ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော

ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
2012-01-22

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

ဒီအချက်တွေထဲမှာ ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဍိပက္ခ အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ဖို့ စတာတွေ ပါဝင်တယ်လို့ အမေရိကန်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံက ဒီ Sanctions တွေ စလုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ Sanctions တွေကို ရုတ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်း တွေက ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၃ သုံးဦးလည်း ပါဝင်ပါတယ်။ ရှစ်လအတွင်း မြန်မာပြည်ကို ဒုတိယအကြိမ် လာရောက် တဲ့ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/mccain-sanction-01222012092556.html

မြောက်ပိုင်းလူသတ်မှု စုံစမ်းရေးကော်မရှင် ဖွဲ့ပြီ

မြောက်ပိုင်းလူသတ်မှု စုံစမ်းရေးကော်မရှင် ဖွဲ့ပြီ
မြောက်ပိုင်းလူသတ်မှုစုံစမ်းရေးကော်မရှင်အားတရားဝင်သတင်းထုတ်ပြန်ပါ
မြောက်ပိုင်းလူသတ်မှု နဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်က လာတဲ့ သတင်းတွေအရသိရပါတယ်။ ခက်တာက ကော်မရှင်ကို ဘယ်သူတွေနဲ့ဖွဲ့တယ်၊ သူတို့ဟာ ဘယ်လောက် တရားဝင်တယ်၊ ဘယ်လိုစုံစမ်းမှုတွေလုပ်နေတယ်ဆိုတာတော့ တိတိပပ မသိရသေးပါဘူး။ ဖွဲ့တာကတော့ ABSDF ဌာနချုပ်က တာဝန်ယူပြီးဖွဲ့တာဖြစ်တယ်လို့သိရတာပါ။
ဒါကြောင့် ABSDF ဌာနချုပ်ကို သတင်းထုတ်ပြန်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကိစ္စအားလုံးကို ကြိတ်ဖြေရှင်း ဖို့ကြိုးစားတဲ့ နည်းနာတွေကို ရပ်တန့်သင့်ပါပြီ။ ခက်တာက ကိုအောင်မိုးဝင်းတင်ပြနေတဲ့ မှတ်တမ်းမှာ ရော်နယ် အောင်နိုင်ကိုသာ ဇတ်လိုက်လုပ်ထားပေမဲ့ အမှန်တော့ ABSDF လူသတ်မှု ဇတ်လမ်းတွဲမှာ အခြား အဓိကဇတ်ကောင်တွေ ဒါရိုက်တာတွေ ဇတ်ပို့ဇတ်ရံတွေ နဲ့ ထုတ်လုပ်သူတွေပါ ပါဝင်နေတာပါ။ စုံစမ်းရေးကော်မရှင်ကို လူသိရှင် ငြား တရားဝင်ဖွဲ့မယ်ဆိုရင် ဇတ်လမ်းတွဲမှာ ပါတဲ့သူတွေ အကုန်ပေါ်မှာမို့လို့ ABSDF ကိုဖိအားပေးခံနေရ တာဖြစ်နိုင်ပါတယ်။ စုံစမ်းရေးကော်မရှင်ဖွဲ့မယ်ဆိုရင် ABSDF သတ်မှုဇတ်လမ်းတွဲ တစ်ခုတည်း ဖြစ်လာမှာ တင်မကပါဘူး။ ခိုးမှု၊ မုဒိန်းမှု၊ အလွှဲသုံးစားလုပ်မှု၊ လိမ်လည်မှု စသည်ဖြင့် ရာဇ၀တ်မှု မျိုးစုံပေါ်လာမှာဖြစ်ပါတယ်။ ABSDF ဟာ စစ်တပ် ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့စစ် တပ်တိုင်းမှာ စစ်ရေးချုပ်၊ တပ်ထိန်းချုပ်၊ စစ်ဥပဒေချုပ် ဆိုတဲ့ တပ်ကိုထိမ်းကြောင်းတဲ့ တပ်မှုးတွေကိုခန့်အပ် ရပါတယ်။ မတစ်ထောင်သားတွေနဲ့ဖွဲ့စည်း ပြီး လက်နက်တွေကိုင်ဆောင်ထားတဲ့ လူသားတွေကို ထိန်း ရတာ မလွယ်ကူတဲ့ကိစ္စပဲဖြစ်ပါတယ်။
