ရွာသစ် ရေကာတာတွင် အစိုးရတပ်မှ တပ်အင်အား တိုးမြှင့်

သောကြာနေ့၊ ဂျူလိုင်လ 01 ရက် 2011 ကေဒီအာရ်ဂျီ – ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ ရွာသစ် ရေကာတာ တည်ဆောက်ရေး စီမံကိန်း လုံခြုံရေး အတွက် မြန်မာအစိုးရတပ်မှ တပ်အင်အား တိုးမြှင့် ချထားကြောင်း သိရသည်။“အရင်တုန်းက ဗိုလ်မှူး လှိုင်းလင်းကျော် ဦးဆောင်တဲ့ ၅၂၅ တပ်ရင်း တစ်ရင်းပဲ စီမံကိန်း လုံခြုံရေးအတွက် တာဝန်ယူပေးတယ်။ အခုတော့ ဗိုလ်မှူး ဇော်မန်းဖြိုး ဦးဆောင်တဲ့ ၄၂၃ တပ်ရင်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ အခြေစိုက် တပ်ရင်းက တပ်အင်အား ဖြည့်လာတယ်။ ပြီးတော့ လူသွားလူလာဂိတ်တွေမှာစစ်ဆေးမေးမြန်း မှုတွေကို လုပ်လာပါတယ်” ဟု ရွာသစ်ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်မှူးလှိုင်းလင်းကျော် ဦးဆောင်သည့် တပ်ရင်း ၅၂၅ မှ တပ်အင်အား ၆၀ ဖြင့် ရွာသစ်ရေကာတာ တည်ဆောက်ရေးစီမံကိန်းကို အနီးကပ်လုံခြုံရေး ယူပေးလျက်ရှိရာမှ ယခု ၄၂၃ တပ်ရင်း ထပ်မံတိုးချဲ့ ချထားခြင်းဖြစ်သည်။ သို့သော် ၄၂၃ တပ်ရင်းမှ တပ်အင်အား မည်မျှထပ်မံတိုးချဲ့သည်ကိုအတိအကျမသိ ရှိရသေးပေ။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ရှမ်းပြည်နယ် တာဆန်း ရေကာတာ စီမံကိန်းတွင် တရုတ်အင်ဂျင်နီယာ ၄ ဦး ပျောက်ဆုံးပြီးသည့်နောက် ဘောလခဲမြို့နယ် သံလွင်မြစ်ပေါ်တွင် ရွာသစ် ရေကာတာကို စတင်တည်ဆောက် နေသော တရုတ်အင်ဂျင်နီယာများအတွက် အစိုးရစစ်တပ်များက လုံခြုံရေးအင်အား တိုးမြှင့်လာဖြင်းဖြစ် နိုင်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

အခြားသော ရွာသစ်ဒေသခံတစ်ဦးကလည်း “ကြည့်ရတာ ဒီတာဆန်းဖက်မှာ အင်ဂျင်နီယာတွေ အဖမ်းခံရပြီးတဲ့နောက်ပိုင်း ရွာသစ်မှာ ရှိတဲ့ တရုတ် အင်ဂျင်နီယာတွေက သူတို့ လုံခြုံရေးအတွက် ပိုပြီး ဂရုစိုက်လာပါတယ်။ လုံခြုံရေးအတွက် သူတို့ကို သတင်း ပေးမယ့် သူတွေကို အလုပ်သမားကြားမှာ ပြီးတော့ ရွာသားကြားမှာ ကိုယ်တိုင် လိုက်ထားလာတယ်” ဟု ပြောသည်။တာဆန်း ရေကာတာ စီမံကိန်းတွင် ပျောက်ဆုံးခဲ့သော တရုတ်အင်ဂျင်နီယာ ၄ ဦးမှာ လမ်းပြနှင့် စကားပြန် ဆောင်ရွက်ပေးသူ ဒေသခံတစ်ဦးနှင့်အတူ စက်လှေ ငှားရမ်းပြီး ရေကာတာ တည်ဆောက်ရာ ဒေသမှ အထက်ဘက်သို့ ဆန်တက်သွားစဉ် အမည်မသိ လက်နက်ကိုင် တစ်စုမှ သေနတ် ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကရင်နီ ဖွံ့ဖြိုးရေးသုသေတနပြုအဖွဲ့မှ သတင်းရရှိထားသည်။

ရွာသစ် ရေကာတာတွင် အုတ်မြစ် ချရန်အတွက် တရုတ်အင်ဂျင်နီယာများက ယခုနှစ်ဆန်းပိုင်းမှ စ၍ မြေအောက်ထဲ အပေါက်များကို တူးချလျက်ရှိသည်။ အပေါက်များ တူးချနေသော တရုတ်အင်ဂျင်နီယာ များသည် ပြီးခဲ့သည့် မတ်လ သင်္ကြန်ကာလတွင် ရွှေဟု ယူဆရသော ခဲများကို တွေ့ရှိခဲ့သည်။ သို့သော် ထိုခဲများသည် ရွှေအစစ် ဟုတ်မဟုတ် ဆိုသည်ကို ယခုအချိန်ထိ အတည်မပြုသေးပေ။ကရင်နီပြည်နယ်တွင် သံလွင်မြစ်ပေါ်တွင် ယခု တည်ဆောက်နေသော ရွာသစ် ရေကာတာ အပါအ၀င် ဘောလခဲမြို့နယ်ရှိ ပွန်ချောင်း ရေကာတာနှင့် လွိုင်ကော်မြို့နယ်မြောက်ဘက်ရှိ သဖက်ချောင်း ရေကာတာ ၃ ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ယခင် မြန်မာစစ်အစိုးရက တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကြသည်။

ယင်းရေကာတာ စီမံကိန်းများကြောင့် ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၂၁၂ ရွာနှင့် ဒေသခံပြည်သူ ၃၂၀၀၀ ကျော် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့ ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကေဒီအာရ်ဂျီက ပြောခဲ့သည်။

AAT

မူဆယ်အနီး မြန်မာစစ်ယာဉ်တန်းအား KIA တိုက်ခိုက်

သောကြာနေ့၊ ဂျူလိုင်လ 01 ရက် 2011 – ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းတွင် မြန်မာစစ်ယာဉ်တန်းအား ကချင် လွတ်မြောက်ရေးအဖွဲ့ (KIA)က ဇွန် ၃၀ မွန်းလွဲ ၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့သည်ဟု မြင်တွေ့သူများ ပြောသည်။မူဆယ်မှတောင်ဘက် ၁၅ မိုင်အကွာ ခိုမုန်းကျေးရွာအနီးတွင် မန္တလေးသို့ဦးတည်လာသည့် ၎င်းယာဉ်တန်းအား KIA တပ်ရင်း ၉ မှ မြေမြှုပ်မှိုင်းနှင့် လက်နက်ငယ်များအသုံးပြုပြီး အချိန်တို တိုက်ခိုက်ခဲ့သည်ဟု ဆက်ဆိုသည်။

