တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ

by ALin Eain on Tuesday, 22 February 2011 at 05:15

မှတ်ချက်။    ။  ဗိုလ်တိုးနိုင်မန်းလို အကျင့်ပျက်နေသော ရှရုားရောက် မြန်မာစစ်ဗိုလ်များဧ။် မြန်မာမိန်းကလေးများအပေါ် အသရေပျက်အောင် ပြုလုပ်ပုံးများ ၊ မူးရစ်ပျော်ပါး သောက်စားပုံ အကြောင်းများကိုလဲ အထောက်အထားခိုင်မာစွာဖြင့်  ကျွန်တော်တို့ လူငယ်ကွန်ရက်မှ ထုတ်ဖော် တင်ဆက်ပေးသွားပါအုံးမည်။ ..မျော်……

 

 

တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ

အခုလို ရဲဝံ့စွာ ရေးသားဖေါ်ထုတ် ပေးပို့လာတဲ့အတွက် တပ်မတော် အရာရှိ ဓူဝံကြယ်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပြီး စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

 

ယခု နအဖမှ ဗိုလ်သူရရွှေမန်း၏ နားထောင်၍ကောင်းသော မိန့်မြွက်ချက်တစ်ခုပါ။ မည်သူမျှ ဆိုသည်က အဘယ်သူတို့ကို ရည်ညွန်းပါသနည်း။ ပိုမို၍ ရှင်းလင်းစေရန် မိန့်ခွန်းရှင် ဗိုလ်သူရရွှေမန်း၏ သား(အငယ်) စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်း အပါတ်စဉ် (၄၁) ဆင်း၊ ဗိုလ်တိုးနိုင်မန်း၏ လုပ်ရပ်ကိုကြည့်ကြပါ။ ၂၀၀၀ ခုနှစ် DSA ကျောင်းဆင်း ဗိုလ်တိုးနိုင်မန်းသည် ၎င်းနှင့် အပါတ်စဉ်တူ ဗိုလ်အောင်စောလှိုင်နှင့် စစ်တက္ကသိုလ်၌ အလွန်ခင်မင်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပါသည်။ မကွေးတိုင်း၊ ဆီမီးခုံ (ဇာတိ) ဗိုလ်အောင်စောလှိုင်သည် ဗိုလ်တိုးနိုင်မန်းနှင့်အတူ ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ်များအတွင်း အထူး အခွင့်အရေး ရရှိပြီး အလုပ်အကိုင် (ဋ္ဌာနလက်ကိုင်) မယ်မယ်ရရ မရှိသေးပဲ ပျော်ပါးနေရင်း တစ်ရက်တွင် ဗိုလ်အောင်စောလှိုင်သည် ဘုရင့်နောင်ဈေး၊ ခရေပွဲရုံလမ်းနေ သူ၏ တနယ်တည်းနေ ချစ်သူ (ဒုတိယ-နှစ်၊ ဥပဒေ ကျောင်းသူ) ထံသို့ ဗိုလ်တိုးနိုင်မန်းကို အဖော်အဖြစ် ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးမိခဲ့သည်။

 

ဤသို့ မိတ်ဆက်ပေးပြီး နောက်ပိုင်းတွင် ဗိုလ်တိုးနိုင်မန်းသည် သူငယ်ချင်းချစ်သူအား သဘောကျပြီး စည်းမထားနိုင်ပဲ နောက်ပိုးရာမှ မိန်းကလေးက အလိုမတူသဖြင့် ဗိုလ်အောင်စောလှိုင် ပြန်သိပြီး အချေအစောင် ဖြစ်ပွားခဲ့ပါသည်။ တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာရာ အခြားအရာရှိ သူငယ်ချင်းများမှ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ကံ့ကော်ရိပ် ဘီယာဆိုင်သို့ခေါ်ပြီး သူငယ်ချင်းနှစ်ဦးကို ညှိနှိုင်းပေး၍ ခေတ္တခဏ ပြေငြိမ်းသွားခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းမှ ငမန်းဆိုတာ ဘာကောင်လဲ မင်းတို့ သိပါတယ်။ ငမန်း လိုချင်ရင် မရတာ မရှိဘူး။ ငမန်း အဖေ ဘာလဲဆိုတာ မင်းတို့ သိပါတယ်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။

 

