Peace in Kachinland

Once Upon A Time In Burma

Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

Burma's Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

 

Burma’s Myo Yan Naung Thein meeting with US Secretary of State Ms. Hilliary Clinton

BURMA: LET’S STAND UP TOGETHER FOR OUR MOTHERLAND


Divided we lost. Burmese are deeply saddened to learn the decision over the maritime dispute between Burma and Bangladesh and we must object this verdict. After studyingthe statement, Burmese do not believe that it is a fair decision.

Above all, Burmese are totally upset to learn that the decision cannot be appealed and so it is a sham. Time for all political and ethnics leaders of Burma to unite against such unfair decision for the mother land regardless of the political stand or beliefs.

All the Burmese must mobilize our public outcry before too late so as to reject Court’s ruling. It would be much stronger if leaders like U Tin Oo, U Win Tin, Daw Aung San Suu Kyi, Ko Min Ko Naing, Ko Ko Gyi, U Khun Htun Oo, and ethnic leaders join in showing solidarity and support.

Burma lost sea territory since the nation is so divided due to illegitimate military regime ruling the country combining with sanction which deter Burma not possible to hire international law firms, which deter Burma foreign minister to travel Germany attending court and no information and awareness whatsoever in Burma regarding the matter.

With reference to the HISTORY, in 1800s, the beginning of the problem was because of British who unlawfully and illegally hoisting her flag on the St. Martin’s island (in Burmese Shin-Ma-Phyu Island) which is Burma’s territory. By taking advantage of advance in weapons, British provoked Burmese into the war.

Burmese King responded by sending the troops to destroy the invading British troops. With the help of Bengali and Indian mercenaries, British navy, the British attacked Rangoon. British troops stationed at the Burmese Buddhist’s holy land, Shwe-Da-Gon Pagoda, as the fortress. In short, in 1824 Burma lost first Anglo-Burmese war.

British annexed the St. Martin’s island into British territory which is Bengal. Before 1824 in reality — Assam, Chittagong, Manipur, Kachar, and St. Martin islands are all belonged to Burma.

In past recent years, we are very upset to learn co-military exercise between US and Bangladesh navies after the stand-off between Burma and Bangladesh regarding the dispute over sea territory.

Burmese would like to send the message to the USA Government that even though we don’t agree with military government but it doesn’t mean that we will stand still and do nothing in regard to external threats. We will fight against them. USA navy should stay away from Burma and Bangladesh sea dispute.

Nothing is more important than NATIONAL interest. Nothing at all! National interest is all combined together. We all must be united fighting against external threats such as Bangladesh.

British government should stay away from this matter since British are the one who created such the historic problems. Rohingya problems are the same. British created them.

Would British give away Falkland Islands to Argentina since these islands are closer to Argentina? British were wrong to go war against Argentina regarding Falkland’s islands? Margret Thatcher was wrong?

If we look at the Spratly Islands crisis in South China Sea several nations such as China, Taiwan, Philippines, Brunei, Vietnam and some other countries are claiming over such a group of small islands. Certainly, they are ready to take any action to protect their sovereignty.

U Thein Sein Government giving in Bangladesh. They are a bunch of coward generals ruling the country illegally. Shame on you all. Burmese Navy, Army and Air Force what are they doing now? Are they truly capable? Are they truly efficient? Are they truly reliable?

What is the point having the 500, 000 soldiers in the military? What is the point military using half of the nation’s budget? Gen. Than Shwe, Gen. Maung Aye, and Col. Aung Thaung are all coward thieves.

For Burma Democratic Concern (BDC), we totally objected the verdict. We don’t accept the court’s ruling. Our fellow Burmese, please show your OBJECTION against the court decision. We can’t give away our sea and related territory to Bangladesh.

LET’S STAND UP TOGETHER FOR OUR MOTHERLAND– BURMA!

Yes We Can!

We Will Win!

