ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ

မောင်ရမ္မာ စုစည်း တင်ပြသည်။
———————————-
ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင်ရှိသော “ရွှေ” သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်းချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ဖြေကြားရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိလာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်းက တဆင့် တရုတ်ပြည်ကို တင်ပို့သွားရန် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ချုပ်ဆိုထားသောစာချုပ်ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့များကို အသုံးပြု၍ မရဟု ဖြေကြားသွားခဲ့ပါသည်။

Hakuryu

ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင် ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

U-Aye-Tha-Aung-CRPP

“ရခိုင်ပြည်ကထွက်တဲ့ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့စကားဟာ ရခိုင်ပြည်သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက်နစ်နာအောင် ပြောတဲ့စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည်နယ်သားတွေ အဓိက ပိုင်ဆိုင်တယ်။ ရခိုင်ပြည်နယ်က ထွက်လာသမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန် ထွက်လာသမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့ အချိုးကျကိုတော့ ရခိုင်ပြည်နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ အသုံးပြုရန် အစီအစဉ်မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည်သူတွေ ကို စော်ကားလိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။”

——————————————————————-

ဒေါက်တာအေးကျော်
(အမေရိကန်နိုင်ငံ)

DrAyeKyaw

” ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်တွေ၊ သယံဇာတပစ္စည်းတွေဟာ ရခိုင်ပြည်သူပြည်သားအားလုံးရဲ့ အကျိုးတရားကို အခြေခံထားရမယ်။ ရခိုင်ပြည်ကထွက်တဲ့ ဟူသမျှဟာ အဲဒီလို ခံစားခွင့် မရတဲ့ အတွက်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အဆင့် မဖြစ်လာဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောနေတာဟာလည်းဘဲ အတု အယောင် ပြည်ထောင်စု မြန်မာနိုင်ငံသာ ဖြစ်နေတယ်။ အဲဒါကြောင့် ရခိုင်ပြည်က ရတဲ့ ဂက်စ်၊ ရခိုင်ပြည်က ရတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုးတွေကို ရခိုင်ပြည်သူ ပြည်သားတွေကို ထိုက်သင့် အားလျော်စွာ အကျိုးခံစားခွင့်ရအောင် လုပ်ပေးရမယ်။ ဒါက ရခိုင်ပြည် တခုတည်းကို ပြောတာ မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာလည်း ဒီအတိုင်း မူအရကျင့်ရမယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲနဲ့ အတုအယောင် ပြည်ထောင်စုစနစ်မှာဘဲ ကျွန်တော်တို့ ရပ်တည်နေရဖို့ဘဲ ရှိပါတယ်။”

——————————————————————-

ဒေါက်တာ ခင်မောင်
NUPA ဥက္ကဌ
ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ဒုဥက္ကဌ (၁)

Dr.Khine-Maung-NUPA

” ၀န်ကြီးပြောသွားတာက ရခိုင်ပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သဘာဝ စွမ်းအင်အားလုံးဟာ သူတို့ရဲ့ လက် အောက်မှာရှိတယ်ဆိုပြီး ရခိုင်ပြည်အပေါ်မှာ ကျင့်သုံးတဲ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောသွားတာ ဖြစ်ပါတယ်။ အမှန်က ဒီ ပိုင်ဆိုင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေမှာ မိမိကိုယ်ကို မိမိ ဆုံးဖြတ် ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာမရှိတဲ့ အတွက် မိမိတို့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို မိမိတို့ သုံးစွဲပိုင်ခွင့်မရှိ ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အစိုးရကနေပြီးတော့ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ တွေကို ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောနဲ့ စွမ်းအင်ဝန်ကြီးက ထုတ်ဖေါ် ပြောကြားလိုက်တာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။”

——————————————————————-

ဒေါ်စောမြရာဇာလင်း
ဥက္ကဌ ( ရခိုင်အမျိုးသမီးများအစည်းအရုံး)

Soe-Mrarazar-Lunn

” ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်မှာ သုံးစွဲဖို့အစီအစဉ်မရှိဆိုတာကို ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူလူထုတရပ်လုံးကို ရက်ရက်စက်စက် စော်ကား လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီဂတ်စ်ကို ရခိုင်ပြည်ကပိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူလူထုတရပ်လုံးပိုင်တဲ့ ရေနံနဲ့သဘ၀ဓါတ်ငွေ့တွေကို ရခိုင်ပြည်မှာ အသုံးပြုရမယ်။ အခုလို ဒီမိုကရေစီက ခြေလှမ်းစနေတဲ့ အစိုးရက ဒီလိုပြောလိုက်ခြင်းသည်ပင်လျှင် ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ ထိထိရောက်ရောက် ကန့်ကွက်သင့်ပါတယ်။ ရခိုင်ပြည်သူတရပ်လုံးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် အားလုံးသော ရခိုင်ပြည်သူ တရပ်လုံးဟာ မဏ္ဍိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်ရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်သင့်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။”

——————————————————————-

ကိုထွန်းဇော်
တွဲဘက်အထွေထွေအတွင်းရေးမှူး ( ၁)
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များကွန်ကရက်

