8.8.88 Massacre in Burma memorial- Demonstration

8.8.88 Massacre in Burma memorial- Demonstration

Time 08 August · 13:00 – 14:00

Location In Front Burmese Embassy

19 A, Charles Street, Mayfair London, W1J 5DX

London, United Kingdom

Dear All,

Please come and join with us to show your support for Burma and protest together. Global Day of Action as well as Global Resistance Day for Injustice, 8.8.11 is the 23rd anniversary of 8.8.88 massacre, during which military gunned down more than 3000 peaceful demonstrators in Burma.

Please come and show your support. Each and every person’s participation is very important and we value your present. We must send powerful, united and strong message to the world that there is no place for injustice system in the world and they must go. We believe that together we can restore the democracy, human rights and freedom in Burma and the world at large.

As everyone is bond in humanity and as we are living in global village, everyone is interrelated to each other. Please spread this event to your friends and we would be very much appreciated to your support.

Main Message

Dialogue toward National Reconciliation in Burma

London, UK Event

In Front of the Burmese Embassy

Time: 13:00- 14:00 pm

Date: 8/8/2011

Address:

19A Charles Street, Mayfair

London, W1J 5DX

http://www.bdcburma.org/NewsDetails.asp?id=879

ကချင်မြို့တော် မြစ်ကြီးနားမြို့ပေါ် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ဗုဒ္ဓဟူးနေ့၊ ဇွန်လ 22 ရက် 2011 – ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မှအမှတ် (၁) ရဲစခန်းနှင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ် ရေး ရုံး တွင် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၁ ကျော်ချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

မြို့ခံတစ်ဦးက “ငါတို့ဆိုင်နားမှာပဲ ၃ အိမ်ပဲခြားတယ် ငါတို့အိမ်က ပုလင်းတွေတောင်ကျကွဲတယ်” ဟု ပြောသည်။“လ၀က ကတော့ဟုတ်တယ် သွားကြည့်ပြီ အမိုးတွေပွင့်ပြီ မှန်တွေကွဲကုန်ပြီးတံခါးတွေလည်းပျက် သွားတယ်” ဟု လ၀က (လူဝင်မှုကြီးကြပ်ရေး)ရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်ကြည့်ရှုခဲ့သူ နယ်ခံတစ်ဦးပြောသည်။သို့သော် ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မ ရှိ ကြောင်း သိရသည်။ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ၎င်းတို့် ဖေါက်ခွဲခြင်းဖြစ်သည်ဟု ကချင်သတင်းဌာနသို့ပြောသည်။

KIA မှ ပြည်တွင်းစစ်ဖြစ်ပေါ်လာနိုင်သည်ဟု မြန်မာအစိုးရအား ဇွန် ၁၃ ရက် က ရာဇသံပေးပြီးနောက် ၎င်းတို့တပ်ဖွဲ့ဝင်များအား အစိုးရနှင့်ပတ်သက်သောနေရာဌာနများကို ဖျက်ဆီးရန် ခွင့်ပြုထားသည်ဟု ဆိုသည်။

AAT

HAPPY BIRTHDAY DAW AUNG SAN SUU KYI

Burma Insight: 01 June 2011

Yangon, June 1 — Soon after his arrival in Nay Pyi Taw this morning, US Senator John McCain held extensive talks with Myanmar Foreign Minister U Wunna Maung Lwin at Myanmar Ministry of Foreign Affairs, Myanmar government sources said.

Following this talks, John McCain is scheduled to hold talks with Vice-President of Myanmar Thiha Thura U Tin Aung Myint Oo at 2:25 pm at the Vice-President office in Nay Pyi Taw.

The US Senator is also scheduled to hold separate talks with the Speaker of Amyotha Hluttaw ( House of Nationalities ) U Khin Aung Myint and Speaker of Pyithu Hluttaw ( House of Representatives ) Thura U Shwe Mann this afternoon in Nay Pyi Taw before he flies to Yangon this evening.

John McCain, who unsuccessfully ran against Barack Obama for President in 2008, is here on a three-day official visit. His visit follows just about 11 days after the high-profile visit to Myanmar of US Deputy Assistant Secretary of State for East Asian and Pacific Affairs Joseph Yun.

Though the real purpose of John McCain’s visit was neither officially announced by McCain’s office nor by the Myanmar government, an Embassy source said McCain, who has been known to be a fierce critic of Myanmar military junta that ruled the country from 1988 to 2010 before passing power to an elected government after General Elections in November, has come here to assess the change and the direction of the new government.

