ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

Eleven Media Group

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံး ခု တင်သွင်းခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရပါသည်။

ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။ ထိုသို့တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီးဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန်မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။

ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်းမီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို သာမက လူခုနစ်ယောက်ကို ပုဒ်မ ၅၀၀ နဲ့ လွယ်လင့်တကူ ကောက်စွဲခဲ့တာကို ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ ဒါဒီ တစ်ခုထဲ မဟုတ်ပါဘူး။ နောက်ထပ် အများကြီးပါပဲ။ တော်တော်များများ က သတင်းမီဒီယာတွေကို တရားစွဲ လိုက်ရင် သတင်းမီဒီယာတွေကို လွယ်လင့်တကူ ပုဒ်မ ၅၀၀အသုံးပြုပြီး စွဲတဲ့အခါမှာ ကျန်တဲ့ဥပဒေအရ ဆောင်ရွက်တာကို ဝေဖန်စရာမရှိပါဘူး။ သို့သော် အခုဖြစ်ပျက်နေတဲ့ အခြေအနေက ဒီနေရာတွေဟာ ငွေ  ထွက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တချို့သော တရားစီရင်ရေး နယ်ပယ်နဲ့ ဒီနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေက ဒီပုဒ်မကိုသုံးပြီး လွယ်လင့်တကူ တရားစွဲလာတာကို တွေ့ရတယ်။ အဲဒီတော့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံအတွက် လူထုအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို တင်ပြရမယ့်အစား တရားရုံးရဲ့ဝက်ခြံလေးထဲမှာပဲ နာမည်ကြီး သတင်းမီဒီယာသမားတွေ သွားပြီး ထိုင်နေရပါတယ်။ နောက်တစ်ချက် အခုအချိန် မှာ သတင်းမီဒီယာဥပဒေ ထွက်လာတော့မယ့်အချိန်မှာ သတင်းရယူရေးသား ဖော်ပြခြင်းအတွက် ဘယ်သတင်းသမား၊ ဘယ်သတင်းမီဒီယာ လုပ်ငန်းကိုမဆို တရားစွဲတော့မယ် ဆိုရင် ပြစ်မှုကြောင်းနဲ့စွဲတာ ခေတ်မမီတော့ပါဘူး။ ခုနက အသရေ ဖျက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့် ကို လုံးဝပယ်ဖျက်ဖို့ တင်ပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်ရှိပါတယ်။ တရားမ နစ်နာမှုဥပဒေနဲ့ ငွေသိန်း သန်းကုဋေချီပြီး တောင်းနိုင်ပါတယ်။ ဒီလိုပါပဲ သီးခြားသက်သာခွင့် ဥပဒေများနဲ့လည်း အရေးယူနိုင်ပါတယ်။ အဲဒီတော့ ၁၉ ရာစုက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၀ နဲ့ပဲ ၂၁ ရာစု သတင်းမီဒီယာသမားများကို ဆက်လက်တရား စွဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ အရေးကြီးတဲ့ကာလမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာမျိုးပဲ ရှိမလဲဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လေ့လာဆန်းစစ်နိုင်ဖို့ တင်ပြလို ပါတယ်။ သတင်းသမားများ သာမက သာမန်ပြည်သူတွေ အတွင်းမှာလည်း ပြစ်မှုကြောင်းကို သုံးပြီး တရားစီရင်ရေးယန္တရားကို အလွဲသုံးစား လုပ်နေတာကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ နိုင်ငံတကာမှာ တရားမနစ်နာမှုနဲ့ အရေးယူနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့မှာ အခုထက်ထိ ပြစ်မှုကြောင်း နယ်ပယ်မှာပြဋ္ဌာန်းပြီး အရေးယူနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် ၁၈၆၁ က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ အခန်း ၂၁ မှာပါ တဲ့အသရေဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂တို့ကို ၂၁ရာစုနဲ့ညီအောင် ရုပ်သိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထိုဥပဒေ ပါပြဋ္ဌာန်းချက်များသည် သတင်း မီဒီယာသမားများကိုသာ ထိခိုက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များ မဟုတ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာ ပြောဆိုနေထိုင်သည့် သတင်းမီဒီယာသမားများ အပါအ၀င် အများပြည် သူများအား အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရ ခေတ်နှင့် လျော်ညီသည့် ဥပဒေပြဋ္ဌာန်းချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြန်လည် စဉ်းစားနိုင်ရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းခဲ့သည်။

တတိယအဆိုနှင့် ပတ်သက်၍မူ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို သုတေသနပြု ရေးဆွဲကာ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိ၍ အဆိုပြုဥပဒေကြမ်းကို တင်ပြရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။

ယင်းကဲ့သို့ ရှင်းလင်းမှုများကြောင့် ဦးသိန်းညွန့်က တင်သွင်းထားသော အဆိုသုံးခုအနက် ပထမ အဆို နှင့် တတိယ အဆိုတို့ကို ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအဆိုကိုမူ မှတ်တမ်းတင်ပေးရန် တင်ပြတောင်းဆိုခဲ့၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

http://www.myanmarnewshub.com/?p=10050

**

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ

မောင်ရမ္မာ စုစည်း တင်ပြသည်။
———————————-
ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင်ရှိသော “ရွှေ” သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်းချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ဖြေကြားရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိလာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်းက တဆင့် တရုတ်ပြည်ကို တင်ပို့သွားရန် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ချုပ်ဆိုထားသောစာချုပ်ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့များကို အသုံးပြု၍ မရဟု ဖြေကြားသွားခဲ့ပါသည်။

Hakuryu

ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင် ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

U-Aye-Tha-Aung-CRPP

“ရခိုင်ပြည်ကထွက်တဲ့ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့စကားဟာ ရခိုင်ပြည်သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက်နစ်နာအောင် ပြောတဲ့စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည်နယ်သားတွေ အဓိက ပိုင်ဆိုင်တယ်။ ရခိုင်ပြည်နယ်က ထွက်လာသမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန် ထွက်လာသမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့ အချိုးကျကိုတော့ ရခိုင်ပြည်နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ အသုံးပြုရန် အစီအစဉ်မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည်သူတွေ ကို စော်ကားလိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။”

——————————————————————-

ဒေါက်တာအေးကျော်
(အမေရိကန်နိုင်ငံ)