နောက်တစ်လခန့်ကြာသော် DSA အပတ်စဉ် (၄၁)၊ တပ်စုမှူး သင်တန်း တက်ရောက်ရသည့် ဗထူးတပ်နယ် ရပ်စောက်မြို့ တပ်မတော် တိုက်ခိုက်ရေးကျောင်း သင်တန်းတွင် ဗိုလ်တိုးနိုင်မန်းနှင့် နောက်သူငယ်ချင်းဖြစ်သူ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦးရဲ့ သားတို့မှ အကွက်ကျစီစဉ်၍ ဗိုလ်စောလှိုင်အား အသေသတ်ဖို့ စီစဉ်ခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်းအနားမှ ဖော်လန်ဖား အရာရှိတစ်ချို့က သူရရွှေမန်း အာဏာနှင့် မသေမချင်း ရှေ့ တန်းစစ်မြေပြင်သို့ စေလွှတ်ရန် အကြံပေးသော်လည်း “မ” စိတ်မွန်၍ ရမ္မက်ထန်နေသော ဗိုလ်တိုးနိုင်မန်းမှ သူ့ကောင်မကို ငါပြောထားတယ် “နင့်အကောင်ကို ငါ ကိုယ်တိုင် သတ်ပြမယ်၊ နင့်အကောင်ဟာ ဘယ်တော့မှ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ နောင်တရစေရမယ်” ဟု ကြိမ်းဝါး ပြောဆိုခဲ့ပါသည်။ ဗိုလ်တိုးနိုင်မန်း၏ ဒေါသ (ဖခင်အရှိန်အ၀ါ) ကို ကြောက်၍ ဗိုလ်အောင်စောလှိုင်မှလည်း အတတ်နိုင်ဆုံး လွတ်အောင် ရှောင်နေခဲ့ပါသည်။

 

တပ်စုမှုး သင်တန်း ရောက်စဉ် သင်တန်းသား မည်သူတစ်ဦး တစ်ယောက်မှ ကိုယ်တိုင် ကားမောင်းနှင်ခွင့် မရှိသော်လည်း အဖေ့အရှိန်အ၀ါကို မှီကာ ဗိုလ်တိုးနိုင်မန်းနှင့် ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏သား တို့သည် ISUZU “Double-cub” တစ်ယောက်တစ်စီးနှင့် ညမထွက်ရသော သင်တန်းသားများ၏ ရပ်စောက်မြို့ပေါ်ရှိ အရက်ဆိုင်တကာတွင် သင်တန်းသား ဖော်လန်ဖား အရာရှိများနှင့် တရုန်းရုန်း ပျော်ပါးနေကြသည်မှာ ရပ်စောက်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသကဲ့သို့ ပင် ဖြစ်ပါသည်။

 

 

တစ်ရက်တွင် ဖော်လံဖား အရာရှိများ အကူအညီဖြင့် ဗိုလ်အောင်စောလှိုင်အား တိုးနိုင်မန်းမှ အရက်တိုက်မည်ဟု အတင်း အပြင်ကို ခေါ်ထုတ်ကာ အရက်အနည်းငယ် သောက်ပြီးချိန်တွင် ဗိုလ်တိုးနိုင်မန်းနှင့် သူငယ်ချင်းအရာရှိတို့သည် ကားပြိုင်မောင်းရန် ယှဉ်ပြိုင် ပြောဆိုကြသည်။ တိုင်ပင်ထားသည့်အလား ဗိုလ်တိုးနိုင်မန်း သူငယ်ချင်း ဗိုလ်တင်အောင်မြင့်ဦးသားက မိမိတစ်ဦးတည်း ကားမောင်း၍ ဗိုလ်တိုးနိုင်မန်းက အဖော်အဖြစ် ဗိုလ်အောင်စောလှိုင်အား သူ့ကားပေါ် လိုက်ခဲ့ပါရန် အတင်းခေါ်ရာ မရိုးသားသော အခြေအနေကို ရိပ်မိသဖြင့် ဗိုလ်အောင်စောလှိုင်သည် ငြင်းဆိုခဲ့သော်လည်း မရသဖြင့် အခြားဗိုလ်တစ်ဦးကိုပါ ထပ်မံခေါ်ယူရန် ပြောဆိုခဲ့သည်။ ဤသို့ဖြင့် တိုးနိုင်မန်းသည် သူ၏ “Double cup” နောက်ခန်းတွင် ဗိုလ်အောင်စောလှိုင်နှင့် အခြားသောအရာရှိ အဖော်တစ်ဦးအား ထိုင်စေ၍ ရှေ့ခန်းတွင် တစ်ဦးတည်းထိုင်ကာ ကားမောင်းပြိုင်ခဲ့ကြသည်။

 