The same source said John McCain in his talks with Myanmar government officials will press hard for the release of political prisoners, who numbered about over 2000.

John McCain, who is to fly into Yangon this evening, is due to hold talks with General Secretary of the disbanded National League for Democracy ( NLD ) Aung San Suu Kyi tomorrow afternoon.

This will be John McCain’s second meeting with Aung San Suu Kyi. McCain first met Aung San Suu Kyi while she was under detention in her home in 1990s.

According to NLD spokesman U Nyan Win, McCain will also hold separate talks with Central Executive Committee members of the NLD at the NLD head office tomorrow.

Apart from that McCain also kept separate time to hold series of meetings with a wide range of political parties that contested in the November 2010 General Elections.

http://www.bdcburma.org/NewsDetails.asp?id=848

Once Upon A Time In Burma (Play)

အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး


အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး
မြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်

Photo: RFA)
အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် တာမွေမှ စမ်းချောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ဗေဒါ စေတနာ့ ဝန်ထမ်း သင်တန်းကျောင်း နေရာသစ်သို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ) လာရောက် အားပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
သင်တန်းသားတွေကို ဧည့်စာရင်း မပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ နဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှုးတွေကို ညွှန်ကြားနေတာတွေ ရှိတယ်လို့ သိရပါတယ်။
ဗေဒါ သင်တန်းကျောင်း တာဝန်ခံ လူငယ်ကွန်ယက် ခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ကို အာအက်ဖ်အေ က ဆက်သွယ် မေးမြန်းရာမှာတော့ ကျောင်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ပိုင်ရှင်တွေကို ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေကို တာဝန်ယူဖို့ အတင်း လက်မှတ် ထိုးခိုင်းနေတယ်လို့ ပြောပါတယ်။
ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်

Source: http://www.rfa.org/burmese/news/free_school_disturbed_by_authorites-05102011113601.html

ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု

ဂရိ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု

စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက်

ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။

တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့်
နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်

ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် နိမ့်ကျသူများအဖြစ်သာ ယူဆထားခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရာတွေမှာ ဘာမှ အရေးကြီးသူတွေ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ဂုဏ်ရည်မြင့်မားပြီး လေးစားဖွယ်ရာ ကောင်းတဲ့ အမျိုးသားတွေကို ဖြည့်ဆည်းပေးသူများအဖြစ်သာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားခဲ့ပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေ ရှိတဲ့ ဂရိလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ သီးခြားကိုယ်ပိုင် ရပ်တည်ခွင့် မရှိပါဘူး။ ဘ၀တသက်တာလုံး ဖခင်တွေ၊ အိမ်ထောင်ဘက်တွေနဲ့ သားယောက်ျားလေးတွေအပေါ်မှာပဲ မှီခိုနေကြရပါတယ်။

ရှေးခေတ်ဂရိနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ ကလေးမွေးဖွားတာ၊ အစားအစာ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လုပ်ငန်းတာဝန် ဆိုတာ ကတော့ နိုင်ငံရေးရာ တွေးခေါ်စဉ်းစားတာ၊ အကြံပေးတာ၊ စစ်မက်ဖြစ်ပွားချိန်မှာ တိုက်ပွဲဝင်တာတွေနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်တာတွေ ဖြစ်ပါတယ်။ ရှေးခေတ်ဂရိပြည်က အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုတွေ မလုပ်ရဲကြပါဘူး။ အိမ်ထောင်ဘက် လင်ယောက်ျားတွေကို မရိုသေရင် နတ်ဘုရားတွေက စိတ်ဆိုးပြီး ပြစ်ဒဏ်ခတ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ရိုက်နှက်ညှဉ်းပမ်းမှုတွေ၊ နတ်ဘုရားတွေက ပေးမယ့် ပြစ်ဒဏ်တွေကို ကြောက်ရွံ့ပြီး ဘ၀တလျှောက်လုံး အမျိုးသားတွေထက် နိမ့်ကျသူတွေအဖြစ်ပဲ ခံယူကျင့်သုံးနေခဲ့ကြပါတယ်။

