နိုင်ငံရေးမကစားဖို့ အစိုးရသတင်းစာ သတိပေး

နိုင်ငံရေးမကစားဖို့ အစိုးရသတင်းစာ သတိပေး
2011-06-30

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တွေကို ဝေဖန် သတိပေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဒီကနေ့ မြန်မာအစိုးရ သတင်းစာတွေ ဒုတိယနေ့အဖြစ် ဖော်ပြထားပါတယ်။

ဒီလို ဖော်ပြထားရာမှာ ဥပဒေလမ်းကြောင်းထဲက နိုင်ငံရေး လုပ်ကိုင်ဖို့၊ NLD ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ နဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ထောက်ပြထားပြီး တနိုင်ငံလုံးနဲ့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရ အဖွဲ့ကို အသိအမှတ် မပြုသလိုလိုနဲ့ နိုင်ငံရေး မကစားဖို့ သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားဖို့ရှိတဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတိပေးစာ ပို့အပြီး တရက် အကြာမှာ အခုလို သတင်းစာ ဆောင်းပါးက သတိပေးထားတာ ဖြစ်ပါတယ်။

ဒီနေ့ သတင်းစာပါ ဝေဖန် သတိပေးချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီအကြောင်းအရာတွေဟာ ပါတီက စဉ်းစား လုပ်ဆောင်ရမယ့် ကိစ္စတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြား ပါတယ်။

“ကျနော်တို့ကလေ အစိုးရသတင်းစာ ဆောင်းပါးထဲမှာပါတာကို ပြန်ပီးတော့ မတုံ့ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာမှာ ဆောင်းပါးရှင်ဘယ်သူမှန်းလည်း မသိဘူး။ အဲဒါကြောင့် အန်ကယ်တို့ ဘယ်တော့မှ မတုံ့ပြန်ဘူး။ ဒါပေမယ့်လို့ ဒီကိစ္စမှာတော့ မနေ့ကတည်းက အန်ကယ်ပြောနေတယ်။ ဒီနေ့လည်းထပ်ပါတယ်။ သဘောတော့ အတူတူပါပဲ။ အဲဒီတော့ ဒီဟာတွေက ကျနော်တို့ဘာသာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စကို သူတို့ရေးနေကြတာလေ။ အဲဒီတော့ ဘာမှထွေထွေထူးထူးတော့ အန်ကယ်တို့ မတုံ့ပြန်နိုင်ဘူး။ ဒါကို အန်ကယ်တို့တွေ့တယ်။ ဒါဟာအန်ကယ်တို့လဲ စဉ်းစားဆုံးဖြတ်နေတဲ့ ကိစ္စတွေထဲမှာ အကျုံးဝင်တဲ့ကိစ္စ ဒီလောက်ပဲ ပြောနိုင်တယ်။”

ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲက ကိုမြန်မာ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ရန်ဖြစ်မှာလား၊ ပြန်ချစ်မှာလား ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး လူမှုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လမ်းကြောင်းမှန်ဖို့ လိုတယ်လို့လည်း ဝေဖန်ထားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

NLD ကို အစိုးရသတိပေးချက် အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့ တုံ့ပြန်

NLD ကို အစိုးရသတိပေးချက် အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့ တုံ့ပြန်
2011-06-30

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက သတိပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့ အရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ချက် အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရင်ဟတ်က အာအက်ဖ်အေကို ပြောပါတယ်။

ဒီလ အစပိုင်းမှာ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ ပါဝင်တဲ့ တွေ့ ဆုံ ဆွေးနွေးရေး လုပ်ဖို့ အစိုးရသစ် အနေနဲ့ လိုအပ်နေတယ် ဆိုတဲ့ အချက်ပေါ်မှာ ကုလသမဂ္ဂက ထပ်ပြီး အလေးထား ပြောလိုပါတယ်လို့ သူက ပြောသွားပါတယ်။

အလားတူပဲ မြန်မာ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့နဲ့ နိုင်ငံရေး အရ လှုပ်ရှားခွင့်ပြုဖို့ အမေရိကန် အစိုးရက တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကလည်း ပြောသွားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Burma Democratic Concern (BDC) calls for United Nations Security Council Resolution on Burma

Burma Democratic Concern (BDC) calls for United Nations Security Council to adopt the resolution on Burma calling for Daw Aung San Suu Kyi party, National League for Democracy (NLD), its right to exist as the legal political party as well as Daw Aung San Suu Kyi and her supporters’ safety.