DrAyeKyaw

” ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်တွေ၊ သယံဇာတပစ္စည်းတွေဟာ ရခိုင်ပြည်သူပြည်သားအားလုံးရဲ့ အကျိုးတရားကို အခြေခံထားရမယ်။ ရခိုင်ပြည်ကထွက်တဲ့ ဟူသမျှဟာ အဲဒီလို ခံစားခွင့် မရတဲ့ အတွက်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အဆင့် မဖြစ်လာဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောနေတာဟာလည်းဘဲ အတု အယောင် ပြည်ထောင်စု မြန်မာနိုင်ငံသာ ဖြစ်နေတယ်။ အဲဒါကြောင့် ရခိုင်ပြည်က ရတဲ့ ဂက်စ်၊ ရခိုင်ပြည်က ရတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုးတွေကို ရခိုင်ပြည်သူ ပြည်သားတွေကို ထိုက်သင့် အားလျော်စွာ အကျိုးခံစားခွင့်ရအောင် လုပ်ပေးရမယ်။ ဒါက ရခိုင်ပြည် တခုတည်းကို ပြောတာ မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာလည်း ဒီအတိုင်း မူအရကျင့်ရမယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲနဲ့ အတုအယောင် ပြည်ထောင်စုစနစ်မှာဘဲ ကျွန်တော်တို့ ရပ်တည်နေရဖို့ဘဲ ရှိပါတယ်။”

——————————————————————-

ဒေါက်တာ ခင်မောင်
NUPA ဥက္ကဌ
ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ဒုဥက္ကဌ (၁)

Dr.Khine-Maung-NUPA

” ၀န်ကြီးပြောသွားတာက ရခိုင်ပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သဘာဝ စွမ်းအင်အားလုံးဟာ သူတို့ရဲ့ လက် အောက်မှာရှိတယ်ဆိုပြီး ရခိုင်ပြည်အပေါ်မှာ ကျင့်သုံးတဲ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောသွားတာ ဖြစ်ပါတယ်။ အမှန်က ဒီ ပိုင်ဆိုင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေမှာ မိမိကိုယ်ကို မိမိ ဆုံးဖြတ် ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာမရှိတဲ့ အတွက် မိမိတို့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို မိမိတို့ သုံးစွဲပိုင်ခွင့်မရှိ ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အစိုးရကနေပြီးတော့ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ တွေကို ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောနဲ့ စွမ်းအင်ဝန်ကြီးက ထုတ်ဖေါ် ပြောကြားလိုက်တာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။”

——————————————————————-

ဒေါ်စောမြရာဇာလင်း
ဥက္ကဌ ( ရခိုင်အမျိုးသမီးများအစည်းအရုံး)

Soe-Mrarazar-Lunn

” ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်မှာ သုံးစွဲဖို့အစီအစဉ်မရှိဆိုတာကို ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူလူထုတရပ်လုံးကို ရက်ရက်စက်စက် စော်ကား လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီဂတ်စ်ကို ရခိုင်ပြည်ကပိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူလူထုတရပ်လုံးပိုင်တဲ့ ရေနံနဲ့သဘ၀ဓါတ်ငွေ့တွေကို ရခိုင်ပြည်မှာ အသုံးပြုရမယ်။ အခုလို ဒီမိုကရေစီက ခြေလှမ်းစနေတဲ့ အစိုးရက ဒီလိုပြောလိုက်ခြင်းသည်ပင်လျှင် ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ ထိထိရောက်ရောက် ကန့်ကွက်သင့်ပါတယ်။ ရခိုင်ပြည်သူတရပ်လုံးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် အားလုံးသော ရခိုင်ပြည်သူ တရပ်လုံးဟာ မဏ္ဍိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်ရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်သင့်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။”

——————————————————————-

ကိုထွန်းဇော်
တွဲဘက်အထွေထွေအတွင်းရေးမှူး ( ၁)
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များကွန်ကရက်

Tun-Zaw-AASYC

“ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်ကထွက်တဲ့ စွမ်းအင်ကို ရခိုင်ပြည်သူလူထုတွေနဲ့ တတိုင်း ပြည်လုံးမှာ ရှိတဲ့ စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ မဖြည့်ဆည်းဘဲနဲ့ ပြည်ပကို အားလုံး ရောင်းချ ပစ်တာကတော့ ပြည်သူလူထုဆန္ဒကို မလေးစားလို့မြင်ပါတယ်။ သူတို့ပြောတာက ပြည်သူလူထုရဲ့ အသံကိုနားထောင်ဖို့၊ ပြည်သူကိုလေးစားတဲ့ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်နေတာဟာ အခု ဒီအချက်ကနေပြီးတော့ ဒီမိုကရေစီအစိုးရမဟုတ်၊ ပြည်သူတွေအသံကို နားမထောင်ဆိုတာကို ဖေါ်ပြလိုက်တယ်လို့ဘဲ ကျွန်တော် မြင်ပါတယ်။”
——————————————————————-

ကိုဝင်းအောင်
ရွှေဂတ်စ်လှုပ်ရှားမှုတာဝန်ခံ

Wong-Aung-SGM

” ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ ပညာ ရေးဘဲဖြစ်ဖြစ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလုပ်ပေးတာကို အများကြီး ကြိုဆိုလက်ခံပါတယ်။ ဒါပေမယ့် ရခိုင် ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ဟာ ဘီလီယံ ထောင်နဲ့ ချီပြီး တန်ဖိုးရှိပါတယ်။ အဲဒီအထဲက ဒေသခံ တွေ အတွက် မလုပ်မဖြစ်တဲ့ ကျောင်းတွေ၊ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ဆေးခန်းတွေဆောက်ပေးရုံနဲ့ ကျွန် တော်တို့ ကျေနပ်ရောင့်ရဲလို့မရပါ။ သူတို့ ပံ့ပိုး နေတာကလည်း တကယ့်လက်တွေ့မှ အလုပ်မဖြစ်ပါ။ ရွှေဂတ်စ် စီမံကိန်းကြောင့် ရခိုင်ပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့ယာမဲ့ဘ၀ကိုသာ ရောက်သွားခဲ့ရတယ်။ ဘိုးစဉ် ဘောင်ဆက် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်လာကြတဲ့လယ်မြေတွေကို အသိမ်းခံရတာ ရှိပါတယ်။ လယ်လုပ်တဲ့သူတွေမှာ ဘာတခုမှ ငြင်းပယ်နိုင်ခွင့်မရှိပါ။ အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီက ဖြစ်ဖြစ် သူတို့တောင်းတဲ့လယ်ယာမြေတွေကို သူတို့ပေးတဲ့ငွေနဲ့ရောင်းစားနေကြရတယ်။ အဲဒီ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အရေး ဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်၊ ဂတ်စ်ဖြစ်ဖြစ် ဘာတခုမှ ကျန်မှာမဟုတ်ပါ။ ဒီကထွက်တဲ့ဂတ်စ် တချို့တ၀က်ကို အစိုးရနဲ့ ဆက်စပ်တဲ့ စီးပွားရေး သမားတွေရဲ့ စက်ရုံအလုပ်ရုံကို ပံ့ပိုးမှာဖြစ်ပြီးတော့ ကျန်တာတွေကို တရုတ်ကိုရောင်းဖို့ ဖြစ်ပါတယ်။ ဒေသခံတွေမှာတော့ ဘိုးဘွားစဉ်ဆက်ပိုင် လယ်ယာမြေတွေ အပါအ၀င် လုပ်ကိုင်စား သောက်တဲ့ အခွင့်အလမ်းတွေ ပျက်သွားရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပြင် လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ ပျောက်ကွယ်သွားဖို့ အခြေအနေဘဲ ရှိပါတယ်။”