Tun-Zaw-AASYC

“ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်ကထွက်တဲ့ စွမ်းအင်ကို ရခိုင်ပြည်သူလူထုတွေနဲ့ တတိုင်း ပြည်လုံးမှာ ရှိတဲ့ စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ မဖြည့်ဆည်းဘဲနဲ့ ပြည်ပကို အားလုံး ရောင်းချ ပစ်တာကတော့ ပြည်သူလူထုဆန္ဒကို မလေးစားလို့မြင်ပါတယ်။ သူတို့ပြောတာက ပြည်သူလူထုရဲ့ အသံကိုနားထောင်ဖို့၊ ပြည်သူကိုလေးစားတဲ့ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်နေတာဟာ အခု ဒီအချက်ကနေပြီးတော့ ဒီမိုကရေစီအစိုးရမဟုတ်၊ ပြည်သူတွေအသံကို နားမထောင်ဆိုတာကို ဖေါ်ပြလိုက်တယ်လို့ဘဲ ကျွန်တော် မြင်ပါတယ်။”
——————————————————————-

ကိုဝင်းအောင်
ရွှေဂတ်စ်လှုပ်ရှားမှုတာဝန်ခံ

Wong-Aung-SGM

” ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ ပညာ ရေးဘဲဖြစ်ဖြစ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလုပ်ပေးတာကို အများကြီး ကြိုဆိုလက်ခံပါတယ်။ ဒါပေမယ့် ရခိုင် ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ဟာ ဘီလီယံ ထောင်နဲ့ ချီပြီး တန်ဖိုးရှိပါတယ်။ အဲဒီအထဲက ဒေသခံ တွေ အတွက် မလုပ်မဖြစ်တဲ့ ကျောင်းတွေ၊ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ဆေးခန်းတွေဆောက်ပေးရုံနဲ့ ကျွန် တော်တို့ ကျေနပ်ရောင့်ရဲလို့မရပါ။ သူတို့ ပံ့ပိုး နေတာကလည်း တကယ့်လက်တွေ့မှ အလုပ်မဖြစ်ပါ။ ရွှေဂတ်စ် စီမံကိန်းကြောင့် ရခိုင်ပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့ယာမဲ့ဘ၀ကိုသာ ရောက်သွားခဲ့ရတယ်။ ဘိုးစဉ် ဘောင်ဆက် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်လာကြတဲ့လယ်မြေတွေကို အသိမ်းခံရတာ ရှိပါတယ်။ လယ်လုပ်တဲ့သူတွေမှာ ဘာတခုမှ ငြင်းပယ်နိုင်ခွင့်မရှိပါ။ အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီက ဖြစ်ဖြစ် သူတို့တောင်းတဲ့လယ်ယာမြေတွေကို သူတို့ပေးတဲ့ငွေနဲ့ရောင်းစားနေကြရတယ်။ အဲဒီ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အရေး ဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်၊ ဂတ်စ်ဖြစ်ဖြစ် ဘာတခုမှ ကျန်မှာမဟုတ်ပါ။ ဒီကထွက်တဲ့ဂတ်စ် တချို့တ၀က်ကို အစိုးရနဲ့ ဆက်စပ်တဲ့ စီးပွားရေး သမားတွေရဲ့ စက်ရုံအလုပ်ရုံကို ပံ့ပိုးမှာဖြစ်ပြီးတော့ ကျန်တာတွေကို တရုတ်ကိုရောင်းဖို့ ဖြစ်ပါတယ်။ ဒေသခံတွေမှာတော့ ဘိုးဘွားစဉ်ဆက်ပိုင် လယ်ယာမြေတွေ အပါအ၀င် လုပ်ကိုင်စား သောက်တဲ့ အခွင့်အလမ်းတွေ ပျက်သွားရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပြင် လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ ပျောက်ကွယ်သွားဖို့ အခြေအနေဘဲ ရှိပါတယ်။”

——————————————————————-

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အကျဉ်း

“ရွှေ” သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာမှ စီးပွားဖြစ်သဘာဝဓာတ်ငွေ့သိုက် “ရွှေ” ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိဖို့ဖြစ်ပါပြီး အဆိုပါ ၀င်ငွေများထဲမှ တချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် သုံးစွဲသင့်ကြောင်း ရခိုင်အမျိုးသား များက ယုံကြည်နေကြသည့်အချိန်တွင် ယခုကဲ့သို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရခိုင်ပြည်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်အတွက်အသုံးစွဲရန် အစီအစဉ်မရှိဟု ပြောဆို လိုက်သည့်အပေါ် ရခိုင်ပြည်သူများ အထူး မကျေနပ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။

နိရဉ္စရာ    http://www.narinjara.com/detailsbur.asp?id=3518

AAT

စပါးဈေးမြင့်တက်နေသောကြောင့် ဆန်ဈေးများလည်း မြင့်တက်လာ

အောင်ကိုကိုလတ်(မြစ်မခ)

အောက်တိုဘာ ၁၊ ရန်ကုန်မြို့။

စပါးထွက်ရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဒေသများအပါအ၀င်  နယ်ဒေသများတွင် စပါးဈေးနူန်မှာလည်း မြင့်တက်နေသောကြောင့်ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိဆန် ဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်သည်များထံမှသိရှိရသည်။

စပါးထွက်ရှိရာ နယ်ဒေသများတွင်  စက်တင်ဘာလပိုင်းတွင် ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးများမှာ တင်း ၁၀၀ လျှင် ငါးသိန်းလောက်ထိ ပေါက်ဈေးရှိခဲ့ပြီး၊ ယခုအခါ နယ်စပါးလှောင်လက်များက အများအပြား ၀ယ်ယူလာကြသောကြောင့်ကျပ်ငါးသိန်း၅ သောင်းကျော်မှကျပ်၆သိန်းအထိ ဈေးကောင်းရရှိနေကြောင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင်း ရှိစပါးစိုက်တောင်သူများ ထံမှသိရသည်။