သေကြေဒဏ်ရာရမှု အတိအကျကို မသိရသော်လည်း ဒဏ်ရာရသူ မြန်မာစစ်သားများအား မူဆယ်ဆေးရုံသို့ ကားဖြင့်ပို့ဆောင်နေကြသည်ဟု မျက်မြင်သက်သေများ ပြောသည်။ကွတ်ခိုင်မြို့နယ် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေထဲ မြန်မာ စစ်သားများဝင်ရောက်လာခြင်းကို ဟန့်တားပစ်ခိုက်ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦး ပြောသည်။ယခုပစ်ခတ်မှုသည် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်နှင့် KIA အရာရှိများကြား လိုင်ဇာဌာနချုပ်အနီး လဂျားယန်တွင် ငြိမ်းချမ်းရေးကိစ္စ ဒုတိယအကြိမ် တွေ့ဆုံခြင်းနေ့တွင် ဖြစ်ပွားခြင်းဖြစ်သည်။

AAT

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

ကြာသပတေးနေ့၊ ဇွန်လ 30 ရက် 2011 စောသိန်းမြင့် – ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင်ဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု သိရသည်။



နအဖ အရာရှိများက ဗိုလ်မှူးမုတ်သုန်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲနေစဉ်

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင်လူနေအိမ်တစ် လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေဆူညံ နေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကိုပေါ်တာလိုက် လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကိုဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းက အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း၊ နောက်တန်းမှတပ်ရင်းတပ်ဖွဲ့များအားလုံး ကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀ကျော် ထုတ်ယူကာ နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟုစစ် ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

AAT

ပြ ည်သူ့ တပ်မတော်ကို ချစ်ပါရစေ

ပြည်ချစ်မေ

ပြည်သူချစ်သော ပြည်သူ့တပ်မတော် ကို ပြည်သူမုန်းသော စစ်တပ် ဖြစ်အောင် ဘယ်သူလုပ်သလဲ
မြန်မာ့ တပ်မတော် ပေါ်ခါစက ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သော၊ ဖက်ဆစ်ကို တိုက်ထုတ်ခဲ့သော၊ မြန်မာ့ လွတ်လပ်ရေးကို အရယူပေးခဲ့သော မြန်မာ့ တပ်မတော် သားများ ပြည်သူများကြားတွင် ဘယ်လောက် မျက်နှာပန်း ပွင့်ခဲ့ သည် ဆိုသည်မှာ အထူး ပြောစရာ မလိုပါ။ စစ်မျက်နှာ ၂ဖက် ညှပ်ခြင်းကို အလူးအလဲ ခံခဲ့ရသော မြန်မာ နိုင်ငံသည် စစ် ပြီးခေတ် ဖဆပလ လက်ထက်တွင် အရှေ့တောင် အာရှ တစ်ခွင်တွင် ဦးဆောင် နိုင်ငံ ဖြစ်ခဲ့သေးကြောင်းကို စင်ကာပူ ၀န်ကြီးချုပ် လီကွမ်ယုရဲ့ စင်ကာပူကို မြန်မာလို ဖြစ်အောင် အတုယူ ကြိုးစားကြ လို့ ပြောခဲ့ရတဲ့ သမိုင်းတွင် စကား တစ်ခွန်း နဲ့ တင် သိသာပါတယ်။

ဖဆပလ ပြုတ်ကျပြီး မဆလနဲ့ န၀တ တဖြစ်လဲ နအဖတို့ ခေတ်ဖြစ်တဲ့ ခုချိန်မှာတော့ ကမ္ဘာ့ အတိုးတက်ဆုံး နိုင်ငံဖြစ်သွားတဲ့ စင်ကာပူဟာ ကမ္ဘာ့ အဆင်းရဲဆုံးနဲ့ ဒုက္ခအများဆုံး ဖြစ်သွားတဲ့ သူအတုယူ ခဲ့ရတဲ့ မြန်မာနိုင်ငံကို ငုံ့ကြည့် နေရပါပြီ။ တိုင်းပြည် အတွက် မရှိမဖြစ် ဆိုတဲ့ တိုက်ခိုက်ရေး ကျွမ်းကျင်ပါပေ့ ဆိုတဲ့ တပ်မတော် ကြီးရဲ့ အုပ်ချုပ်မှု ကြောင့်ပါပဲ။ ကိုယ်တာဝန်ယူတဲ့ အချိန်မှာ ဖြစ်ပေါ်သမျှ ကိုယ့်တာဝန်ပါ။ သူများကို လွှဲချလို့ မရနိုင်ပါဘူး။

ပြည်သူချစ်သော ပြည်သူ့ တပ်မတော်ဘ၀မှာ တပ်မတော်နေ့ စစ်ကြောင်းလျှောက် တဲ့ စစ်သားများ လည်ဆွဲ ပန်းကုံး များထဲမှာ ပန်းကုံး စွပ်သူ ပြည်သူ များရဲ့ မေတ္တာစာများ၊ ဆက်သွယ်ရန် လိပ်စာများ ချိတ်ဆွဲလျက် ပန်းကုံးစွပ်ခံ ခဲ့ကြ ရတာ ၈၈ မတိုင်ခင် ထိ ဆိုတာ စစ်ကြောင်းလျှောက် တပ်မတော် သားများ အသိဆုံးပါ။ ၈၈ နောက်ပိုင်း ပြည်သူရဲ့ အငတ်ဘေး ကို မသိတဲ့ ပြည်သူ့ အခွန်တော်စား လခစား နယ်က စစ်သားများကို ရန်ကုန် ခေါ်ပြီး ဆန္ဒပြ ပြည်သူကို ကွန်မြူနစ်လို့ လိမ်ပြောပြီး ပစ်ခိုင်းပြီးတဲ့နောက် စစ်ကြောင်းလျှောက် တပ်မတော် သားများ ရရှိခဲ့တဲ့ ပန်းကုံး ကတော့ ခွေးလှေးယားသီး ထည့်ထားတဲ့ ပန်းကုံးများ ဖြစ်လို့ သတိ ဆွဲချိန် တွန့်လိမ် နေတဲ့ စစ်ကြောင်းလျှောက် စစ်သားများကို ရုပ်မြင်သံကြားက ထိုင်ကြည့်ရင်း ပြည်သူရဲ့ ဒဏ်ခတ်မှုကို မြင်တွေ့ လိုက်ရ ပါတော့တယ်။ ပြည်သူ့အချစ်တော် ဘ၀ ကနေ ပြည်သူ့ အမုန်းကို ခံရတာ ဘာကြောင့် ဆိုတာကို စစ်သားများ တပ်မတော်သားများ ပြန်လှန် စဉ်းစား သုံးသပ် မိကြပါရဲ့လား။