Addition, Burma Democratic Concern (BDC) seriously condemns U Thein Sein regime’s threat to Daw Aung San Suu Kyi and National League for Democracy (NLD). Burma Democratic Concern (BDC) seriously calls for the totalitarian U Thein Sein regime to respect Daw Aung San Suu Kyi party, National League for Democracy (NLD), its rights to exist as the legal political party.

U Thein Sein an authoritarian regime accuses NLD to stop such acts that can harm peace and stability and the rule of law as well as the unity among the people including monks and service personnel, NLD activities were potentially disruptive to the parliamentary system and threatened national stability and the party was dissolved on 14 September 2010 for refusing to take part in 2010 sham election but continued to run its headquarters and branch offices around the country. The NLD won a landslide victory in a 1990 general election but election results were ignored.

U Myo Thein, the Director of the Burma Democratic Concern (BDC) said that “We call for the international community to support Daw Aung San Suu Kyi party, National League for Democracy (NLD), its right to exist as the official political party as well as Daw Aung San Suu Kyi and her supporters’ safety since U Thein Sein un-democratic regime lay blame on Daw Aung San Suu Kyi planned tour of the country could generate riots. We must take action immediately in order to prevent unnecessary sad tragic ends. Especially, United Nations Security Council (UNSC) must intervene in such an important time. Please remember that the assassination of the prince Franz Ferdinand led to the outbreak of World War I and yet again World War II broke out since “The League of the Nations” failed to take timely action on the aggressors”.

U Khin Maung Win, the Director of the Burma Democratic Concern (BDC) said that “The world knows the truth that National league for Democracy (NLD) is the official election winning party. Daw Aung San Suu Kyi is the elected legitimate leader of Burma in accordance with the 1990 elections which were held by the military generals pledged to hand over the power to election winning party after the 1990 election. It is the truth. So it is also the truth that without honouring 1990 elections results and holding the sham elections on 2010 were illegitimate. So it also is the truth that U Thein Sein regime is illegitimate and ruling Burma without having legitimacy of the people Burma is also illegitimate. Accordingly, whatever U Thein Sein regime is saying on Daw Aung San Suu Kyi and NLD are illegal and therefore void.”

On 30 May 2003, Daw Aung San Suu Kyi and her motorcade while travelling on campaign trip was ambushed by a government sponsored culprits near Kyee village in Depaeyin, upper Burma. During an organised assassinated attack Daw Aung San Suu Kyi narrowly escaped but hundreds of her supporters were brutally beaten to death which now became known as the Depaeyin massacre. Since her release on 13 November 2010 a week after the sham election Daw Aung San Suu Kyi has not left Rangoon but now Daw Aung San Suu Kyi is planning her first trip outside the Rangoon in July 2011. Military dominated U Thein Sin’s regime which assumed power after the sham election said that if Daw Aung San Suu Kyi makes trips to countryside could create riots.

U Tint Swe Thiha, the Patron of the Burma Democratic Concern (BDC) said that “We earnestly seeks international community support calling for Daw Aung San Suu Kyi and her supporters’ safety since it is not enough for the regime to just releasing Daw Aung San Suu Kyi but it also must guarantee that it will not once again attack or arrest at their convenience. Our concerns for the safety of Daw Aung San Suu Kyi and her supporters’ are escalating more and more after regime’s mouthpiece newspapers openly threatening Daw Aung San Suu Kyi and National League for Democracy (NLD)”.