“အခုစပါးဈေးက အနောအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်း ၅ သောင်းလောက် ထိရှိတယ်။ အဲဒီစပါးဆို ဆန်စက်မှာ ၂၄ ပြည်ဝင်ဆန်တစ်အိတ်ကို ကျပ် သုံးသောင်းလောက်ထိဈေးရလာတယ် ” ဟု ပဲခူးမြို့မှ  ဆန်စက်လုပ်ငန်းရှင် ဦးငွေလှိုင် ကပြောသည်။

နယ်ဈေးကွက်များတွင် ဆန်ချောစပါးတင်းတစ်ရာလျှင် ယခင်လက ကျပ် ၆ သိန်းခန့်ရှိရာမှ ယခုအခါ ကျပ် ၇သိန်း သိန်းဝန်းကျင်ခန့်ရှိပြီး  ဆန်ကြမ်းဧမထဈေးမှာ ယခင်လက ကျပ် ၄သိန်း ၅ သောင်းဈေးမှ ယခု တင်းတစ်ရာလျှင် ကျပ် ၅ သိန်း ၀န်းကျင်ခန့် အထိဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“စပါးရိတ်ချိန်ကဆို ကျွန်တော်ရောင်းတာ ကျပ် ၃သိန်း ၅သောင်းလောက်ပဲရှိတယ်။ အခုစပါးကကောင်းလာ တယ်။ အခုဆိုရင် ကျပ်လေးသိန်း- ငါးသိန်းအတက်မှာရှိလာတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးမင်းဆွေ ကပြောသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် လယ်ကွင်းများ ရေမြှုပ်ပြီး ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့သည့် အတွက် စပါးရှားပြီး ဈေးကောင်းနေခြင်းဖြစ်ကြောင်း ဦးမင်းဆွေက ပြောသည်။

`ကားတွေ တန်ပိုသတ်မှတ်ပြီး သယ်စရိတ်လည်းတက်လာတယ်။ နောက် နယ်တွေမှာလည်း စပါးဈေးကတက်လာတော့ ဆန်ဈေးကွက်မှာပါ ဈေးတက်လာတယ်။ နယ်ကယူဈေးကိုက တစ်အိတ်ကို ကျပ် ၂၄၀၀၀ လောက်ရှိတယ် ကျွန်တော်တို့ ရောင်းတော့ ဆန်ကြမ်းကို တအိတ် ၂ သာင်း ၈ထောင်နဲ့ လက်ကားပေးရတယ်၊ လက်လီဆိုင်တွေမှာတော့ပိုဆိုးမှာပေါ့ဟု ”ဟု ရန်ကုန်မြို့၊ဘုရင့်နောင်မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့်လည်း ဆန်ဈေးမှာ ယခင်ကထက် ပိုပြီး မြင့်တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဘုရင့်နောင်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်၂၂၀၀၀  ၀န်းကျင့်ခန့်သာ ရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၀န်းကျင့်ခန့်မှ ကျပ် ၃သောင်းကျော် အထိရှိလာကြောင်း၊ ဆန်ချောဈေးမှာလည်း စက်တင်ဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၈၀၀၀ ၀န်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ ၀န်းကျင်ခန့်အထိမြင့် တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်

http://luungalarrmhan.blogspot.com/2011/10/blog-post.html

AAT

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဒေသခံများ ကြိုဆို

ဧရာဝတီ Thursday, 07 July 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ပုဂံမြို့သစ်သို့ ရောက်ရှိစဉ် လာရောက်တွေ့ဆုံ နှုတ်ဆက်သည့် ရာနှင့်ချီသည့် ပြည်သူများကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စကားပြောဆို နှုတ်ဆက် သဖြင့် ဒေသခံများမှာ ၀မ်းသာပျော်ရွှင်လျက်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည် ပုဂံဒေသခံများကို နှုတ်ခွန်းဆက်စကား ပြောစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက ပုပ္ပားဒေသသို့သွား ရောက်လည်ပတ်ပြီးနောက် ထိုနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုဂံမြို့သစ်အတွင်းရှိ “ဦးဘငြိမ်း” မြန်မာ့လက်မှုပစ္စည်း အရောင်းဆိုင်နှင့် Bagan House မြန်မာ့ လက်မှုပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်လည်ပတ်စဉ် ဒေသခံများက အားပါးတရ နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ဦးဘငြိမ်း အရောင်းဆိုင် ရောက်လာကတည်းက ပုဂံမြို့ခံများက သိရှိသွားပြီး ဆိုင်ကယ်များ၊ ဆိုက်ကားများဖြင့် လည်းကောင်း ခြေလျှင် လျှောက်၍၊ ပြေး၍လည်းကောင်း လာကြည့်ကြကြောင်း၊ အစပိုင်းတွင် အရပ်ဝတ်ရဲများက ကင်မရာနှင့် လိုက်ရိုက် သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနားသို့ မသွားရဲကြသော်လည်း ဦးဘငြိမ်းဆိုင်ထဲမှ ကား ထွက်သွားသည့်အချိန်တွင် နောက်မှ ပြေးလိုက်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ပုဂံမြို့သစ် ဒေသခံတဦးက ပြောသည်။

ယင်းနောက် ဦးဘငြိမ်း အရောင်းဆိုင်နှင့် အနည်းငယ်ကွာဝေးသော Bagan House မြန်မာ့ယွန်းထည်နှင့် လက်မှုပစ္စည်း အရောင်းဆိုင်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ပစ္စည်းဝယ်ယူနေချိန်တွင် ဒေသခံ အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းနောက်သို့ ပြေးလိုက်လာကြပြီး Bagan House လက်မှုပစ္စည်း အရောင်းဆိုင် ခြံဝန်းရှေ့တွင် မိနစ် ၂၀ ကျော်ကြာအထိ ၎င်းပြန်ထွက်အလာကို စောင့်ဆိုင်းခဲ့ကြသည်။