ပြည်သူနဲ့ စစ်တပ်ကို ဘယ်သူက ဘယ်လို သွေးခွဲနေပါစေ။ ပြည်သူက မွေးဖွားတဲ့ တပ်မတော်သားမို့ ပြည်သူနဲ့ နီးစပ် တဲ့ အခြေခံ ရဲဘော် အများစုဟာ ပြည်သူ့ ဘ၀ကို စာနာ နားလည်ပါတယ်။ ပြည်သူ ကလဲ အခြေခံ ရဲဘော်များရဲ့ ဘ၀ကို စာနာ နားလည်ပါတယ်။ ကိုယ့်ရွာကိုလာ၊ ကိုယ့်ရွာက အိမ်တွေကနေ တတပ်လုံးစာ ရိက္ခာကို တောင်းယူတဲ့ တပ်မတော် သားကို မရှိတဲ့ အထဲက ခွဲဝေပေးတာ ပြည်သူပါ။ ဒီတပ်မတော်သားတွေရဲ့ ရိက္ခာကိုတော့ ထောက်ပို့တပ်က အမြဲ ဖြတ် ယူ ခိုးယူ ပေါ်တင် ယူတာမို့ ပြည်သူ့ ဆီက ဒီလို ပြန်တောင်း ရတယ် ဆိုတာ ပြည်သူက နားလည်ပါတယ်။ ထောက်ပို့ တပ် က တာဝန်ရှိသူကို တိုင်ကြားမှု ပြုသူမှာ စစ်ထောင် ကျလေ့ ရှိတာ ကိုလည်း ပြည်သူက သိပါတယ်။ ထောက်ပို့တပ် က တာဝန်ရှိသူဟာ ရှေ့တန်းရောက် တပ်မတော်သားများရဲ့ ရိက္ခာကို ဖြတ်တောက် ခိုးယူပြီး အထက် အရာရှိကို ဖားရ ထောက်ပံ့ ရသလို အထက် အရာရှိ ဆိုသူကလည်း ဒီငွေနဲ့ သက်ဆိုင်ရာ အထက် အထက်က ပုဂ္ဂိုလ်များကို ဆက်လက် ထောက်ပံ့ ရတာကို လည်း ပြည်သူက သိပါတယ်။

ရှေ့တန်းကို တကယ် ထွက်ဖူးတဲ့ တပ်မတော်သား များဟာ ရှေ့တန်း မှာ အသက်ကို ရင်းလို့ အချိန်ကို လုပြီး တိုက်ပွဲဝင် နေရချိန်မှာ ရိက္ခာ ပြတ်ရင် ဘယ်လို ခံစားရမယ် ဆိုတာ ကိုယ်တိုင် ခံစားပြီး ရဲဘော်ချင်း တပ်မတော်သားချင်း ကိုယ်ချင်း စာစိတ် ရှိဖို့ ကောင်းပါတယ်။ တပ်မတော်သား စိတ်ဓာတ်ကို ဘယ် နေရာမှ သွားထားလဲ လို့ မေးချင်ပါတယ်။ ကိုယ့် တပ်မတော်သား ချင်းတောင် အသက်ရင်းပြီး သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် ရှေ့တန်း ထွက်နေသူ ကို တောင် ဒီလို တကိုယ်ကောင်း စိတ်ထားနဲ့ ဒီလို ဆက်ဆံရင် သာမန် ပြည်သူ ကိုရော ဘယ်လိုစိတ်ထားနဲ့ ဆက်ဆံ ခံရမလဲ ဆိုတာ ပြည်သူ့ တပ်မတော်သားများ စဉ်းစားတတ်ကြပါတယ်။ ဒါပေမယ့် မတစ်ထောင်သားများ ဖြစ်တဲ့အတိုင်း တပ်မတော်ထဲ မှာ လူဆိုးလူသွမ်း လူယုတ်မာများ ပါလာလေ့ ရှိတာကိုလဲ ပြည်သူ က သိပါတယ်။ ငါးခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံးပုပ် ဆိုသလို ပြည်သူက သိမ်းကျုံး စွပ်စွဲမှု မပြုပါဘူး။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဆိုသလို ခွဲခြားတတ်တဲ့ စိတ် ပြည်သူ့ထံမှာ ရှိပါတယ်။

ပညာ အခြေခံနည်းပြီး အထက်က တချိန်လုံး ဟောက်စား လုပ်မှုကြောင့် စိတ်ထား ကြမ်းနေတဲ့ ရဲဘော်များဟာ ရိက္ခာ မရှိရင် ဆာလောင် နေသူ ဟာ စိတ်တိုပါတယ်။ ပညာ နည်းပါးပြီး လက်နက် ရှိနေသူဟာ လက်နက် အားကိုးနဲ့ ရမ်းတတ် ပါတယ်။ ဒီတော့ ရွာတွေ ထဲကို ၀င်ပြီး ရိက္ခာ တောင်းရာမှာ ကြမ်းတမ်း နေပါလိမ့်မယ်။ စီးပွားရေး ကြပ်တည်းနေတဲ့ ရွာ သားများ ထဲမှာလဲ စိတ်တို နေသူ ရှိမှာပါ။ စစ်တပ်က တောင်းတိုင်း မပေးနိုင်သူ ရှိနေနိုင် ပါတယ်။ နယ်စပ်က တိုင်းရင်း သား ရွာများမှာ ဘာသာ စကား အခက်အခဲက ရှိနေပါ သေးတယ်။ ဒီမှာတင် ရွာသားနဲ့ စစ်သား အချင်းများ ရာက သတ်ပွဲ ဖြစ်လေ့ ရှိတာပါ။ ပြသနာ ဖြစ်ရင် အထက်က သိမြဲမို့ ဘာကြောင့်လဲ မေးတော့ အပြစ် ဖြစ်မှာကို ၀န်မခံ ရဲတဲ့၊ အဖြစ်မှန်ကို အကြောင်း ကြောင်းကြောင့် မတင်ပြ ရဲသူက နိုင်ရာကို ဖိမဲပြီး ပြည်သူကို သူပုန်လို့ ခေါင်းစဉ် တပ်လိုက် တော့တာ ပါပဲ။ ဒီလိုနဲ့ မဟုတ်ပါဘဲ သူပုန်ရွာလို့ ခေါင်းစဉ် တပ်ခံရပြီး ရွာလုံးကျွတ် မီးရှို့၊ သတ်ဖြတ်မှုတွေ ဖြစ်လာ ပါတော့တယ်။

ဒီဖြစ်ရပ်တွေကို သတင်းဌာန တွေထက် တကယ် တွေ့မြင်ခံစားရတဲ့ ပြည်သူက အသေးစိတ် အတွင်း ကျကျ သိကြတာပါ။ တချို့ သတင်းများဟာ သတင်းဌာနတွေ ဆီကိုတောင် မရောက်ကြပါဘူး။ ဒါကြောင့် သတင်းဌာနက ၀ါဒဖြန့် ချီမှု ဆိုတဲ့ စကားလုံး အသုံးအနှုံးကို ပြည်သူက ၀ါးလုံးကွဲ အမုန်း အပြည့်နဲ့ ရယ်ပါတယ်။ သတင်း မီဒီယာ များက ချဲ့ကားမှု တွေကိုရော သတင်း မဟုတ်တာကို သတင်းလုပ် ကြေညာ တာတွေ ကိုရော ပြည်သူက ပိုပြီး အတွင်းကျကျ သိပါတယ်။ သိပြီးသားကို ပြောခါမှ ဟုံ ဆိုသလို မဖြစ် စေချင်ပါ။

