http://burmese.dvb.no/archives/15104

ေဒါ်ေအာင်ဆန်းစုြကည် အင်တာဗျုးနှင့် ကိုယ်တိုင်ေရးေဆာင်းပါးများ ေဖာ်ြပခွင့်ရ
Published on September 3, 2011 by ေရွှေအာင်   ·   No Comments

စက်တင်ဘာ ၄ ရက် တနဂင်္ေနွေန့ထုတ် Messenger News Journal မှာ ေဒါ်ေအာင်ဆန်းစုြကည်နဲ့ အင်တာဗျုး ေဖာ်ြပထားပါတယ်။

ဂျာနယ်ရဲ့ ေဖ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ” အနှစ် ၂၀ ေကျာ်အတွင်း ြမန်မာြပည် စာနယ်ဇင်းေလာကမှာ ဘယ်ဂျာနယ်မှ မေဖာ်ြပနိုင်ေသးတဲ့ အင်တာဗျူးတခုကို Messenger က အေစာဆံုးေဖာ်ြပလိုက်နိုင်တာပဲ”လို့ ေရးထားပါတယ်။

ဂျာနယ်တိုက်ကို ဆက်သွယ်ေမးြကည့်ေတာ့ ေဒါ်စုနဲ့အင်တာဗျုးကို အြကိမ်ေပါင်းများစွာ စိစစ်ေရးတင်ြပခဲ့ရြပီး အခုတြကိမ်မှာ  ေဖာ်ြပခွင့်ရတာပါလို့ ေြပာပါတယ်။

ေဒါ်ေအာင်ဆန်းစုြကည် ေနအိမ်အကျယ်ချုပ်က လွတ်ေြမာက်ခဲ့ြပီး ကတည်းက သတင်းဂျာနယ်တချုိ့က ေဒါ်ေအာင်ဆန်းစုြကည်နဲ့ အင်တာဗျုး လုပ်ြပီး စိစစ်ေရးတင်ြပခဲ့တာ တခါမှ ေဖာ်ြပခွင့်မရခဲ့ြကပါဘူး။

အလားတူ ေဒါ်ေအာင်ဆန်းစုြကည် ကိုယ်တိုင်ေရးတဲ့ ‘အပမ်းေြဖနားရက်များ’လို့ အမည်ေပးထားတဲ့ ေဆာင်းပါးလည်း ြပည်သူ့ေခတ်ဂျာနယ်မှာ ေဖာ်ြပခွင့်ရြပီလို့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာေမာင်၀ံသက အတည်ြပုေြပာပါတယ်။

“ ‘အပမ်းေြဖနားရက်များ’ သားနဲ့ ပုဂံကို ခရီးသွားတဲ့အေြကာင်းေပါ့။ ခရီးစဉ်အစက စေရးထားတာ။ မူလေရးထားတဲ့အတိုင်းပဲ ခွင့်ြပုပါတယ်။ ေဒါ်စုဆီက ေပးပို့ထားတာေတွကိုလည်း ထပ်ြပီးေတာ့ တင်ဦးမှာပါ။”

ေဒါ်ေအာင်ဆန်းစုြကည် ေဆာင်းပါး ပါ၀င်တဲ့ ြပည်သူ့ေခတ်ဂျာနယ်ကေတာ့ အဂင်္ါေန့မှာ ထွက်ရှိလာမှာပါ။

ေဒါ်ေအာင်ဆန်းစုြကည်နဲ့ ပတ်သက်တဲ့ သတင်းေတွ၊ သတင်းေဆာင်းပါးေတွအြပင် အင်တာဗျုးေတွ ကိုယ်တိုင်ေရး စာမူေတွကိုပါ ေဖာ်ြပခွင့်ေပးလာတဲ့အေပါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ြကိုဆိုလိုက်ြကြပီး တသမတ်တည်း ဆက်လက် ေဖာ်ြပခွင့်ေပးဖို့လည်း ေမှျာ်လင့်ေနြကပါတယ်။

LH

http://burmese.dvb.no/archives/15104

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 996 other followers