“လူတွေက ဦးဘငြိမ်းဆိုင်မှာ မနှုတ်ဆက်လိုက်ရတော့ အတင်းလိုက်လာတယ်။ ဒီတခါကျတော့ ဒေါ်အောင်ဆန်းစုကြည် ကားထွက်မယ့် လမ်းမကို ပိတ်ရပ်ပြီး နှုတ်ဆက်ဖို့စောင့်ကြတာ။ အနည်းဆုံး လူအုပ်က နှစ်ရာ၊ သုံးရာလောက် ရှိမယ်” ဟု ပုဂံမြို့သစ်တွင် ဆိုင်ကယ် ကယ်ရီ ပြေးဆွဲနေသူ မြို့ ခံတဦးက ပြောသည်။လူအုပ်က “အမေစု” ဟု အော်ဟစ် နှုတ်ဆက်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်က Bagan House လက်မှုပစ္စည်း အရောင်းဆိုင်ခြံဝန်းရှေ့မှ လူထုကို ပထမဆုံးအကြိမ်အဖြစ် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ ပုဂံဒေသခံများ ၀မ်းသာ ပျော်ရွှင်ကြသည်ဟု သိရသည်။

“အခုက သားအတွက်လာတဲ့ အလည်အပတ် ခရီးစဉ်မို့လို့၊ နောက်တကြိမ်ပုဂံကို လာဦးမယ်။ အဲဒီအခါကျရင် စကားတွေ အများကြီးပြောမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအကြိမ်အဖြစ် ပုဂံဒေသခံများကို နှုတ်ခွန်းဆက်စကား ပြောဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်ကို အားပါးတရ နှုတ်ဆက်နေသည့် ပုဂံဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

သားငယ်နှင့်အတူ ပုဂံဘုရားဖူး အလည်အပတ် ခရီးစဉ်သွားရောက်သည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်က လူထုကို နိုင်ငံရေးစကားတခွန်းမျှ ပြောကြားခြင်းမရှိဘဲ နှုတ်ခွန်းဆက်ခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ခံများကို နှုတ်ခွန်းဆက်ချိန်တွင် ပုဂံလူထုက နောက်တခေါက် ပြန်လာရန် ဖိတ်ခေါ် လိုက်ကြပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ပြိုင်တူ အော်ဟစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကားထွက်ခွာရာ နောက်သို့ ပြေးလိုက် နှုတ်ဆက်ကြသည်။

“တို့သမီး (ဒေါ်အောင်ဆန်းစုကြည်) ကို နှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်။ သူ့သားနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတာ ကျေနပ်တယ်။ သမီးကလွဲရင် ဒီနိုင်ငံကို ဘယ်သူကမှ စုစည်း ညီညွတ်အောင် မလုပ်နိုင်ကြဘူး” ဟု ပုဂံမြို့သစ်မှ အသက် ၇၀ ကျော်အရွယ် ပန်းသည် အဘွားအိုတဦးက ဆိုသည်။နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် ပုဂံဒေသသို့ လာသောကြောင့် အလွန်ဝမ်းသာ ကျေနပ်ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။

“ကျေနပ်တယ်။ အမေစု လာမယ်ဆိုတာ သိကတည်းက ၀မ်းသာနေကြတာ။ အားလုံးပဲ။ အာဏာပိုင်တွေကို ကြောက်တဲ့ ကြားထဲက အမေစုကို သွားပြီး နှုတ်ဆက်ကြတာ” ဟု ညောင်ဦးမြို့မှ စက်သုံးဆီ ရောင်းဝယ်ရေး ပိုင်ရှင်တဦးက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည် ပုဂံတွင် နေထိုင်ပြီး ဘုရားဖူးအလည်အပတ် ခရီးထွက်ချိန် ကားတန်းများနှင့် သွားလာသည့် အချိန်တိုင်း လမ်းမပေါ်မှ ဒေသခံများက လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၄ ရက်နေ့က ပုဂံသို့ရောက်ရှိခဲ့ပြီး ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ်အဲရစ်တို့ရဲ့ ပုဂံ ခရီးစဉ်ဟာ မနက်ဖြန်ဆို ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ပုဂ္ဂလိက ခရီးစဉ် ဖြစ်တာကြောင့် ဒီခရီးမှာ လူထုကို နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာစကားမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပုဂံ ပြည်သူလူထု ကတော့ ဒေါ်အောင်ဆန်းစုကြည် သွားရာနောက်ကို တကောက်ကောက်လိုက်ပြီး နှုတ်ဆက်ကြ လက်ဝှေ့ယမ်းပြကြနဲ့ အားပါးတရ ရှိလှပါတယ်။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပုဂံဒေသခံတွေကို နှုတ်ဆက်စကား ပြန်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက်စကားကို ကြားတဲ့အချိန်မှာ ပုဂံ ဒေသခံတွေဟာ တော်တော်လေး ဝမ်းမြောက်ပျော်ရွှင်သွားကြတယ်လို့ သိရပါတယ်။ ဒီ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့သားငယ်အတွက် သွားပေးခဲ့တဲ့ ခရီးစဉ်လို့ ဆိုပါတယ်။ နောက်တခေါက် ပုဂံကို လာဦးမယ် လို့လည်း သူ ကတိပေးခဲ့ပါတယ်။ အဲဒီအခေါက်ကျရင်တော့ လူထုကို ဘာစကားတွေ ပြောမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူ့ရဲ့ NLD အဖွဲ့ဝင်တချို့ကတော့ သူအခုလို ခရီးထွက်လာတာ အရဲကိုးလွန်းတယ်၊ အန္တရာယ်ကြီးတယ်လို့ ဝေဖန်ကြပါတယ်။

