ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
2012-01-07

မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်က “မြန်မာ့ လူ့အခွင့်အရေးကိစ္စနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ သန့်ရှင်းတဲ့ အခြေအနေဖြစ်ရေး ကိစ္စတွေ လည်း ဆွေးနွေးကြတယ်၊ မြန်မာပြည်သူတွေကို ဒိန်းမတ်က ကူညီမယ့် ကိစ္စမှာ ကလေးပညာရေး ပြုစုပျိုးထောင်ရေးနဲ့ လယ်သမားတွေကို ကူညီရေးလည်း ဆွေးနွေးဖြစ်တယ်” လို့ ဆိုပါတယ်။

ဒိန်းမတ်နိုင်ငံဟာ UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ MDEF လို့ခေါ်တဲ့ ပညာရေးရန်ပုံငွေ အလှူရှင်များအဖွဲ့နဲ့ သြစတြေလျ၊ နော်ဝေး၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီနေပါတယ်။

ပထမအသုတ် အကူအညီကို ၂ဝဝ၇ ကနေ ၂ဝ၁ဝ အထိ ပေးခဲ့ပြီး ဒုတိယအသုတ် အနေနဲ့ ၂ဝ၁၂ ကနေ ၂ဝ၁၅ အထိ ကူညီမယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ပညာရေးနယ်ပယ်မှာ အသုံးပြုဖို့ ၄ နှစ် အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ကူညီဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်ဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့လည်း နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒိန်းမတ် နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးတွေအတွက် အဓိက ကူညီနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို၊ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီနေတယ်လို့ သိရပါတယ်။

ဒီလို အကူအညီတွေ ပေးတာကြောင့် ဒိန်းမတ်နိုင်ငံကို မြန်မာပြည်သူ တွေကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/assk-denmark-minister-01072012075904.html

Text of the Unofficial Translation of CN

Text of the Unofficial Translation of CNF Ceasefire Agreement

07 January 2012: Chinland Guardian is pleased to present the unofficial translation of the preliminary peace agreement between the Chin National Front and the Chin State Government following the two-days peace talks in Hakha this week.

Preliminary Agreement between the Chin State Government and Chin National Front towards Permanent Peace in Burma

In order that a permanent peace may be established …

- Drawing its basis from the announcement 1/2011 dated 18th August 2011 of the Government of the Union of Myanmar regarding the implementation of a permanent peace in the Union of Myanmar,

- Considering the need for a step-by-step practical implementation of the plans for a peace process drawn up by the Ethnic Affairs and Internal Peace Committee set up by both Houses of the People’s Parliament and the National Parliament on 18 August 2011

- Recalling that following the preliminary discussion between a delegation led by Union Minister U Aung Min, on the authorization of the President of the Union of Myanmar U Thein Sein, and Pu Zing Cung, Chairman of the fourth-term Conference of the Chin National Front and Joint General Secretary Dr. Sui Khar at a location in Thailand, the Chin National Front’s first Emergency Conference endorsed its Central Executive Committee’s decision No. 9/2011, and that therefore the decision can be implemented,

- Therefore, the Chin National Front and the Chin State-level peace delegations have signed the following historic points of agreement so that a permanent peace may be established.

(1) The Chin State Government level peace delegation and the Chin National Front have agreed to end mutual hostilities, including armed hostilities, effective from the time of the signing of this agreement.

(2) The Chin State Government level peace delegation and the Chin National Front have agreed to open up a Liaison Office in Thantlang so that the points in this agreement may be vigorously implemented. Matters regarding the possibility of opening up Liaison Offices in Tedim and Matupi will be submitted to the relevant bodies, the result of which will be made known at a later date. The parties have agreed that the Chin National Front/Army can temporarily be based out of the areas around three Village Tracts in Thantlang Township: Tlangpi Village Tract, Dawn Village Tract and Zang Tlang Village Tract. Moreover, matters regarding the possibility of having bases in Tedim Township’s Zampi and Bukphir Village Tracts, and Paletwa Township’s Kung Pin, Para and Pathiantlang Village Tracts, will be submitted to the relevant bodies and the result made known at a later date.

(3) The Chin State Government level peace delegation and the Chin National Front have agreed that any unarmed members of the Chin National Front and Chin National Army can freely travel to any place within the Union.