လူမျိုးရေး မုန်းတီးမှုနဲ့ စစ်သားနဲ့ အရပ်သား ပြည်သူကြားက မုန်းတီးမှုတွေရဲ့ အစဟာ စစ်တပ်တွင်း ရိက္ခာ ဖြတ်တောက် ခံရမှု တွေ ကနေ မြစ်ဖျားခံတာပါပဲ။ အဖြစ်မှန်ကို ကိုယ်တိုင် သိချင်ရင် ပြည်သူ ကြားကို ကိုယ်တိုင် ကွင်းဆင်း ကြည့်ပါ။ အောက်လူ ကို မလွှတ်ပါနဲ့။ လွှတ်လိုက်တဲ့ စစ်ဆေးရေး မှူးကို သက်ဆိုင်ရာ တပ်မှူးက ဘယ်လို ပြုစု ဧည့်ခံလိုက်ရင် သတင်း ပျောက် တတ်တယ် ဆိုတာ လောက်တော့ သိကြ စဉ်းစား တတ်ကြမယ် ထင်ပါတယ်။ အသိဉာဏ် ရှိတဲ့ တပ်မ တော်သား အရာရှိများဟာ အထက် အရာရှိက ရာထူးကျရင် ဆက်ဆံ စရာ မလိုတော့ ပေမယ့် ပြည်သူ ကတော့ သွား လေရာမှာ တိုင်းပြည်ထဲ နေသရွေ့ ကင်းလို့မရ၊ မဆက်ဆံဘဲ နေလို့ မရဘူး ဆိုတာ သိကြပါတယ်။ ပြည်သူ့ ဘက်သား ဘ၀နဲ့ အာဏာရှင် ဘက်တော်သား ဘ၀ ဘယ်ဘ၀ကို ရွေးမှ လုံခြုံ စိတ်ချရမလဲ ဆိုတာ ကိုလည်း သိကြ ပါတယ်။ အရင် ကထက် ပိုမို ဖွံ့ဖြိုး လာတဲ့ သတင်း ဆက်သွယ်ရေး နည်းပညာ ကြောင့် အမြင်ပို ပွင့်လာပြီး ပိုယဉ်ကျေး လာတဲ့ တပ်မတော် သားများ၊ တပ်မတော် အရာရှိများကို ပြည်သူက ချစ်ခင် မြတ်နိုး ပါတယ်။

ဒီလို သိကုန်ကြလို့လဲ ယဉ်ကျေးပြီး ကိုယ်ချင်းစာ တရား လက်ကိုင် ထားသူ ပြည်သူ့ ဘက်သား တပ်မတော် အရာရှိ များကို အယုံအကြည် မရှိကြ တော့လို့ အရင်တုန်းက တပ်မတော်သား များကို ဆက်ဆံပုံနဲ့ ခုတလော ဆက်ဆံပုံ မတူ တော့တာကို တပ်မတော်သား များကိုယ်တိုင် ခံစား သိရှိ နေကြတယ် ဆိုတာကို ပြည်သူက သိပါတယ်။ ဒါကြောင့် အာဏာရှင် ဖြစ်ချင်သူ များက ခိုင်းတိုင်း လုပ်တဲ့ လက်မရွံ့ လူမိုက်များကို မွေးမြူပြီး ကြံ့ဖွံ့အတု၊ ရဲအတု၊ ကြက်ခြေနီ အတုနဲ့ ပြည်သူ့စစ် အမည်ခံ လူရမ်းကား တပ်များ စတဲ့ လက်ကိုင်တုတ် အဖွဲ့ပေါင်း များစွာကို အရန်အင်အား အဖြစ် မွေးမြူထားတာ သက်သေ သာဓက တစ်ခုပါ။ တပ်မတော်ကို မသုံးဘဲ ပြည်သူကို နှိပ်ကွပ်ဖို့ လူရမ်းကား တပ်ကို သပ်သပ် မွေးထားတာကို ပြည်သူကို ကာကွယ်ပါတယ် ဆိုတဲ့ တပ်မတော်က လက်ပိုက် ကြည့်ရက်မယ် ဆိုရင်တော့ ပြည်သူ့ ကံတရားပါပဲ။

နောက်တစ်ခု အရေးကြီးတာကို ပြောချင်ပါသေးတယ်။ တပ်မတော် မရှိရင် တိုင်းပြည် ဒုက္ခရောက်မယ် ဆိုတဲ့ စကားပါ။ ဒီလို တရားလက်လွတ် မပြောစေချင်ပါ။ ပြင်ပ ကမ္ဘာကို လေ့လာခွင့် မရတဲ့ သူတွေ ပြောတဲ့စကားမှန်း လူသိပါတယ်။ ကမ္ဘာ့ လုံခြုံ စိတ်ချ ရဆုံး ဘဏ် တည်ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂရုံးချုပ် ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံမှာ စစ်တပ် မရှိပါဘူး။ အဲဒီနိုင်ငံဟာ ကုလသမဂ္ဂ မှာတောင် အသင်းဝင် မထားတဲ့ ဘယ်သူနဲ့မှ မဟာမိတ် ဖွဲ့ အသင်းဝင်မှု လုပ်မထားတဲ့ နိုင်ငံပါ။ ဒီလောက်ဆို သိသာပါပြီ။ ဆက်မပြော ပါရစေနဲ့။ တပ်မတော် မရှိပေမယ့် ပြည်သူရှိရင် နိုင်ငံရှိပါတယ်။

ဘလော့ဂါ ရပ်ဝန်းက သက်ဆိုင်ရာ တာဝန် ရှိသူ များကို ပန်ကြား လိုက်ပါတယ်။ တပ်မတော်ကို ချစ်ပါရစေ။ ပြည်သူက တပ်မတော်ကို ချစ်ချင်ပါတယ်။ ပြည်သူကို သူတို့ချစ်တဲ့ သူတို့တပ်မတော် အဖြစ် ပေးချစ်လိုက်ပါ။ လစ်ဟာချက်တွေကို ပြင်ပေးပါ။ ပြည်သူက ခွင့်လွှတ်စိတ် ကြီးပါတယ်။ ဂျပန်စစ်သားကိုတောင် ဖွက်ပေးပြီး ပြန်အသက်ကယ်တဲ့ မြန်မာ ပြည်သူ အများစု ဟာ ကိုယ့် ပြည်သူ ပြည်သား ချင်းအပေါ် မရက်စက်ပါဘူး။ ခုလို စစ်တပ်က လူတစ်စုက ငွေပေးခိုင်း တိုင်း လုပ်တဲ့ လူမိုက်များကတော့ ဂျပန်ခေတ်က အလိုတော်ရိလို လူတန်းစားထဲက လက်တစ်ဆုပ်စာ လူတွေပါ။ လမ်း လျှောက် ဆန္ဒပြမှု မဖြစ် ဖြစ်အောင် စက်သုံးဆီကို ဈေးတက်ခြင်း၊ ဒီလို အဖြစ်ကြောင့် လမ်းလျှောက် ဆန္ဒပြ နေပါလျက် လျှပ်စစ် ဓာတ်အားခနဲ့ အိမ်ခွန်ကို တိုးမြှင့် ကောက်ခံခြင်း တွေဟာ တမင် မဆူ ဆူအောင် ဆွနေမှန်း ပြည်သူက သိပါ တယ်။ ဒိပြင် လမ်းလျှောက် ဆန္ဒပြတဲ့ သူတွေကို စစ်တပ်က လူတစ်စုကပဲ တစ်ရက် ၂၀၀၀ပေး ဆန္ဒပြခိုင်းပြီး လူထုကို ရိုက်မယ့်ဘက် ဦးဆောင် ခေါ်ခိုင်းတာ၊ ရိုက်မယ့် သူကိုတော့ စစ်တပ်က ဒီလူ တစ်စုကပဲ တစ်ရက် ငွေ ၅၀၀၀ ပေးပြီး ရိုက်ခိုင်းတာ၊ ၂၀၀၀ တန်လူစုနဲ့ ၅၀၀၀တန် လူစုက အချင်းချင်း ဟန်ပြ ရိုက်နေ ကြတာ၊ ဆန္ဒပြ သူချင်း အဓိကရုဏ်း ဖြစ်လေဟန် ဖန်တီးပြီး တန်ပြန် အာဏာသိမ်းဖို့ ကြံနေတာ ဆိုတာ တွေလဲ အရက်မူးလို့ ကျွဲခိုးပေါ် ပြီးသားပါ။ ပြည်သူ ကလဲ ပါးနပ်ပါတယ်။ တမင် သွေးတိုး စမ်းမှန်း သိလို့ လူတု လူစစ် ကွဲပြား လာတဲ့ အထိ စောင့်နေတာပါ။ ဒါကို ပြည်သူ က မပါ သေးဘူး လို့ မထင်လိုက် ပါနဲ့။ အခြေအနေတွေ ပိုဆိုး မလာခင် တပ်မတော်ကို ပြည်သူ တပ်မတော် အဖြစ် အသွင်အပြင်ရော အနှစ်သာရပါ ပြောင်းလဲ ပေးကြပါ။ ပြည်သူကို သူတို့ချစ်တဲ့ တပ်မတော်ကို သူတို့ကို ပြန်လည် ပေးအပ်လိုက်ပါ လို့ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ကြီး ရှင့်.. ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်သူ့ တပ်မတော် အဖြစ် ဂုဏ်အင် ထည်ဝါနိုင်ပါစေ။ လက်တစ်ဆုပ်စာ အာဏာရှင်များရဲ့ လက်ကိုင်တုတ် တပ်ဘ၀ ကနေ လွတ်မြောက် နိုင်ပါစေ။