တချို့ကျတော့ သူ ဒီလို ထွက်လာတာကို သဘောကျကြပါတယ်။ နိုင်ငံရေးကိစ္စ မဟုတ်ပေမယ့် လူထုကြားထဲကို သွားလိုက်တဲ့အတွက် လူထုရဲ့ သူ့အပေါ် တုန့်ပြန်မှု ဘယ်လိုရှိနိုင်တယ် ဆိုတာကို မှန်းဆကြည့်လို့ရတယ်လို့လည်း တချို့က ပြောကြတယ်။ တချို့ကျတော့လည်း ဒီပဲယင်း အဖြစ်အပျက်ကို မမေ့နိုင်ကြသေးဘူး၊ သူ့အသက်အန္တရာယ်အတွက် တော်တော်လေး စိုးရိမ်ကြတယ်၊ တချို့ကျတော့ ဒီပဲယင်း ခေတ်တုန်းကလို မဟုတ်တော့ဘူး၊ သတင်းသမားတွေက သူ့နောက်မှာ တကောက်ကောက် ပါနေတယ်၊ သူ့အပေါ် ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ မရတော့တဲ့အတွက် အခုလို လူထုကြားကို ထွက်လာတာ ကောင်းတယ်လို့ ပြောဆိုကြတယ်။

ဓာတ်ပုံတွေအရတော့ သူဟာ ဒီခရီးကို သားငယ်နဲ့အတူ ထွက်လာရတဲ့အပေါ် တော်တော်ပျော်ရွှင်နေပုံရတယ် (သတင်းထောက် တချို့ရဲ့ အလိုက်မသိမှုကြောင့် အနည်းအကျဉ်း စိတ်အနှောင့်အယှက် ဖြစ်ရတာက လွဲလို့ပေါ့)။ သားဖြစ်သူကို မြစေတီ ကျောက်စာအကြောင်း ရှင်းပြ၊ ပုဂံဘုရားတွေအကြောင်းပြောပြ၊ ဘုရားကို အတူဖူးကြနဲ့ မြင်ရတာကိုက စိတ်ချမ်းသာစရာ ကောင်းပါတယ်။

အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးမထွက်ခင်က သတင်းစာထဲမှာ ရက်ဆက်ဆိုသလို ခြိမ်းခြောက်တဲ့ စကားတွေနဲ့ နှုတ်သီးကောင်း လျှာပါး ရန်တွေ့ခဲ့ပေမယ့် ခုတလောမှာတော့ နည်းနည်းငြိမ်နေပါတယ်။ ခရီးစဉ်တလျှောက်မှာလည်း နှောင့်ယှက် တာမျိုး မရှိပေမယ့် အရပ်ဝတ်ရဲတွေက ဓာတ်ပုံရိုက်တယ်လို့တော့ သိရတယ်။ သူ တခြားဒေသတွေကို သွားမယ်ဆိုရင်လည်း ဒေသခံ ဝန်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထု တိုက်ရိုက် ထိတွေ့ခွင့်မရအောင် ဒေသခံ ဝန်ကြီးတွေက နည်းပရိယာယ်တွေ ကြိုဆင်ထားတယ်လို့လည်း ကြားရတယ် (ဥပမာ – သူသွားမယ့်မြို့နယ်မှာ လူထု မတက်မနေရ ဟောပြောပွဲတွေ လုပ်တာမျိုးပေါ့)

ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပါပြီ။ အခု ပုဂ္ဂလိက ခရီးစဉ်ဟာ သူ့ရဲ့ နိုင်ငံရေးခရီးစဉ်အကြို စမ်းသပ်မှုလား ဆိုတာတော့ မေးစရာရှိပါတယ်။ အဲဒီလိုဆိုရင်တော့ သူ့ခရီးစဉ် အောင်မြင်တယ်လို့ ဆိုရမှာပါ။

AAT

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

ကြာသပတေးနေ့၊ ဇွန်လ 30 ရက် 2011 စောသိန်းမြင့် – ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင်ဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု သိရသည်။



နအဖ အရာရှိများက ဗိုလ်မှူးမုတ်သုန်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲနေစဉ်

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင်လူနေအိမ်တစ် လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေဆူညံ နေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကိုပေါ်တာလိုက် လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကိုဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းက အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း၊ နောက်တန်းမှတပ်ရင်းတပ်ဖွဲ့များအားလုံး ကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀ကျော် ထုတ်ယူကာ နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟုစစ် ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

AAT

John McCain ခရီးစဉ်အပေါ် မြန်မာအစိုးရ တုံ့ပြန်မှု ထူးခြား

John McCain ခရီးစဉ်အပေါ် မြန်မာအစိုးရ တုံ့ပြန်မှု ထူးခြား

2011-06-04

မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ ခရီးစဉ်အပြီး မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပိုကောင်းဖို့ဆိုရင် လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပထမ အရေးအကြီးဆုံး အချက်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ နောက် ခြေလှမ်းတခုက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ပါသလို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အာမ, ခံပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ် ပြုဖို့၊ နောက်ဆုံးအချက်ကတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ အပါအဝင် နျူကလီယား မပြန့်ပွားရေး ကုလသမဂ္ဂ ပိတ်ဆို့ အရေးယူမှုတွေကို လိုက်နာဖို့ … စတဲ့အချက်တွေ ဖြစ်တယ်လို့ မစ္စတာမက်ကိန်းက ထောက်ပြပါတယ်။