ဒါပေမယ့်လဲ (၁၉) ရာစုရောက်တော့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး စာရေးဆရာတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီး စာရေးဆရာတွေဖြစ်တဲ့ ArtemisThaleiaEurydice တို့ဟာ အမျိုးသမီးတွေရဲ့ ပညာရေး၊ လူမှုရေး အခြေအနေ နိမ့်ကျမှုတွေကို မီးမောင်းထိုး ဖော်ပြလာကြပါတယ်။ (၁၈၈၇) ခုနှစ်ရောက်တော့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူ Calliope Parren က ဦးဆောင်ပြီး အမျိုးသမီးများ ဆိုတဲ့ သတင်းစာကို စတင်ထုတ်ဝေပါတော့တယ်။ အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းတခုအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်တဲ့အခါ ကလောင်လက်နက်ဟာ အရေးကြီးလှပါတယ်။ လှုပ်ရှားမှုကြီးရဲ့ အခြေခံသဘောတရားတွေ၊ စည်းမျဉ်းတွေ၊ လုပ်ငန်းဆောင်တာတွေ၊ အတွေးအခေါ်တွေကို လူထုထဲမှာ ကနဦး ချပြဖို့ လိုပါတယ်။ ဒီလို ချပြပြီး အတွေးအခေါ် အုတ်မြစ်ချပြီးမှ ဖော်ဆောင်တဲ့ လှုပ်ရှားမှုတွေဟာ ကောက်ရိုးမီးတောက်ပမာ ၀ုန်းခနဲ ထတောက်တဲ့ လှုပ်ရှားမှုတွေထက် ပိုပြီး အောင်မြင်တတ်ပါတယ်။ ဂရိအမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ ဒီကလောင်လက်နက်ကို အသုံးပြုပြီး အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုကြီးကို စတင်ခဲ့ကြပါတယ်။

အတွေးအခေါ် အုတ်မြစ်ချပြီး လှုပ်ရှားတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် ဂရိအမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုဟာ တစတစ ကျယ်ပြန့်လာခဲ့ပြီး၊ မျိုးဆက်သစ် အမျိုးသမီးအခွင့်အလမ်း ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ (၁၉၂၀) ခုနှစ်ရောက်တော့ အမျိုးသမီး ဂီတဆရာမတဦးဖြစ်တဲ့ Theodoropoulou က အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၃၀ ကာလတွေရောက်တော့ စစ်အာဏာရှင် Ioannis Metaxas ရဲ့ လက်အောက်မှာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေကို တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီးတွေဟာ ဒုတိယကမ္ဘာစစ်ကာလ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ကျရာနေရာကနေ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ ရောက်တော့ ဂရိလူ့အဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား ပေါ်ထွက်လာပါတယ်။ မြို့ပြ လူနေမှုအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာမှု၊ စက်မှုနိုင်ငံတော်သစ် တည်ဆောက်လာမှု၊ လူလတ်တန်းစား လူဦးရေ များပြားလာမှုတွေနဲ့အတူ အမျိုးသမီးမဲပေးခွင့် အခွင့်အလမ်းတွေလဲ ရရှိလာပါတယ်။

ဒါပေမယ့်လဲ (၁၉၆၇) ခုနှစ်ရောက်တော့ ဂရိနိုင်ငံမှာ Papadopoulos စစ်အာဏာသိမ်းမှု ဖြစ်ပွားပါတော့တယ်။ စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကိုပါ ကန့်သတ်ချုပ်ချယ်ခဲ့ကြပါတယ်။ ကျောင်းသားပွဲတော်တွေမှာ ကျောင်းသားတွေနဲ့ ယှဉ်တွဲပြီး ကျောင်းသူတွေ ပါဝင်ဆင်နွှဲခွင့်ကိုပါ တားမြစ်ပိတ်ပင်ခဲ့ကြပါတယ်။ အာဏာသိမ်းစကာလမှာ လူအများစုဝေးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်တွေကို ပိတ်ပင်ထား တာကြောင့် အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ခေတ္တရပ်တန့်သွားပေမယ့်၊ အချိန်အနည်းငယ်အတွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ကွန်ယက်တွေကို ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလတွေမှာ တနိုင်ငံလုံးစစ်ကျွန်ဘ၀ကို ကျရောက်နေချိန်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီးမှသာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းတွေ ရရှိလာနိုင်မယ်ဆိုတဲ့ အချက်ကို ဂရိအမျိုးသမီး ခေါင်းဆောင်တွေနဲ့ ကျောင်းသူတွေက သိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