Burma Democratic Concern (BDC)

@ To restore Democracy, Human Rights & Rule of Law in Burma

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်နိုင်ငံ ခြားရင်းနှီးမြှပ်နှံမှုကုမ္ဗဏီတွေကို ၈ နှစ်တိုင်အခွန်ကင်းလွတ်ခွင့် ပြုမည်

ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ် မှာ ပြုလုပ်နေတဲ့ ကမ္ဘာစီးပွားရေး ညီလာခံ မှာ မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကုမ္ဗဏီတွေကို ၈ နှစ်တိုင်အခွန်ကောက်ခံမှု ပြုလုပ်သွားမှာ မပာုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာ တာနဲ့အတူ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက စိတ်ဝင်စားနေကြကြောင်း၊စက်မှုဝန်ကြီး ဦစိုးသိန်းက ကမ္ဘာစီပွားရေး ညီလာခံမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ယင်းကဘဲ လာမဲ့နှစ်မှာ မြန်မာ့စီးပွားရေး ၆ ရာခိုင်နှုန်း တိုးတက်မှုရှိလာမယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာပာာ နိုင်ငံခြားရင်းနှီးမြှ ပ်နှံ တွေ ဆွဲဆောင်နိုင်မဲ့ နေရာတခုဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
“အခု ကျွန်တော် လူတော်တော်များများနဲ့တွေ့ခဲ့တယ်။ နိုင်ငံ အကြီးအကဲတွေတင် မကဘူး စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်။ သူတို့ကို ကျွန်တော်တို့နိုင်ငံ မှာဖြစ်နိုင်တဲ့ တိုးတက်မှုတွေ၊ နောက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာရှိတဲ့ ကျွန်တော်နိုင်ငံရဲ့ အရေးပါတဲ့တည်ရှိမှုတွေကို ရှင်းပြခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ တွေအများအပြားရှိတဲ့အကြောင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဖို့ ငါးဖမ်း နိုင်တဲ့ အကျယ်အဝန်း ရှိတဲ့ အကြောင်းနဲ့ မြန်မာတော်တော်များများ ပာာအင်္ဂလိပ်လို ပြောတတ်တဲ့ အတွက် အရောင်းအဝယ်လုပ်ရာမှာ အဆင်ပြေမှာဖြစ်တဲ့အကြောင်းပြောခဲ့တယ်” လို့ ဝန်ကြီးဦးစီုးသိန်းက ပြောကြားခဲ့ပါတယ်။

“အခုဆို အစိုးရက ရင်းနှီးမြှပ်နှံမှုတွေ ဆွဲဆောင်ဖို့ အခြေခံဥပဒေ တွေကိုရေးဆွဲနေပါတယ်။ အခုလည်း ရင်းနှီးမြှပ်နှံမှု ဥပဒေတွေရှိပါတယ်၊ ဒါပေမဲ့ လက်ရှိဥပဒေပာာ နည်းအငယ် တင်းကျပ်မှုတွေရှိတာကြောင့် ပြန်လည်ပြင်ဆင်မှုတွေလုပ်နေပါတယ်။ နောက်ပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှိတွေကို ခေါ်ယူပြီး ရင်းနှီးမြှပ်နှံမှု ဥပဒေတွေ ကိုရေးဆွဲနေပါတယ်။ ဒါမှကျွန်တော်တို့နိုင်ငံပာာ တခြားအိမ်နီးချင်း နိုင်ငံတွေထက် ရင်းနှီးမြှပ်နှံမှုတွေ ဆွဲဆောင်မှုရှိအောင်လို့ပါလို့ ”ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးလွင်အောင်က ပြောကြားခဲ့ပါတယ်။

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ဗဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်ကို ရှစ်နှစ်အထိ ပေးသွားမှာပါ။ တကယ်လို့ ရင်းနှီးမြှပ်နှံတဲ့ ကုမ္ဗဏီပာာ မြန်မာနိုင်ငံ အတွက် အကျိုးရှိမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့်ကို ထပ်တိုးပေးသွားဖို့ ရှိပါတယ်။ အခုဆိုအဲဒီ ဥပဒေကြမ်းကိုရေးဆွဲ နေပြီး လာမယ့် ဖေဖော်ဝါရီလမှာ အတည်ပြုမှာ ဖြစ်ပါတယ်”လို့ ဦးလွင်အောင်က ပြောကြားခဲ့ပါတယ်။

