လေယာဉ်မယ် အခြောက်

Posted by zuzu in ဗဟုသုတများ on Feb 22nd, 2011

ထိုင်းနိုင်ငံမှာ အသစ်စတင် ထူထောင်လိုက်တဲ့ လေကြောင်းလိုင်း PC air က အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲ ခွဲစိတ်ပြီးသားဖြစ်တဲ့ သူတွေကို လေယာဉ်မယ်အဖြစ် စတင်ခန့်အပ်လိုက်ပြီလို့ သတင်းရရှိပါတယ်။လေကြောင်းလိုင်း

ရဲ့ ပေါ်လစီအရ တတိယလိင်လို့ ခေါ်ဆိုတဲ့ အမျိုးသားကနေ အမျိုးသမီးသို့ ပြောင်းလဲထားတဲ့ သူတွေကို လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေး ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထည့်သွင်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။PC လေကြောင်းလိုင်းဟာ အခုခါမှာ လေယဉ်မယ် ၁၇ ယောက် လေယဉ်မောင် ၁၀ယောက်နဲ့ အမျိုးသားမှ အမျိုးသမီးအဖြစ် ပြောင်းလဲခွဲစိတ်ထားပြီးတဲ့ လေယဉ်မယ် ၃ယောက်ကို အလုပ်ရွေးချယ် ခန့်အပ်ထားပြီး ဖြစ်တယ်လို့လည်း သိရပြန်ပါတယ်။ PC လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတယောက်က ကျမတို့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့တော့ ဆန့်ကျင်ဖက်လိင်လို နေထိုင်တဲ့ အမျိုးသမီး ၃ယောက်ကို စခန့်မယ်ဆိုပြီးတော့ ကိုတာ ထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အရည်အချင်းကို မူတည်ပြီးတော့ လာမယ့် အနာဂတ်မှာ ဒီထက်ပိုမိုပြီး များပြားစွာ ခန့်အပ်နိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

 

PC လေကြောင်းလိုင်းမှာ အမှုထမ်းမယ့် လိင်ပြောင်းလဲ ခွဲစိတ်ထားပြီးသား လေယဉ်မယ်တွေအတွက် လေကြောင်းလိုင်းက ရွှေဝါရောင် အထူးစပယ်ရှယ် လည်စည်းပုဝါကို ၀တ်ဆင်ခိုင်းထားမှာဖြစ်ပြီး အဲဒီလည်စည်းအရောင်ကို တွေ့လိုက်တယ် ဆိုရင်ပဲ ခရီးသည်တွေနဲ့အတူ လူဝင်မှု ကြီးကြပ်ရေးရုံးကပါ ချက်ခြင်းဆိုသလို သူတို့က တတိယလိင် ဖြစ်တယ်ဆိုတာကို သတိပြုစေချင်တဲ့ အတွက်ကြောင့် အခုလို အရောင်သတ်မှတ်ပြီး ၀တ်ဆင်ခိုင်းတာ ဖြစ်တယ်လို့လည်း သိရပါတယ်။အခုခန့်အပ်ထားတဲ့ လိင်ပြောင်းလဲ ခွဲစိတ်ထားတဲ့ လေယဉ်မယ် သုံးယောက်ထဲမှာ ၂၀၀၇ခုနှစ်က မစ်တစ်ဖ်နီ အလှမယ်ဆု ရခဲ့တဲ့ သန်ရရပ်ဖ် ကလည်း တယောက်အပါအ၀င် ဖြစ်ပါတယ်။ သန်ရရပ်ဖ်ကလည်း “ကျမထင်တာ အစကတော့ တခြားအလုပ်နေရာတွေမှာ လျှောက်ခဲ့တုန်းကလိုပဲ လျှောက်လွှာကိုတော့ လက်ခံမယ်။ ပြီးတော့ တကယ်တမ်းကျတော့ အလုပ်လည်း မပေးပဲ ပစ်ထားတာမျိုး လုပ်လိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် အခုတော့ တကယ်ကြီးကို ကျမအလုပ်ရခဲ့ပြီလေ”လို့ သူမရဲ့ အတွေ့အကြုံကို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်ထားတဲ့ သူတွေကို လုပ်ငန်းခွင်နဲ့ စစ်တပ်မှာ စစ်မှုထမ်းခွင့် မပေးတဲ့ ခွဲခြားဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ဒါပေမယ့် တချို့နေရာတွေမှာတော့ တက္ကသိုလ်ကျောင်းတွေမှာ တတိယလိင်တွေအတွက် ရေချိုးခန်း အိမ်သာကို ဆောက်လုပ်ပေးထားတဲ့ အခွင့်အရေးမျိုးတွေကိုတော့ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။PC လေကြောင်းလိုင်းကို လာမယ့် ဖေဖော်ဝါရီလ ၈ရက်နေ့မှာ စတင်ဖွင့်လှစ် ပြေးဆွဲတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

**

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 996 other followers