(၁၉၇၃)ခုနှစ်ရောက်တော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက အရှိန်ကောင်း လာခဲ့ပါတယ်။ မေလမှာ ဂရိရေတပ်မတော်က အရာရှိတွေဟာ နိုင်ငံတကာ စစ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်နေရာကနေ ဂရိနိုင်ငံကို မပြန်တော့ပဲ ရေတပ်သင်္ဘောကို ရောမကို ဦးတည် ခုတ်မောင်းသွားခဲ့ပါတယ်။ အနီးဆုံး လေဆိပ်ကနေ တယ်လီဖုန်းနဲ့ နိုင်ငံတကာ သတင်းစာနယ်ဇင်းတွေကို အကြောင်းကြားပြီး ဂရိစစ်အာဏာရှင်တွေရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ဖော်ထုတ်ဆန့်ကျင်လိုက်ကြပါတယ်။ စစ်အာဏာရှင်တွေကို စစ်အရာရှိတွေ ကိုယ်တိုင်က ဆန့်ကျင်လိုက်တာ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ဟာ တကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ဂရိနိုင်ငံတွင်းက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ နိုင်ငံရေး ရေချိန်နဲ့အတူ တိုက်ပွဲဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိတာကြောင့် နိုဝင်ဘာ လရောက်တော့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွဲပြီး အာဏာရှင်ကို သပိတ်မှောက်ကြ ပါတော့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို အာဏာရှင်တွေက သတ်ဖြတ်နှိမ်နင်းတာကြောင့် ဂရိစစ်တပ်တွင်းက အရာရှိတွေကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြတော့ပဲ (၁၉၇၄) ခုနှစ်ရောက်တော့ အာဏာရှင်စနစ်ကြီး ပြိုလဲသွားခဲ့ပါတယ်။

ဂရိအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသူအများအပြားဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့်လဲ ဂရိအမျိုးသမီး တွေဟာ ဇွဲလုံ့လ မလျှော့ပဲ အဆုံးသတ်အောင်ပွဲရတဲ့အထိ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုလမ်းကြောင်းကိုလဲ မသွေမဖည် ဆုပ်ကိုင်ထားခဲ့ကြပြီး အာဏာရှင်စနစ်ကို ဖယ်ရှားပြီး နောက်ပိုင်းကာလရောက်တော့ မပြီးဆုံး သေးတဲ့ လှုပ်ရှားမှုတွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဂရိအမျိုးသမီးတွေရဲ့ ဇွဲလုံ့လနဲ့ နောက်မဆုတ်စတမ်း တိုက်ပွဲဝင်ရဲတဲ့ အားမာန်တွေကြောင့် ၁၉၈၃ ခုနှစ်မှာ ကျားမ တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုတဲ့ မြေယာဥပဒေသစ် ထွက်ပေါ်လာပါတယ်။ တန်းတူညီမျှ လုပ်အားခ ရရှိရေး၊ ပညာသင်ခွင့် အခွင့်အလမ်း ရရှိရေး လှုပ်ရှားမှုတွေကိုလဲ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂရိအစိုးရ အုပ်ချုပ်ရေးယန္တရား အဆက်ဆက်မှာလဲ အမျိုးသမီး ၀န်ကြီးတဦး အနည်းဆုံးပါဝင်ပြီး၊ အမျိုးသမီး ဒုတိယ၀န်ကြီးများစွာ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေးပါတီတွေမှာလဲ အမျိုးသမီး ခေါင်းဆောင်အများအပြား ပေါ်ထွက်လာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဂရိကွန်မြူနစ်ပါတီကို အမျိုးသမီးခေါင်းဆောင်က ဦးဆောင်ခဲ့ပါတယ်။

အမျိုးသမီးတွေဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာတွေနဲ့ ပတ်သက်ပြီး အရေးကြီးသူတွေ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတဲ့ ဂရိလူ့အဖွဲ့အစည်းအတွင်းမှာ အခုဆိုရင် အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးသမီး ပညာရှင်တွေ၊ အမျိုးသမီး အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ အများအပြားပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် Laura Cram က ဒီလိုပြောင်းလဲမှုတွေဟာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစနစ် ထွန်းကားရေး တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းတိုက်ပွဲဝင်ရဲတဲ့ ရဲစွမ်းသတ္တိနဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လမ်းကြောင်းကို လက်ဆင့်ကမ်းပခုံးပြောင်းပြီး မဆုတ်မနစ် ကိုင်စွဲခဲ့ကြတဲ့ ဇွဲလုံ့လတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (၂၀၀၉)

(၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ၊ အမျိုးသမီး အခွင့်အလမ်း အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သော အသံလွှင့်ဆောင်းပါး ဖြစ်ပါသည်)

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ – အပိုင်း (၁)

ဆောင်းပါးရှင် – ဗိုလ်အေးမင်းဦး

မြန်မာ့တပ်မတော်သည် ယခင်က အလွန်တရာမှ ဂုဏ်သိက္ခာ ရှိခဲ့သည်။ ပြည်သူလူထုနှင့် တပ်မတော်သည် တသားတည်း ဖြစ်ခဲ့သည်။ ယနေ့စစ်တပ်ကတော့ ယခင်နှင့် မတူတော့ပေ။ ပြည်သူလူထုနှင့် စစ်တပ်သည် ကွဲပြား၍ ရန်သူသဖွယ် ဖြစ်နေကြပေပြီ။ ထို့အတူ စစ်တပ်အတွင်းတွင်လည်း ဤသို့ ဖြစ်ပျက်လျှက်ရှိသည်။ အထက်ဗိုလ်ချုပ်များသည် အောက်ခြေ ရဲဘော်မှ အရာရှိငယ် အဆင့်အထိ နှိုင်းယှဉ်သော် ကွဲပြား၍ သခင်နှင့် ကျွန်သဖွယ် ဖြစ်နေပေပြီ။

ဗိုလ်ချုပ်နှင့်အထက် အကြီးအကဲများသည် လက်အောက် ရဲဘော်များမှ အရာရှိငယ် အဆင့်အထိ ငယ်သားများအား တာဝန်မယူဘဲ လက်အောက်ကို လွှဲချဖို့၊ ဖိနှိပ်ဖို့၊ နှိပ်ကွပ်ဖို့နှင့် ကျွန်များသဖွယ် သဘောထားကာ ခိုင်းစေနေကြပြီ။ ထုတ်ပြန်ထားသော၊ ပြဌာန်းထားသော ဥပဒေများ၊ ကျင့်ဝတ်များသည်လည်း ပျောက်ဆုံးနေပြီ။ တပ်မတော်သည် စည်းကမ်းရှိသော အဖွဲ့အစည်း ဖြစ်ရမည်ဟုဆိုကာ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ခမ်းခမ်းနားနား ပြဌာန်းခဲ့သည်။ သို့သော် ၄င်းဥပဒေများသည် အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်ခဲ့တော့သည်။

အကြီးအကဲ ဗိုလ်ချုပ်များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပြီ။ ထို့ကြောင့် စစ်ဥပဒေသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။ ထို့ကြောင့် “စစ်ဥပဒေဟူသည် လက်အောက်ငယ်သား အောက်ခြေ လူတန်းစားများအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်” ဟု နားလည်ရပေတော့မည်။ ရဲဘော်အဆင့်မှ အရာရှိငယ်အဆင့်ထိ လူတန်းစားများသည် စစ်တပ်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်သည်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။

အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ စစ်ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက ရဲဘော်မှ ဗိုလ်ကြီးအဆင့်ထိ လူများကိုသာ တွေ့နေရသည်။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်ဆိုလျှင် ညီအမနှစ်ဦးကို တပြိုင်နက် မယားပြိုင်သဘော ယူထားသေးသည်။ ကောင်းလေစွ။

ဥပဒေနှင့် ငြိစွန်းသော အလုပ်များ လုပ်ကိုင်နေကြသည်မှာ စစ်ဗိုလ်ချုပ်များပင် ဖြစ်တော့သည်။ အာဏာကို ပါဝါတစ်ခုလို အသုံးချကြသည်။ ရဲဘော်အဆင့်မှ ဗိုလ်ကြီးအဆင့် လူများသည် မိသားစုအတွက် ရုံးကန်ရင်း အပြစ်ဖြစ်ကြသည်။ ဥပမာ ဆိုင်ကယ် ကယ်ရီ၊ မှောင်ခိုပစ္စည်း လုပ်မိကြသည်။ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းသည်။ အပြစ်ရှိသည် မှန်၏။ ပြုတ်မည် (သို့) ထောင်ချခံရမည်။ ပြစ်ဒဏ်များ ချမှတ်ပြပါလိမ့်မည်။ အကြီးအကဲများ၊ စစ်တရားသူကြီးဆိုသူများ။ သို့သော် ယင်းစစ်ဗိုလ်ချုပ်များ၊ စစ်တရားသူကြီးများ၊ အကြီးအကဲ ဆိုသူများသည်ပင် ဇိမ်ခံကားများ အစီးရာနှင့်ချီ၍ တရားမဝင် သွင်းနေကြသည်။ လေလံအဖြစ် ပြန်လည် ရောင်းစားနေကြသည်။ ချမ်းသာနေကြသည်မှာ ဆွေစဉ်မျိုးဆက် စားမကုန်နိုင်အောင် ဖြစ်သည်။