ဘရပ်စ်ဆဲမှာ သံတမန်များရဲ့အဆိုအရ တော့ အီးယူကမြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လာမဲ့ ဖေဖော်ဝါရီလထဲမှာ ပြန်လည်ဖွင့်ဖို့ရှိနေတယ်လို့ လည်း သတင်းများထွက်နေပါတယ်။

http://www.myanmarnewshub.com/?p=9898

mmnewshub

RFE :AFP/ac

**

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

Eleven Media Group

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က အဆိုသုံး ခု တင်သွင်းခဲ့သည့်အနက် အဆိုနှစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရပါသည်။

ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အဆိုသုံးခုမှာ (၁) တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရန်အဆို၊ (၂) ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှု ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုနှင့် (၃) တရားရုံးချုပ်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတို့ ဖြစ်သည်။ ထိုသို့တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် ပထမအဆိုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယင်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တို့မှာ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းချက်များ ပြည့်စုံပြီးဖြစ်၍ ထပ်မံဖြည့်စွက် ပြင်ဆင်ရန်မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။

ဒုတိယအဆိုသည် ၁၈၆၁ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော(ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပါဝင်သော အသရေဖျက်မှုဆိုင်ရာ အချက်များကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ . . . ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော (ရာဇသတ် ကြီး) ပြစ်မှုဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသွား မှာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ အခန်း ၂၁ မှာ ပါဝင်တဲ့ အသရေ ဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ ကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမှာဖြစ် ပါတယ်။ ဒီပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အခုတစ်လော မှာပဲ မြန်မာပြည်မှာ စောင်ရေ အများဆုံး ထုတ်ထားတဲ့ သတင်းမီဒီယာကြီး တစ်ခုရဲ့ အုပ်ချုပ်မှုတာဝန်ခံကို သာမက လူခုနစ်ယောက်ကို ပုဒ်မ ၅၀၀ နဲ့ လွယ်လင့်တကူ ကောက်စွဲခဲ့တာကို ကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်။ ဒါဒီ တစ်ခုထဲ မဟုတ်ပါဘူး။ နောက်ထပ် အများကြီးပါပဲ။ တော်တော်များများ က သတင်းမီဒီယာတွေကို တရားစွဲ လိုက်ရင် သတင်းမီဒီယာတွေကို လွယ်လင့်တကူ ပုဒ်မ ၅၀၀အသုံးပြုပြီး စွဲတဲ့အခါမှာ ကျန်တဲ့ဥပဒေအရ ဆောင်ရွက်တာကို ဝေဖန်စရာမရှိပါဘူး။ သို့သော် အခုဖြစ်ပျက်နေတဲ့ အခြေအနေက ဒီနေရာတွေဟာ ငွေ  ထွက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တချို့သော တရားစီရင်ရေး နယ်ပယ်နဲ့ ဒီနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ နယ်ပယ်တွေက ဒီပုဒ်မကိုသုံးပြီး လွယ်လင့်တကူ တရားစွဲလာတာကို တွေ့ရတယ်။ အဲဒီတော့ သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်က နိုင်ငံအတွက် လူထုအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို တင်ပြရမယ့်အစား