Daw Khin Aye Aye Mar, the Patron of the Burma Democratic Concern (BDC) said “We believe such intimidations should be condemned by United Nations Security Council. Addition, United Nations Security Council must call for the Burmese regime to put in place the necessary security measures to guarantee Daw Aung San Suu Kyi and her supporters’ safety. The safety of Daw Aung San Suu Kyi and her supporters are very vulnerable since they are always facing the risk of being arrest, attack or/and anarchic assaults by the regime at any time. United Nations Security Council must adopt the resolution, without delay, on Burma calling for Daw Aung San Suu Kyi party, National League for Democracy (NLD), its right to exist as the legal political party as well as Daw Aung San Suu Kyi and her supporters’ safety and ultimately calling for national reconciliation in Burma”.

Burma Democratic Concern (BDC) believes establishing UN Secretary General Representative Liaison Office in Burma is essential so as to act as the facilitator between U Thein Sein led USDP regime and Daw Aung San Suu Kyi led legitimate leaders in order to break the ice on the deadlocks taking place genuine dialogue leading towards national reconciliation in Burma.

For more information please contact Burma Democratic Concern (BDC) at info@bdcburma.org

U Myo Thein [United Kingdom]
Phone: 00-44-78 7788 2386, 00-44-208 4939 137



U Khin Maung Win [United States]
Phone: 001-941-961-2622

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-84

Daw Khin Aye Aye Mar [United States]
Phone: 001 509 586 8309

မြန်မာကို နိုင်ငံတကာ ပူးပေါင်း တွန်းအားပေးဖို့ အမေရိကန် အထူးသံ ကြိုးပမ်းမည်

ဗုဒ္ဓဟူး, 29 ဇွန် 2011
မြန်မာကို နိုင်ငံတကာ ပူးပေါင်း တွန်းအားပေးဖို့ အမေရိကန် အထူးသံ ကြိုးပမ်းမည်

By ဗွီအိုအေ (မြန်မာဌာန)
မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။
ဓာတ်ပုံ defence.gov
မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရအောင် ကြိုးပမ်းနေတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောလိုက်ပါတယ်။

မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက အဓိကကျသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အတွက် အားနည်းနေရတဲ့ အကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောလိုက်တာပါ။

ဥရောပသမဂ္ဂ (EU)၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အပါအ၀င် နိုင်ငံတကာက မိတ်ဘက် နိုင်ငံတွေနဲ့ မူဝါဒတရပ်ကို ညှိနှိုင်း ချမှတ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အတည်ပြုဖို့ အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲ တခုအတွင်း အာရှမူဝါဒရေးရာ ကျွမ်းကျင်သူ မစ္စတာ မစ်ချဲလ်က ထွက်ဆိုသွားတာပါ။

အထူးကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ပြီးတဲ့ အခါကျရင်တော့ သူ့အနေနဲ့ မြန်မာအစိုးရနဲ့ ရိုးရိုးသားသား ဆွေးနွေးပြောဆိုပြီး မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေအပေါ် တုံ့ပြန် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

အပြန်အလှန် လေးစားမှုတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင် ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ပြင်ဆင်ထားကြောင်းလည်း မစ္စတာ ဒဲရက်ခ် မစ်ချဲလ်က ပြောသွားခဲ့ပါတယ်။

Burmese government threaten NLD and Daw Aung San Suu Kyi trip

NLD Statement

မွန်ပြည်သစ်ပါတီ လက်နက်ချဖို့ မရှိ

မွန်ပြည်သစ်ပါတီ လက်နက်ချဖို့ မရှိ
2011-06-29

မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အားလုံး ဇွန်လ ၃၀ ရက်၊ မနက်ဖြန် နောက်ဆုံး ထားပြီး လက်နက်ချကြဖို့ မြန်မာအစိုးရက ကြေညာထားတယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကို ကျိုက်မရော၊ သံဖြူဇရပ်၊ မုဒုံစတဲ့ မြို့တွေက အစိုးရ ရုံးတွေမှာ အခု ရက်ပိုင်း အတွင်း ကပ်ထားတာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

