရိကန်စီအိုင်အေ အဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလည်း နှစ်နဲ့ချီပြီး ပွေးမွေးနိုင်ခဲ့ပါတယ်။
စီအိုင် အေကလည်း ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး ပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီထောက်လှမ်းရေးထိပ်သီး ဗိုလ်ချုပ်ကြီးအိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီကရတဲ့ အချက်အလက်တွေဟာ ၁၉၆၂ ခု ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အတွက် အင်မတန် တန်ဖိုးရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ကာလူဂျင်ကတော့ ဆိုဗီယက် အာဏာရှင်စနစ် ပြိုကွဲသွားတဲ့အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံးဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက်မှာတော့ အမေရိကန်မှာ ခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရားစီရင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
xxx
ဗမာပြည်က နအဖ စစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက် ဖြစ်ပါတယ်။
ကိုးကန့် ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့တွင်း အာဏာသိမ်းပွဲလုပ်ခိုင်းပြီး နအဖ စစ်တပ်တွေ ဝင်စွက်ခွင့်ရသွားစေပါတယ်။
အလားတူပဲ ရှမ်းပြည် တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာသိမ်းပွဲတွေ အကွဲအပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့ လက်နက်ချစေခဲ့ပါတယ်။ ပလောင် ငြိမ်းအဖွဲ့မှာတော့ ဥက္ကဋ္ဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့ လက်နက်ချစေနိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဋ္ဌ အောင်ခမ်းထီတို့ဟာလည်း နာမယ်ကျော် မြေအောင်းပွေးတွေဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ကွဲအောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်း ပြည်သူ့စစ် အသွင်ပြောင်းအောင် အချိန်ကိုက် စွမ်းဆောင်ပေးခဲ့ကြပါတယ်။
နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်းခဲ့ပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်း မောင်လွင်တို့ကို သိမ်းသွင်းခဲ့ပုံတွေ၊ နာမယ်ကြီး မျိုးရိုးနောက်ခံရှိ ပြည်ပရောက်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဒေါ်စု အစ်ကိုရင်း အောင်ဆန်းဦး၊ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းရဲ့သားနှစ်ယောက် တို့ကို သိမ်းသွင်းခဲ့တာတွေကို ကိုယ်တိုင် ပါဝင်စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဖော်ထုတ်ပြခဲ့ပါတယ်။
အေးလွင်ကိုလည်း စောစောပိုင်း ထောင်ကျကတည်းက သိမ်းသွင်းနိုင်ခဲ့တာကို တခြား ထောက်လှမ်းရေးဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက်ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
xxx
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သတင်း ဖြစ်ပါတယ်။
အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲ ရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီ ညီလာခံလာတက်တဲ့ ပြည်တွင်းက ကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင် ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်းခဲ့တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသားတွေနဲ့ တခြား ကိုယ်စားလှယ်တွေကို ဆိုးဆိုးဝါးဝါး ဖိုးတွမ်တီး ရိုက်ခဲ့တဲ့ ဧရာမ နိုင်ငံရေး ရာဇဝတ်မှုကြီး ကျူးလွန်တာလည်း ကြားခဲ့ရပါ သေးတယ်။
အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာ ပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ အဓိကအကျဆုံး ဗမာ အတိုက်အခံ ခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလည်း မသိဘဲမနေပါဘူး။
ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ ထောက်လှမ်းရေးလို့ပဲ မှတ်ချက်ချစရာရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ နအဖသံရုံးနဲ့ မဲဆောက် တဖက်ကမ်း မြဝတီကို အဲန်စီယူဘီ အစည်းအဝေးသတင်းတွေ အတိအကျ အပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်းထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်းလိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။
မဲဆောက်က အဝေးရောက် အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေ ဖောက်ထွင်းခံရပြီး ကွန်ပျူတာ ဟာ့ဒ်ဒစ်တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏ ခိုးခံရတာတွေဟာလည်း အတွင်းလူ မြေအောင်းပွေးတွေ အကူအညီမပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။
xxx
ထိပ်သီး ပြည်ပရောက် အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေးအမှုကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်တခုကို အဲန်စီယူဘီက ဖွဲ့ထားတာတွေ့ရပါတယ်။
ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှုအတွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျ သတ်မှတ်ထားပါတယ်။
ဒီအမှုမျိုးမှာ အာမခံပေးခွင့် မရှိပါဘူး။ (နအဖထိပ်သီး ဗိုလ်ချုပ်ရွှေမန်းရဲ့ မြောက်ကိုးရီးယားခရီးစဉ် သတင်းပေါက်ကြားစေခဲ့တယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်ချခဲ့ပါတယ်။)
ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလည်း ရာဇသတ်ကြီးဥပဒေ မမှန်မကန်သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀(က)(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုကို အားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လည်း ငြိပါတယ်။ အစိုးရ ဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံးလုပ်နည်းတွေလဲ ရှိပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးသတိ၊ လုံခြုံရေးအသိတွေ အစဉ် နိုးကြားနေဖို့ လိုအပ်ကြောင်းပါ။
Mole (နာမ်)
၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။
(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)
**
အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 ထွန်းထွန်း – နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိုက် တောင်သူနှင့် လုပ်ငန်းရှင်များ အတွက် အထူးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။“နှစ်စဉ်တဧကမှာ နှမ်း ၁၀ တင်းကျော်ထွက်ပါတယ်။ ဒီနှစ်တော့ တဧကမှာ ၃ တင်းလောက်ပဲရတယ်။ အရင်းတောင် မရဖြစ်သွားပါတယ်။ နှမ်းတဧက လုပ်ဖို့ အတွက် ကျပ်ငွေ တသိန်းနည်းပါး အရင်းစိုက်ရတယ်။ အငှားထည့်ပြီးမြက်ပင်တွေ ဘာတွေရှင်းပေးရတယ်။ အဲဒါကြောင့်တော်တော်အရှုံးရှိတယ်“ ဟုမာန်အောင်မြို့နယ် တောင်ဘက် နဂါးကျေးရွာသားတ ဦးကပြောသည်။လွန်ခဲ့သည့်နှစ်များက တဧကတွင်နှမ်းအထွက်နှုန်း ၁၀ တင်းကျော်ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင်ရာသီဥတုမညီမျှ မှု ကြောင့် နှင်းတောင်သူများအတွက်အထိနာခဲ့ရသည်ဟု သိရသည်။