ဤသို့ တရားမ၀င်ကိစ္စများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို မည်သူ တရားစီရင်ပါမည်နည်း။ ထုတ်ပြန်ထားသော စစ်ဥပဒေသည် အဘယ့်သို့ ရောက်သွားပါသနည်း။ ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ဥပဒေများအတိုင်းသာ အရေးယူရပါလျှင် စစ်တပ်အတွင်း အကြီးအကဲဟူသည် ရှိနိုင်တော့မည်ပင်မထင်။ ငယ်သားများအား အပြစ်ပေး ထောင်ချနေသော စစ်တရားသူကြီးများ ကိုယ်တိုင်ပင် ထောင်ထဲတွင် အရိုးထုတ်ရဖွယ်ရှိမည်။ ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။ “ကာရင် အိုကေ” ဆိုသော ကာရာအိုကေ စားသောက်ဆိုင်၊ ကေတီဗွီများနှင့် မိန်းကလေး အနှိပ်ခန်း မာဆာ့ခ်ျဆိုင်များသို့ ဝင်ကာ အပျော်အပါး လိုက်စားကြသည်။ အငယ်အနှောင်းများ ထားကြသည်။ ဘာကြောင့် ဥပဒေကို လူတန်းစားခွဲခြား သတ်မှတ်ထားပါသလဲ။

နေပြည်တော်မှရန်ကုန် အစည်းအဝေးအသွား လူပင်မရောက်သေး၊ ဟိုတယ် (၃) လုံးတွင် ပျော်ပါးနေကြ မိန်းမပျက် (၃) ယောက်က တစ်ခန်းစီတွင် အသင့် စောင့်လျှက်ရှိသည်။ ခေါင်းဆောင်ဆိုသုများ ငွေကြေး သိန်းပေါင်း သန်းနှင့်ချီကာ ချမ်းသာကြသည်။ ဤမျှ များပြားသော ငွေများ အဘယ်က ရကြပါသနည်း။ စစ်တပ်အကြီးဆုံး တပ်ချုပ်ပင် (၁၂) သိန်း မကျော်သော လစာနှင့် ၄င်းတို့ချမ်းသာမှုများကို စဉ်းစားနှိုင်းယှဉ်ကြည့်လျှင် စစ်ဥပဒေအပြင် နယ်ဘက်ဥပဒေများနှင့်ပါ မုချ ငြိစွန်းနေပေလိမ့်မည်။

ရဲဘော်မှ အရာရှိငယ်အဆင့် လူများတွင်တော့ စစ်တပ်မှ အနားယူလျှင် နေစရာအိမ်ပင် မရှိပေ။ ဘဝ အာမခံချက်လည်း မရှိပေ။ စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြသည်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြသည်။ မည်သူစစ်ဆေးပါသနည်း။ ဗိုလ်ကြီးတစ်ယောက် ဤမျှ ချမ်းသာသွားပါက စစ်ဆေးမှုများ မှိုလိုပေါက် ရောက်လာပါလိမ့်မည်။

စစ်တပ်အကြီးအကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ ဤအချက်များကြောင့်ပင် အောက်ခြေအဆင့် ရဲဘော်များ၊ အရာရှိများသည် မကျေနပ်ချက်များနှင့် တင်းမာမှုများ တစ်စ တစ်စ ပိုတိုးလာနေသည်။ နာကြည်းချက်များ၊ အငြိုးအတေးများနှင့် ခဲထားကြသည်။ ဘယ်အချိန်မှာ ထပေါက်ကွဲမလဲ ဆိုသည်သာ စောင့်ကြည့်နေရသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြသည်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြသည်။

