မကဒတ(မပ)တွင်စစ်ထောက်လှမ်းရေးများဟုစွပ်စွဲခံရပြီးသေဆုံးခဲ့သူများစာရင်း

မကဒတ(မပ)တွင်စစ်ထောက်လှမ်းရေးများဟုစွပ်စွဲခံရပြီးသေဆုံးခဲ့သူများစာရင်း
by Ko Lin Wai Aung on Thursday, 26 January 2012 at 11:14

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( မြောက်ပိုင်း )  – ပါဂျောင်ဒေသ – လိုင်စင်စခန်း – တွင်

စစ်ထောက်လှမ်းရေးများဟုမတရားစွပ်စွဲကာနှိပ်စက်သတ်ဖြတ်ခံရပြီးသေဆုံးးခဲ့ရသူများစာရင်း-

စဉ်

အမည်

တာဝန်

နေရပ်

သေဆုံးသည့်အကြောင်းရင်း

သေဆုံးသည့်နေ့

မှတ်ချက်

ကိုမြတ်ကိုကို

လူသစ်

မြင်းခြံ

ထောက်လှမ်းရေးဟုစွပ်စွဲကာသတ်ဖြတ်

.  .၁၉၈၉

ရေဆင်းတက္ကသိုလ်ကျောင်းသား

ကိုလွှမ်းမိုး

ဦးစီးမှူး

မ.က.ဒ.တ(ကချင်)

မိုးကောင်း

အဖွဲ့အစည်းပြိုကွဲအောင်လုပ်သည်ဟုစွပ်

စွဲကာစခန်းအလယ်ခေါင်သင်တန်းကွင်းတွင်

သေနတ်ဖြင့်ပစ်သတ်ခံရ

.  .၁၉၉၀

ကိုအောင်ကျော်

တပ်သား

ရန်ကုန်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာကေ

အိုင်အေမြေတိုက်တွင်ဖမ်းခံနေရစဉ်သေဆုံး

.  .၁၉၉၀

ဆေးရုံတွင်သေဆုံး

ကိုစိုးမင်းအောင်

မန္တလေး

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.၀၈.၁၉၉၁

ဗန်းမော်ခရိုင်တွင်

သေဆုံး

ဦးအောင်ကိုး

တပ်ကြပ်ကြီး

ဗန်းမော်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာဖမ်း

ထားစဉ်မူးရမ်းကားသူတစ်ဦးမှပစ်ခတ်၍သေ

.  .၁၉၉၁

ဗန်းမော်ခရိုင်တွင်

သေဆုံး

ကိုဝင်းနောင်

သင်တန်းဆရာ

ရန်ကုန်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာဖမ်းဆီး

ခံရပြီးစခန်းပြောင်းစဉ်ဒဏ်ရာများနှင့်မလိုက်

နိုင်၍သတ်ဖြတ်ခံရ

.  .၁၉၉၂

ဗန်းမော်ခရိုင်တွင်

သေဆုံး(လူ့ဘောင်

သစ်-ဗဟန်း)

ကိုကျော်ဌေး

တပ်သား

မန္တလေး

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.၀၈.၁၉၉၁

ကိုရာကွတ်ဘိုင်

အရပ်သား

ယင်ကျန်း

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.၀၈.၁၉၉၁

တရုပ်နယ်စပ်တွင်

လ္ဘက်ရည်ဆိုင်ဖွင့်

ကိုခင်မောင်စိုး(ခ)

ကိုစိုးကြီး

ဥက္ကဌ၏ကိုယ်

ရေးလက်ထောက်

အင်းတော်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.၀၉.၁၉၉၁

၁၀

ကိုပြည့်စိုးနိုင်(ခ)

ကိုပြည့်

ရိက္ခာတာဝန်ခံ

ရန်ကုန်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.၀၉.၁၉၉၁

စစ်ကြောရေးခန်း

တွင်သေဆုံး

၁၁

ကိုဇော်ဝင်းချစ်

တပ်ကြပ်ကြီး

ခရိုင်မှူးဟောင်း

ဗန်းမော်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.  .၁၉၉၁

၁၂

ကိုတင်မောင်အေး

(ခ)ကိုအားဆိုက်

ဗဟိုကော်မတီဝင်

မ.က.ဒ.တ(မပ)

ကသာ

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.  .၁၉၉၁

၁၃

ဦးစိန်

ဗဟိုကော်မတီဝင်

မ.က.ဒ.တ(မပ)

ရန်ကုန်

ထောက်လှမ်းရေးဟုသံသယဖြစ်ကာစစ်ဆေး

ရင်းစစ်ကြောရေးဒဏ်ကြောင့်သေဆုံး

.  .၁၉၉၁

အချုပ်ထောင်

တွင်းသေဆုံး

၁၄

ကိုအရှည်ကြီး(ခ)

ကိုဝင်းသိန်း

တပ်သား

ဝန်းသို

စစ်ကြောရေးဒဏ်ကြောင့် အချုပ်ထောင်

အတွင်းသေဆုံး

.  .၁၉၉၂

၁၅

ကိုအောင်မင်း(ခ)