http://pyichitmaungmae.blogspot.com/2007/08/blog-post.html

**

အမယ်လေးဟဲ့.. နိုင်ငံခြားဖြစ်ပစ္စည်း

မြန်မာလူမျိုး အများစုသည် နိုင်ငံခြားဖြစ် ပစ္စည်းဆိုလျှင် အလွန်အထင်ကြီး ကြပါသည်။ နိုင်ငံခြားပြန် လက်ဆောင် ဆိုလျှင် ကောင်းသည် ချည်းသာဟု ထင်မှတ်တတ် လွန်းကြပါသည်။ ကိုလိုနီ ခေတ်နှောင်း ပိုင်းမှ စကာ ဆိုရှယ်လစ်ခေတ် အတွင်းတွင် အနောက်နိုင်ငံမျ…ား ဖြစ်သော အင်္ဂလန်၊ ဂျာမနီစသော နိုင်ငံ များမှ ပစ္စည်း များကို ကိုယ်သုံးစွဲ နိုင်သော ငွေကြေးအလိုက် အထင်တကြီး ၀ယ်ယူသုံးစွဲ ခဲ့ကြသည်။ နောက် ပိုင်းခေတ်များတွင် တိုင်းပြည်ဧ။် စီးပွားရေး အလိုက် ငွေကြေး တတ်နိုင်လွန်း သူများက အမေရိကန်စသော အနောက်နိုင်ငံလုပ် ပစ္စည်း၊ ငွေကြေး အသင့်အတင့် တတ်နိုင်သူ များက တရုတ်နှင့် ထိုင်းနိုင်ငံလုပ် ပစ္စည်းများကို အထင်တကြီး ၀ယ်ယူသုံးစွဲ ကြပါသည်။ ထိုပစ္စည်းများဧ။် အရည်အသွေးကို စိစစ်ပြီးမှ သုံးစွဲမှုမှာမူ လွန်စွာ ရှားပါးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် စစ်မှန်သော ဈေးကွက် စီးပွားရေးစနစ် ကြောင့် ပြည်ပမှ ပစ္စည်းများကို ပြည်တွင်း သို့ တင်သွင်းနိုင်ရေး စစ်ဆေးမှု ပေါင်းစုံ ပြုလုပ်ပြီး သုံးစွဲသူ အတွက် မည်သည့် အန္တရာယ်မှ မရှိကြောင်း စိတ်ချရမှ တင်သွင်းခွင့် ရကြသည်မှာ ထုံးစံ ဖြစ်ပါသည်။ မကောင်းသော ပစ္စည်းကို တင်သွင်းသော ကုမ္မဏီ မှာလည်း မစားသာ။ မိမိ ပစ္စည်း မကောင်းပါက မိမိဧ။် ပစ္စည်း မျိုးကို ပိုကောင်းသည့် အရည်အသွေးဖြင့် သူတပါးက လွတ်လပ်စွာ တင်သွင်းခွင့်နှင့် စိတ်ကြိုက် ပြိုင်ဆိုင် ရောင်းဝယ်ခွင့် ရှိနေလေရာ မိမိဧ။် ဈေးကွက် သူတပါးလက် ရောက်မည်မှာ မုချ။ နိုင်ငံတော် မှပင် တရားလို ပြုကာ တရားစွဲလည်း ခံရဦးမည်မှာ မလွဲဧကန်။

ထို့ကြောင့် မကောင်းသော ပစ္စည်းများကို နိုင်ငံတွင်း မသွင်းရဲ ကြပါချေ။ သို့သော် ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင် နိုင်ငံများ တွင်မူ အာဏာရှင် စနစ် လက်အောက်မှ လာဘ်ပေး လာဘ်ယူ ကုန်သွယ်ရေး စနစ်တွင်မူ လွတ်လပ်မှု မရှိသော၊ တန်ပြန် စစ်ဆေးခွင့် မရှိသော စီးပွားရေး စနစ်တွင် တရားဝင်နှင့် တရားမ၀င် မှောင်ခို စီးပွားရေးကြောင့် နိုင်ငံခြားမှ ၀င်ရောက်လာသော ပစ္စည်းများကို သုံးစွဲသူအတွက် အန္တရာယ် ရှိမရှိ စစ်ဆေးပြီးမှ တင်သွင်းမှုမှာ လုံးဝ မရှိသလောက် ဖြစ် လာပါတော့သည်။ မြန်မာနိုင်ငံတွင်းသို့ ယနေ့ခေတ်တွင် ၀င်ရောက်သော မှောင်ခို ပစ္စည်းများ အနက် လယ်ယာသုံး မြေသြဇာ၊ စားသောက်ကုန်နှင့် အလှကုန် ပစ္စည်းများမှာ တရုတ်၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံ တို့မှ အများဆုံး ၀င်ရောက် လျက်ရှိရာ ထိုင်းနိုင်ငံထုတ် ပစ္စည်းများမှာ နာမည် အကြီးဆုံးနှင့် ကောင်းသည်ဟု လူထင်ခံရဆုံး ဖြစ်နေပါသည်။ ထိုင်းနိုင်ငံသည် တရားလွန် လှချင်သူတို့ စုဝေးရာ၊ အကြောက်အလန့် မရှိ လှချင်တာ ကိုသာ ဦးစား ပေးသောသူ တို့ကို စီးပွားရေးသမား များက တရားလွန် အမြတ် ထုတ်ရာ နေရာဖြစ်ပါသည်။ ထိုင်းနိုင်ငံလုပ် ဘေဘီဖေ့စ်ခေါ် မျက်နှာသစ် ဆပ်ပြာ Baby Face သည် အလှကုန် ထုတ်လုပ်ရေးတွင် ဆေးဖက် အ၀င် ဆုံးနှင့် အကောင်းဆုံးဆု ရရှိခဲ့ပြီး ရောင်းအကောင်းဆုံး နံပါတ်တစ် အဖြစ် ယနေ့တိုင် စာရင်းဝင်ဆဲ ဖြစ်ပါသည်။ သူဧ။် ကြော်ငြာတွင် သဘာဝနှင်းဆီပွင့်ဧ။် အဆီအနှစ်များနှင့် သဘာဝသစ်ဥ သစ်ဖုများဖြင့် စီရင် ထားသောကြောင့် သုံးစွဲပြီးပါက မျက်နှာရှိ အရေပြားများ ပြန်လည် တင်းရင်းလာပြီး ကလေးငယ်ဧ။် မျက်နှာသဖွယ် အရေးအကြောင်း ကင်းစေကြောင်း ကြော်ငြာလေသည်။