AFP

မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီး၊ စစ်အစိုးရက ကျင်းပခဲ့သော အမျိုးသားညီလာခံမှာ ပါဝင် တက်ရောက်ခဲ့ပါသည်။ နောက်ပိုင်းမှာ အမျိုးသားညီလာခံ လေ့လာသူ အဖြစ်သာ အဆင့်လျှော့ချ တက်ရောက်ခဲ့သည်။ (Photo: AFP)

မွန်ပြည်သစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ဟံသာကတော့ မိမိတို့အဖွဲ့ အနေနဲ့ လက်နက်ချဖို့ အကြောင်း မရှိဘူးလို့ ပြောဆိုပါတယ်။

“ကျနော်တို့နဲ့တော့ ဘာမှ မဆိုင်ဘူးလေ။ ကျနော်တို့က လက်နက်အပ်ဖို့ အကြောင်းကို လုံးဝ ဆွေးနွေးဖို့ လက်မခံတာ။ နဂိုကတည်းက ငြင်းထားပီးသားပဲ ကျနော်တို့ မူအရလေ။”

မွန်ပြည်နယ် အတွင်းက အဲဒီမြို့တွေ အနီးမှာ မွန်ပြည်သစ်ပါတီ တပ်တွေ အပြင်၊ တခြား မွန်တပ်ဖွဲ့ နှစ်ဖွဲ့နဲ့ ဒီကေဘီအေ၊ ဟောင်သရော စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ဒီအတောအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ မိမိတို့နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း မွန်ပြည်သစ် ပါတီက ပြောပါတယ်။

မွန်ပြည်နယ် အတွင်း လက်နက်ကိုင်တပ်တွေ လက်နက်ချဖို့ အစိုးရရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ မွန်ပြည်သစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ဟံသာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အစိုးရမှာ ဆွေးနွေးလိုစိတ် မရှိကြောင်း ကရင်နဲ့ မွန်ခေါင်းဆောင်တွေ ပြောဆို

အစိုးရမှာ ဆွေးနွေးလိုစိတ် မရှိကြောင်း ကရင်နဲ့ မွန်ခေါင်းဆောင်တွေ ပြောဆို
2011-06-29

NLD ပါတီဟာ တရားမ၀င် ပါတီဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအပေါ် စိုးရိမ်ထိန့်လန့်ရာ ရောက်နေတယ်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက သုံးသပ်ကြပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်တွင်း NLD လွှတ်တော်အမတ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား KNU ကရင်အမျိုးသား အစည်းအရုံးကရော NMSP မွန်ပြည်သစ်ပါတီ တို့ကပါ သုံးသပ်ကြတာ ဖြစ်ပါတယ်။

အပစ်ခတ်ရပ် ငြိမ်းချမ်းရေးယူစဉ်က နိုင်ငံရေး ပြဿနာတွေကို ရွေးကောက်ပွဲ အရ တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးပါလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ယ္ခင် စစ်အစိုးရ လက်ထက်က ပြောခဲ့ပေမယ့် လတ်တလော ကချင်၊ရှမ်း၊ ကရင် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ကြည့်ရင် လက်ရှိ အစိုးရဟာ နိုင်ငံရေး အရ ဆွေးနွေးလိုစိတ် မရှိဘူး ဆိုတာကို ပြသနေကြောင်း KNU နဲ့ NMSP ပါတီတို့က သုံးသပ်ပါတယ်။

NLD လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ အမြင်ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာအစိုးရရဲ့ ဒေါ်စုကို သတိပေးချက် မက်ကိန်း စိုးရိမ်