တရားရုံးရဲ့ဝက်ခြံလေးထဲမှာပဲ နာမည်ကြီး သတင်းမီဒီယာသမားတွေ သွားပြီး ထိုင်နေရပါတယ်။ နောက်တစ်ချက် အခုအချိန် မှာ သတင်းမီဒီယာဥပဒေ ထွက်လာတော့မယ့်အချိန်မှာ သတင်းရယူရေးသား ဖော်ပြခြင်းအတွက် ဘယ်သတင်းသမား၊ ဘယ်သတင်းမီဒီယာ လုပ်ငန်းကိုမဆို တရားစွဲတော့မယ် ဆိုရင် ပြစ်မှုကြောင်းနဲ့စွဲတာ ခေတ်မမီတော့ပါဘူး။ ခုနက အသရေ ဖျက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခွင့် ကို လုံးဝပယ်ဖျက်ဖို့ တင်ပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ တရားမကြောင်းနဲ့ တရားစွဲဆိုခွင့်ရှိပါတယ်။ တရားမ နစ်နာမှုဥပဒေနဲ့ ငွေသိန်း သန်းကုဋေချီပြီး တောင်းနိုင်ပါတယ်။ ဒီလိုပါပဲ သီးခြားသက်သာခွင့် ဥပဒေများနဲ့လည်း အရေးယူနိုင်ပါတယ်။ အဲဒီတော့ ၁၉ ရာစုက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၀ နဲ့ပဲ ၂၁ ရာစု သတင်းမီဒီယာသမားများကို ဆက်လက်တရား စွဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ အရေးကြီးတဲ့ကာလမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုနေရာမျိုးပဲ ရှိမလဲဆိုတာ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လေ့လာဆန်းစစ်နိုင်ဖို့ တင်ပြလို ပါတယ်။ သတင်းသမားများ သာမက သာမန်ပြည်သူတွေ အတွင်းမှာလည်း ပြစ်မှုကြောင်းကို သုံးပြီး တရားစီရင်ရေးယန္တရားကို အလွဲသုံးစား လုပ်နေတာကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ နိုင်ငံတကာမှာ တရားမနစ်နာမှုနဲ့ အရေးယူနေတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့မှာ အခုထက်ထိ ပြစ်မှုကြောင်း နယ်ပယ်မှာပြဋ္ဌာန်းပြီး အရေးယူနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ် ၁၈၆၁ က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးပြစ်မှုဆိုင်ရာ ဥပဒေမှာပါတဲ့ အခန်း ၂၁ မှာပါ တဲ့အသရေဖျက်မှုပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂တို့ကို ၂၁ရာစုနဲ့ညီအောင် ရုပ်သိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ထိုဥပဒေ ပါပြဋ္ဌာန်းချက်များသည် သတင်း မီဒီယာသမားများကိုသာ ထိခိုက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များ မဟုတ်ပါကြောင်း၊ ဥပဒေနှင့်အညီ မှန်ကန်စွာ ပြောဆိုနေထိုင်သည့် သတင်းမီဒီယာသမားများ အပါအ၀င် အများပြည် သူများအား အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရ ခေတ်နှင့် လျော်ညီသည့် ဥပဒေပြဋ္ဌာန်းချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြန်လည် စဉ်းစားနိုင်ရန် အကြံပြုတင်ပြပါကြောင်း ရှင်းလင်းခဲ့သည်။

တတိယအဆိုနှင့် ပတ်သက်၍မူ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို သုတေသနပြု ရေးဆွဲကာ လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိ၍ အဆိုပြုဥပဒေကြမ်းကို တင်ပြရန် မလိုအပ်တော့ကြောင်း ရှင်းလင်းခဲ့သည်။

ယင်းကဲ့သို့ ရှင်းလင်းမှုများကြောင့် ဦးသိန်းညွန့်က တင်သွင်းထားသော အဆိုသုံးခုအနက် ပထမ အဆို နှင့် တတိယ အဆိုတို့ကို ပြန်လည် ရုပ်သိမ်းကြောင်း ပြောဆိုခဲ့ပြီး ဒုတိယအဆိုကိုမူ မှတ်တမ်းတင်ပေးရန် တင်ပြတောင်းဆိုခဲ့၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

http://www.myanmarnewshub.com/?p=10050

**

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)
by Maung Maung Wann on Sunday, 22 January 2012 at 05:46