——————————————————————-

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အကျဉ်း

“ရွှေ” သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာမှ စီးပွားဖြစ်သဘာဝဓာတ်ငွေ့သိုက် “ရွှေ” ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိဖို့ဖြစ်ပါပြီး အဆိုပါ ၀င်ငွေများထဲမှ တချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် သုံးစွဲသင့်ကြောင်း ရခိုင်အမျိုးသား များက ယုံကြည်နေကြသည့်အချိန်တွင် ယခုကဲ့သို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရခိုင်ပြည်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်အတွက်အသုံးစွဲရန် အစီအစဉ်မရှိဟု ပြောဆို လိုက်သည့်အပေါ် ရခိုင်ပြည်သူများ အထူး မကျေနပ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။

နိရဉ္စရာ    http://www.narinjara.com/detailsbur.asp?id=3518

AAT

စပါးဈေးမြင့်တက်နေသောကြောင့် ဆန်ဈေးများလည်း မြင့်တက်လာ

အောင်ကိုကိုလတ်(မြစ်မခ)

အောက်တိုဘာ ၁၊ ရန်ကုန်မြို့။

စပါးထွက်ရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဒေသများအပါအ၀င်  နယ်ဒေသများတွင် စပါးဈေးနူန်မှာလည်း မြင့်တက်နေသောကြောင့်ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိဆန် ဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်သည်များထံမှသိရှိရသည်။

စပါးထွက်ရှိရာ နယ်ဒေသများတွင်  စက်တင်ဘာလပိုင်းတွင် ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးများမှာ တင်း ၁၀၀ လျှင် ငါးသိန်းလောက်ထိ ပေါက်ဈေးရှိခဲ့ပြီး၊ ယခုအခါ နယ်စပါးလှောင်လက်များက အများအပြား ၀ယ်ယူလာကြသောကြောင့်ကျပ်ငါးသိန်း၅ သောင်းကျော်မှကျပ်၆သိန်းအထိ ဈေးကောင်းရရှိနေကြောင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင်း ရှိစပါးစိုက်တောင်သူများ ထံမှသိရသည်။

“အခုစပါးဈေးက အနောအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်း ၅ သောင်းလောက် ထိရှိတယ်။ အဲဒီစပါးဆို ဆန်စက်မှာ ၂၄ ပြည်ဝင်ဆန်တစ်အိတ်ကို ကျပ် သုံးသောင်းလောက်ထိဈေးရလာတယ် ” ဟု ပဲခူးမြို့မှ  ဆန်စက်လုပ်ငန်းရှင် ဦးငွေလှိုင် ကပြောသည်။

နယ်ဈေးကွက်များတွင် ဆန်ချောစပါးတင်းတစ်ရာလျှင် ယခင်လက ကျပ် ၆ သိန်းခန့်ရှိရာမှ ယခုအခါ ကျပ် ၇သိန်း သိန်းဝန်းကျင်ခန့်ရှိပြီး  ဆန်ကြမ်းဧမထဈေးမှာ ယခင်လက ကျပ် ၄သိန်း ၅ သောင်းဈေးမှ ယခု တင်းတစ်ရာလျှင် ကျပ် ၅ သိန်း ၀န်းကျင်ခန့် အထိဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“စပါးရိတ်ချိန်ကဆို ကျွန်တော်ရောင်းတာ ကျပ် ၃သိန်း ၅သောင်းလောက်ပဲရှိတယ်။ အခုစပါးကကောင်းလာ တယ်။ အခုဆိုရင် ကျပ်လေးသိန်း- ငါးသိန်းအတက်မှာရှိလာတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးမင်းဆွေ ကပြောသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် လယ်ကွင်းများ ရေမြှုပ်ပြီး ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့သည့် အတွက် စပါးရှားပြီး ဈေးကောင်းနေခြင်းဖြစ်ကြောင်း ဦးမင်းဆွေက ပြောသည်။

`ကားတွေ တန်ပိုသတ်မှတ်ပြီး သယ်စရိတ်လည်းတက်လာတယ်။ နောက် နယ်တွေမှာလည်း စပါးဈေးကတက်လာတော့ ဆန်ဈေးကွက်မှာပါ ဈေးတက်လာတယ်။ နယ်ကယူဈေးကိုက တစ်အိတ်ကို ကျပ် ၂၄၀၀၀ လောက်ရှိတယ် ကျွန်တော်တို့ ရောင်းတော့ ဆန်ကြမ်းကို တအိတ် ၂ သာင်း ၈ထောင်နဲ့ လက်ကားပေးရတယ်၊ လက်လီဆိုင်တွေမှာတော့ပိုဆိုးမှာပေါ့ဟု ”ဟု ရန်ကုန်မြို့၊ဘုရင့်နောင်မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့်လည်း ဆန်ဈေးမှာ ယခင်ကထက် ပိုပြီး မြင့်တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဘုရင့်နောင်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်၂၂၀၀၀  ၀န်းကျင့်ခန့်သာ ရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၀န်းကျင့်ခန့်မှ ကျပ် ၃သောင်းကျော် အထိရှိလာကြောင်း၊ ဆန်ချောဈေးမှာလည်း စက်တင်ဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၈၀၀၀ ၀န်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ ၀န်းကျင်ခန့်အထိမြင့် တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်

http://luungalarrmhan.blogspot.com/2011/10/blog-post.html

AAT

ခြင်္သေ့နှင့်ကျားဖြူ စုပေါင်းအာမခံမှ လယ်သမား ၄ ဦး ပြန်လွှတ်

တနင်္လာနေ့၊ စက်တင်ဘာလ 05 ရက် 2011 မွေခေါဝ် – သျှမ်းသံတော်ဆင့်သတင်း

 

လယ်သမား ၄ ဦးအား မြန်မာအစိုးရတပ် ဖမ်းဆီး သွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ (SNDP) တို့ စုပေါင်းအာမခံမှ ပြန်လည် လွှတ်မြောက်လာကြောင်း သိရှိရပါ သည်။

“လယ်ထဲမှာ မြေသြဇာထည့်နေတဲ့ ရွာသား ၄ ယောက်ကို သျှမ်းသူပုန်နဲ့ဆက်သွယ်တယ်လို့ပြောပြီးဖမ်းသွား တယ်။ ခြင်္သေ့ ပါတီနဲ့ ကျားဖြူပါတီက ကြိုးစားပမ်းစား သွားပြောပေး အာမခံပေးမှ ပြန်လွှတ်လာတာ” ဟု USDPနှင့် နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည်။

သျှမ်းပြည်မှ လယ်သမားများ (http://blog.travelpod.com)

 

