
ကျမ်းကျိန်စာသားကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်အချိန်မီ မတက်နိုင်
2012-04-22
ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒါဟာ လွှတ်တော်ကို သပိတ်မှောက်တာ မဟုတ်ဘဲ ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲမို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။
“ကျွန်တော်တို့က တက်ဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက်ကြောင့်၊ တစုံတရာ တိုးတက်မှု မရသေးတဲ့အတွက်ကြောင့် ဒီကနေ့ နေပြည်တော်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့်မို့လို့ မနက်ဖန် ကျင်းပမယ့် ပထမအကြိမ် ကျင်းပမယ့် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ကျွန်တော်တို့ တက်ရောက်အုန်းမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းပြကြပါတယ်။ ဦးဥာဏ်ဝင်းတို့ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ ပြေလည်သွားမယ်ဆိုရင် အမြန်ဆုံး လွှတ်တော်တက်ရောက်တာကို တွေ့ရမှာပါ။”
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ Uphold စကားရပ်အစား respect လေးစား လိုက်နာပါမည်လို့ ကျမ်းကျိန်ဆိုရာမှာ ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး မပြီးပြတ်သေးတဲ့အတွက် မတက်ရောက်သေးတာလို့ ပြောပါတယ်။
ဒီနေ့ဟာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ဆွေးနွေးပွဲ သင်တန်း နောက်ဆုံးနေ့ ဖြစ်ပြီး ဒီအခမ်းအနား ကာလအတွင်း သတင်းထောက်တွေက မေးမြန်းတဲ့အခါ သပိတ်မှောက်တာ မဟုတ်ဘဲ အချိန်အခါသင့်ချိန်ကို စောင့်နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေကြားတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာ ပါရှိပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
LH
NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု
2012-04-19
လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။
“ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်း သူကရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။”
အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတစ်ခုပဲ ဖြစ်သေးတဲ့အတွက် သမ္မတအပါအဝင် အစိုးရတစ်ဖွဲ့လုံးရဲ့ သဘောထား မဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
အခုလို အခြေခံဥပဒေခုံရုံးက ပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေ အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလည်း ဒီစကားရပ်နဲ့ ကျမ်းကျိန်ရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ကာကွယ် စောင်ရှောက်ပါမည် ဆိုတဲ့စကားရပ်ကို ပြင်ဆင်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
LH
Suu Kyi eyes Britain for historic trip out of Burma
Democracy leader Aung San Suu Kyi plans to visit Britain during her first trip out of Burma in 24 years, it was announced on Wednesday.
The 66-year-old was invited to visit by prime minister David Cameron when he met her last week following surprise reforms by the military junta.
At the time she said the fact she could even consider the offer showed ‘great progress’ had been achieved in Burma. ‘Two years ago, I would have said thank you for the invitation but sorry.’
Ms Suu Kyi had been under house arrest for several years and previously refused to leave her homeland fearing she would not be allowed to return.
Her tour will include a trip to Oxford where she studied in the 1970s.
She will also visit Norway where she has yet to formally accept the Nobel Peace Prize she was awarded in 1991.
The short trip will be made in June but National League for Democracy party spokesman Nyan Win said he was unsure which country she would visit first.
The tour is evidence of Ms Suu Kyi’s growing confidence in the reform process and president Thein Sein, who has released hundreds of political prisoners and agreed greater press freedoms.
Earlier this month Ms Suu Kyi was elected to parliament and the NLD which boycotted the ‘unfair’ 2010 polls has now rejoined the political process.
She emerged as Burma’s pro-democracy leader amid mass uprisings in 1988. However, she was placed under some form of detention for 15 of the past 21 years as the military refused to recognise her election win.
Before this she lived in Britain with her two sons and her husband, Michael Aris, who died of cancer in 1999.
Downing Street said it had not received confirmation of the visit.
‘If it is true, it is very welcome news but I think we are still not entirely clear that that has actually been announced,’ said a No.10 spokeswoman.
Read more: http://www.metro.co.uk/news/world/896575-suu-kyi-eyes-britain-for-historic-trip-out-of-burma#ixzz1sUN6BDum
http://www.metro.co.uk/news/world/896575-suu-kyi-eyes-britain-for-historic-trip-out-of-burma
Burma Democratic Concern (BDC) Thingyan (Water) Festival 2012 London UK
ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
2012-04-15
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ ဘာသာရေးအရ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွါးမှုတွေကို ရှောင်ရှားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူးကာလမှာ ပြည်သူလူထုကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။”
ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။
ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
LH
http://www.rfa.org/burmese/news/religious-conflict-04152012072941.html
NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ဖို့ မသေချာ
2012-04-12
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ သတင်းရရှိပါတယ်။
NLD အတွင်းရေးမှူးနှင့် ပြောခွင့်ရ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။
” ကျွန်တော်တို့ ၂၃ ရက်နေ့ လွှတ်တော်တက်ဖို့ဆိုတာ အဲဒီမှာ ကျမ်းသစ္စာကျိန်ဆိုရမယ်လေ။ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီးလို့ သူတို့ပြောတယ်။ အဲတော့ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ကတည်းက ကျွန်တော်တို့ မူဝါဒက လေးစားလိုက်နာမယ်။ ကျန်တဲ့ဥပဒေတွေကိုလည်း လေးစားလိုက်နာမယ်။ ကာကွယ်စောင့်ရှောက်တဲ့ဟာက ကျွန်တော်တို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်တို့ ဒီလိုမူဝါဒထားတယ်။ အခု အဲဒီအခက်အခဲလေးကို ကျွန်တော်တို့ ကြိုးစားဖြေရှင်းနေတယ်။ နိုင်ငံတော် သမ္မတနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ အဲဒီဟာ ပြေလည်သွားတာနဲ့ ကျွန်တော်တို့ တက်မယ်။ ၂၃ ရက်နေ့ ဆိုတာကတော့ အချိန်အားဖြင့် နည်းနည်းအကန့် အသတ်ရှိနေတော့ သိတ်မမီလောက်ဘူးလို့တော့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး တက်မယ် မတက်ဘူးဆိုတာကို ပြည်သူ့လွှတ်တော်ရုံးကို ဒီရက်ပိုင်းအတွင်း အကြောင်းကြားမယ်လို့ ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
http://www.rfa.org/burmese/news/nld-parliament-04122012102650.html
LH
|