တဖြည်းဖြည်းချင်း ပြောင်းလဲတာကို မလုပ်ဆောင်တဲ့ အစိုးရတွေဟာ နောင်တချိန်မှာ တော်လှန်ရေးနဲ့ ပြောင်းလဲတာကို ကြုံရမှာပဲ ဖြစ်ကြောင်း၊ ဒီအပြောင်းအလဲ ဆိုတာကို ခဏ ဆိုင်းထားလို့၊ ရွှေ့ထားလို့ ရကောင်းရပေမယ့် ငြင်းလို့တော့ မရဘူးလို့လည်း မစ္စတာမက်ကိန်းက သတိပေးထားပါတယ်။ အခုချိန်မှာ အပြောင်းအလဲဆိုတဲ့ လေပြင်းတိုက်နေပြီး ဒါဟာ အာရပ်ကမ္ဘာ တခုတည်းမှာပဲ ဖြစ်နေမှာ မဟုတ်ဘဲ အပြောင်းအလဲ မလုပ်တဲ့ အစိုးရတိုင်းဆီကို ရောက်လာနိုင်ပါတယ်လို့လည်း ကြေညာချက်မှာ မြန်မာအစိုးရသစ်ကို သတိပေးထားပါတယ်။

ဒီကြေညာချက် ထုတ်ပြန်လိုက်တဲ့ တနေ့တည်းမှာပဲ မြန်မာအစိုးရ သတင်းစာတွေကလည်း မစ္စတာမက်ကိန်းနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးတာကို အစိုးရ သတင်းမီဒီယာတွေကနေ တခမ်းတနား ဖော်ပြလိုက်ပါတယ်။

တနေ့တည်း တရက်တည်းမှာ ထုတ်ပြန်တဲ့ မစ္စတာမက်ကိန်းရဲ့ ကြေညာချက်နဲ့ အစိုးရသတင်းစာ ဖော်ပြချက်တွေအကြောင်း RFA က ဦးကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Burma Insight: 01 June 2011

Yangon, June 1 — Soon after his arrival in Nay Pyi Taw this morning, US Senator John McCain held extensive talks with Myanmar Foreign Minister U Wunna Maung Lwin at Myanmar Ministry of Foreign Affairs, Myanmar government sources said.

Following this talks, John McCain is scheduled to hold talks with Vice-President of Myanmar Thiha Thura U Tin Aung Myint Oo at 2:25 pm at the Vice-President office in Nay Pyi Taw.

The US Senator is also scheduled to hold separate talks with the Speaker of Amyotha Hluttaw ( House of Nationalities ) U Khin Aung Myint and Speaker of Pyithu Hluttaw ( House of Representatives ) Thura U Shwe Mann this afternoon in Nay Pyi Taw before he flies to Yangon this evening.

John McCain, who unsuccessfully ran against Barack Obama for President in 2008, is here on a three-day official visit. His visit follows just about 11 days after the high-profile visit to Myanmar of US Deputy Assistant Secretary of State for East Asian and Pacific Affairs Joseph Yun.

Though the real purpose of John McCain’s visit was neither officially announced by McCain’s office nor by the Myanmar government, an Embassy source said McCain, who has been known to be a fierce critic of Myanmar military junta that ruled the country from 1988 to 2010 before passing power to an elected government after General Elections in November, has come here to assess the change and the direction of the new government.

The same source said John McCain in his talks with Myanmar government officials will press hard for the release of political prisoners, who numbered about over 2000.

John McCain, who is to fly into Yangon this evening, is due to hold talks with General Secretary of the disbanded National League for Democracy ( NLD ) Aung San Suu Kyi tomorrow afternoon.

This will be John McCain’s second meeting with Aung San Suu Kyi. McCain first met Aung San Suu Kyi while she was under detention in her home in 1990s.

According to NLD spokesman U Nyan Win, McCain will also hold separate talks with Central Executive Committee members of the NLD at the NLD head office tomorrow.

Apart from that McCain also kept separate time to hold series of meetings with a wide range of political parties that contested in the November 2010 General Elections.

http://www.bdcburma.org/NewsDetails.asp?id=848

**

IMF အကြီးအကဲ လိင်စော်ကားမှု အာမခံမရ

IMF အကြီးအကဲ လိင်စော်ကားမှု အာမခံမရ

By ဗွီအိုအေ (မြန်မာဌာန)  တနင်္လာ, 16 မေ 2011

တရားရုံးတွင် တွေ့ရသည့် IMF အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း။

ဓာတ်ပုံ Reuters

တရားရုံးတွင် တွေ့ရသည့် IMF အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း။ မေ ၁၆၊ ၂၀၁၁။

နယူးယောက်မြို့ မန်ဟက်တန် ဟိုတယ်က အမျိုးသမီး ၀န်ထမ်းတယောက်ကို မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲကို နယူးယောက် တရားရုံးက အာမခံမပေးဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။

IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဟာ အတော်လေး ပင်ပန်း နွမ်းနယ်တဲ့ပုံနဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကို ကြားနာဖို့ တရားရုံးမှာ တနင်္လာနေ့က ရောက်နေတဲ့အချိန် အခုလို ဆုံးဖြတ်ချက် ချလိုက်တာပါ။

ပြင်သစ်နိုင်ငံက သူ့နိုင်ငံသား ရာဇ၀တ်ကောင်တွေကို တခြားနိုင်ငံကို ပြန်မပို့တဲ့ တည်ဆဲဥပဒေ ရှိနေတာကြောင့် ဒိုမိနစ်ခ် စထရော့စ်ခန်းကို အမေရိကန်ကနေ ပြည်ပကို ထွက်ခွင့်ပြုလိုက်ရင် သူ့အမှုကို ရင်ဆိုင်ဖို့ ပြန်ရောက်လာတော့မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံကို တရားလိုဘက်က တင်ပြလာတာကြောင့် တရားရုံးက အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။