သြဂတ်စ် ၂၆ ရက် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်နှင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်လတ် ဦးဆောင်သည့် ခမရ ၅၀၄ စစ် ကြောင်းက  လယ်လုပ်နေသော သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဟင်လိုင်းရွာနေ စိုင်းဆန်ပီး (အသက် ၂၅ နှစ်)၊ လုံးမန် (အသက် ၆၈ နှစ်)၊ ဝမ့်ဖွီးရွာနေ စိုင်းကောဏ္ဍည(အသက် ၃၅ နှစ်)နှင့် စိုင်းပညာ (အသက် ၃၂ နှစ်)တို့ကို သျှမ်း သူပုန်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ၎င်းတို့နှင့်အတူဖမ်းဆီးခေါ်ဆောင်သွား သည်ဟုဆို၏။

“ရွာသားတွေကတော့ သူတို့က လယ်ယာလုပ်စားနေတဲ့ သာမန်ရွာသားတွေပါ။ သျှမ်းသူပုန်အကြောင်းဘာမှ မသိပါဘူး လို့ ရှင်းပြပေမဲ့လဲ ရိုက်နှက်ပြီးမေးတယ်။ မျက်နှာကို အဝတ်နဲ့စည်းပြီး သူတို့သွားလေရာကို ခေါ်သွားတာ။ ဝမ့်ဖွီးရွာဥက္ကဋ္ဌ လုံးလှဆွေ က တောင်းပန်ပြီးပြောလဲ မရဘူး” ဟု ၎င်းကဆက်လက်ပြောသည်။ထို့ကြောင့် စက်တင်တာ ၁ ရက်၌ အဆိုပါရွာသားတို့၏ဆွေမျိုးများက ကျေးသီးမြို့ရှိ ပြည်ခိုင်ဖြိုးပါတီနှင့် ကျားဖြူပါတီတို့ ထံ သွားရောက်ပြောကြားရာ ခလရ ၁၃၁ တပ်ရင်းမှူး ဗိုလ်မှူးရဲနိုင်ထံ ထိုပါတီ ၂ ခုက သွားရောက် အာမခံပေးမှ  ပြန်လည် လွှတ်မြောက်လာကြောင်း သိရှိရသည်။

“ဗိုလ်မှူးကြီးအောင်နိုင်နဲ့ ဗိုလ်မှူးရဲနိုင်တို့က အဖမ်းခံရတဲ့ ရွာသားနဲ့ သူတို့ရဲ့ဆွေမျိုးတွေကိုတောင် ဒီအကြောင်း အထက်ကို မတင်ပြဖို့၊ သတင်းမထွက်ဖို့ ခြိမ်းခြောက်ပြောလာသေးတယ်တဲ့။ သတင်းထွက်ရင်ရွာကိုမီးရှို့ပစ် မယ်တဲ့” ဟု ကျေးသီးမြို့ခံ တစ်ဦးကလည်း ပြော၏။ခမရ ၅၀၄(နောင်ချို)၊ ခလရ ၁၁၅(နောင်ချို)၊ ခလရ ၂၄၃(နမ့်လန်)၊ ခလရ ၂၂(တန့်ယန်း) တို့သည် ဝမ့်ဖွေး ကျေးရွာ အုပ်စုအတွင်း လှည့်လည်လှုပ်ရှားနေသော ကြောင့် ရွာသူရွာသားများလယ်ထဲမဆင်းရဲအလုပ်မလုပ်ရဲ သည့်အတွက် ဝမ်းစာအတွက်ခက်ခဲလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ သြဂတ်စ်လနှောင်ပိုင်း ကလည်း နောင်ချိုအခြေစိုက် ခမရ ၁၁၄ ကလည်း ထိုဒေသအတွင်းရှိ ကျေးရွာ တစ်ရွာကို သျှမ်းသူပုန်အားဆက်သွယ် သတင်းပေးသည်ဟု စွပ်စွဲကာ မီးရှို့ လိုက်ပါသေးသည်။

 

AAT

နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

စနေ၊ သြဂုတ် ၂၀၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီက နေပြည်တော်တွင် ကျင်းပနေ သည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည် ဟု သတင်းရရှိသည်။
“ဒေါ်အောင်ဆန်းစုကြည် အခုမနက်ပိုင်း အစည်းအဝေးဆီရောက်ပါတယ်။ ခဏပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးတာဝန်ယူထားသူ ဦးခွန်သာမြင့်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁ နာရီကျော် ကြာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒုတိယနေ့အဖြစ် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး များဖြစ်သည့် ရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ စက်မှူ ၁၊ ၂ ဝန်ကြီး ဦးစိုးသိန်း၊ နယ် စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့နှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ ဆုံခဲ့ကြောင်းသိရသည်။

အစည်းအဝေးမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်ကို  သတင်းထောက်များ က နိုင်ငံတော်သမ္မတ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့မှု အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့်လည်းကောင်း မေးမြန်းရာ “ကျေနပ်မိတယ် အားရမိတယ် ” ဟု မှတ်ချက်ပေး ပြောကြားခဲ့ဟုဆိုသည်။

သမ္မတဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းရာ တွင် ဒေါ်အောင်ဆန်းစုကြည်က  “ဦးသိန်းစိန်နဲ့ တွေ့ရတာ ၀မ်းသာပါတယ်။ အခု အလုပ်ရုံဆွေးနွေး ပွဲကိုလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်”ဟု ဖြေကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေး ပညာရှင် များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ စာပေနှင့် သတင်းမီဒီယာ နယ်ပယ်မှ သူများနှင့် စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။