လက်တွေ့တွင်လည်း ထိုသို့ကြော်ငြာ သည့်အတိုင်း မျက်နှာအရေ တင်းသွားသောကြောင့် မျက်လုံးအောက်ရှိ အရေးအကြောင်းများ ပျောက်ကွယ် သွားသဖြင့် တော်တော် ကောင်းသယောင် ရှိနေခဲ့ပါသည်။ သို့သော် ပြောသလို ဟုတ်မဟုတ် သံသယ ကြီးသူတစ်ဦးက ဓာတ်ခွဲခန်းတွင် စမ်းသပ် ကြည့်သောအခါ နှင်းဆီအနှစ် တော့မပါ၊ ဖီနောခေါ် ဓာတုပစည်း တစ်မျိုးကိုသာ တွေ့ရသောကြောင့် တော်တော်ကြီး ကြောက်လန့်မိ သွားရလေသည်။ ထိုဖီနောသည် အဆိပ်တစ်မျိုး ဖြစ်ကာ လူ့အသားအရေ များကို ထိမိပါက ရောင်ရမ်း တင်းမာစေသော သတ္တိ ရှိလေသည်။ ကြာရှည်ထိတွေ့မှု များလာသောအခါ ထို အဆိပ်သည် အရေပြားကင်ဆာ ဖြစ်စေနိုင်သည် အထိ အဆိပ် ပြင်းလေသည်။ သို့သော် တရား ဥပဒေဧ။် အထက် တွင် ငွေနှင့် မာဖီးယား ဂိုဏ်းသားများ ရှိသော ထိုင်းနိုင်ငံတွင် သည်အကြောင်းကို ထိုင်းပညာရှင်များ ကိုယ်တိုင် သိသော်လည်း မဖော်ထုတ်ရဲ ကြပါချေ။ လှချင်ဇောဖြင့်နေ့စဉ်နေ့တိုင်း မိမိမသိလိုက်ရဘဲ ကိုယ့်ကိုယ်ကို အရေပြားကင်ဆာ ရောဂါရှင်ဖြစ်အောင် ငွေကုန်ခံ အလှပြင် နေရသော ဘ၀ကို ကိုယ့်ကိုယ်ကို အရောက် မခံရစေ လိုသော စေတနာဖြင့် အသက်ကို ရင်းပြီး သတိပေးရခြင်း ဖြစ်ပါသည်။

သည်ဥပမာသည် နမူနာများစွာမှ တစ်ခု မျှသာ ဖြစ်လေသည်။ သည်ပစ္စည်းပင် သည်လိုဖြစ်လျှင် အခြားအရာ များကိုကား ပြောစရာ မလို ထင်ပါဧ။်။ထိုမျှသာမက သေးပါချေ။ ဈေးလျှော့ ရောင်းသော လမ်းဘေးဆိုင် များက အလှကုန် ပစ္စည်းများ ကို ၀ယ်ယူ သုံးစွဲခြင်း မပြုဘဲ နာမည်ကြီး စတိုးဆိုင်ကြီးများတွင် ဈေးတင် ရောင်းသော အလှကုန်များ ကိုသာ ၀ယ်ယူ သုံးစွဲ ရန် ထိုင်းသူငယ်ချင်းက သတိပေး သောအခါ မည်သည့်ကြောင့်ဟု မေးမိပါသည်။ စက်ရုံ များက သူ့နည်းလမ်း ဖော်မြူလာဖြင့် ထုတ်လုပ် သော်လည်း စက်ဧ။် အမှားကြောင့် ဖြစ်စေ၊ လူ့အမှား ကြောင့်ဖြစ်စေ၊ မတော်တဆ ဖော်မြူလာ မှားသွားသော အလှကုန် ပစ္စည်းများကို စည်းမျဉ်း ဥပအေရ ဖျက်ဆီး မြေမြုပ် ပစ်ရလေ့ ရှိသော်လည်း ထိုပစ္စည်းပျက်များကို လှပသော ထုပ်ပိုးပြင်ဆင်မှု များဖြင့် ဆွဲဆောင်မှု ရှိအောင် ပြင်ဆင်ပြီး ဈေးကွက်တွင်းတွင် အချို့က လျှော့ဈေးဖြင့် ပြန်လည် ရောင်းချတတ်သည်ဟု ပြောလေသည်။

ထိုနေ့မှစကာ စာရေးသူသည် မည်သည့်အခါမှ ထိုင်းနိုင်ငံလုပ် အလှကုန်ကို မသုံးစွဲ တော့ပါချေ။ တိတ်တဆိတ် လိုက်လံ စုံစမ်းကြည့် သောအခါတွင်ကား မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ နယ်စပ်များရှိ မှောင်ခို ဈေးကွက်များတွင် တွေ့ရသမျှ အလှကုန် ပစ္စည်းများနှင့် စားသောက်ကုန် များမှာ ထိုကဲ့သို့သော ပစ္စည်းများချည့် လိုလိုသာ ဖြစ်နေသည်ကို တွေ့ရလေသည်။ အချို့ ဂိုထောင်များ တွင် ရက်လွန် စားသောက်ကုန်နှင့် အလှကုန်များကို ထုတ်ပိုးထားသော အိတ်များ၊ ပုလင်းများကို ဖွင့်ဖောက်ပြီး အိတ်သစ်၊ ပုလင်းသစ်များဖြင့် ပြန်လည် ထုတ်ပိုး ပြင်ဆင် လိုက်သောအခါ ရက်လွန် ပစ္စည်းများ သည် ရက်စွဲ အသစ်ဖြင့် လှပတင့်တယ် ရှုချင်စဖွယ် ပြန်ဖြစ်သွားလေသည်။ ထိုပစ္စည်း များကို နိုင်ငံခြား ဖြစ်ကြိုက်သူများက အဆိပ်မှန်းမသိ တမက်တမော ၀ယ်ယူသုံးစွဲကြပေဦးမည်။ သည်ကိစ္စသည် စိတ် ကူးယဉ် မဟုတ်၊ သူတပါးကို မဟုတ်မဟတ် စွပ်စွဲ အပုတ်ချခြင်း မဟုတ်။ မယုံလျှင် ကိုယ်တိုင် နယ်စပ်တွင် သွားရောက် စုံစမ်း တွေ့ရှိနိုင်သည့် ကိစ္စများ ဖြစ်လေသည်။ ထိုင်းနိုင်ငံသည် သဘာဝ ပထ၀ီ အနေအထား အရ အဆိပ်ကြောများ ရှိသော နိုင်ငံတစ်ခု ဖြစ် ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ တပ်ခ်ခရိုင်သည် Cadmium အဆိပ်သင့်နေပြီး ထိုအဆိပ်သည် ဦးဏှောက်နှင့် အာရုံကြောကို ကောင်းကောင်း အန္တရာယ်ပေးပါသည်။ သို့သော် မြန်မာနိုင်ငံ ကယားနှင့် ကရင်နယ်စပ်တွင် ရှိသော ထိုခရိုင်ထွက် စပယ်ဆန်မွှေးကို မြန်မာ ကြေးရတတ်တို့ တမက်တမော ၀ယ်ယူ စားသုံး နေကြချေသည်။