တပ်တွင်း စည်းလုံးညီညွတ်ရေး ဟောပြောပွဲများ၊ စစ်စည်းကမ်းဆိုင်ရာ ဟောပြောပွဲများ၊ တပ်တွင်းစည်းရုံးရေး ကော်မတီများ အစရှိသော အသင်းအဖွဲ့များ ဖွဲ့၍ တပ်မတော်သားများကို တက်ရောက်စေကာ ၀ါဒမှိုင်းသွင်းပြီး ၄င်းတို့အား တော်လှန်ပုန်ကန်လာမည်ကို ကြောက်ကန် ကန်နေကြသည်။ အမှန်တကယ်ဆိုလျှင် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသူသည် ၄င်းတို့သာ ဖြစ်နေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ တကူးတက သွေးထိုးပေးစရာ မလို။ ၄င်းတို့၏ လုပ်ရပ်များက အလိုလို သွေးထိုး ခွဲခြားပြီးသား ဖြစ်နေသည်။

၎င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးသည် ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါသည်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်သော အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့သည်လည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြသည်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့သည်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့သည်။ သူတို့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်း ဖြစ်သည်။

အမှန်တကယ်မှာ တပ်မတော်သားများသည် တပ်မတော်မှ ထွက်ချင်နေကြသည်။ ထွက်ချင်ပါသော်လည်း ပေးမထွက်သည့်အတွက် ယခုရွေးကောက်ပွဲ အပြောင်းအလဲကို မျှော်လင့်ချက်ရှိရှိ စောင့်မျှော်နေကြသည်။ သို့အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်မည့် ခေါင်းဆောင်များပီပီ တပ်မတော်သားများ၊ ဝန်ထမ်းများအားလုံးအတွက် ၄င်းတို့ဆန္ဒ သဘောအလျောက် နုတ်ထွက်လိုက နုတ်ထွက်နိုင်ရန် အာမခံချက်များ၊ အပြောင်းအလဲများ လွှတ်တော်တွင် ပြုလုပ်ပေးကြရန် ၄င်းတို့ကိုယ်စား တောင်းဆိုလိုက်ပါသည်။ ထို့အပြင် သမ္မတလောင်းများသည် မြန်မာနိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမှ ကင်းဝေးပြီး ပီပြင်သော မှန်ကန်သော ဒီမိုကရေစီစနစ်၊ Human Right စနစ်များ ချမှတ်ကျင့်သုံးပေးကြရန် မြန်မာပြည်သူများကိုယ်စား အလေးထား ရေးသားလိုက်ရပေသည်။

http://www.photayokeking.org/armydevelopment/armydictator-naywin/472-the-rule-of-the-military-in-burma

**

အစိုးရသစ် အပေါ် ပြည်တွင်း မီဒီယာများရဲ့ ဖေါ်ပြချက်

မိုးမခ အထောက်တော်၊ ရန်ကုန် – ဧပြီ ၃၊ ၂၀၁၁

အသစ် ဖွဲ့စည်းလိုက်သည့် အရပ်ဝတ် အစိုးရနှင့် သမ္မတသစ် ဦးသိန်းစိန်မိန့်ခွန်းအပေါ် ပြည်တွင်း သတင်းဂျာနယ်များက ဝေေ၀ဆာဆာ ဖေါ်ပြကြသည်။ အချို့သော သတင်းဂျာနယ်များက အစိုးရသစ် ထွက်ပေါ်လာမှုအပေါ် အန်အယ်လဒီ သဘောထား၊ အန်အယ်ဒီ၏ မှတ်ချက်တို့ကို ဖေါ်ပြရန် ကြိုးစားသော်လည်း စိစစ်ရေးခွင့်ပြုချက်မရဟုလည်း ကြားသိရသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး၏ အရေးပါသော အင်အားစုဖြစ်သည့် အန်အယ်လ်ဒီ၏ ရပ်တည်ချက် သဘောထားကို ပြည်တွင်းထုတ် စာစောင်များတွင် မဖတ်ရှုရပေ။

သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ပါရှိသလို စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း ကဏ္ဍ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြု တဲ့သဘောလား ၊ စာပေစိစစ်ရေးရဲ့ မူဝါဒတွေ မပြင်ဆင်ရသေးလို့လားတော့ မသိပါ။ လောလောဆယ် စာနယ်ဇင်း လွတ်လပ်ခွင့် သိသိသာသာ မထူးခြားလာသေးတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ပါရှိသလို စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း ကဏ္ဍ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြု တဲ့သဘောလား ၊ စာပေစိစစ်ရေးရဲ့ မူဝါဒတွေ မပြင်ဆင်ရသေးလို့လားတော့ မသိပါ။ လောလောဆယ် စာနယ်ဇင်း လွတ်လပ်ခွင့် သိသိသာသာ မထူးခြားလာသေးတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