လုပ်ငန်းရှင်များ၊ ဆွေးနွေးပွဲတက်ရောက်လာသူများက ကော်ဖီသုံးဆောင်ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပူးတွဲ ဓာတ်ပုံလာရိုက်ကြသည်ဟု သိရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ တည်းခိုရာ ဟော်တယ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မကြာခင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ ယနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် ထပ်မံတွေ့ရန် မရှိဟု သိရသည်။
“ကျနော်တို့ အခု ရန်ကုန်ပြန်ဘို့လုပ်နေပါပြီ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့ ထပ်တွေ့ဖို့တော့ မရှိတော့ပါဘူး”ဟု ဦးခွန်သာမြင့်က ပြောသည်။
ယမန်နေ့ညက ဒေါ်အောင်ဆန်းစုကြည်သည် ညစာကို နေပြည်တော်ရှိ တည်းခိုရာ မြတ်မင်္ဂလာ ဟိုတယ်တွင်တွင် သုံး ဆောင်ခဲ့ကြောင်းသိရသည်။ သမ္မတ ဦးသိန်းစိန်မှ ညစာ ဖိတ်ကြားခဲ့သည်မှာ မဟုတ်မှန်ကြောင်း သိရသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီးနှင့် သမ္မတ အိမ်တော်တွင် ၁ နာရီ ကြာတွေ့ဆုံဆွေးနွေးခဲ့ရာတွင် နွေးထွေးမှုရှိကြောင်းနှင့် လန်းဆန်းတက်ကြွနေကြောင်း သိရသည်။
အဆိုပါသတင်းကို ယမန်နေ့ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများမှ ကြေညာသွားခဲ့ပြီး သမ္မတ အိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ မှတ်တမ်း ဓာတ်ပုံရိုက်ကူးစဉ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာရိုးရာ ၀တ်စုံနှင့် ကိုယ်တပိုင်းဓာတ်ပုံ ဧည့်ခန်းမ နံရံတွင် ချိတ်ဆွဲထားသည်ကိုလည်း ထင်ရှားစွာ  ပြသခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကို အခုလို ပြန်မြင်တွေ့လိုက်ရတာ အလွန်ကြည်နူးတယ်။ ဒါဟာ တကယ် အကောင်းဘက်ကို သွားနေပြီလို့ တောင် ပြောချင်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးက မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် သြဂုတ်လ ၂၂ ရက် တနင်္လာနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွင် ဗဟို အလုပ်အမှုဆောင်လူကြီးများကို သမ္မတ ဦးသိန်းစိန်နှင့်   တွေ့ဆုံဆွေးနွေးခဲ့သည်များကို ပြန်လည် တင်ပြ မည်ဖြစ်ပြီး (NLD) အနေဖြင့် ကြေညာချက်ထုတ်ရန် ရှိကြောင်း သိရသည်။
“တနင်္လာ နေ့ ကျရင် တော့ စီအီးစီတွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြပြီး ပါတီအပိုင်း က ကြေညာချက် ထုတ် တာ လုပ်မယ်ထင်ပါတယ်”ဟု ဦးခွန်သာမြင့်က ပြောသည်။
ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်များကို ထုတ်ဖော်ပြော ဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ၄င်းက ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်စိန် နှင့် တွေ့ဆုံဆွေးနွေးမှုများမှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှုမြန်ဆန်သည့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများကို ဆက်လက်ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“ကျနော်တို့ က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံးတောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူကြရတာဖြစ်တယ်။ ကျနော်ထင်တယ် အကောင်းဘက်ကို ပိုသွားနေတယ် လို့ ပြောချင်တယ်”ဟု ဦးဝင်းတင် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံမှုကို နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင် သွားမည်”ဟု ယမန်နေ့ညက ပြောဆိုကြေညာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး FDB မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ကို မြန်မာအစိုးရဘက်က လစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရားအမြင် အရ ပြောရရင် အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းဖြစ်တယ်”ဟု  ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ်ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလာဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများမျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။
တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးနေရာ အတွက် မြန်မာအစိုးရ က တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ ဆုံ ဆွေးနွေးမှုမျိုးလုပ်ပြခြင်းလည်းဖြစ်နိုင်သည်ဟု ဆိုသည်။
“အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။
တကယ်ဆိုရင် နိုင်ငံ ရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့ ။သိပ် ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး”ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

( အလွန့်် အလွန် အရေးကြီးသူများအတွက် နေရာ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ ဦးမြင့်တို့နှင့်အတူ အစိုးရ ၀န်ကြီးတချို့)

 

(အလုပ်ရုံ ဆွေးနွေးပွဲတွင် စာတမ်း ၂ စောင်ကို နားထောင်နေကြသော ဒေါက်တာဦးမြင့်နှင့် ပါမောက္ခ ဒေါ်ရီရီမြင့် တို့ ၏ အလယ်တွင် ထိုင်နေစဉ်)

( ဒေါက်တာ ဦးမြင့်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်  ကော်ဇောအနီပေါ် ဖြတ်လျှောက်လာစဉ်)

 

( အလုပ်ရုံ ဆွေးနွေးပွဲတွင်း ၀င်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက မတ်တတ်ရပ် ဂုဏ်ပြုကြိုဆိုကြစဉ်)

 

(အလုပ်ရုံဆွေးနွေးပွဲ ခန်းမ အတွင်း  မြင်ရသည့် မြင်ကွင်း နှင့် တက်ရောက်သူများ)


ယခုနောက်ဆုံး ထပ်မံရရှိသော သတင်းအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ရန်ကုန်သို့ ချောမော စွာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

http://guidingstarsofburma.blogspot.com/2011/08/blog-post_20.html

**

Burma Democratic Concern (BDC) Position on Current Situation of Burma

Burma Democratic Concern (BDC) calls for more positive practical reform in Burma

19 August 2011 (Friday)

Burma Democratic Concern (BDC) welcomes meeting between Daw Aung San Suu Kyi and President U Thein Sein today in Naypyitaw, Burma.

Burma Democratic Concern (BDC) welcomes two meeting which had taken place between Daw Aung San Suu Kyi and USDP Government’s Minister U Aung Kyi.

Burma Democratic Concern (BDC) welcomes 4 points joint statement of the Daw Aung San Suu Kyi and USDP Government’s Minister U Aung Kyi.

Burma Democratic Concern (BDC) welcomes National League for Democracy (NLD’s) statement welcoming the meeting between Daw Aung San Suu Kyi and USDA Government’s Minister U Aung Kyi.

Burma Democratic Concern (BDC) is very glad to learn that both Daw Aung San Suu Kyi and U Aung Kyi will avoid conflicting views and to work on a reciprocal basis.

Burma Democratic Concern (BDC) welcomes allowing 23rd anniversary of 8888 mass-uprising day held inside Burma organised by 88-Generation students’ leaders attended by Daw Aung San Suu Kyi and several thousands of democracy lovers.

Burma Democratic Concern (BDC) welcomes the successful completion of Daw Aung San Suu Kyi’s political trip to Bago and welcomes USDA Government’s cooperation over Daw Aung San Suu Kyi’s trip.

Burma Democratic Concern (BDC) welcomes Daw Aung San Suu Kyi calls for Peace in Burma.

Burma Democratic Concern (BDC) welcomes Daw Aung San Suu Kyi calls for to review building dams on the Ayeyarwaddy River near Myitgyinar which would affect Burma’s environment drastically.

Burma Democratic Concern (BDC) welcomes 88-Generation students’ leaders calling for to protect Ayeyarwaddy River which is the life-line of Burma.

Burma Democratic Concern (BDC) fully supports 88-Generation students’ leaders’ initiative taken collecting signatures so as to petition to president U Thein Sein Government to reconsider building dam on the Ayeyarwaddy River near Myitgyinar.

Burma Democratic Concern (BDC) welcomes President U Thein Sein’s invitation to exile Burmese people returning Burma working for the development of the nation.

Burma Democratic Concern (BDC) welcomes USDP Government invitation to Daw Aung San Suu Kyi to attend a national-level workshop on economic development which will be attended by President U Thein Sein.

Burma Democratic Concern (BDC) welcomes any positive development as positive change.

Burma Democratic Concern (BDC) calls for the President U Thein Sein USDP Government to take swift practical action for the betterment of the people and the nation.