စစ်အစိုးရဟာ သူ့လက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ခြစားတာကိုခွင့်ပြုခဲ့ပေမဲ့ သူတို့ကိုယ်တိုင်တောင် လက်မခံနိုင်တဲ့ အခြေအနေမျိုးရောက်လာခဲ့ရင် ဖမ်းဆီးထောင်ချတာမျိုး၊လုပ်လေ့ရှိပါတယ်၊ ဗိုလ်ကျော်ဘ၊ ဗိုလ် ထွန်းကြည်၊ စစ်ရေးချုပ် ဗိုလ်ဝင်းမြင့် စသည်ဖြင့် စစ်ဗိုလ်များစွား ထောင်နန်စံရတာတွေ ရှိပါတယ်။ တစ်ပိုင်းက တပ်ထဲမှာလည်း လိုအပ်ရင်လိုအပ်သလို ဖြုတ်ထုတ်သတ်တွေလုပ်လို့ သူတို့လည်း အခုလောက် အာဏာမြဲနေတာပါ။
ရန်သူအားရမယ်၊ ပြည်သူတွေစိတ်ဓါတ်ကျမယ် စသည်ဖြင့် ခြောက်လုံးတွေနဲ့ မကောင်းမှုတွေသက်ဆိုးရှည် ခဲ့ရတာပါ။ DVB ရဲ့ ငွေကြေးအရှုပ်တော်ပုံဆိုရင်လည်း ဒီလိုပါပဲ။ အထပ်ထပ် သတိပေးနေတဲ့ကြားထဲ့က လူရှုပ်တွေပေါင်းမိသွားတော့ အခုမြင်တဲ့ကြားတဲ့အတိုင်းဖြစ်ကုန်တာပါပဲ။ DVB ကိစ္စမှာ ဒါရိုက် တာ ၂ ဦးဖြစ်တဲ့ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့မှာ တာဝန်ရှိပါတယ်။ အမှန်တော့ သူတို့နှစ်ဦးဟာ DVB မှာ မရှိသင့်တော့ပါဘူး။ DVB ကတရားခံတွေရဲ့ ခိုးရာပါငွေတွေဟာ မြန်မာပြည်ထဲမှာပါ တိုက်တွေ ကားတွေဝယ်ထားတာဖြစ်ပါတယ်။ ဒီကိစ္စတွေ ကို တော့ သတင်းထဲမှာ ပါမလာပါဘူး DVB ကိစ္စမှာ နော်ဝေ အစိုးရက နဲ့ NORWAY POLICE ကတာဝန်ယူဆောင်ရွက်ပြီး နော်ဝေ တရားရုံးမှာ ရုံးတင်တာမို့လို့ သက်ဆိုင်ရာ တရားခံတွေ ကိုအရေးယူခွင့်ရခဲ့တာပါ။
ထိုင်း မြန်မာနယ် စပ်မှာ ဒေါ်လာ သန်းပေါင်းများစွား အလွဲသုံးစားမှုတွေဖြစ်ခဲ့တယ်လို့ သတင်းအချက် အချို့ ကဆိုပါတယ်။ အလွဲသုံးစားမှု နဲ့ မသမာမှုမျိုးစုံကိုကျူးလွန်သူအများစုတွေ ဟာလည်း အပြင်လူမဟုတ်ပါဘူး။ အဖွဲ့စည်း အသီးသီး ရဲ့ ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ အပြင်လူက ဘယ်လိုလုပ် ခြစားလို့ရမှာလည်း၊ ကိုမျိုးမြင့်ရဲ့ ဘလောက်စာမျက်နှာမှာတင်ပြတဲ့ မဲဆောက်က ခေါင်းဆောင်တွေ ပတ်စ်ပို့ ကိုင်ထားတယ်ဆိုတာလည်း အမှန်တကယ်ပဲဖြစ်ပါတယ်။ ပတ်စ်ပို နဲ့ ဗီစာ အသက်ရှင်နေဖို့အတွက် အမေရိက ကိုသွားရပြန်ရ လေယဉ်လက်မှတ်နဲ့ ခရီး စရိတ်တွေဆိုတာ အဖွဲ့ရဲ့ရံပုံ ငွေတွေထဲက သုံးရတာ ဖြစ်ပါ့တယ်။ မေးလိုက်ရင်တော့ သူတို့ရဲ့သက်ဆိုင်ရာ ရဲဘော်တွေဟာ အလွန်ပဲ ဆင်းဆင်းရဲရဲနေရတာပါ။