ထိုင်းများကတော့ စပါးပင်ကို အသုံးချကာ သူတို့မြေထဲမှ အဆိပ်ကို စပါးမြစ် မှစုပ်ယူစေပြီး သူတို့မြေလည်း အဆိပ်လျော့စေ၊ သူတို့မုန်းသော မြန်မာများလည်း အဆိပ်သင့်စေ၊ သူတို့လဲ ဆန်ရောင်း ရငွေဖြင့် ချမ်းသာ စေသော သည်အကြံကို လွန်စွာ သဘောကျ ကြချေသည်။ ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ ကန်ချနပူရီ ခရိုင်သည် မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းနှင့် နယ်နမိတ်ချင်း ထိစပ် နေပြီး ခဲဆိပ် လွန်စွာသင့် နေသော မြေဖြစ်သော်လည်း ထိုနယ်ထွက် ဒူးရင်းသီးသည် ခဲဆိပ်ကြောင့် လွန်စွာ အနံ့အရသာ ပြင်းလေရာ မြန်မာများ လွန်စွာ ကြိုက် သောကြောင့် တကူးတက မှာယူ စားသုံးကြလေ သည်။ ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီ သမရတ် နယ်သည် စိန်အဆိပ် လွန်စွာ ပြင်းထန်သော နယ်မြေ ဖြစ် သော်လည်း ထိုနယ်မှ စိန်အဆိပ်များကို သီးနှံ စိုက်ပျိုးနည်းဖြင့် ဖယ်ထုတ် သက်သောစေပြီး ထိုသီးနှံများကို သစ်သီးဖျော်ရည် များအဖြစ် ဗူးသွင်းပြီးလျှင် အထက်ပါ ဖွံ့ဖြိုးမှု အနည်းဆုံး အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချလေသည်။ ထိုအဆိပ်များသည် တစ်ကြိမ်တစ်ခါ သောက်သုံးရုံဖြင့် မည်သည့် ထူးခြားမှုမှ မပြသော်လည်း ထိုအဆိပ်မှာ လူဧ။် ကျောက်ကပ် အတွင်းမှ တဆင့် ဆီးအဖြစ် လုံးဝ ကုန်စင်အောင် ထုတ်ပစ်ခြင်း မပြုနိုင်ပါချေ။ ထိုအခါ ထိုအဆိပ်များသည် လူ့ကိုယ်တွင်းတွင် ခိုအောင်း စုဆောင်းလျက် ရှိကာ ကျန်းမာရေးကို ထိခိုက်စေသော ပမာဏ ဖြစ်လာသည် အထိ စုစည်း နေလေ့ ရှိပါသည်။ အန္တရာယ်ဖြစ်ရန် လိုအပ်သော ပမာဏရောက်မှ စုပြီး အန္တရာယ် ဖြစ်စေ၊ ကျန်းမာရေး ထိခိုက်စေ ပါတော့သည်။

အဖြစ်များဆုံး အန္တရာယ်မှာ ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါ တို့ဖြစ်ပါသည်။ တစ်ခါသောက် သစ်သီးဖျော်ရည် တစ်ဗူးလျှင် ထိုင်းနိုင်ငံ တွင်ပင် အနည်းဆုံး ၁၂ဘတ်ပေးကာ ၀ယ်ယူ သောက်သုံး ရလေရာ ယနေ့ ငွေလဲနှုံးအရ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၃၇ကျပ် ရှိလေရာ ၄၄၄ကျပ် ကျသင့်နေပြီ ဖြစ်ပါသည်။ နယ်စပ် အရောက် ဈေးမှာ ခရီးစရိတ်နှင့် ကုန်သည် အမြတ်ငွေ၊ ထိုမှတစ်ခါ နယ်စပ်တွင် တရားမ၀င် ကုန်သွင်းခွင့် အတွက် နားလည်မှုကြေး၊ မြန်မာဘက်ကမ်း နယ်စပ်အရောက် ဈေးနှုံး၊ ထိုမှ တဆင့် နယ်အသီးသီးရှိ တာဝန်ရှိ မှောင်ခို စစ်ဆေးရေး အရာရှိ များနှင့် ဂိတ်ကြီးငယ် တို့အတွက် နားလည် မှုကြေးနှင့် ခရီးစရိတ်များ ထည့်ပေါင်းလျှင် တစ်ခါသောက် အချိုရည် တစ်ဗူးဧ။် ဖြစ်နိုင်ခြေ ရှိသော ဈေးနှုံးကို မှန်းဆနိုင်လေသည်။ သို့သော် အန္တရာယ် ကင်းသော အချိုရည်ကို မြန်မာပြည်တွင် သည်လို ဖြစ်နိုင်ခြေ ရှိသော ဈေးနှုံးဖြင့် ၀ယ်ယူနိုင် ပါသလား။ မြန်မာပြည်တွင်ရောင်းနေသော ဈေးဖြင့် အန္တရာယ် ကင်းသော အချိုရည်ကို မြန်မာပြည် အရောက် မပို့နိုင်ပါချေ။

သည်ဥပမာ ကိုယူပြီး နိုင်ငံခြားဖြစ်များကို မစားသောက်မီ ကောင်းကောင်း စဉ်းစား စေချင်ပါသည်။ သည်အရာများသည် ထိုင်းတစ်နိုင်ငံ တည်းမှ ဖြစ်ရပ်မှန် များသာ ဖြစ်ပါသေးသည်။ အခြား နိုင်ငံများရဲ့ ဖြစ်ရပ်မှန်များကို ကိုယ်တွေ့ မသိသေး သောကြောင့် တပ်အပ် မပြောနိုင် သေးပါချေ။သို့သော် ကိုယ့် နိုင်ငံသားက စားမှာ မဟုတ်ဘူး ဆိုသော စိတ် ထုတ်လုပ်သူများ ထံတွင် ရှိနိုင် မရှိနိုင် ခန့်မှန်း စေချင်ပါသည်။ အကောင်းဆုံး ကတော့ တတ်နိုင်လျှင် ကိုယ်တိုင် ထုတ်လုပ်သော သို့မဟုတ် ပြည်တွင်းဖြစ် ကိုသာ အားပေး စေချင်ပါသည်။ နိုင်ငံခြားမှ ဓာတု ပစ္စည်းများကို တင်သွင်းနိုင်စွမ်း သိပ်မရှိလှသော မြန်မာနိုင်ငံ တွင် သဘာဝ အတိုင်း ရရှိသော ဘေးထွက် ဆိုးကျိုး နည်းပါးလှသော စားသောက်ကုန် များနှင့် အလှကုန် များရှိပါသည်။ ပြည်တွင်းဖြစ် ကိုသာ စိတ်သန့်သန့် ဘေးကင်းကင်း သုံးစွဲသည်က နိုင်ငံခြား ဖြစ်များကို သုံးသည်ထက် မိမိကိုယ်ကို ချစ်ရာ ပိုရောက်ပါသည်။
သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မြေဆီလွှာများ ရေတိုက်စားမှု ကြောင့် မျောပါကုန်ကာ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုံး လျော့ကျ သောကြောင့် နိုင်ငံခြားမှ မှာယူ တင်သွင်း ရရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းမှု ပမာဏ အလွန် များလေသည်။