Burma Democratic Concern (BDC) earnestly calls for the President U Thein Sein USDP regime to, for the sake of people and the nation,

(1) to Release all Political Prisoners immediately and unconditionally
(2) to Enter Dialogue with Daw Aung San Suu Kyi in order to bring about national reconciliation
(3) to Recognise NLD’s official existence as the legal political party
(4) to Review 2008 constitution to be acceptable for all the citizens of Burma
(5) to Stop Armed Conflict
(6) to Restore Peace
(7) to Alleviate Poverty
(8) to Allow Freedom of Assembly
(9) to Allow Freedom of Expression
(10) to Allow Freedom of Association
(11) to Allow Freedom of Media
(12) to Allow Free Independent Judiciary System
(13) to Save Ayeyarwaddy River
(14) to Promote Education Standard
(15) to Promote Economics Development

Burma Democratic Concern (BDC) supports Daw Aung San Suu Kyi, 88-Generation students’ leaders, dialogue, peace, national reconciliation and initiatives to save the Ayeyarwaddy River in Burma.

For more information please contact Burma Democratic Concern (BDC) at

U Myo Thein [United Kingdom]
Phone: 00-44-208-493-9137, 00-44-787- 788-2386

U Khin Maung Win [United States]
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Phone: 001 509-783-7223

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-8459

You can also contact via email at info@bdcburma.org

တိုင်းရင်းသားတပ်ပေါင်းစု လူထုခေါင်းဆောင်ကိုထောက်ခံ

ကိုဝိုင်း | သောကြာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ “ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” ဟု ခေါ်ဆိုလိုက်ပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသား ဒေသများတွင် အပစ်ခတ်ရပ်စဲပြီး ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ထောက်ခံကြောင်း သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“ ယနေ့ဖြစ်ရှိနေသော လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းနိုင်ရေး အတွက်
ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြု ပန်ကြားချက်ကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက သဘောတူ ထောက်ခံကြောင်း ပြန်ကြားအပ်ပါသည်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးဖြင့်
ပေါင်းစည်းထားသော UNFC က ကြေညာချက် ထုတ်၍ တုံ့ပြန်လိုက်သည်။

 

ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းလာသည့် ဇူလိုင် ၂၈ ရက်နေ့ ပေးစာတွင်
သမ္မတ ဦးသိန်းစိန်နှင့် UNFC အဖွဲ့ဝင် ၄ ဖွဲ့ကိုသာ လိပ်မူခဲ့သော်လည်း UNFC အဖွဲ့ တခုလုံးအနေဖြင့် ပြန်ကြားခြင်း
ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးနှင့် ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုခြင်းကို မီးမောင်း ထိုးပြထားသည်။

“ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးအရ အလေးထား ဖြေရှင်းခဲ့ခြင်း မရှိဘဲ စစ်ရေးဖြင့်သာ ဖိအားပေး ဖြေရှင်းလာခဲ့သဖြင့် ကျနော်တို့ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝနေပါလျက် ဖွံ့ဖြိုးမှု
နောက်ကျနေရပြီး လူမျိုးစုံ ပြည်သူများသည် ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ပြည်သူတို့သည် လွတ်လပ်
သည့် နိုင်ငံသားဟု ဆိုသော်ငြားလည်း ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို မခံစားကြရပါ” ဟု ဖော်ပြထားသည်။

“ပြည်တွင်းစစ်ကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် ထိခိုက် နစ်နာစေပြီး၊ အင်အားသုံး ဖြေရှင်း၍ အကျိုးရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ထပ်တူထပ်မျှ ရှုမြင်သည်” ဟု ပါရှိသည်။

UNFC ကို ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလ ၁၂-၁၆ ထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO
တို့ဖြင့် အမျိုးသား တန်းတူရေး၊ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြထားသည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများကို ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ ဘိုးဘွားပိုင် နယ်မြေများဖြင့် ဆက်စပ် စုစည်းထားခြင်း ဖြစ်ပြီး စုပေါင်း တိုက်ပွဲဝင်ခဲ့သဖြင့် ကိုလိုနီကျွန်ဘဝမှ လွတ်လပ်သော
နိုင်ငံ ဖြစ်လာရသည်ဟု UNFC ၏ အခြေခံ သဘောထားကို တင်ပြထားသည်။

 

http://tharchit.blogspot.com/2011/08/blog-post_6362.html?zx=605b59338e39c8c7

**

 

 

 

တင်းကြပ်မှု လျော့နည်းသည့် အိန္ဒိယနိုင်ငံသို့ ရွေးချယ်ကုသမှု ပိုမိုလာ


အိန္ဒိယနိုင်ငံ၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို တွေ့ရစဉ်

ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသရန် အတွက် စင်ကာပူ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ ထွက်ခွာသည့် မြန်မာလူနာဦးရေ များပြားလာပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း တင်းကြပ်မှု လျော့နည်းသည့် အိန္ဒိယနိုင်ငံသို့ ရွေးချယ်ကုသသည့် ဦးရေပိုမိုကြောင်း သတင်းရရှိပါသည်။ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသရန်အတွက် မြန်မာလူနာများ အနေဖြင့် ပြည်တွင်း၌ပင် အလှူရှင်ရှာဖွေလေ့ရှိကြပြီး အများစုမှာ နယ်မြို့များနှင့် နီးစပ်ရာအသိုင်းအ၀ိုင်းများမှ တစ်ဆင့်ရှာဖွေလေ့ရှိကြကြောင်း၊ အထူးသဖြင့် ကျောက်ကပ် အစားထိုးရန်အတွက် အိန္ဒိယနိုင်ငံ သို့ရောက်ရှိနေသည့် မြန်မာဦးရေမှာ အသည်းအစားထိုးရန် သွားရောက်သည့် လူနာဦးရေထက် ပိုမိုလျက်ရှိ ကြောင်း သိရသည်။

“စင်ကာပူအစိုးရအနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးပေးဖို့ စည်းမျဉ်းစည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဟောင်ကောင်လည်း ဒီလိုပါပဲ။ အိန္ဒိယကတော့ လျော့ရဲတယ်။ ဥပမာ ပြောရရင် အသည်း အစားထိုးဖို့အတွက် သတ်မှတ်ချက်တွေ အများကြီးလိုအပ်ပါတယ်။ ကင်ဆာအလုံးက သုံးလုံးရှိတာလား။ လေးလုံးရှိတာလား။ အရွယ်က ၃.၅ မရောက်ရဘူး အစရှိတဲ့သတ်မှတ် ချက်တွေရှိတယ်”ဟု အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ရှင်းပြခဲ့ပါသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးကုသရန်အတွက် စည်းမျဉ်း စည်းကမ်းများ၊ သက်မှတ်ချက်များ၊ လိုက်နာရမည့် အချက်များများစွာ ချမှတ်ထားသော်လည်း အများစုမှာ ငွေရေးကြေးရေး အခက်အခဲများ၊ ဘ၀အခက်အခဲများကြောင့် လှူဒါန်းသူများလည်း ရှိနေကာ ကျန်းမာရေး အသိပညာ နည်းပါးမှုသည်လည်း အဓိကကျသည့် အကြောင်းရင်းတစ်ရပ် ဖြစ်နေကြောင်းလည်း သိရသည်။