ဗုဒ္ဓဟူး, 29 ဇွန် 2011
မြန်မာအစိုးရရဲ့ ဒေါ်စုကို သတိပေးချက် မက်ကိန်း စိုးရိမ်

By ဦးသားညွန့်ဦး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ အခုလိုမျိုး မြန်မာအစိုးရ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ် ပိတ်ပင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့်တွေကို ဟန့်တား ချိုးဖောက်တာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ဝေဖန် ပြစ်တင်လိုက်ပါတယ်။ မြန်မာအစိုးရရဲ့ ဒီလုပ်ရပ်ကြောင့် မြန်မာ၊ အမေရိကန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့ အတွက်လည်း ထိခိုက်စေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ပြီး မြန်မာအာဏာပိုင်တွေကိုရော မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေကိုပါ တွေ့ဆုံခဲ့တဲ့၊ အမေရိကန် နိုင်ငံရေးမှာ သြဇာကြီးတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ဒီသတင်းကြားရတဲ့အတွက် သူ့အနေနဲ့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မကြာခင် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ထွက်ဖို့ ရှိတာမို့ ဒီအပေါ်မှာ ချုပ်ချယ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို မစ္စတာ မက်ကိန်းက စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။

“ဥပဒေ ချိုးဖောက်မှု မရှိတဲ့ တရားဝင် နိုင်ငံရေးပါတီ တရပ်ကို နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်ဖို့ အစိုးရက အခုလို သတိပေး ပြောဆိုတာ ကြားရတဲ့အတွက် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ခရီးစဉ်အတွက် သူ့ရဲ့ နိုင်ငံရေး လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့်ကို ကန့်သတ်တာမျိုး ဖြစ်နေတာအတွက် အတော်လေးလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။”

အထူးသဖြင့်တော့ ဒီခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်ပြီးတော့ မဖြစ်စေဖို့ကိုလည်း မျှော်လင့်တယ်လို့ ပြောဆိုသလိုပဲ လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရ အပေါ်မှာ စမ်းသပ်မှုတခု ဖြစ်စေလိမ့်မယ်လို့လည်း သတိပေးပါတယ်။

“အင်မတန် စိုးရိမ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်အတွင်းကို မကြာခင် ခရီးသွားလာဖို့ ပြင်နေတာ သတိထားရပါတယ်။ ၂၀၀၃ ခုနှစ်တုန်းကလို ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာမျိုး ထပ်မဖြစ်လာစေဖို့ မျှော်လင့်ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တော်တော်များများ သတ်ဖြတ်ခံခဲ့ရပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံရေး ဆောင်ရွက်ခွင့်တွေကို တားမြစ်တာဟာ တဘက်မှာ မြန်မာအစိုးရနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ အပိုင်းကိုလည်း ထိခိုက်စရာ ရှိနိုင်တယ်လို့ မစ္စတာ မက်ကိန်းက ပြောသွားပါတယ်။

“ကျနော် အဲဒီမှာ ရှိနေတုန်းက အစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းတာမျိုးတွေ တွေ့ခဲ့ရပါတယ်။ အခု ဒီဖြစ်ရပ်ကတော့ ဒီကြိုးပမ်းမှုတွေအတွက် ထိခိုက်စေတယ်လို့ မြင်ပါတယ်။”

တကယ်လို့သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူလာမယ်၊ ဖိနှိပ်လာမယ် ဆိုရင်တော့ နိုင်ငံတကာ အနေနဲ့ အရေးယူ တုံ့ပြန်ရလိမ့်မယ်လို့လည်း အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောပါတယ်။ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေက ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။

“ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်ပါတယ်။ အထူးသဖြင့်တော့ လာမယ့် ၂၀၁၄ မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးသင့်၊ မပေးသင့် ဆိုတာကို အသေအချာ စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။ မြန်မာလူထုရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ခွင့်ပြုပေးဖို့ အစိုးရကို ဖိအားပေးဖို့အတွက် တခြားအရေး ဆောင်ရွက်မှုတွေလည်း လုပ်သင့်ပါတယ်။”

မစ္စတာ မက်ကိန်းဟာ ပြီးခဲ့တဲ့လဆန်း အတွင်းကပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်မှာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံသလို ရန်ကုန်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်အထိ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား တက်ကြွလှုပ်ရှားသူ အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့တော့ မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးပိုင်းမှာ ကနဦးအဆင့် အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ပေးပြီး နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