(4) The Chin State Government level peace delegation and the Chin National Front have agreed to meet again as soon as possible, so that the parties can arrange a time and date for the Chin National Front and the Union government to hold a discussion. In holding Union level talks, the parties agreed in principle to uphold as basic principles the flourishing of ethnic issues and democracy, in addition to the three national causes.

(5) The Chin State Government level peace delegation and the Chin National Front have agreed to allow the Chin National Front and the Chin National Army to freely hold public consultations, so that the desire of the Chin people can be brought forward as the basis of their discussion at the Union-level talks.

(6) The Chin State Government level peace delegation and the Chin National Front have agreed to allow international Non-Governmental Organizations to operate freely in Chin State and elsewhere in the Union of Myanmar so that they can tackle the issues facing the Chin people, including the food crisis, lack of…

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ – အပိုင်း ( ၄ ) ( နန်းအောင်ထွေးကြည်)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ – အပိုင်း ( ၄ ) ( နန်းအောင်ထွေးကြည်)
by Maung Maung Wann on Friday, 6 January 2012 at 23:24

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။

ခင်မင်လေးစားစွာဖြင့်

အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ

( က )

ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။

၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။

ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး ” ဟုပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များပိုမိုပြင်းထံခဲ့သည်။

မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့်မှတ်သားထားသည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေးသူလျှိုမဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်း ဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)

လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။

ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)

၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။

ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ဖက်ဆစ်အာဏာရူး စစ်ဘီလူးတို့လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံရသူ..ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်( ကျောက်တိုင်ကို လက်တင်ထားသူ )

Htein Lin

Yangon, January 6 — “We are ready to mo

Yangon, January 6 — “We are ready to move towards a strong, positive
and open relationship as reforms take place, and to respond
bilaterally and through the EU. We will judge progress by actions and
events and will respond in good faith to measures as they are taken,”
the British Foreign Secretary William Hague mentioned at the press
conference held this evening at the British Council in Yangon.

At the press conference William Hague also stressed the need to get
the sustainable peace with the ethnic groups by building trust and
dialogue to provide a solid foundation for wider economic and
political progress.

“Many hundreds of men and women still remain in jail here for their
beliefs. This has no place in any democracy and it has no place in the
future of this country. I was encouraged to hear that the government
of Myanmar plans to release all remaining political prisoners,”
British Foreign Secretary said.

“It has been made possible by the initial steps taken by President
Thein Sein, including the release of over 250 political prisoners, the
easing of restrictions on the media and political parties and dialogue
with Daw Aung San Suu Kyi and the NLD,” said William Hague.

“It is vital that the by-elections on April 1st are credible, free
and fair and enable all parties can compete. We welcome the NLD’s
courageous decision to participate in these elections, which the world
will watch closely,” British Foreign Secretary said.

In conclusion, the British Foreign Secretary said: “The country’s
border regions have been scarred by conflict and suffering,
particularly in Kachin State, where fighting has displaced tens of
thousands of people in recent months. This is an urgent need for the
United Nations to be allowed to deliver humanitarian assistance
independently and with access to all areas, for an end to offensive
operations in Kachin State.

“We are already the biggest bilateral aid donor here, with 185 pound
million committed for the next four years. I have announced on this
visit that UK funding for microfinance initiatives that will assist up
to 55,000 more people in rural areas for establishment of small scale
enterprises. We also provide additional support for peace building
efforts in Kachin State and for 13,000 people displaced by conflict
there,” William Hague told the press.
http://www.bdcburma.org

စစ်တွေတက္ကသိုလ်မှာ ဆန္ဒပြမှု ဖြစ်ပွား

စစ်တွေတက္ကသိုလ်မှာ ဆန္ဒပြမှု ဖြစ်ပွား
2012-01-06

ဒီကနေ့ စစ်တွေ တက္ကသိုလ်မှာ မြို့ထဲကနေ ကျောင်းကို ပြေးဆွဲတဲ့ ဆိုင်ကယ်တက္ကစီ ဈေးနှုန်းတွေ တက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ကျောင်းဝင်းအတွင်း ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ စစ်တွေ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။