ဒိုမိနစ်ခ် စထရော့စ်ခန်းရဲ့ ရှေ့နေတွေကတော့ သူတို့အမှုသည်မှာ အပြစ်မရှိဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ နောက်တရားရုံးချိန်းရက်ဟာ သောကြာနေ့ ဖြစ်ပါတယ်။

သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားမှု၊ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ရာဇ၀တ်မှုမြောက်တဲ့ ဗလက္ကာရပြုဖို့ ကြိုးစားမှု အပါအ၀င် တခြား ကျူးလွန်ချက်တွေနဲ့ စွဲဆိုထားတာပါ။ သူ့မှာ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံရနိုင်ပါတယ်။

တညကို အမေရိကန်ဒေါ်လာ ၃,၀၀၀ တန်တဲ့ သူ့ရဲ့ ဇိမ်ခံတည်းခိုခန်းကို သန့်ရှင်းရေးလုပ်ဖို့ လာတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၀န်ထမ်းကို စနေနေ့ နေ့လယ်ပိုင်းတုန်းမှာ ဒိုမိနစ်ခ် စထရော့စ်ခန်းက မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်လို့ တိုင်ခဲ့တဲ့အကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

နယူးယောက်ကနေ ပဲရစ်ကို ပျံသန်းခါနီး ပြင်သစ်လေကြောင်းလိုင်း လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ ဒိုမိနစ်ခ် စထရော့စ်ခန်းကို အာဏာပိုင်တွေက စနေနေ့ ညနေပိုင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

ကုန်ဈေးနှုန်းတက်လို့ ဆင်းရဲတွင်းနက်နိုင်

By ဗွီအိုအေ (မြန်မာဌာန)  အင်္ဂါ, 26 ဧပြီ 2011

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က အစားအသောက် ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်ကုန်တာကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နက်ရှိုင်းတဲ့ ဆင်းရဲတွင်းထဲကို ကျရောက်သွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

မနီလာအခြေစိုက် ငွေထုတ်ချေးတဲ့ အဖွဲ့ကြီးက ကမ္ဘာ့အစားအစာဈေး ဖောင်းပွမှုနဲ့ ဖွံ့ဖြိုးဆဲအာရှလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန်ရာမှာ ဒီနှစ် အစပိုင်းတွေထဲမှာ ဒေသတွင်း စီးပွားရေး အတော်များများမှာ ပြည်တွင်း အစားအစာဈေး ဖောင်းပွမှုနှုန်းဟာ ပျမ်းမျှခြင်းအားဖြင့် ၁၀% ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှုန်းထားအတိုင်း ဆက်တက်နေမယ် ဆိုရင်တော့ နောက်ထပ် လူသန်းပေါင်း ၆၄ သန်းရဲ့ ၀င်ငွေတွေဟာ ပြင်းထန်တဲ့ ဆင်းရဲမှု သတ်မှတ်ချက်ဖြစ်တဲ့ တနေ့ကို ၁.၂၅ ဒေါ်လာအောက် ကျသွားမယ်လို့ ဒီဘဏ်ကြီးက ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာကပဲ မြင့်မားလာနေတဲ့ အစားအစာဈေးတွေအပြင် ရေနံစိမ်းဈေး ရုတ်တရက် မြင့်တက်ကုန်တာပါ တွဲလိုက်ရင်တော့ အာရှစီးပွားရေး တခုလုံးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေမယ့် အန္တရာယ် ရှိနေပြီလို့ သတိပေးလိုက်ပါတယ်။

လူငယ်ကွန်ယက်လှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာများ ပါဝင်ဖို့ NLD တိုက်တွန်း

2011-04-22

မြန်မာ လူငယ်ကွန်ယက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ…’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“အဲဒီဥစ္စာက လူငယ်ကွန်ယက်ကလည်း လုပ်တယ်။ ကျနော်တို့ကိုလည်း ပြတော့ ကျနော်တို့က သဘောကျတယ်၊ သဘောလည်း တူတယ်။ ဒါကြောင့် သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ဝိုင်းလုပ်နေကြတယ်။ ကျနော်တို့ အင်တာနက်ထဲမှာ အဲဒီက ပုံစံ ဆွဲထုတ်ပြီး လက်မှတ်ထိုးလို့ရအောင် တင်ထားပြီးပါပြီ။ လက်မှတ်ထိုးတဲ့ အရေအတွက်တော့ ကျနော်တို့ လိုချင်တယ်”

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအဝင် မြန်မာ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပြည်ပရောက် မြန်မာတွေ မိမိနိုင်ငံကို အေးချမ်းစွာ ပြန်လာနိုင်ရေး ဆိုတဲ့ အချက် (၃) ချက်ကို နိုင်ငံတော်သမ္မတ အနေနဲ့ ဖြေရှင်းပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို လူငယ်ကွန်ယက်အဖွဲ့တွေက တိုင်းနဲ့ ပြည်နယ်အလိုက် ပြုလုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာတွေ ပါဝင်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

သမ္မတဆီ ပေးပို့မယ့် စာနမူနာပုံစံနဲ့ လက်မှတ်ထိုးရမယ့် ပုံစံကိုလဲ NLD Website မှာ ဖော်ပြထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စုဆောင်းရရှိတဲ့ လက်မှတ်တွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေက တဆင့် နိုင်ငံတော်သမ္မတဆီ ပေးပို့ကြဖို့ NLD က တိုက်တွန်းထားပြီး ရရှိတဲ့ လက်မှတ် အရေအတွက်ကိုလည်း NLD ရုံးချုပ်ကို အကြောင်းကြားပါလို့ ဆိုပါတယ်။