ကိုထိန်လင်း

တပ်သား

မန္တလေး

အချုပ်ထောင်မှူး၏ရိုက်နှက်မှုကြောင့်

အချုပ်ဆောင်တွင်းသေဆုံး

.  .၁၉၉၂

၁၆

ကိုကျော်ဝေ

တပ်သား

မန္တလေး

လူသတ်ကုန်းတွင်စစ်ဆေးရင်းသတ်ဖြတ်ခံရ

.၀၂.၁၉၉၂

-

၁၇

ကိုထွန်းအောင်ကျော်

ဥက္ကဌ

မ.က.ဒ.တ(မပ)

မန္တလေး

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

အထက်ဗမာပြည်

ဗကသဥက္ကဌ

ဟောင်း-၁၉၈၈-၉၀

၁၈

ကိုချိုကြီး

လူသစ်

မန္တလေး

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

ဥက္ကဌ ၏အစ်ကို

ဝမ်းကွဲတော်စပ်

၁၉

ကိုရန်အောင်

တပ်သား

မန္တလေး

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

-

၂၀

ကိုလှမြင့်(ခ)

ကိုဇော်ရဲသွေး

တပ်သား

တပ်ကုန်း

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

-

၂၁

ဒုဗိုလ်သာဓု

တပ်ခွဲမှူး

ရန်ကုန်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

-

၂၂

မောင်မောင်ကြွယ်

သတင်းပြန်ကြား

ရန်ကုန်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

ဒေါ်ချိုချိုကျော်ငြိမ်း

မွေးစားသား

၂၃

မခင်ချိုဦး

ရဲမေ

ရန်ကုန်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၄

ကိုအောင်ဖိုး(ခ)

ကိုအေးသက်လတ်

တပ်သား

ရန်ကုန်

တာမွေ

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၅

ကိုသက်နိုင်

ဒုတပ်ကြပ်

ရန်ကုန်

မင်္ဂလာဒုံ

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၆

ကိုဌေးမြင့်ဝင်း

တပ်ကြပ်

ရန်ကုန်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၇

ဦးသောင်းမြင့်

တပ်သား

တန့်ဆည်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၈

ကိုမောင်မောင်

ကမဒ-တပ်သား

ကသာ

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၂၉

ကိုအေးမြင့်

ကမဒ-တပ်သား

ကသာ

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၃၀

ကိုတူးတူး

တပ်ကြပ်ကြီး

ခရိုင်မှူးဟောင်း

မြစ်ကြီးနား

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၃၁

ကိုကျော်ကျော်မင်း

တပ်သား

ထန်းတစ်ပင်

ဇီးကုန်း

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၂.၀၂.၁၉၉၂

၃၂

ကိုစိုးဝင်းသန်း

တပ်သား

မန္တလေး

စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာဖမ်းဆီးနှိပ်

စက်ပြီးလူသတ်ကုန်းတွင်သတ်ဖြတ်ခံရ

၁၉.၀၂.၁၉၉၂

၃၃

ဦးကျော်ကျော်အုန်း

ဗဟိုကော်မတီဝင်

မ.က.ဒ.တ(မပ)

တန့်ဆည်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသ

တွင်သတ်ဖြတ်ခံရ

.  .၁၉၉၂

၃၄

ဦးရန်နောင်စိုး(ခ)

ဦးစိုးလင်း

ဗဟိုကော်မတီဝင်

မ.က.ဒ.တ(မပ)

တန့်ဆည်

စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသ

တွင်သတ်ဖြတ်ခံရ

.  .၁၉၉၂

၃၅

ကိုရန်ရှင်း

စည်းရုံးရေးမှူး

မြင်းခြံ

စစ်ထောက်လှမ်းရေးဟုစွပ်စွဲပြီးဖါးကန့်ဒေသ

တွင်သတ်ဖြတ်ခံရ

.  .၁၉၉၂

“ အမှန်တရားဟာသင်တို့နှင့်အတူရှိနေပါတယ် ”
“ သူငယ်ချင်းတို့ကောင်းရာသုဂတိရောက်ပါစေ ”
ဖမ်းဆီးနှိပ်စက်ခံရပြီးအချုပ်ထောင်မှထွက်ပြေးလွတ်မြောက်လာသူစုစုပေါင်း( ၇၀ ) ဦးရှိပါသည်။

Post BY Htein LIn

ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး၀န်ကြီးပြော

ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး၀န်ကြီးပြော
2012-01-26

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးဟာ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ၀န်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ တရား မျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးပါက အပြန်အလှန် အနေနဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးနိုင်ပြီး မြန်မာ နိုင်ငံဟာ ကမ္ဘာ့အလယ် ကိုယ့်လမ်းကိုယ် လွတ်လွတ်လပ်လပ် သွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုသွား ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဦးစိုးသိမ်းနဲ့ တွေ့ဆုံရာမှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့် အပါအဝင် ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/norway-fm-election-sanction-01262012095638.html

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ
2012-01-26

အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။

စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။

ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/gambira-monks-meggin-01262012104420.html

Follow

Get every new post delivered to your Inbox.

Join 912 other followers