၂၀၀၈ ခုနှစ်က ABSDF ကို နော်ဝေက တစ်နှစ် ထောက်ပံ့ငွေ ခရိုနာ ၄ သိန်း (ဘတ် ၂၄ သိန်း) ခန့် ထောက်ပံ့ငွေဖြတ် တောက်လိုက်တဲ့ အတွက် ရံပုံငွေ အလွန်ပြတ်သွားတဲ့ အတွက် အလှုငွေထဲ့ကြဖို့ ဆော် သြတာနဲ့ ကြုံရဘူးပါတယ်။ ပိုက်ဆံဖြတ်လိုက်တာကို သာသိရပေမဲ့ ပိုက်ဆံရနေတုန်းကတော့ ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ ထိုင်းနယ်စပ်မှာတော့ စစ်ဖိနပ်တောင်စီးစရာ မရှိတဲ့ ABSDF ရဲဘော်တွေ ကို တစ်ရံကို ဘတ် ၃၀၀ နဲ့ စစ်ဖိနပ် ၀ယ်ပေးရဘူးပါတယ်။ ABSDF ကရဲဘော်တွေပြောတာက တော့ စစ်ဖိနပ်စီးထားလို့ မိုင်းနင်းမိရင် ခြေထောက်တစ်ခုလုံးပြတ်မထွက်ပဲ အဖြားလောက်ကပဲပြတ်ထွက် တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ကျွန်တော်ဝယ်ပေးခဲ့တာပါ။ နော်ဝေက ပေးတဲ့ ခရိုနာ ၄ သိန်း နဲ့ ဘာတွေဝယ်လိုက်ပါသလဲ။ စစ်လက်နက် ပစ္စည်းတွေဝယ်တယ်လို့ပြောဦးမလား။ ဒါကိုတော့ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက် တွေဖြစ်လို့မပြောတော့ပါဘူး။
ဆရာတက္ကသိုလ်ဖုန်းနိုင် ပြောခဲ့တဲ့ လူတစ်ထောင်မှာ သူခိုးတစ်ယောက်ရှိရင် အင်မတန်များတယ် ဆိုတာကို သက်သေပြလိုက်တာပါပဲ။
အခုတော့ ထိုင်းမြန်မာနယ်စပ်က အလွဲသုံးစားမှုမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးကြပါတော့မယ်။ ဒီလူတွေမြန်မာပြည်ထဲရောက်ရင် ဘာလုပ်ကြမှာလည်း။ NGO တွေထောင်ပြီး ကောင်းစားကြဦးမှာ မြင်ယောင်ပါသေးတယ်။ သူတို့ရဲ့ CLICK NGO တွေက လည်း အဆင်သင့်ရှိပြီးသားမို့ ပြည်တွင်း NGO လောက အတွက်တော့ ရင်လေးစရာပါပဲ။ ပြည်သူကို ဘမ်းပြပြီး ဘယ်လောက်များ ကိုယ်ကျိုးရှာမလဲဆိုတာ မှန်းလို့ရနေပါပြီ။
အခုချိန်မှာ ပြည်တွင်း ကကျောင်းသားခေါင်းဆောင်ဆိုသူတွေကလည်း လူမှုရေးလုပ်ငန်းတွေလုပ်ချင်တယ် ဆိုတဲ့အတွက် ပြည်ပက လူရှုပ်တွေနဲ့ပေါင်းမိလို့ကတော့ မြန်မာပြည်မှာ ဒေါ်လာသန်းကြွယ်သူဌေး နိုင်ငံရေး သမားတွေပေါ်လာဦးမလားပဲ။ အခုတောင် မြန်မာပြည်က လူငယ်တွေကို ပြည်ပမှာ သင်တန်းပေး နေတဲ့ PROGRAMM တွေ နဲ့ အလုပ်ဖြစ်နေတဲ့ ပြည်ပ ၀ိုင်းတော်သားတွေ တော်တော်များနေပါပြီ။ NLD ကလူငယ်တွေတောင်ပါသေးတယ်လို့ဆိုလိုက်ပါသေးတယ်။
ဖြစ်လာနိုင်တာ တစ်ခုကတော့ တိုင်းရေးပြည်ရေး အပြောင်းအလဲဖြစ် လာလို့ ပြည်ပက အရှိန် အဟုန် နဲ့ ၀င်လာမဲ့ NGO တွေနဲ့ ထောက်ပံ့ငွေတွေ ကို လူလယ်လူရှုပ်တွေလက်ထဲကို မရောက်စေဖို့ပဲဖြစ်ပါတယ်။ မြန်မာ ပြည်ဟာ NGO တွေ စိတ်ပျက် တဲ့နိုင်ငံဖြစ်သွားနိုင်ပါတယ်။ ပြည်တွင်းက ၈၈ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကြောင့် ဒေါ်လာ သန်း ၁၀၀ တစ်ရာ ရခဲ့တဲ့ အစဉ်အလာရှိပါတယ်။ အဲဒါတွေတုန်း ကတော့ သက်ဆိုင်ရာ NGO တွေက တိုက်ရိုက်ကိုင်တွယ်ခဲ့တယ်လို့သိရပါတယ်။
ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)
http://myanmardemocracycongress.blogspot.com/2012/01/blog-post_22.html