NLD ကို မြန်မာအစိုးရ သတိပေး

ဗုဒ္ဓဟူး, 29 ဇွန် 2011
NLD ကို မြန်မာအစိုးရ သတိပေး

By ဦးကျော်ထင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ ဒီလို သတိပေးချက်နဲ့ ပတ်သက်ပြီးတော့ NLD က သူတို့ပါတီဟာ တရားဥပဒေနဲ့အညီ ရပ်တည်နေတဲ့ပါတီ ဖြစ်တဲ့အတွက် ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံလိုတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ NLD အပေါ် သဘောထားကို ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ လိပ်မူပြီး မနေ့က ပေးပို့လိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြလာတာပါ။ တပြိုင်နက်တည်း ဖော်ပြတဲ့ အစိုးရအာဘော် ဆောင်းပါးမှာတော့ တရားဝင်ပါတီ အနေနဲ့ ရပ်တည်ချင်ရင် တည်ဆဲဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လိုတယ်လို့ ပါရှိပါတယ်။

NLD ဟာ စစ်အစိုးရဟောင်း ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ခဲ့တာကြောင့် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်သွားပြီလို့လည်း အကြောင်းကြားစာက ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံ လိပ်မူပြီး ဒီကနေ့ ပေးပို့တဲ့ NLD ရဲ့ အကြောင်းပြန်စာမှာ NLD ဟာ စစ်အစိုးရဟောင်းတွေ ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ တရားဝင်ပါတီတခု အနေနဲ့ ရပ်တည်နေကြောင်း ပါရှိပါတယ်။

NLD ပြောခွင့်ရသူ ဦးအုံးကြိုင်က ဒီကနေ့ ပေးပို့တဲ့စာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်တွေကို တဘက်နဲ့တဘက် အမြင်ပေါ့ဗျာ၊ သူ့အမြင်၊ ကိုယ့်အမြင် ကွဲလွဲနေတယ် ဆိုရင်လည်း ဒီဟာကို အခြေခံပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါတယ်၊ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။”

၂၀၁၀ နိုဝင်ဘာလမှာ NLD ဘက်က သီးခြားသက်သာခွင့် အက်ဥပဒေအရ ပါတီဖျက်သိမ်းတာ တရားမ၀င်ကြောင်း တရားရုံးချုပ်သို့ လျှောက်လဲခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားထားတာကိုလည်း ဆက်လက် လုပ်ကိုင်ဆဲလို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ တရားဝင် ဆက်လက် ရပ်တည်ခွင့်ဟာ တရားဥပဒေနဲ့ ညီတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ် ဆိုတာကလည်း ကျနော်တို့ Proof လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပို့ထားတာကလည်း စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။”

၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က NLD အပေါ် အခုလို အကြောင်းကြားလာတာဟာ အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

“အခုဆို စာနဲ့ပေနဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားလာတယ် ဆိုတော့ လက်ရှိ နိုင်ငံရေးအရ ဆိုရင်လည်း NLD အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်ဆိုတော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒါဟာ မကောင်းတဲ့ လက္ခဏာ တခုပဲလို့ ကျနော်မြင်ပါတယ်။”

အရင်စစ်အစိုးရဟောင်းဟာ NLD ပါတီဝင်တွေကို နှုတ်ထွက်အောင် နည်းမျိုးစုံနဲ့ အနှောင့်အယှက် ပေးတာတွေ၊ ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပါတယ်။ အစိုးရဟောင်းဟာ ၁၉၉၇-၉၈ လောက်ကစပြီး တပြည်လုံး အတိုင်းအတာနဲ့ NLD ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပါတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်း အပြီးမှာ NLD ဗဟိုနဲ့ တိုင်းရုံးတွေမှအပ နယ်ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ နယ်မြို့တချို့မှာ ဆိုင်းဘုတ်ပြန်တင်လာပါတယ်။

အခုလို NLD ကို သတိပေးလာတာဟာ နောက်လထဲမှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်လှည့်ခရီးစဉ် မတိုင်ခင် ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

Follow

Get every new post delivered to your Inbox.

Join 996 other followers