“နှမ်းပွင့်ချိန်မှာ မိုးရွာပေးတာတို့၊ ဆီးနှင်းကျတာတို့သိပ်မရှိတော့ နှမ်းပင်တွေမှာ အသီးတွေသိပ်မမြဲကြဘူး။ နှမ်းသီးတွေ တော်တော်နည်းတယ်။ ပီးရင်နှမ်းစိုက်ပျိုးချိန်မှာ ရာသီဥတွေမမှန်ဘူး။ နေခေါင်တာများတော့ နှမ်းပင်လည်းသိပ်မဖြစ်ဘူး“ ဟု၎င်းကပြောသည်။ယခုနှစ်နှမ်းလုပ်ငန်းမှာ ကျောက်ဖြူခရိုင်တခုလုံးလိုလို၌ နှမ်းစိုက်တောင်သူတွေအတွက်အထူးနစ်ခဲ့ရပြီး တဖက်မှာလည်း နှမ်းဈေး နှုန်းမြင့်တက်ခဲ့သည်ဟုသိရသည်။“တခြားနှစ်တွေမှာနှမ်းတတင်းကို တသောင်းနဲ့ တစ်သောင်း နှစ်ထောင် ကြေားမှာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ နှမ်းတတင်းကို တသောင်းလေး ထောင်ကနေ တသောင်ြးေ ခာက်ထောင်ထိ ရောင်းရတယ်။ နှမ်းဈေးတက်တော့ ဆီဈေးကမြင့်တက်သွားပါတယ်။ ဆီက တပိဿာ ကို ကျပ် ၃၂၀၀ ရှိရာကနေ ၃၅၀၀ ထိဖြစ်သွားတော့ဆင်းရဲတဲ့မိသားစုတွေကျတော့ နှမ်းဆီ ၀ယ်မစားနိုင်ဘူးပေါ့နော်“ ဟု ဆက်ပြောပြသည်။
မာန်အောင်မြို့နယ် တောင်ဘက်ရှိနှမ်းလုပ်တောင်သူကျေးရွာတချို့မှာ နဂါးရွာ၊ ကုတ်ကိုရွာ၊ ကြောင်ဘုန်းကြီးရွာ၊ တောင် အုပ်ပြင်ရွာ၊ ချိန်လောင်းကွင်းရွာများနှင့် တခြားကျေးရွာများဖြစ်ပြီး မာန်အောင်အနောက်တောင်ဘက်တွင်ပီချောင်း ထဲရှိ ကျေးရွာများဖြစ်ကြောင်းသိရသည်။ယခုလို ရာသီဥတု ဆိုးဝါးလာသဖြင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းကျဆင်းလာကာ ကျောက်ဖြူခရိုင်အတွင်းတောင်သူလယ် သမားများအတွက် ထိခိုက် နစ်နာခဲ့ကြောင်း သိရသည်။
**
ဗုဒ္ဓဟူးနေ့၊ မတ်လ 23 ရက် 2011 ခုနှစ် စောခါးစူးညား သတင်း – ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မ ခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မနှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့် အဓမ္မခိုင်းနေသည်ဟု ဖာပွန်ခရိုင်မှ KNU တာဝန်ရှိတဦးဖြစ်သူ တီးဝေါ်က ယခုလို ပြော သည်။ သူက “သူတို့(နအဖ)ကို ကျနော်တို့ တိုက်လို့မရအောင် ရွာသားတွေကို ရိက္ခာသယ်ခိုင်းတာပဲ။ ရွာသားတွေက သူတို့ရဲ့ ရိက္ခာ ကို ကမမောင်းနဲ့ ဖာပွန်မြို့ကတဆင့် စသယ်ပေးရတယ်။ နောက် ရိက္ခာထမ်းပေးရသလို ရိက္ခာသယ်တဲ့ သူတို့ရဲ့ မြင်းကိုလည်း ဆွဲပေးရတယ်လေ။ ရွာသားတွေက သူတို့နဲ့ ရောနေတဲ့အခါကျတော့ တိုက်မယ်ဆိုရင် အရပ်သားပါ ထိမှာစိုးတယ်။ ရွာသား တွေကို ခိုင်းလည်းခိုင်း၊ အသုံးလည်းချတဲ့သဘောပဲ။ ရိက္ခာသယ်တာကတော့ ဒီလကုန်ခံနီးလောက်မှ သူတို့ ပြီးနိုင်မယ်။”ဟု ကေအိုင်စီကို ပြောသည်။
နအဖတပ်များသည် သက်ဆိုင်ရာ ရွာသူကြီးများအဆင့် ၎င်းတို့ရိက္ခာသယ်ပေးရန် ရွာထဲရှိ ရွာသားများကို စုခိုင်းပြီး ရွာကြီးရွာ ငယ်အလိုက် တရက်လျှင် ၁၀ဦးနှင့် ၁၀ဦးအထက် သွားနေရကြောင်းကို ဒေသခံတဦးက “ကျနော်တို့ ရွာတရွာကို သူတို့က ဒီရက် ၁၀ယောက်သွားရင် နောက်တရက် အခြား ၁၀ယောက်က သွားရတယ်။ အဲလို အလှည့်ကျနဲ့ သွားရတယ်။ ကိုယ်ပိုင်အ လုပ်ပျက်တာထက် လူတိုင်းက ကြောက်လို့သွားရတာပဲ။”ဟု ပြောဆိုသည်။၎င်းခမရ(၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းများ ဖာပွန်မြို့နယ်မှ ၎င်းတို့တပ်စခန်းရှိရာ ခေါပို့၊ ကဟီးကျိုး၊ နတ်တောင်(လယ်တိုး)၊ ကျောက်ညှပ်၊ ၀ါ့လူ၊ မဲ့တရိထာ့စခန်းသို့ ရိက္ခာပို့ရာတွင် လမ်းလုံခြုံရေးအဖြစ် တပ်မ(၁၁) လက်အောက်ခံ ခလရ(၂၁၄)တပ် ရင်းက တာဝန်ယူရပြီး လက်ရှိအချိန်တွင် ရိက္ခာများမှာ ချောဘွဲဒဲရွာတွင် ရောက်ရှိနေသည်ဟု သိရှိရသည်။ထို့အပြင် နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၀၂)၊ (၂၅၄)တပ်ရင်းတို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမှတဆင့် ဖာပွန်မြို့ နယ် တေးမူဒဲကျေးနယ်အတွင်းမှ ၎င်းတို့တပ်စခန်းများဖြစ်သည့် မော်ဖူး၊ လယ်ကလေးကျိုးစခန်းများသို့ ရိက္ခာပို့ရန် ရဲဘက် (အကျဉ်းသား)နှင့် မြင်းများကို အသုံးပြုနေပြီး မတ်လ ၁၆ရက်နေ့၌ ၎င်းရိက္ခာများ မော်ဖူးတွင် ရောက်ရှိနေနှင့်ပြီဟု ဒေသခံများ က ပြောသည်။ယင်းသို့ ရိက္ခာသယ်ယူရာ လမ်းလုံခြုံရေးကို တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၅၁)နှင့် (၂၅၃)က တာဝန်ယူပေးသည်ဟု ဒေသခံများက ပြောသည်
Posted by Zaw Zaw (BDC)