“ဒီကနေ လေယာဉ်စီးပြီး လူနှစ်ယောက် ပြည်ပကို ထွက်သွားတယ်။ ပြန်လာကြတယ်။ ဘာပြဿနာမှမဖြစ်ရင် ဘယ်သူမှလည်း မသိဘူး။ ဘာမှမဖြစ်ဘူးပေါ့။ ပြဿနာ ဖြစ်ပေါ်လာမှသာ သိရမှာ။ ဒီပြဿနာရပ်ကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းကတော့ ကိုယ့်လူမျိုးတွေ ကို ကျန်းမာရေး အသိပညာပေးဖို့ ပါပဲ။ လှူဒါန်းမှုမပြုမီ ကတည်းက ကြိုတင်အသိပညာ ဖြန့်ဝေဖို့ပဲ ရှိတယ်။ တွင်တွင်ကျယ်ကျယ် လုပ်လာကြရင် ပြဿနာပေါ်လာနိုင် တယ်။ အသည်းအစားထိုး လှူဒါန်း ရာကနေ လူကုန်ကူးမှုတွေလည်း ရှိ လာနိုင်ပါတယ်”ဟု ၎င်းကဆက်လက် သုံးသပ်ခဲ့သည်။

“ကိုယ့်လူမျိုး အချင်းချင်း ရောဂါ ဝေဒနာခံစားနေရတာကို မကြည့်ရက်လို့ လှူတာအတွက်တော့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြောစရာ မလိုဘူးဆိုပေမယ့် အလှူရှင်နဲ့ လက်ခံသူတို့ကြားမှာ ပိုပြီးနွေးနွေးထွေးထွေး ရှိသင့်သလို အလှူရှင်ရဲ့ကျန်းမာရေးကိုလည်း စဉ်ဆက်မပြတ် ဂရုစိုက်ပေးဖို့ အလှူလက်ခံသူမှာ တာဝန်ရှိတယ်လို့ မြင်မိပါတယ်”ဟု ဆရာဝန်ကြီးတစ်ဦးက မှတ်ချက်ပြု ခဲ့သည်။ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမည့်သူသည် ခံဝန်ချက်များစွာ လိုအပ်ပြီး အဆိုပါအချက်များတွင် အလှူရှင်သည် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကို နားလည်ကြောင်း၊ ငွေကြေးကြောင့် လှူဒါန်းခြင်းမဟုတ်ကြောင်း အစရှိသည့် စည်းကမ်းချက်များစွာ ရှိသော်လည်း လက်တွေ့ ဆောင်ရွက်နေမှုများမှာ စည်းကမ်းချက်နှင့် ကိုက်ညီခြင်းမရှိဘဲ ဆောင်ရွက်ခြင်း များလည်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုပါသည်။

“အလှူရှင်က လှူဒါန်းမယ်လို့ပြောရုံနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမှုပြုလုပ်လို့ မရသေးပါဘူး။ ခံဝန်ချက်တွေ အများကြီး လိုအပ်သလို အလှူရှင်က မလှူဒါန်းတော့ဘူးလို့ အချိန်မရွေးငြင်းပယ်နိုင်လို့ ရတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းကဆိုရင် အရမ်းလှူကြတယ်။ တချို့ဆို အသက်သေဆုံးတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ အိန္ဒိယကအရင်ကထက် ပိုပြီးတင်းကြပ်လာပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေတုန်းပဲ။ စင်ကာပူမှာ ကုသမယ်ဆိုရင် စင်ကာပူ ဒေါ်လာ ၈၀၀၀၀ ကျော် ကုန်နိုင်တယ်။ အိန္ဒိယကတော့ မြန်မာငွေ သိန်း ၂၀၀ ကျော် လောက်နဲ့လည်း ရတာပဲ။ လှူဒါန်းမယ့်သူကလည်း စိတ်စေတနာသန့်သန့်နဲ့ လှူဒါန်းတာ ဖြစ်ဖို့နဲ့ ကိုယ့်ကျန်းမာရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ငွေကြေး ချမ်းသာတဲ့ သူကတော့ ကျောက်ကပ်တစ်လုံး ပျက်စီးတယ်။ လဲတယ်။ နောက်တစ်လုံး ပျက်စီးတယ်။ ထပ်လဲနိုင်တယ်။ အသည်းအစားထိုးတာ လည်း နှစ်ကြိမ်၊ သုံးကြိမ် လုပ်လို့ ရတယ်။ အလှူရှင်တွေကတော့ ဒုတိယအကြိမ် ပြန်လှူတယ်ဆိုတာ မကြားဖူးသေးပါဘူး”ဟု ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။

AAT

ညောင်ဦးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို

ဧရာဝတီ Thursday, 07 July 2011

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့လယ် မဏိစည်သူဈေးသို့ သွားရောက်လည်ပတ်ခဲ့ရာ မြို့ခံ ရာပေါင်းများစွာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ကြသောကြောင့် ကားလမ်းမပေါ်၊ ဈေးရုံအတွင်းနှင့် ဈေးအရှေ့တွင် လူများနှင့် ပြည့်နှက်သွားခဲ့သည်။


ညောင်ဦးဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုကြသည် (ဓာတ်ပုံ – ဧရာဝတီ)

ညနေ ၄ နာရီ ၁၀ မိနစ်တွင် မဏိစည်သူဈေးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ရပ်ကွက်အတွင်းမှ ပြည်သူများ၊ ဈေးသူဈေးသားများ၊ တခြားရပ်ကွက်များမှ မြို့ခံများစွာ စုပြုံရောက်ရှိလာပြီး နှုတ်ဆက်ကြခြင်း ဖြစ်သည်။


“အမေစု ပုဂံကိုရောက်နေတဲ့ သတင်းကို ကြားတယ်။ ညောင်ဦးကို လာမယ်မထင်ဘူး။ အခု ရောက်လာတော့ အားလုံးက ပျော်ကြတယ်။ အမေစု ကျန်းမာပါစေ၊ အမေ ကျန်းမာရေး ဂရုစိုက် ဆိုတဲ့အသံတွေက တမြို့လုံး ညံနေတယ်” ဟု မဏိစည်သူဈေးမှ ဈေးသားတဦးက ပြောသည်။


ဈေးသူဈေးသား အများစုက ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ဆောင်များပေးခြင်း၊ ပန်းများပေးခြင်း ပြုလုပ်ခဲ့ပြီး သူ့နားသို့ရောက်အောင် ကပ်၍ နမ်းကြသူများ၊ လက်ဆွဲနှုတ်ဆက်သူများကြောင့် ဈေးနှင့် လမ်းများပေါ်တွင် လူ ရာပေါင်းများစွာ ပိတ်ဆို့သွားသည်။ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သား ကိုထိန်လင်းအတွက် ပုဆိုးတချို့ဝယ်ပေးခဲ့သည်။ မြို့ခံလူထုက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ဟစ်ကြွေးကာ လက်ခုပ်များတီးပြီး အားပေးကြသည်။