( အာဏာရူးလူသတ်သမားခေါင်းဆောင် ( ၈၈’ ကျောင်းသားခေါင်းဆောင် အတု ) ABSDF Ronail Dr အောင်နိုင် ( ဝဲ ) နှင့် အသတ်မခံရမှီချုပ်နှောင်ပြီးငြင်းပမ်းနှိပ်စက်ခံနေရသော ABSDF  ကျောင်းသားတပ်မတော်သားအချို့၏ဓာတ်ပုံ။)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့  ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဋိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။

ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါလိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။

မကောင်းဆိုးဝါးတကောင်ရဲ့ အသံ

“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။  အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီး လုပ်ပြီး သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။                သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှားကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။ တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။

ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ ABSDF (NB) စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေရှေ့မှာလည်း ရောက်ရော့ ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။ ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။

သက်သေပြချက်တွေ ရှိခဲ့ပေမဲ့

တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။ “သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊သူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ”  ရဲ့ စကားကို လက်မခံဘူး။  “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

အရိပ်တွေလိုက်လာပြီ

ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ ကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေအနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “  ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး  ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့်  တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးပဲ                   “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာ ဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။  အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က  ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။

သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောယုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၈ စက်တင်ဘာ၊ ၂၀၀၈

သို့

ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။

ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်းဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။

ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။     ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။          ဒါပေမဲ့ အားလုံးထောက်လှမ်းရေး မဟုတ်ဟူသော ကျမ၏ ပြောဆိုချက်ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန် သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။

သင်းသင်း

ABSDF (NB) ရဲမေဟောင်း

မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေးထားခြင်းဖြစ်ပါတယ်။

ခုတော့ ရဲမေ သင်းသင်းညီ က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) – မှာ နောက်ထပ်  ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။

Post By Htein LIn

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆိုင်းဘုတ် ပြန်တင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆိုင်းဘုတ် ပြန်တင်
2012-01-09

တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခွင့် ရပြီးနောက် NLD ပါတီ ရွှေဂုံတိုင် ဌာနချုပ်မှာ ဒီကနေ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ကတည်းက ထူထောင်ခဲ့တဲ့ အန်အယ်လ်ဒီ အနေနဲ့ ဒီအခမ်းအနားကို ၂၁ ရာစု အားမာန်သစ် ခံယူချက်နဲ့ ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ ဗဟိုအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။

“၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မှတ်ပုံတင်ပြီး ဖြစ်၍ နိုင်ငံရေးပါတီကြီး တစ်ရပ် အနေနဲ့ ရပ်တည်လျက် ရှိတယ် ဆိုတာကို ကျွန်တော်တို့က အစဉ်ပဲ ယုံကြည်စွဲလမ်း သတ်မှတ်ထားပြီးသားပါ။ ခုဟာကတော့ အဖွဲ့ချုပ် အနေနဲ့ စိတ်သစ်လူသစ် အဖွဲ့အစည်းသစ် သဘော သက်ရောက်အောင်၊ နောင်သွားမယ့် အခင်းအကျင်းနဲ့ ညီအောင် အဖွဲ့ချုပ် အလံတင်တာနဲ့ ဆိုင်းဘုတ်တင်တာ လုပ်တာပါ”

ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီကို ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။ ဒါကြောင့် ပါတီဝင်သစ်တွေ စတင် လက်ခံနေပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီး တစ်ခုစီကို အဖွဲ့ဝင်သစ် လျှောက်လွှာ နှစ်သိန်းစီ ဖြန့်ဝေထားတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီ ဖွဲ့စည်းပုံ အသစ်နဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“ဖွဲ့စည်းပုံအသစ် အရ သဘာပတိ အဖွဲ့အစည်း ရှိပါတယ်။ ပြီးတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်း ရှိပါတယ်။ သဘာပတိ အဖွဲ့ကိုတော့ နာယက အဖြစ် ဦးတင်ဦးက ခေါင်းဆောင်ပါမယ်။ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေတို့ ပါဝင်ပါမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ နောက်ပြီးတော့ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးအုံးကြိုင်၊ ဦးထွန်းထွန်းဖေ၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပါမယ်”