အခု လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပါဝင် လက်မှတ်ထိုးပြီးပြီလို့ RFA က တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အမေးအဖြေကဏ္ဍမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

 ယူကေကျောင်းသားဗီဇာပါ ဘဏ်စာရင်းမှာ အစစ်အမှန် ဖြစ်ကြောင်း ၀န်ခံကတိ ပြုရမည့်အပြင် ဘဏ်များကို မှတ်တမ်းတင် စိစစ်မည်

ယူကေရှိ တက္ကသိုလ်၊ ကောလိပ်များသို့ တက်ရန် ကျောင်းသားဗီဇာ လျှောက်ထားမည့် မြန်မာများမှာ မိမိဘဏ်စာရင်းမှာ အစစ်အမှန်ဖြစ်ကြောင်း ၀န်ခံကတိပြုရမည့်အပြင် ဘဏ်များကိုလည်း အသေးစိတ် မှတ်တမ်းတင် စိစစ်သွားမည် ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့က UK Border Agency ထုတ်ပြန်ချက်အသစ်တွင် ပါရှိသည်။

                                                                          London School of Commerce Campus အား တွေ့ရစဉ်

ယင်းကဲ့သို့ ကျောင်းသားဗီဇာ လျှောက်ထားမှု ကန့်သတ်တင်းကြပ်ရခြင်းမှာ ၂၀၀၉ ခုနှစ်က ကျောင်းသား ဗီဇာအပေါ် အလွဲသုံးမှုများ ပြုလုပ်ကာ နိုင်ငံတွင်း နေထိုင်ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ခြင်းနှင့် ယူကေကျောင်းသားဗီဇာ ပြုပြင်ပြောင်းလဲခြင်း စည်း မျဉ်းသစ်များကိုမူ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် စတင်မည် ဖြစ်ကြောင်း UK Border Agency ၏ တရားဝင်ထုတ် ပြန်ချက်များ အရ သိရှိရပါသည်။

မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ကျောင်းသားဗီဇာကြေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှ ဗီဇာစတင် လျှောက်ထားသည့်စနစ် စတင်ခဲ့ရာ ဘဏ်စာရင်း ပြသရာတွင်လည်း အစစ်အမှန် ဖြစ်ကြောင်း ထပ်မံ ၀န်ခံကတိပြုချက်များ ပါဝင်လာသည့်အပြင် ယင်းဘဏ်များကိုလည်း အသေးစိတ် မှတ်တမ်းတင် စိစစ်သွားမည် ဖြစ်ကြောင်း ကြေညာချက်အသစ်တွင် ပါရှိခဲ့သည်ဟု သိရသည်။

မြန်မာကျောင်းသားများ၏ ဘဏ်စာရင်း ပြသရမှုမှာ မိမိတက်ရောက်မည့် ကျောင်း၏ဘာသာရပ် အလိုက် ကုန်ကျစရိတ်များထဲမှ တစ်နှစ်စာအား အကြမ်းဖျင်း ပြသကြရပြီး ပုဂ္ဂလိကဘဏ်များ၌ ငွေစာရင်း အပ်နှံထားကြောင်း ပြသခြင်းထက် အစိုးရဘဏ်များတွင် ပြသခြင်းမှာ ဗီဇာရရှိရန် ပိုမို သေချာစေသည်ဟု ယူကေ ပညာရေးဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ပြောင်းလဲမည့် ကျောင်းသားဗီဇာ စည်းမျဉ်းသစ်တွင် ဒီဂရီတက်ရောက်မည့် ကျောင်းသား၏ အင်္ဂလိပ်စာ အရည်အချင်းမှာ (B2 Level – IELTS 5.5 နှင့် 6.5) အကြား ရှိထားသူများ၊ ထို့ပြင် တက္ကသိုလ်များ၏ အသိအမှတ် ပြုထားသည့် လုပ်ငန်း နေရာများ၌သာ ကျောင်းတက်စဉ် အချိန်ပိုင်း အလုပ်လုပ်ခွင့် ရှိခြင်း၊ မိမိ လျှောက်ထားသည့်ကျောင်းမှာ UKBA ၏ Highyly Trusted Sponsor ရရှိထားသည့် ကျောင်းများ၌ လျှောက်ထားမှသာ ဗီဇာရရှိရန် လွယ်ကူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

”ကိုယ်ပြသထားတဲ့ ဘဏ်စာရင်းအတိုင်း မှန်ကန်မှု ရှိမရှိကို ပိုအလေးထား စိစစ်လိမ့်မယ်။ ကျောင်းတက်မယ့် သူတွေအနေနဲ့ UKBA ရဲ့ မူဝါဒ ချမှတ်ထားတဲ့ ဘောင်အတွင်းကနေ ပြုလုပ်နိုင်တယ် ဆိုပေမယ့် ပြသမယ့် ဘဏ်ငွေစာရင်းနဲ့ ပတ်သက်လို့ မှတ်တမ်းတင် စောင့်ကြည့်သွားမယ် ဆိုတဲ့ အချက်အသစ်တွေလည်း ပါဝင်လာတယ်”ဟု Crown Education မှ ဦးအောင်ကျော်ဆန်းက ဆိုသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=7992:2011-04-10-13-33-56&catid=42:2009-11-10-07-36-59&Itemid=112

**

Follow

Get every new post delivered to your Inbox.

Join 996 other followers