ညောင်ဦးမြို့ခံတဦးက ဒေါ်အောင်ဆန်းစုကြည်ကို နမ်း၍ နှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)

များပြားလှသော လူအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က နောက်တကြိမ် ပုဂံမြေသို့ လာရောက်ဦးမည်ဟု ပြန်လည် ကတိပေး ပြောဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်နှုတ်ဆက်ကြသော လူအုပ်ထဲမှ သူ၏လက်ကို ကိုင်ကာ ငိုကြွေးသူများလည်း ရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၄ ရက်နေ့က ပုဂံသို့ ရောက်ရှိခဲ့ပြီး မနက်ဖြန် မနက်ပိုင်းတွင် ရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။

AAT

နေပြည်တော် လူမနေသည့်အိမ်များ ချိပ်ပိတ်

နရီလင်းလက် Tuesday, 05 July 2011

နေပြည်တော်တွင် လူမနေထိုင်သည့် အိမ်များကို ရပ်ကွက် အာဏာပိုင်များက စစ်ဆေး၍ ချိပ်ပိတ်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမနေထိုင်သော နေအိမ်တအိမ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အိမ်

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်တွင် နေပြည်တော်ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် ယင်းကဲ့သို့ ပြုလုပ် ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောသည်။“ခရိုင်ရုံးက ညွှန်ကြားတဲ့ အတိုင်း ရပ်ကွက်တာဝန်ရှိသူတွေက လူမနေတဲ့ အိမ်တွေကို စစ်ဆေးပြီး ချိပ်ပိတ်တာတွေ စလုပ်နေ တယ်”ဟု သူက ပြောသည်။

ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်တာဝန်ရှိသူက ဆက်လက်၍“ကျနော်တို့က အိမ်ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး စစ်ဆေး ၊ချိပ်ပိတ်တယ် ဆို တဲ့နေရာမှာ အဆင့်တွေက အများ ကြီး၊ အိမ်ပိုင်ရှင်က နီးနီးနားနားမှာ နေတာဆိုရင် တမျိုး ၊ ဒီလိုမဟုတ်ဘဲ အိမ်နီးချင်းကို အပ် ထားတာ ၊ ဆွေမျိုးကို အပ်ထားတာ ၊ အိမ်ပွဲစားတွေကို အပ်ထားတာ ရှိနိုင်တယ်။ ဒီလိုဆို အဆင့်ဆင့်လိုက်ဆက်သွယ်ပြီး လုပ်နေရတာပေါ့”ဟု ပြောဆိုသည်။ယင်းကဲ့သို့ စစ်ဆေးချိပ်ပိတ်ထားသည့် အိမ်များကို ပြန်လည် ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ထံသို့အကြောင်းကြား၍ အာဏာပိုင်များ ပြန်လည်ဖွင့်လှစ်ပေးမှ ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် အိမ်ခြံ မြေ အကျိုးဆောင် လုပ်ကိုင်သူများ အခက်အခဲရှိလာနိုင်ကြောင်း သိရသည်။

“လုံခြုံရေးအတွက် လုပ်တယ်ဆိုတာ မှန်ပေမယ့် တဖက်မှာ အိမ်ပွဲစားတွေ အလုပ်လုပ်ရ တော်တော်ခက်လာနိုင်တယ်။ အိမ် ငှား မယ့် သူဖြစ်ဖြစ် ၊ ၀ယ်မယ့်သူ ဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြမယ်ဆို ရပ်ကွက်လူကြီးတွေကို အကြောင်းကြားဦး ၊ သူတို့လာမှ အိမ်ကဖွင့်လို့ရမယ်။ ဒီလိုသာ ကိုယ်က တယောက်ခေါ်လာလိုက် ၊ အိမ်တခါးဖွင့်ဖို့ လူကြီးတွေကို သွားပြေးပြန်ခေါ်လိုက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု နေပြည်တော် ပျဉ်းမနားမြို့မှ အိမ်အကျိုးဆောင်လုပ်ကိုင်သူ တဦးက ပြောပြသည်။

သူကဆက်၍“ကိုယ်သွားခေါ်တဲ့အချိန် ရပ်ကွက်ရုံးက တာဝန်ရှိသူတွေက အားနေဦးမှ၊ မအားလို့မလိုက်နိုင်ရင် ကိုယ့်စီးပွားရေး လုပ်လို့မရဘူး ပြဿနာရှုပ်လာဦးမယ်။ နောက်တခုက အိမ်ပွဲစား ၊ အကျိုးဆောင်တွေအပြင် ရပ်ကွက်က သက်ဆိုင်ရာ လူတွေ မပါမဖြစ် ခေါ်နေရမှာဆိုတော့ သူတို့ကို ပေးတာကမ်းတာတွေ လုပ်လာရနိုင်တယ်”ဟု ဆိုသည်။ဇွန်လ ၁၀ ရက်နေ့က နေပြည်တော် မြို့မဈေးအနီး တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၄ ရက်နေ့ကလည်း နေပြည် တော် ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့ ၃ မြို့တွင် ဗုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“စစချင်းဗုံးကွဲတယ် ဖြစ်တုန်းက ဒေသခံတွေ တော်တော်လေး လန့်ကြတယ်။ နောက်ပိုင်း နေပြည်တော်မှာ ဟိုနေရာမှာ ကွဲ လိုက် ၊ ဒီနေရာမှာ ကွဲလိုက်ဆိုတော့ ရိုးသွားသလိုဖြစ်နေပြီ။ လူများတဲ့ ဈေးနေရာလိုမျိုးတွေမှာ သတိထားပြီး သွားလာ ကြ တာမျိုးတော့ ရှိလာတယ်”ဟု နေပြည်တော် သပြေကုန်းရပ်ကွက်သား တဦးက ပြောသည်။သူက ဆက်ပြီး“ဟိုးအရင်က ဒေသခံတွေ နေတုန်းက ဘာမှမဖြစ်ဘူး။ အကုန်အေးအေးချမ်းချမ်းပဲ။ နေပြည်တော်ကို ရုံးတွေရွှေ့လာ၊ အာဏာပိုင်တွေ ပြောင်းလာပြီးနောက်မှ ဒီလိုတွေဖြစ်လာတာ။ နောက်ပြီး အိမ်ပွဲစားတွေကို အိမ်ငှားတဲ့အခါ ဘယ် သူ ဘယ်ဝါ ငှားတယ် ၊ ငှားပြီး တကယ်နေတဲ့ သူပဲ ငှားရမယ်ဆိုပြီး ရပ်ကွက်ထဲမှာ ပြောနေသံလည်းကြားတယ်”ဟု ပြောဆို သည်။

AAT

Follow

Get every new post delivered to your Inbox.

Join 996 other followers