ဒီကနေ့ ညနေပိုင်းမှာတော့ ပြည်ထောင်စု တိုင်းရင်းသား ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေရေးမှာ ပါဝင်ကူညီသူ အားလုံး အတွက် ဂုဏ်ပြုပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/nld-party-signboard-01092012122647.html

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်
2011-12-18

နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။

ဒီအစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တာဝန်ပေးချက်အရ သူ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှု စစ်ဆေးပေးနေတဲ့ ဒေါက်တာတင်မျိုးဝင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသလို နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ကို အာအက်ဖ်အေ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/by-eletion-nld-12182011042143.html

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးတော့မယ်
2011-12-03

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နောက်ခံထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးနိုင်ဖို့အတွက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရုပ်ရှင်နယ်ပယ်က ထင်ရှားတဲ့ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို နေအိမ်မှာ ဖိတ်ခေါ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးရာမှာ အနုပညာမြောက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ရုပ်ရှင်ကားတကား ဖြစ်ဖို့ လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ စတင်ချိန်မှာ ပြောကြားခဲ့ပါတယ်။

“ကျမတို့ရဲ့ လွတ်လပ်ရေးသမိုင်းကို သရုပ်ဖော်တဲ့ ရုပ်ရှင်တခု ဖြစ်စေချင်တယ်။ ကျမတို့နိုင်ငံအတွက် သမိုင်းမှာ တကယ့်ကို အနုပညာအရရော သမိုင်းအရရော မှတ်တမ်းတင်လောက်တဲ့၊ အနုပညာမြောက်တဲ့ အလုပ်တခု ဖြစ်စေချင်တယ်။ တခါမှ မြန်မာနိုင်ငံမှာ ဒီလောက်အထိ မြောက်တဲ့ဟာ မဖြစ်ဖူးသလို၊ နောက်ဆုံးမဟုတ်ဘူး ပထမဦးဆုံး၊ နောက်လည်း အများကြီးလာမယ်။ တခါမှ ဒီလောက်တောင် သမိုင်းကို တိတိကျကျ အခြေခံတဲ့ ဟာမျိုး မရှိသေးဘူးဆိုတာ ဖြစ်စေချင်တယ်။ ဆိုတော့ အဲဒါကို အားလုံးဝိုင်း ကူညီမှဖြစ်မယ်။ ပြောရမယ်ဆိုရင် ဒီလို ရုပ်ရှင်အတွက် သုံးနှစ်ဆိုတာ အင်မတန်နည်းတယ်ဆိုတာ ကျမ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ၂ဝ၁၅ ကလည်း ဖေဖေ့ရဲ့ နှစ်တရာ ပြည့်နှစ်ဆိုတော့ အဲဒီအချိန်မှာ ထုတ်နိုင်ချင်တယ်”

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်ဖို့ သုတေသန ကော်မီတီတရပ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဦးဆောင် ဖွဲ့စည်းခဲ့ပြီး ဝါရင့် ဒါရိုက်တာကြီးတွေ ဖြစ်ကြတဲ့ မောင်မိုးသူ၊ စံရွှေမောင် (ခေါ်) ဦးအောင်လွင်နဲ့ ကိုဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဦးဇင်ဝိုင်း စသူတွေ ပါဝင်ပြီး လိုအပ်မယ့် ကုန်ကျငွေအတွက် ရုပ်ရှင်လောကသားတွေက ဝိုင်းဝန်း ရှာဖွေပေးမယ်လို့ ကတိပေးကြကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို လာမယ့် ၃ နှစ်အတွင်း အပြီး ရိုက်ကူးမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနှစ် ၁ ရာပြည့် မွေးနေ့ဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်မှာ ရုံတင်ပြသနိုင်အောင် စီစဉ်ကြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ ရုပ်ရှင်ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူ စုစုပေါင်း လူ ၁ ရာကျော် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/gen-aung-san-12032011090928.html

Follow

Get every new post delivered to your Inbox.

Join 996 other followers