ရပ်စောက်မြို့ ဈေးအနီးရှိ အရက်ဆိုင်မှ စတင်၍ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ထိပ်ကို ပန်းတိုင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရပ်စောက်မြို့ စစ်ဆေးရုံအကျော် လူရှင်းသော နေရာသို့ ရောက်လျှင် ဗိုလ်တိုးနိုင်မန်းသည် ကားရပ်၍ အောင်စောလှိုင်အား မိမိကိုယ်ပိုင် သေနတ် (တပ်မတော်မှ ထုတ်ပေးထားသော သေနတ် မဟုတ်) နှင့်ရင်ဘတ်ကို တစ်ချက်တည်း အသေ ပစ်သတ်ခဲ့သည်။ အဖော်ပါလာသော အခြားအရာရှိ တစ်ဦးကိုလည်း မျက်မြင်ဖြစ်နေသဖြင့် အကယ်၍ နှုတ်မလုံဘဲ ပြဿနာပေါ်ပါက မိမိတို့နှစ်ဦး ဒုက္ခဖြစ်နိုင်သည်ဟု ဗိုလ်တိုးနိုင်မန်းအား ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး၏ သားမှ ပြောဆိုရာ ဗိုလ်တိုးနိုင်မန်းမှ အဖေါ်လိုက်ခဲ့သူ အခြားအရာရှိကိုပါ ထပ်မံပစ်သတ်ခဲ့ပါသည်။ ထို့နောက် လမ်းဘေး (၁၂) ပေခန့် နက်သော ချောက်ကလေးထဲတွင် ကားနှင့်အတူ အက်ဆီးဒင့်ဖြစ်သလို ထားခဲ့ပါသည်။ အခြေအနေမှန်ကို စစ်ဆေးသော အရာရှိ ဆိုသူများမှလည်း ကားအက်ဆီးဒင့်ကြောင့် သေရတာပါဟု ဆင်သေကို ဆိတ်သားရေဖုံးသော စာထုတ်ပေးကြရပါသည်။ အရာရှိနှစ်ဦး၏ ဆွေမျိုးမိဘများမှာ မကျေနပ်သော်လည်း မည်သို့မျှမပြောရဲ ကြပေ။ ဤသတင်းအား မည်သူမှ မပြောဆိုရန် ပိတ်ပင်၍ ခံဝန်ထိုးကာ ပြန်လွှတ်ခဲ့ပါသည်။

 

လူသတ်သမား ဗိုလ်တိုးနိုင်မန်းမှာ ဖခင်အရှိန်အ၀ါနှင့် မည်သို့မျှ ခေါ်ယူ စစ်ဆေးခြင်းပင် မခံခဲ့ရပေ။ ဤအကြောင်းအား မိမိ မိသားစုအား ထုတ်ဖော်ပြောဆိုသူ ဗိုလ်ထက်အောင် (DSA – ၄၀) မှာ ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး အကူ (၁) မှ ခေါ်ယူ၍ ပြင်းထန်စွာ သတိပေးခြင်း ခံခဲ့ရပြီး လုပ်သက် (၂) နှစ်လျော့ ပြစ်ဒါဏ်ခံခဲ့ရပါသည်။ အခြားသိရှိသော အရာရှိများမှာလည်း ထိပ်တန်းလျှို့ဝှက် အနေနှင့် နှုတ်ပိတ်နေခဲ့ရပါသည်။ ဗိုလ်သူရရွှေမန်းသည် မိမိသား “နှာဘူးလေး” အား နောက်ထပ် အမှားမလုပ်မိစေရန် ဇေကမ္ဘာဦးခင်ရွှေအား မင်္ဂလာဒုံ ဥယျာဉ်မြို့တော်သစ် တိုးချဲ့ လုပ်ကိုင်ခွင့် စီမံကိန်းကို ထပ်မံပေး၍ သမီးဖြစ်သူ ဇေဇေလတ်နှင့် ကြောင်းလမ်းခဲ့ပါသည်။ မျက်လုံးပြူး (အမြင်ကျယ်) ၍ အရှည်ကိုမြင်သော ဦးခင်ရွှေမှ သဘောတူလက်ခံကာ Sedona Hotel တွင် ခမ်းခမ်းနားနား လက်ထပ်ပေးခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက် ရှိနေပါသည်။

 

ထို့ကြောင့် “ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ” ဟုဆိုခဲ့သော ဗိုလ်သူရရွှေမန်းသည် “ဥပဒေ” ၏ မည်သည့်နေရာမှ မိန့် ခွန်းချွေခဲ့ပါသနည်း။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးနှင့် (နအဖ) အာဏာရှင်စနစ် ကျဆုံးရေးအား ရည်သန်၍ အရာရှိတစ်ဦးမှ တင်ပြသည်။

 

http://www.photayokeking.org/policylaw/law/87-abovelaw

 

ဗိုလ်တိုးနိုင်မန်း ဖခင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 996 other followers