ထိုင်းနိုင်ငံတွင်း မြေသြဇာ စက်ရုံသို့ ရောက်ရှိခိုက် စပ်စု ကြည့် ရာ မြန်မာနိုင်ငံသို့ ပို့မည့် ထုတ်ကုန် များကို မြန်မာ နာမည်ဖြင့် အညွှန်း ရေးထားပြီး သီးသန့် ရောင်စုံဖြင့် တွေ့ရသည်။ စာရေးသူကို မြန်မာမှန်း မသိသောကြောင့် ဈေးနှုံးအလိုက် အရည်အသွေး လျော့ကြောင်း ရှင်းပြလိုက် ပါ သေးသည်။ ပါဝင် ဓာတုပစ္စည်း များကို စိစစ်မိသောအခါ တော်တော် စိတ်ဆိုးမိပါသည်။ သဲများ ပေါ်တွင် ဓာတုဆေးရည်များကို ပက်ဖျန်းကာ မြေသြဇာမှုန့် အဖြစ် ထုတ်ပိုး ရောင်းချကြောင်း သိလိုက်ရလေသည်။ သူ့မြေ ပေါ်မှာမို့ စိတ်ထိန်းလျက် အရောင်များ အကြောင်းကို မေးမိပါသည်။ မည်သည့်အတွက် သည်လိုအရောင် ဖြစ်နေရသနည်း ဆိုသော် ပြန်ဖြေပုံက သင်းပါသည်။ မြေသြဇာ အစစ်သည် မည်သည့် အရောင်မျှ မရှိပါတဲ့။ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများက စာမတတ်သော ကြောင့် အရွက်ဖျန်း မြေသြဇာဆိုလျှင် အစိမ်းရောင်၊ သစ်သီးဖျန်း မြေသြဇာဆိုလျှင် အနီရောင်ဟု ခွဲခြား နိုင်ရန် ဆေးဆိုး ထားပါသတဲ့။ မြန်မာ စိုက်ပျိုးရေး သမားများက သူတို့မြေသြဇာ များကြောင့် သီးနှံများပိုမို အရည်အသွေးကောင်း ပိုမိုရောင်းပန်း လှတာမို့ ကြိုက်သောကြောင့် မြန်မာပြည်ကို များစွာ တင်ပို့ ရောင်းချ ရကြောင်း မဲ့ပြုံးတစ်ဝက်၊ အားရပြုံး တစ်ဝက်နှင့် ရှင်းပြချိန် တွင်ကား စိတ်ဆိုးသည်မှာ ဆိုဖွယ် မရှိတော့ ပါချေ။ သစ်မြစ်က မြေသြဇာကို စုပ်ယူပြီး သစ်ပင်ရဲ့ ပင်စည်၊ အကိုင်းအခက် တို့မှတဆင့် အရွက်၊ အသီးတို့ဆီကို သည်မြေသြဇာများကို ပို့စဉ် ထိုဆိုးဆေး များကလည်း သစ်ရည်ကြော များမှတဆင့် အသီး အရွက်များဆီသို့ ရောက်ရှိ သွားတော့သည်။ မိမိတို့ ဈေးဝယ်သူ များကတော့ ဟင်းရွက်များ စိမ်းနေလျှင် လတ်ဆတ်သည်၊ ဟင်းသီးသစ်သီးများ၊ မုန်လာဥနီများ နီရဲရွှန်းစိုနေလျှင် အရည်အသွေး ကောင်းသည် ထင်ပြီး ၀ယ်ယူ စားသုံးပါမည်။

ထိုအခါ ရသင့်သော အာဟာရများ၊ သစ်သီးဝလံများမှ ထွက်သော သဘာဝ ရောင်ခြယ် ပစ္စည်းများမှ ရသော ဆေးဖက်ဝင် အာနိသင်များ အစား ဆိုးဆေးများသာ အစာများမှ တဆင့် လူ့ကိုယ်ထဲကို ၀င်ရောက်သွား ပါလေတော့သည်။ ထိုဆိုးဆေးများသည် သစ်သီးဝလံ ဆိုးဆေးလော၊ အ၀တ် ဆိုးဆေးလော မေးရာ အလွန်း နုံလွန်းသူကို သနားဟန် အကြည့်ဖြင့် ကြည့်ပြီး သစ်သီးဆိုးဆေးသာ မြေသြဇာမှာ ဆိုးရရင် အရှုံးပေါ်မှာပေါ့ဟု ပြောလေတော့သည်။ သူတို့သုံးသော ဆိုးဆေးမှာ အပေါစားအဖြစ်ဆုံးဖြစ်ပြီး ပါးစပ်ထဲဝင်လျှင် လူ့ကျန်းမာရေး ထိခိုက်စေသော ဆိုးဆေး ဖြစ်လေရာ ထိုမြေသြဇာကို သုံးသရွေ့ စားသုံးသူအားလုံး ကျန်းမာရေး ထိခိုက်တော့မည်မှာ မလွဲဧကန် ဖြစ်လေတော့သည်။ ထို့ပြင် သည်ရွက်ဖျန်းမြေ သြဇာကို သုံးစွဲထားသော ဟင်းရွက်ကို ရေစင်စင် မဆေးဘဲ စားမိပါလျှင် အစာ အဆိပ်သင့်မှုကို ခံစားရပေဦးမည်။ သြော်.. ရက်စက်ပေ့ နိုင်ငံခြားဖြစ်။ နွားချေး၊ ကြက် ချေး၊ လူချေး၊ တီကျစ်စာနှင့် သစ်ရွက်ဆွေး ပေါင်းစပ် ထားသော သဘာဝ မြေသြဇာကို သုံးပြီး စိုက်ပျိုးသော သစ်သီး၊ ဟင်းသီးဟင်းရွက်က ထိုနိုင်ငံခြားဖြစ် မြေသြဇာထက် အဆများစွာ သာလွန်ကောင်းမွန် အာဟာရပြည့်ဝကာ ဘေးကင်းပါသည်။ မိမိဧ။် အသက်တစ်ချောင်းနှင့် ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဖြစ်မှမဟုတ်၊ အခြား နိုင်ငံခြားဖြစ် များကိုပါ အထူး သတိဝီရိယ ထားကာ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နိုင်ရန် စူးစမ်း ဆင်ခြင်ကြ ပါရန်နှင့် နိုင်ငံခြားဖြစ်များကို မျက်စေ့မှိတ် အထင်ကြီးမှုများကို နည်းနည်း သတိအသိထားကာ စူးစမ်းပြီးမှ အထင်ကြီးသင့်မှ အထင်ကြီးရန်နှင့် အချိန်တို ကာလ အတွင်းတွင် အဆင် ပြေလျှင် ပြီးရောဆိုပြီး မိမိဧ။်အသက်နှင့် ကျန်းမာရေးကို မေ့လျော့မှုများ မရှိရလေအောင် သတင်းပေးရ ခြင်းဖြစ်ပါသည်။

http://pyichitmaungmae.blogspot.com

**

Follow

Get every new post delivered to your Inbox.

Join 996 other followers