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၆-) (အောင်မိုးဝင်း)
by Maung Maung Wann on Sunday, 22 January 2012 at 05:46

( အာဏာရူးလူသတ်သမားခေါင်းဆောင် ( ၈၈’ ကျောင်းသားခေါင်းဆောင် အတု ) ABSDF Ronail Dr အောင်နိုင် ( ဝဲ ) နှင့် အသတ်မခံရမှီချုပ်နှောင်ပြီးငြင်းပမ်းနှိပ်စက်ခံနေရသော ABSDF  ကျောင်းသားတပ်မတော်သားအချို့၏ဓာတ်ပုံ။)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (-၆-) ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့  ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာ လေးတခုရှိပါတယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်ဆွေးနွေး ကြပါ။ တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဋိ ပုစ္ဆာတပုဒ်တွက် သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။

ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါလိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။

မကောင်းဆိုးဝါးတကောင်ရဲ့ အသံ

“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။  အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီး လုပ်ပြီး သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။                သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှားကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။ တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။

ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတယ်။ ABSDF (NB) စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေရှေ့မှာလည်း ရောက်ရော့ ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။ ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။

သက်သေပြချက်တွေ ရှိခဲ့ပေမဲ့

တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။ “သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊သူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ”  ရဲ့ စကားကို လက်မခံဘူး။  “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

အရိပ်တွေလိုက်လာပြီ

ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ ကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေအနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “  ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး  ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့်  တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးပဲ                   “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာ ဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။  အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က  ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။

သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောယုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၈ စက်တင်ဘာ၊ ၂၀၀၈

သို့

ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။

ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်းဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။

ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။     ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။          ဒါပေမဲ့ အားလုံးထောက်လှမ်းရေး မဟုတ်ဟူသော ကျမ၏ ပြောဆိုချက်ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန် သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။

သင်းသင်း

ABSDF (NB) ရဲမေဟောင်း

မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေးထားခြင်းဖြစ်ပါတယ်။

ခုတော့ ရဲမေ သင်းသင်းညီ က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) – မှာ နောက်ထပ်  ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။

Post By Htein LIn

Burma Democratic Concern(B.D.C) warmly w

Burma Democratic Concern(B.D.C) warmly welcomes 88 Generations Statement

Dear 88-generations;
Our Burma Democratic Concern(B.D.C) warmly welcomes your statement’s 9-items and wishing on your best democratic endeavors on Burma’s Democracy,Human rights,Civil-war stopped,Peace,National reconcilation,Solidarity,Modern developments together with global democratic countries.
thanking you in anticipation;
best regards;

yours’

(U Thi Ha Tint Swe)
Patron of B.D.C,U.S.A.
Ph;(509)545-3066.

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ
2012-01-21

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် ပိုပြီး အားကောင်းလာစေဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ်ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”

ဒါ့အပြင် အစိုးရ အပါအဝင်၊ တပ်မတော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေ၊ ပြုပြင်ပြောင်းလဲရေး အင်အားစုတွေနဲ့ တိုင်းပြည် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီက ဒဂုံမြို့နယ် တော်ဝင်စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို လူ ၅ ရာ လောက် တက်ရောက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ကိုမင်းကိုနိုင်နဲ့ အတူ ၈၈ ကျောင်းသားခေါင်းဆောင်တွေက တလှည့်စီ ဖြေကြားသွားပါတယ်။

သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/88-students-assk-01212012080304.html

Follow

Get every new post delivered to your Inbox.

Join 912 other followers