ဆိုင်ကယ် တက္ကစီခဟာ မူလက ကျပ် ၁၀၀ ဖြစ်ပေမယ့် ဓာတ်ဆီ ဈေးတက်တာကို အကြောင်းပြုပြီး ဇန်န၀ါရီလ ၅ ရက်က စပြီး ကျပ် ၂၀၀ ကို တိုးတောင်းနေ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတချို့ မနေ့က အစည်းအဝေး လုပ်ခဲ့ကြပြီး ဒီကနေ့ မနက်ပိုင်းမှာ စတင် ဆန္ဒပြခဲ့ကြ ပါတယ်။

၁၁ နာရီကစပြီး ကျောင်းထဲမှာ ဆန္ဒပြကြကြောင်း၊ ဆရာ ဆရာမတွေက ကိုယ့်အခန်းထဲကိုယ် ဝင်ကြဖို့ ပြောပေမယ့် ကျောင်းသားတွေက မဝင်ကြဘဲ အော်ပြီး ဆန္ဒပြကြကြောင်း၊ ကားခတွေ လျှော့ပေးဖို့ တောင်းဆိုကြကြောင်း ကျောင်းသူတစ်ဦးက ပြောပါတယ်။

ဆရာ ဆရာမတွေက ဈေးနှုန်းကို ၁၅၀ ကျပ်နဲ့ ညှိနှိုင်းပေးပေမယ့် တက္ကစီသမားတွေက လက်မခံသလို ကျောင်းသား ကျောင်းသူတွေ ကလည်း လက်မခံဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။ ဒီကနေ့ ညနေ ၅ နာရီလောက် အထိ ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ ရှိနေဆဲ ဖြစ်ပြီး အများစု ကတော့ မြို့ထဲကို လမ်းလျှောက် ပြန်ကြတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။ ဒီပြဿနာကို တနင်္လာနေ့မှာ အာဏာပိုင်တွေ ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ မိဘတွေက ယုံကြည်ကြောင်း အာရ်အက်ဖ်အေကို ပြောပြပါတယ်။

ကျောင်းသားတွေ ကတော့ တနင်္လာနေ့မှာ မနက် ၅ နာရီ ထပြီး ကျောင်းကို လမ်းလျှောက်သွားမယ်လို့ ပြောဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စစ်တွေ တက္ကသိုလ်က ကျောင်းသူတစ်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/sittwe-university-strike-01062012115127.html

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော
2012-01-06

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးမချင်း အရေးယူပိတ်ဆို့တာတွေ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာ အာဏာပိုင်တွေကို ဒီနေ့ သတိပေး လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာ ထင်ရှားပေမယ့် နိုင်ငံတကာအနေနဲ့ မြန်မာ အာဏာပိုင်တွေအပေါ် ဆက်လက် ဖိအားပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr. Hague က ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကန့်သတ်ထားတဲ့ အစီအစဉ်တွေ ရုပ်သိမ်းဖို့ မဆုံးဖြတ်ခင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီထက် ပိုမိုလုပ်ဆောင်တာကို အမှန် တကယ် မြင်တွေ့လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့ အတွက် ဒီအချိန်ထိ ဆောင်ရွက်မှုတွေဟာ လုံလောက်မှု မရှိသေး ကြောင်း Mr Hague က ပြောခဲ့ပါတယ်။

Mr Hague ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၁၉၅၅ ခုနှစ်ကစလို့ ဗြိတိန် အထက်တန်းတာဝန်ရှိသူတစ်ဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီမနက်က တွေ့ဆုံတာပါ။ ဒီတွေဆုံပွဲအပြီးမှာ အိပ်မက်တွေ စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ တကယ့်ကို အတော့်ကို ကြိုးစားဆောင်ရွက်ရ ပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

စိတ်ကူးတွေ အိပ်မက်တွေအတွက် စိတ်ကူးယဉ်နေတာကို မယုံကြည် ကြောင်း၊ စိတ်ထဲမှာကိုက ပန်းတိုင်တစ်ခု ရှိရပြီး အဲဒီပန်းတိုင်ရောက်ဖို့ ကြိုးစားလုပ်ကိုင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/assk-william-hague-01062012101204.html

Follow

Get every new post delivered to your Inbox.

Join 996 other followers