တတိယ အုပ်စုလို့ ခေါ်ဆိုကြတဲ့ အုပ်စုဝင်တစ်ဦးဖြစ်သူ ဒေါက်တာနေ၀င်းမောင်ကတော့ သူ့ရဲ့ သည်ဗွိုက်စ် ဂျာနယ်မှာ ၀မ်းမြောက်ဝမ်းသာစွဖြင့် ကြိုဆိုနေသည်ကို ဖတ်ရှုရပေလိမ့်မည်။ မြန်မာပြည်သူတွေက သမ္မတသစ်နဲ့ အစိုးရသစ်ရဲ့ ပြောဆိုချက်ကို ကြားဖို့ သိစိတ်ထဲမှ ဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ဒါမှမဟုတ် တိတ်တခိုးမျှော်လင့်နေသော ပြည်သူများရဲ့ အသံကို အစိုးရက သိတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။

သူ့ရဲ့ အရေးအသားကို ဖတ်ရတဲ့အခါ သတင်းစာဆရာ ရဲ့ ရပ်တည်ချက်ထက်ကို စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ အစိုးရသစ်ကို အရောင်းမြှင့်တင်ရေးလုပ်ပေးနေသလို ခံစားရပါတယ်။ သတင်းစာဆရာရပ်တည်ချက်မှနေပြီး ရေးသားတဲ့ ခေါင်းကြီးပိုင်းဆိုရင် အစိုးရရဲ့ ပြောဆိုချက်တွေကို ဝေဘန်ဆန်းစစ်တဲ့ ရှုထောင့်မှ သုံးသပ်ပြီး ဘယ်လိုဟာတွေ လိုအပ်တယ်၊ လက်တွေ့ဆောင်ရွက်ဖို့ အရေးကြီးတယ် စသဖြင့် ထောက်ပြဖို့ တာဝန်ဟာ စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ပါ။ယခု ပြောကြားသည့် မိန့်ခွန်းဟာ ပြည်သူလူထုကို ရည်ရွယ်ပြောဆိုတဲ့ မိန့်ခွန်းတွေမဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကိုသာ ရည်ရွယ် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်နေပါတယ်။ ဒီအတွက် ဒေါက်တာနေ၀င်းမောင်က “ပြည်သူလူထုကြီး ခင်ဗျား´´လို့ ရည်ညွှန်းပြောဆိုတဲ့ မိန့်ခွန်းကြားချင်တဲ့ အကြောင်း ရေးထားပါသေးတယ်။

အခြား အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ မက်ဆင်ဂျာ ဂျာနယ်ကတော့ သမ္မတ မိန့်ခွန်းကို လူငယ်အများစု စိတ်ဝင်စားစွာ ကြည့်ရှုနားထောင်ခဲ့တယ်လို့ ဖေါ်ပြထားတာ ဖတ်ရပါသေးတယ်။ သတင်းရေးသူက လူငယ် ၂ယောက်ကိုမေးပြီး သတင်းရေးထားလို့ လူငယ်အများစုဆိုတာ လူငယ်ဘယ်လောက်ရာနှုန်းဆိုတာ မဖေါ်ပြထားပါဘူး။

ထိုနေ့က မိန့်ခွန်းထုတ်လွှင့်နေတုန်း စားသောက်ဆိုင် တစ်ဆိုင်မှာ စားသောက်နေတဲ့ ၀ိုင်းလေးဝိုင်းမှာ လူငယ်အများအပြားပါဝင်တဲ့ ၀ိုင်းကြီးတ၀ိုင်းက မိန့်ခွန်း ထုတ်လွှင့် နေတာကို လှည့်တောင်မကြည့်ကြပဲ စားကြသောက်ကြ စကားတွေ ပြောနေကြတာတွေ့ရပါတယ်။

**

အခုပဲမွေးလိုက်တာ … အစိုးရသစ်ကလေးလေ …

ဟန်လေး Monday, 28 March 2011 13:50 ကာတွန်း

**

Follow

Get every new post delivered to your Inbox.

Join 996 other followers